သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံမွာ သတင္းလြတ္လပ္ခြင့္ ဘာေၾကာင့္က်ဆင္းေနရသလဲ


World Press Freedom Day 3 May 2020. ႏုိင္ငံတကာ သတင္းလြတ္လပ္ခြင့္ေန႔ ေမလ ၃ရက္ေန႔

(Zawgyi / Unicode)

ဒီကေန႔ တနဂၤေႏြေန႔ ေမလ ၃ ရက္ေန႔မွာ က်ေရာက္တဲ့ ႏုိင္ငံတကာ သတင္းလြတ္လပ္ခြင့္ေန႔မွာ ျမန္မာႏုိင္ငံထဲက သတင္းမီဒီယာေတြရဲ႕ အေျခအေနကုိ မဆုမြန္က စုစည္းတင္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ သတင္းမီဒီယာလြတ္လပ္ခြင့္ အေျခအေနဟာ မၾကာေသးခင္ ႏွစ္ေတြကစလုိ႔ က်ဆင္းလာေနေၾကာင္း ျပည္တြင္းျပည္ပက သတင္းမီဒီယာသမားေတြနဲ႔ စာနယ္ဇင္းလြတ္လပ္ခြင့္အေရး လႈပ္ရွားသူေတြက ေထာက္ျပေနၾကတာပါ။ အထူးသျဖင့္ COVID-19 ကပ္ေရာဂါနဲ႔ ႀကံဳေနရသလုိ လက္နက္ကုိင္ ပဋိပကၡေတြ ျဖစ္ပြားေနတဲ့ ျမန္မာႏုိင္ငံမွာ သတင္းသမားေတြအေနနဲ႔ စိန္ေခၚမႈေတြ အခက္အခဲေတြ ႀကံဳေနရတယ္လုိ႔လည္း ျမန္မာစာနယ္ဇင္းသမားေတြက ေျပာၾကပါတယ္။

ျမန္မာသတင္းမီဒီယာေကာင္စီရဲ႕ တြဲဘက္အတြင္းေရးမွဴး ၁ ဦးျမင့္ေက်ာ္ကေတာ့ အရပ္သားအစုိးရလက္ထက္ ေရာက္လာေပမယ့္ သတင္းမီဒီယာလြတ္လပ္ခြင့္ အေျခအေနေတြ တုိးတက္မလာဘူးလုိ႔ ေျပာပါတယ္။

"သတင္းအခ်က္အလက္စီးဆင္းခြင့္ Access to Information ကလည္း သတင္းလြတ္လပ္ခြင့္မွာ အေရးၾကီးတဲ့ဟာမ်ိဳး အဲ့ဒါလည္း တိုးတက္မလာဘူးေပါ့ေနာ္။ က်ေနာ့္အျမင္ကေတာ့ NLD အစိုးရလက္ထက္မွာ တခ်ိဳ႕ေသာ သတင္းမီဒီယာနဲ႔ ပတ္သက္တဲ့ မူဝါဒေတြမွာ သတင္းမီဒီယာေတြကို မ်က္နွာသာေပးတာမ်ိဳး မေတြ႔ရဘူး။ သတင္းမီဒီယာကို ပြင့္ပြင့္လင္းလင္းေျပာမယ္ သတင္းအခ်က္လက္ကို ႏွစ္လမ္းသြား အျပန္အလွန္ ေမးျမန္းတဲ့ဟာမ်ိဳး၊ ေနာက္ သတင္းထုတ္ျပန္တာမ်ိဳး ေပးတဲ့မူဝါဒမ်ိဳး မေတြ႔ရဘဲနဲ႔ တဖက္သတ္ပဲ တဖက္ကပဲ ထုတ္ျပန္မယ္၊ အဲ့ဒါကိုပဲေရးၾကဆိုတဲ့ အယူအဆမ်ိဳးရွိတယ္။ ေနာက္တခုက အစိုးရဆိုလည္း ႏုိင္ငံပိုင္မီဒီယာက ထုတ္ျပန္တာ၊ ေနာက္ တပ္မေတာ္ဘက္ကလည္း တပ္ဘက္က ထုတ္ျပန္တာပဲ ေရးဆိုတာမ်ိဳးပဲ မ်ားတယ္ေပါ့ေနာ္။ ဒါေၾကာင့္ ဒီအေျခအေနကလည္း သတင္းလြတ္လပ္ခြင့္အတြက္ မေကာင္းဘူး။ အထူးသျဖင့္ ကိုဗစ္နဲ႔ပတ္သက္ၿပီးလည္း အရင္က ညႊန္ခ်ဳပ္ေလာက္ကို ေျပာေရးဆိုခြင့္ေပးလိုက္တယ္။ အခုလည္း ေျပာေရးဆိုခြင့္ေပးလိုက္တယ္။ ေျပာေရးဆိုခြင့္ရွိသူကို ေပးလိုက္တယ္ဆိုကတည္းကိုက ဒီဟာက သတင္းကို မေျပာေစခ်င္တဲ့သေဘာမ်ိဳး၊ သတင္းအခ်က္အလက္ရဖို႔ ခက္လာတယ္။ ဒါကလည္း သတင္းမီဒီယာနဲ႔ပတ္သက္တဲ့ ပြင့္လင္းတဲ့အျမင္မ်ိဳးမဟုတ္ဘူး။ ေပးသေလာက္ပဲ ေရးေစခ်င္တဲ့သေဘာ၊ သတင္းမီဒီယာဆီက စီးဆင္းမႈကို ထိန္းခ်ဳပ္တဲ့သေဘာ ခန္႔မွန္းမိတယ္။"

