သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အူလမ်းကြောင်း ခွဲစိတ်ကုသမှုခံယူ


ပုပ်ရဟန်းမင်းကြီး Francis
ပုပ်ရဟန်းမင်းကြီး Francis

[ Zawgyi ]

ပုပ်ရဟန်းမင်းကြီး Francis ဟာ အူမကြီးလမ်းကြောင်းဆိုင်ရာ ရောဂါကို ရောမမြို့ Gemelli Polyclinic ဆေးရုံမှာ တက်ရောက် ခွဲစိတ်ကုသမှု ခံယူဖို့ရှိတယ်လို့ ဗာတီကန်နန်းတော်က ကြေညာပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘယ်တော့ ခွဲစိတ်မှု ခံယူမယ်ဆိုတာကို တနင်္ဂနွေနေ့ ကြေညာချက်မှာ အတိအကျ ဖော်ပြ မထားပေမယ့် ခွဲစိတ်ကုသမှု ပြီးစီးသွားတဲ့အခါ ထပ်ပြီး ကြေညာသွားမယ်လို့သာ ဖော်ပြထားပါတယ်။

ဒီကြေညာချက် မထုတ်ပြန်မီ နာရီပိုင်းအလိုကပဲ ပုပ်ရဟန်းမင်းကြီး Francis ဟာ စိန့်ပီတာရင်ပြင် တနင်္ဂနွေ ဆုတောင်းပွဲမှာ တက်ရောက်လာသူတွေကို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

" ချစ်ခင်ရတဲ့ ညီအစ်ကို မောင်နှမများ ခင်ဗျာ ၊ အခုပဲ ကျနော် သွားရပါတော့မယ်။ အခုလို လာရောက် နှုတ်ဆက် အားပေးကြတာအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ ကျွနု်ပ်အတွက် ဆုတောင်းပေးကြပါ"လို့ ပြောသွားတာပါ။

ပုပ်ရဟန်းမင်းကြီးဟာ စက်တင်ဘာလထဲကျရင် ဟန်ဂေရီနဲ့ စလိုဗက်ကီးယား နိုင်ငံတွေကို သွားရောက်ဖို့ရှိကြောင်း ပြောပါတယ်။

သက်တော် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးက သူ ဆေးရုံတက်ဖို့ စီစဉ်ထားတာကို အရိပ်အမြွက်ပြတဲ့ အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် ပုံမှန် ဆုတောင်းပွဲအတွင်း ပြည်သူတွေ သူ့အတွက် အထူးဆုတောင်းပေးကြဖို့ မှာကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

[ Unicode ]








XS
SM
MD
LG