သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဂရိကၽြန္းေပၚက ေရႊ႕ေျပာင္းအေျခခ်သူေတြကို ပုပ္ရဟန္းမင္း သြားေရာက္ေတြ႔ဆုံ


ပုပ္ရဟန္းမင္းအလာကို တန္းစီေစာင့္ဆုိင္းေနၾကတဲ့ Lesbos ကၽြန္းေပၚရွိ ဒုကၡသည္စခန္းက ေရႊ႕ေျပာင္းအေျခခ်သူမ်ား။ (ဒီဇင္ဘာ ၅၊ ၂၀၂၁)

(Zawgyi / Unicode)

ပုပ္ရဟန္းမင္းႀကီး Francis ဟာ ဥေရာပကို ေရႊ႕ေျပာင္းဝင္ေရာက္လာသူေတြကို ေတြ႔ဆံုဖို႔ ဂရိႏုိင္ငံရဲ႕ ကၽြန္းတကၽြန္းျဖစ္တဲ့ Lesbos ကၽြန္းကို အခုတနဂၤေႏြေန႔မွာ သြားေရာက္ပါတယ္။ ဒီဒုကၡသည္စခန္းကို သြားတာဟာ ပုပ္ရဟန္းမင္းႀကီးရဲ႕ ဒုတိယအႀကိမ္ေျမာက္ ျဖစ္ပါတယ္။

ဆုိက္ပရပ္စ္နဲ႔ ဂရိႏုိင္ငံေတြကို သြားေရာက္မယ့္ ၅ ရက္ၾကာ ခရီးစဥ္အတြင္းမွာ ပုပ္ရဟန္းမင္းႀကီး အေနနဲ႔ ေရႊ႕ေျပာင္းအေျခခ်လာသူေတြရဲ႕ ဒုကၡ၊ သုကၡေတြကို အထူးအေလးေပး ေျပာၾကားပါတယ္။

ပုပ္ရဟန္းမင္းႀကီးဟာ ဒုကၡသည္ျပႆနာ အျမင့္မားဆံုးျဖစ္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္မွာလည္း ဒီကၽြန္းေပၚကို လာေရာက္လည္ပတ္ခ့ဲၿပီး ဆီးရီးယားဒုကၡသည္ ၁၂ ဦးကိုလည္း သူ႔အျပန္ခရီးမွာ ေခၚေဆာင္သြားခဲ့ပါတယ္။

Lesbos ကၽြန္းေပၚက Moria ဒုကၡသည္စခန္းဟာ လူဦးေရ ၂၀,၀၀၀ ခန္႔ ေနထိုင္ေနၾကၿပီး မႏွစ္ကလည္း မီးေလာင္ခဲ့တာမို႔ ဒုကၡသည္အေရး စမ္းတဝါးဝါးလုပ္ေနတဲ့ ဥေရာပကို Lesbos ကဲ့သို႔ ကၽြန္းငယ္အေနနဲ႔ ဝန္ထုပ္ဝန္ပိုးျဖစ္ေနတဲ့ ျပ႐ုပ္တခု ျဖစ္ခဲ့ပါေသးတယ္။

အခုတနဂၤေႏြေန႔မွာေတာ့ မီးေလာင္ျပင္ထဲ ယာယီ တည္ေဆာက္ထားတဲ့ ဒုကၡသည္စခန္းကို ပုပ္ရဟန္းမင္းႀကီး လာေရာက္မွာျဖစ္ၿပီး အဲဒီဒုကၡသည္စခန္းမွာ အာဖဂန္ဒုကၡသည္ ၂,၃၀၀ နီးပါး ေနထိုင္ေနၾကတာလည္း ျဖစ္ပါတယ္။

ပုပ္ရဟန္းမင္း စကားေျပာမယ့္ ရြက္ဖ်င္တဲရွိရာကို လူအုပ္ႀကီး တန္းစီေနတာမို႔ ရဲအရာရွိေတြ ဒါဇင္နဲ႔ခ်ီၿပီး တပ္ျဖန္႔ခ်ထားရပါတယ္။