စာနယ္ဇင္းလြတ္လပ္ခြင့္အေရး လႈပ္ရွားေနတဲ့ PEN MYANMAR အဖဲြ႔ကေတာ့ COVID-19 ကပ္ေရာဂါနဲ႔ လက္နက္ကုိင္ ပဋိပကၡေတြၾကား သတင္းရဖုိ႔ ႀကိဳးပမ္းေနၾကရတဲ့ သတင္းေထာက္ေတြကုိ ဂုဏ္ျပဳေၾကာင္းလည္း ႏုိင္ငံတကာ သတင္းလြတ္လပ္ခြင့္ေန႔ အထိမ္းအမွတ္အျဖစ္ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့တာပါ။ ျမန္မာႏုိင္ငံမွာ အခက္အခဲေတြၾကား သတင္းယူၾကရတဲ့ သတင္းသမားေတြ သတင္းေထာက္ေတြဟာလည္း အာဏာပုိင္ေတြရဲ႕ ဖမ္းဆီးအေရးယူမႈေတြနဲ႔ မၾကာခဏ ႀကံဳရတာဟာလည္း သတင္းမီဒီယာ လြတ္လပ္ခြင့္အတြက္ ႀကီးမားတဲ့ စိန္ေခၚမႈတခုအျဖစ္ PEN MYANMAR အဖြဲ႔က အႀကံေပးပုဂၢိဳလ္တဦးျဖစ္တဲ့ ဦးမ်ိဳးျမင့္ၿငိမ္းက ေထာက္ျပပါတယ္။

"ကိုဗစ္နဲ႔ဆက္စပ္ၿပီး ေျပာရမယ္ဆိုရင္ေတာ့ ျမန္မာႏုိင္ငံအေနနဲ႔ သတင္းစာေတြ မထြက္ႏုိင္တာ ဂ်ာနယ္ေတြမထြက္ႏုိင္တာ ဘာတို႔နဲ႔ဆိုေတာ့ သတင္းသမားေတြအတြက္လည္း အခက္အခဲေတြရွိေနတာ အမွန္ပဲ၊ ေရးစရာေနရာမရွိ ျဖစ္ရတယ္။ ေနာက္တခုက စစ္ပြဲေတြျဖစ္ေနတဲ့ေနရာေတြ ေနာက္ အင္တာနက္ Shut Down အလုပ္ခံထားတဲ့ ေနရာေတြမွာလည္း သတင္းရယူရတာ အခက္ခဲျဖစ္လာတယ္။ အဲ့ဒီ့ေနရာေတြကိုလည္း သြားလို႔မရဘူး။ သြားတာတို႔ အဲ့ဒီ့ေဒသေတြက တိုက္ပြဲသတင္းေတြ ေဖာ္ျပရာမွာလည္း သတင္းသမားေတြက တရားမဝင္ အဖြဲ႔အစည္းနဲ႔ ဆက္သြယ္တယ္ဆိုၿပီး အေရးယူခံရတာေတြ ရွိလာတယ္။

"က်ေနာ္တို႔ က်န္းမာေရးနဲ႔ပတ္သက္ၿပီး သတင္းထုတ္ျပန္ရာမွာလည္း ေျပာေရးဆိုခြင့္ရွိသူကို ေျပာင္းလဲၿပီးတဲ့ေနာက္ ေတာ္ေတာ္ေလး အခက္အခဲျဖစ္သြားတာ ေတြ႔ရတယ္။ အဲ့ဒါကေတာ့ ျမန္မာျပည္ရဲ႕ အစဥ္အလာလိုကို ျဖစ္လာတယ္။ ေျပာေရးဆိုခြင့္ရွိသူေတြဟာ ဘယ္ေတာ့မွ ေျပာေလ့မရွိဘူးေပါ့။ ေနာက္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဆိုရင္လည္း ေျပာေရးဆိုခြင့္ရွိသူက ေျပာတဲ့အတြက္ပဲ အေျပာင္းအလဲေတြ လုပ္ခံရတာ ေတြ႔ရတယ္။ အဲ့ဒီ့အတြက္ က်ေနာ္တို႔ PEN MYANMAR အေနနဲ႔ ေျပာခ်င္တာက သတင္းသမားေတြကို ဒီ့ထက္ပို သတင္းရယူပိုင္ခြင့္ကို ဒီ့ထက္က်ယ္က်ယ္ျပန္႔ျပန္႔ အစိုးရအေနနဲ႔ လုပ္ေပးေစခ်င္တာကို က်ေနာ္တို႔ ေတာင္းဆိုခ်င္ပါတယ္။"

ျမန္မာႏုိင္ငံမွာ ၂၀၁၇ ခုႏွစ္ကစလုိ႔ အမ်ဳိးသားဒီမုိကေရစီအဖဲြ႔ခ်ဳပ္ (NLD) ပါတီက ဦးေဆာင္တဲ့ အရပ္သားအစိုးရ အာဏာရလာၿပီးေနာက္ သတင္းမီဒီယာလြတ္လပ္ခြင့္ အေျခအေနေတြ တုိးတက္လာမယ္လုိ႔ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ထင္သေလာက္ ျဖစ္မလာတဲ့အေပၚမွာလည္း သတင္းသမားေတြ စိတ္ပ်က္ေနၾကတာပါ။

အထူးသျဖင့္ သတင္းမီဒီယာ လြတ္လပ္ခြင့္ေတြ တုိးတက္ဖုိ႔ မူ၀ါဒေတြနဲ႔ ဥပေဒေတြကုိ ျပင္ဆင္ဖုိ႔ လုိေနၿပီလုိ႔လည္း ျမန္မာသတင္းမီဒီယာေကာင္စီက ဦးျမင့္ေက်ာ္က သတိေပးပါတယ္။

"ဥပေဒေတြ ျပင္ဆင္မႈေတြကို တကယ္ပဲ သတင္းမီဒီယာလြတ္လပ္မႈကို အသားေပးတဲ့ ဥပေဒျပင္ဆင္မႈေတြ လုပ္ပါ။ ေနာက္ သတင္းအခ်က္အလက္ရယူခြင့္ Access to Information ေတြ တိုးတက္လာေအာင္ တကယ္ပြင့္လင္းတဲ့ မီဒီယာကို တိတိက်က် ရွင္းရွင္းလင္းလင္း ေျဖၾကားႏုိင္တဲ့ ေျပာေရးဆိုခြင့္ရွိသူ၊ ေနာက္ သတင္းဌာနေတြကို သတင္းအခ်က္လက္ေတြကို ဝန္ၾကီးဌာနေတြကေန လြယ္လြယ္ကူကူနဲ႔ ထုတ္ေပးတဲ့ မူဝါဒမ်ိဳး ျပင္ဆင္ဖို႔လိုတယ္။ ေနာက္တခုက သတင္းသမားေတြ မီဒီယာေတြ ေဖာ္ျပတာ တစံုတရာ မေက်လည္မႈ မေက်နပ္မႈ ရွိတယ္ဆိုရင္လည္း အစိုးရေရာ တပ္ေရာအေနနဲ႔ တရားစြဲဆိုတာ အမႈဖြင့္တာကို မလုပ္ဘဲ သတင္းမီဒီယာေကာင္စီကတဆင့္ ေျဖရွင္းဖို႔ဆိုတဲ့ မူဝါဒေတြကို က်င့္သံုးပါလို႔ ေျပာခ်င္ပါတယ္။"

PEN MYANMAR အဖြဲ႔က ဦးမ်ိဳးျမင့္ၿငိမ္းကလည္း ျမန္မာႏုိင္ငံတြင္းမွာ သတင္းအခ်က္အလက္ ရယူခြင့္ဆိုင္ရာ ဥပေဒ ျပ႒ာန္းႏုိင္မွ မူဝါဒေတြ ျပင္ဆင္သံုးသပ္ႏုိင္မွ ဒီအခက္ခဲေတြ ေျပလည္မယ္လို႔ ႐ႈျမင္ပါတယ္။

"တကယ္က သတင္းစာနယ္ဇင္း လြတ္လပ္ခြင့္ကို တကယ္ေပးတယ္ဆိုရင္ သတင္းအခ်က္အလက္ေတြကို လြတ္လပ္စြာ ထုတ္ျပန္ေပးရမယ္။ ဥပမာ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးဆိုရင္လည္း တကယ္တမ္း ေမးရ ေျပာရ သိပ္ခက္ပါတယ္။ အဲ့ဒါေတြက ဘယ္အခ်ိန္မွ အဆင္ေျပႏိုင္မလဲဆိုရင္ Rights to Information သတင္းအခ်က္အလက္ေတြ သိႏိုင္မယ့္ ဥပေဒေတြ ေပၚေပါက္လာမွသာလွ်င္ ဥပေဒေတြနဲ႔အညီ လုပ္လာမွပဲ အဆင္ေျပလာႏိုင္မယ့္သေဘာ ျဖစ္တယ္။ အခုက ျမန္မာႏုိင္ငံမွာ သတင္းအခ်က္အလက္ ရယူခြင့္ ဥပေဒအက္က အခုအခ်ိန္အထိ လႊတ္ေတာ္ကို တင္သြင္းထားတာပဲ ရွိေသးတယ္။ အဲ့ဒီ့ေတာ့ သတင္းအခ်က္လက္ သိပို္င္ခြင့္ လႊတ္ေတာ္မွာ ဥပေဒအေနနဲ႔ အတည္ျပဳႏုိင္ျခင္း မရွိေသးသေရြ႔ကာလပတ္လံုး သတင္းစီးဆင္းပိုင္ခြင့္က အခက္အခဲေတြ ျဖစ္ေနဦးမွာပဲ၊ ဒါေၾကာင့္ အျမန္ဆံုး ျပ႒ာန္းေပးဖို႔လိုတယ္။"

လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆုိခြင့္ဆုိင္ရာ ကုလသမဂၢ အထူးကိုယ္စားလွယ္ David Kaye ကလည္း ႏုိင္ငံတကာ သတင္းလြတ္လပ္ခြင့္ေန႔ အထိမ္းအမွတ္အျဖစ္ ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္ထဲမွာ ကမာၻတ၀န္း သတင္းလြတ္လပ္ခြင့္ ရရွိေရး အေလးထားဖုိ႔ တုိက္တြန္းခဲ့ၿပီး အထူးသျဖင့္ လူထုက်န္းမာေရး ျပႆနာႀကီးျဖစ္တဲ့ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါနဲ႔ ရင္ဆုိင္ေနရခ်ိန္မွာ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြ ရရွိေရးမွာ သတင္းမီဒီယာ လြတ္လပ္ခြင့္ဟာ အေရးပါေၾကာင္းလည္း ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ဘာကြောင့်ကျဆင်းနေရသလဲ
(Zawgyi / Unicode)

ဒီကနေ့ တနင်္ဂနွေနေ့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာနိုင်ငံထဲက သတင်းမီဒီယာတွေရဲ့ အခြေအနေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေဟာ မကြာသေးခင် နှစ်တွေကစလို့ ကျဆင်းလာနေကြောင်း ပြည်တွင်းပြည်ပက သတင်းမီဒီယာသမားတွေနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြနေကြတာပါ။ အထူးသဖြင့် COVID-19 ကပ်ရောဂါနဲ့ ကြုံနေရသလို လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ သတင်းသမားတွေအနေနဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ကြုံနေရတယ်လို့လည်း မြန်မာစာနယ်ဇင်းသမားတွေက ပြောကြပါတယ်။

မြန်မာသတင်းမီဒီယာကောင်စီရဲ့ တွဲဘက်အတွင်းရေးမှူး ၁ ဦးမြင့်ကျော်ကတော့ အရပ်သားအစိုးရလက်ထက် ရောက်လာပေမယ့် သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေတွေ တိုးတက်မလာဘူးလို့ ပြောပါတယ်။

"သတင်းအချက်အလက်စီးဆင်းခွင့် Access to Information ကလည်း သတင်းလွတ်လပ်ခွင့်မှာ အရေးကြီးတဲ့ဟာမျိုး အဲ့ဒါလည်း တိုးတက်မလာဘူးပေါ့နော်။ ကျနော့်အမြင်ကတော့ NLD အစိုးရလက်ထက်မှာ တချို့သော သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ မူဝါဒတွေမှာ သတင်းမီဒီယာတွေကို မျက်နှာသာပေးတာမျိုး မတွေ့ရဘူး။ သတင်းမီဒီယာကို ပွင့်ပွင့်လင်းလင်းပြောမယ် သတင်းအချက်လက်ကို နှစ်လမ်းသွား အပြန်အလှန် မေးမြန်းတဲ့ဟာမျိုး၊ နောက် သတင်းထုတ်ပြန်တာမျိုး ပေးတဲ့မူဝါဒမျိုး မတွေ့ရဘဲနဲ့တဖက်သတ်ပဲ တဖက်ကပဲ ထုတ်ပြန်မယ်၊ အဲ့ဒါကိုပဲရေးကြဆိုတဲ့ အယူအဆမျိုးရှိတယ်။ နောက်တခုက အစိုးရဆိုလည်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်တာ၊ နောက် တပ်မတော်ဘက်ကလည်း တပ်ဘက်က ထုတ်ပြန်တာပဲ ရေးဆိုတာမျိုးပဲ များတယ်ပေါ့နော်။ ဒါကြောင့် ဒီအခြေအနေကလည်း သတင်းလွတ်လပ်ခွင့်အတွက် မကောင်းဘူး။ အထူးသဖြင့် ကိုဗစ်နဲ့ပတ်သက်ပြီးလည်း အရင်က ညွှန်ချုပ်လောက်ကို ပြောရေးဆိုခွင့်ပေးလိုက်တယ်။ အခုလည်း ပြောရေးဆိုခွင့်ပေးလိုက်တယ်။ ပြောရေးဆိုခွင့်ရှိသူကို ပေးလိုက်တယ်ဆိုကတည်းကိုက ဒီဟာက သတင်းကို မပြောစေချင်တဲ့သဘောမျိုး၊ သတင်းအချက်အလက်ရဖို့ ခက်လာတယ်။ ဒါကလည်း သတင်းမီဒီယာနဲ့ပတ်သက်တဲ့ ပွင့်လင်းတဲ့အမြင်မျိုးမဟုတ်ဘူး။ ပေးသလောက်ပဲ ရေးစေချင်တဲ့သဘော၊ သတင်းမီဒီယာဆီက စီးဆင်းမှုကို ထိန်းချုပ်တဲ့သဘော ခန့်မှန်းမိတယ်။"

စာနယ်ဇင်းလွတ်လပ်ခွင့်အရေး လှုပ်ရှားနေတဲ့ PEN MYANMAR အဖွဲ့ကတော့ COVID-19 ကပ်ရောဂါနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား သတင်းရဖို့ ကြိုးပမ်းနေကြရတဲ့ သတင်းထောက်တွေကို ဂုဏ်ပြုကြောင်းလည်း နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ အခက်အခဲတွေကြား သတင်းယူကြရတဲ့ သတင်းသမားတွေ သတင်းထောက်တွေဟာလည်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးအရေးယူမှုတွေနဲ့ မကြာခဏ ကြုံရတာဟာလည်း သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခုအဖြစ် PEN MYANMAR အဖွဲ့က အကြံပေးပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဦးမျိုးမြင့်ငြိမ်းက ထောက်ပြပါတယ်။

"ကိုဗစ်နဲ့ဆက်စပ်ပြီး ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ သတင်းစာတွေ မထွက်နိုင်တာ ဂျာနယ်တွေမထွက်နိုင်တာ ဘာတို့နဲ့ဆိုတော့ သတင်းသမားတွေအတွက်လည်း အခက်အခဲတွေရှိနေတာ အမှန်ပဲ၊ ရေးစရာနေရာမရှိ ဖြစ်ရတယ်။ နောက်တခုက စစ်ပွဲတွေဖြစ်နေတဲ့နေရာတွေ နောက် အင်တာနက် Shut Down အလုပ်ခံထားတဲ့ နေရာတွေမှာလည်း သတင်းရယူရတာ အခက်ခဲဖြစ်လာတယ်။ အဲ့ဒီ့နေရာတွေကိုလည်း သွားလို့မရဘူး။ သွားတာတို့ အဲ့ဒီ့ဒေသတွေက တိုက်ပွဲသတင်းတွေ ဖော်ပြရာမှာလည်း သတင်းသမားတွေက တရားမဝင် အဖွဲ့အစည်းနဲ့ ဆက်သွယ်တယ်ဆိုပြီး အရေးယူခံရတာတွေ ရှိလာတယ်။

"ကျနော်တို့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ရာမှာလည်း ပြောရေးဆိုခွင့်ရှိသူကို ပြောင်းလဲပြီးတဲ့နောက် တော်တော်လေး အခက်အခဲဖြစ်သွားတာ တွေ့ရတယ်။ အဲ့ဒါကတော့ မြန်မာပြည်ရဲ့ အစဉ်အလာလိုကို ဖြစ်လာတယ်။ ပြောရေးဆိုခွင့်ရှိသူတွေဟာ ဘယ်တော့မှ ပြောလေ့မရှိဘူးပေါ့။ နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုရင်လည်း ပြောရေးဆိုခွင့်ရှိသူက ပြောတဲ့အတွက်ပဲ အပြောင်းအလဲတွေ လုပ်ခံရတာ တွေ့ရတယ်။ အဲ့ဒီ့အတွက် ကျနော်တို့ PEN MYANMAR အနေနဲ့ ပြောချင်တာက သတင်းသမားတွေကို ဒီ့ထက်ပို သတင်းရယူပိုင်ခွင့်ကို ဒီ့ထက်ကျယ်ကျယ်ပြန့်ပြန့် အစိုးရအနေနဲ့လုပ်ပေးစေချင်တာကို ကျနော်တို့ တောင်းဆိုချင်ပါတယ်။"

မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကစလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ အရပ်သားအစိုးရ အာဏာရလာပြီးနောက် သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေတွေ တိုးတက်လာမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ထင်သလောက် ဖြစ်မလာတဲ့အပေါ်မှာလည်း သတင်းသမားတွေ စိတ်ပျက်နေကြတာပါ။

အထူးသဖြင့် သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ တိုးတက်ဖို့ မူဝါဒတွေနဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ လိုနေပြီလို့လည်း မြန်မာသတင်းမီဒီယာကောင်စီက ဦးမြင့်ကျော်က သတိပေးပါတယ်။

"ဥပဒေတွေ ပြင်ဆင်မှုတွေကို တကယ်ပဲ သတင်းမီဒီယာလွတ်လပ်မှုကို အသားပေးတဲ့ ဥပဒေပြင်ဆင်မှုတွေ လုပ်ပါ။ နောက် သတင်းအချက်အလက်ရယူခွင့် Access to Information တွေ တိုးတက်လာအောင် တကယ်ပွင့်လင်းတဲ့ မီဒီယာကို တိတိကျကျ ရှင်းရှင်းလင်းလင်း ဖြေကြားနိုင်တဲ့ ပြောရေးဆိုခွင့်ရှိသူ၊ နောက် သတင်းဌာနတွေကို သတင်းအချက်လက်တွေကို ဝန်ကြီးဌာနတွေကနေ လွယ်လွယ်ကူကူနဲ့ ထုတ်ပေးတဲ့ မူဝါဒမျိုး ပြင်ဆင်ဖို့လိုတယ်။ နောက်တခုက သတင်းသမားတွေ မီဒီယာတွေ ဖော်ပြတာ တစုံတရာ မကျေလည်မှု မကျေနပ်မှု ရှိတယ်ဆိုရင်လည်း အစိုးရရော တပ်ရောအနေနဲ့ တရားစွဲဆိုတာ အမှုဖွင့်တာကို မလုပ်ဘဲ သတင်းမီဒီယာကောင်စီကတဆင့် ဖြေရှင်းဖို့ဆိုတဲ့ မူဝါဒတွေကို ကျင့်သုံးပါလို့ ပြောချင်ပါတယ်။"

PEN MYANMAR အဖွဲ့က ဦးမျိုးမြင့်ငြိမ်းကလည်း မြန်မာနိုင်ငံတွင်းမှာ သတင်းအချက်အလက် ရယူခွင့်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းနိုင်မှ မူဝါဒတွေ ပြင်ဆင်သုံးသပ်နိုင်မှ ဒီအခက်ခဲတွေ ပြေလည်မယ်လို့ ရှုမြင်ပါတယ်။

"တကယ်က သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်ကို တကယ်ပေးတယ်ဆိုရင် သတင်းအချက်အလက်တွေကို လွတ်လပ်စွာ ထုတ်ပြန်ပေးရမယ်။ ဥပမာ တပ်မတော်သတင်းမှန် ပြန်ကြားရေးဆိုရင်လည်း တကယ်တမ်း မေးရ ပြောရ သိပ်ခက်ပါတယ်။ အဲ့ဒါတွေက ဘယ်အချိန်မှ အဆင်ပြေနိုင်မလဲဆိုရင် Rights to Information သတင်းအချက်အလက်တွေ သိနိုင်မယ့် ဥပဒေတွေ ပေါ်ပေါက်လာမှသာလျှင် ဥပဒေတွေနဲ့အညီ လုပ်လာမှပဲ အဆင်ပြေလာနိုင်မယ့်သဘော ဖြစ်တယ်။ အခုက မြန်မာနိုင်ငံမှာ သတင်းအချက်အလက် ရယူခွင့် ဥပဒေအက်က အခုအချိန်အထိ လွှတ်တော်ကို တင်သွင်းထားတာပဲ ရှိသေးတယ်။ အဲ့ဒီ့တော့ သတင်းအချက်လက် သိပိုင်ခွင့် လွှတ်တော်မှာ ဥပဒေအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးသရွေ့ကာလပတ်လုံး သတင်းစီးဆင်းပိုင်ခွင့်က အခက်အခဲတွေ ဖြစ်နေဦးမှာပဲ၊ ဒါကြောင့် အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့လိုတယ်။"

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် David Kaye ကလည်း နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့် ရရှိရေး အလေးထားဖို့ တိုက်တွန်းခဲ့ပြီး အထူးသဖြင့် လူထုကျန်းမာရေး ပြဿနာကြီးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ရရှိရေးမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ အရေးပါကြောင်းလည်း ထောက်ပြထားပါတယ်။

XS
SM
MD
LG