(Zawgyi / Unicode)
ကမၻာ့ကပ္ေရာဂါေဘး ႀကဳံေတြ႕ေနခ်ိန္မွာ သတင္းသမားေတြ သတင္းရယူတဲ့အလုပ္ကို လုပ္နိုင္ဖို႔ နိုင္ငံ့အစိုးရေတြအေနနဲ႔ အာမခံခ်က္ေပးဖို႔ ကမၻာ့သတင္းလြတ္လပ္ခြင့္ေန႔မွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က တိုက္တြန္းလိုက္ပါတယ္။
“ကမၻာ့ကပ္ေရာဂါ ကူးစက္ပ်ံ႕ႏွံ့ေနတာနဲ႔အမၽွ ေဘးဥပဒ္ျဖစ္ေစတဲ့ က်န္းမာေရး အႀကံေပးခ်က္ေတြနဲ႔ သတင္းမွားေတြကစလို႔ လုပ္ႀကံဖန္တီးတဲ့ ဇာတ္လမ္းေတြအဆုံး သတင္းေတြ ဒုတိယကပ္ေဘးႀကီးလို ပ်ံ႕ႏွံ႔ထြက္ေပၚလို႔ေနပါတယ္။ သတင္းဌာနေတြကေတာ့ ဒီလို သတင္းမွားေတြ ကို လူေတြမယုံေအာင္ လုပ္ေပးနိုင္ပါတယ္။ သတင္းဌာနေတြက သိပၸံဆိုင္ရာ အခ်က္အလက္ေတြကို ကိုးကားၿပီး စနစ္တက် စိစစ္ၿပီး အခ်က္အလက္ေတြကို အေျခခံတဲ့ သတင္းေတြနဲ႔ သုံးသပ္ခ်က္ေတြ ေပးပါတယ္” လို႔ ကုလအတြင္းေရးမွဴးခ်ဳပ္ Guterres က ဗီြဒီယိုကေနတဆင့္ ေျပာသြားခဲ့တာပါ။
ဒါေပမယ့္ ကပ္ေရာဂါ စျဖစ္ခ်ိန္ကစလို႔ သတင္းသမားေတြအေပၚ တားျမစ္ပိတ္ပင္ ကန္႔သတ္တာေတြနဲ႔ အျပစ္ေပး အေရးယူတာေတြ ပိုမ်ားလာတယ္လို႔လည္း သူက ေျပာပါတယ္။ ဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ဖို႔ အသြားအလာ ကန္႔သတ္တာေတြ လိုအပ္ေပမယ့္ သတင္းသမားေတြ သတင္းမယူနိုင္ေလာက္ေအာင္ ဒါကို အလြဲသုံးစား မလုပ္သင့္ဘူးလို႔လည္း သူက ေျပာပါတယ္။
------------------------------
(Unicode)
ကပ်ဘေးကာလ လွတ်လပ်စွာ သတင်းယူခွင့်ပေးဖို့ အစိုးရတွေကို ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း
(Zawgyi / Unicode)
ကမ္ဘာ့ကပ်ရောဂါဘေး ကြုံတွေ့နေချိန်မှာ သတင်းသမားတွေ သတင်းရယူတဲ့အလုပ်ကို လုပ်နိုင်ဖို့ နိုင်ငံ့အစိုးရတွေအနေနဲ့ အာမခံချက်ပေးဖို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တိုက်တွန်းလိုက်ပါတယ်။
“ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေတာနဲ့အမျှ ဘေးဥပဒ်ဖြစ်စေတဲ့ ကျန်းမာရေး အကြံပေးချက်တွေနဲ့ သတင်းမှားတွေကစလို့ လုပ်ကြံဖန်တီးတဲ့ ဇာတ်လမ်းတွေအဆုံး သတင်းတွေ ဒုတိယကပ်ဘေးကြီးလို ပျံ့နှံ့ထွက်ပေါ်လို့နေပါတယ်။ သတင်းဌာနတွေကတော့ ဒီလို သတင်းမှားတွေ ကို လူတွေမယုံအောင် လုပ်ပေးနိုင်ပါတယ်။ သတင်းဌာနတွေက သိပ္ပံဆိုင်ရာ အချက်အလက်တွေကို ကိုးကားပြီး စနစ်တကျ စိစစ်ပြီး အချက်အလက်တွေကို အခြေခံတဲ့ သတင်းတွေနဲ့ သုံးသပ်ချက်တွေ ပေးပါတယ်” လို့ ကုလအတွင်းရေးမှူးချုပ် Guterres က ဗွီဒီယိုကနေတဆင့် ပြောသွားခဲ့တာပါ။
ဒါပေမယ့် ကပ်ရောဂါ စဖြစ်ချိန်ကစလို့ သတင်းသမားတွေအပေါ် တားမြစ်ပိတ်ပင် ကန့်သတ်တာတွေနဲ့ အပြစ်ပေး အရေးယူတာတွေ ပိုများလာတယ်လို့လည်း သူက ပြောပါတယ်။ ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ အသွားအလာ ကန့်သတ်တာတွေ လိုအပ်ပေမယ့် သတင်းသမားတွေ သတင်းမယူနိုင်လောက်အောင် ဒါကို အလွဲသုံးစား မလုပ်သင့်ဘူးလို့လည်း သူက ပြောပါတယ်။