ဂရိႏုိင္ငံဟာ သူ႔ရဲ႕ကၽြန္း ၅ ခုေပၚမွာ ဥေရာပကို ေရႊ႕ေျပာင္းအေျခခ်လာသူေတြကို ေထာင္ကဲ့သို႔ အေဆာက္အဦးေတြမွာ ထိန္းသိမ္းထားတာမို႔ လူ႔အခြင့္အေရးအဖြဲ႔ရဲ႕ အျပင္းအထန္ ေဝဖန္မႈေတြကို ခံေနရတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ဂရိကျွန်းပေါ်က ရွှေ့ပြောင်းအခြေချသူတွေကို ပုပ်ရဟန်းမင်း သွားရောက်တွေ့ဆုံ

ပုပ်ရဟန်းမင်းကြီး Francis ဟာ ဥရောပကို ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို တွေ့ဆုံဖို့ ဂရိနိုင်ငံရဲ့ ကျွန်းတကျွန်းဖြစ်တဲ့ Lesbos ကျွန်းကို အခုတနင်္ဂနွေနေ့မှာ သွားရောက်ပါတယ်။ ဒီဒုက္ခသည်စခန်းကို သွားတာဟာ ပုပ်ရဟန်းမင်းကြီးရဲ့ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

ဆိုက်ပရပ်စ်နဲ့ ဂရိနိုင်ငံတွေကို သွားရောက်မယ့် ၅ ရက်ကြာ ခရီးစဉ်အတွင်းမှာ ပုပ်ရဟန်းမင်းကြီး အနေနဲ့ ရွှေ့ပြောင်းအခြေချလာသူတွေရဲ့ ဒုက္ခ၊ သုက္ခတွေကို အထူးအလေးပေး ပြောကြားပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဒုက္ခသည်ပြဿနာ အမြင့်မားဆုံးဖြစ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာလည်း ဒီကျွန်းပေါ်ကို လာရောက်လည်ပတ်ခဲ့ပြီး ဆီးရီးယားဒုက္ခသည် ၁၂ ဦးကိုလည်း သူ့အပြန်ခရီးမှာ ခေါ်ဆောင်သွားခဲ့ပါတယ်။

Lesbos ကျွန်းပေါ်က Moria ဒုက္ခသည်စခန်းဟာ လူဦးရေ ၂၀,၀၀၀ ခန့် နေထိုင်နေကြပြီး မနှစ်ကလည်း မီးလောင်ခဲ့တာမို့ ဒုက္ခသည်အရေး စမ်းတဝါးဝါးလုပ်နေတဲ့ ဥရောပကို Lesbos ကဲ့သို့ ကျွန်းငယ်အနေနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ပြရုပ်တခု ဖြစ်ခဲ့ပါသေးတယ်။

အခုတနင်္ဂနွေနေ့မှာတော့ မီးလောင်ပြင်ထဲ ယာယီ တည်ဆောက်ထားတဲ့ ဒုက္ခသည်စခန်းကို ပုပ်ရဟန်းမင်းကြီး လာရောက်မှာဖြစ်ပြီး အဲဒီဒုက္ခသည်စခန်းမှာ အာဖဂန်ဒုက္ခသည် ၂,၃၀၀ နီးပါး နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်း စကားပြောမယ့် ရွက်ဖျင်တဲရှိရာကို လူအုပ်ကြီး တန်းစီနေတာမို့ ရဲအရာရှိတွေ ဒါဇင်နဲ့ချီပြီး တပ်ဖြန့်ချထားရပါတယ်။

ဂရိနိုင်ငံဟာ သူ့ရဲ့ကျွန်း ၅ ခုပေါ်မှာ ဥရောပကို ရွှေ့ပြောင်းအခြေချလာသူတွေကို ထောင်ကဲ့သို့ အဆောက်အဦးတွေမှာ ထိန်းသိမ်းထားတာမို့ လူ့အခွင့်အရေးအဖွဲ့ရဲ့ အပြင်းအထန် ဝေဖန်မှုတွေကို ခံနေရတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG