သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အင္းစိန္ေထာင္တြင္း အက်ဥ္းသားေတြ ေႂကြးေၾကာ္ ဆႏၵျပ


အင္းစိန္အက်ဥ္းေထာင္ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ရန္ကုန္၊ အင္းစိန္အက်ဥ္းေထာင္အတြင္းမွာ အက်ဥ္းသားအခြင့္ေရး ရရွိဖို႔ေတာင္းဆိုတဲ့ ေႂကြးေၾကာ္ဆႏၵျပပြဲတခု ဒီေန႔ ဇူလိုင္ ၂၃ ရက္ မနက္အေစာပိုင္းမွာ ျဖစ္ခဲ့ပါတယ္။ အက်ဥ္းေထာင္အတြင္း ကိုဗစ္ကူးစက္မႈ စိုးရိမ္ရတဲ့အေျခအေနနဲ႔ မတရားဖမ္းဆီးခံထားရသူေတြ ျပန္လႊတ္ေရးအတြက္ အက်ဥ္းသားေတြက အခုလို ေတာင္းဆိုခဲ့တာလို႔ ဆႏၵျပတာကို ကိုယ္တိုင္သိခဲ့တဲ့ ေရွ႕ေနေတြက ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ အင္းစိန္ေထာင္တြင္း ဆႏၵျပတဲ့အေျခအေနကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပပါမယ္။

ဒီေန႔မနက္ ၇ နာရီခြဲေလာက္က အင္းစိန္ေထာင္အတြင္းမွာ အက်ဥ္းသားေတြက ဒို႔အေရးနဲ႔ သီခ်င္းသံၿပိဳင္ ေအာ္ဟစ္သီဆိုၾကၿပီး ဆႏၵျပလႈပ္ရွားမႈတခု လုပ္ခဲ့ၾကတယ္လို႔ ကိုယ္တိုင္ၾကားခဲ့ရတဲ့ ေရွ႕ေနေဒၚျမသဇင္က ဗီြအိုေအကိုေျပာျပပါတယ္။

“ဒို႔အေရး၊ ဒို႔အေရးကိုေတာ့ သဲသဲကြဲကြဲၾကားရတယ္၊ ေရွ႕ကတိုင္တဲ့သူက တေယာက္တည္း ျဖစ္ေနတဲ့အခါက်ေတာ့ အဲဒါကို သဲသဲကြဲကြဲ မၾကားရဘူး၊ အေနာက္က ဒို႔အေရး ေအာ္တဲ့ဟာကေတာ့ အသံကုန္ ေထာင္ထဲမွာရွိတဲ့သူ အေတာ္မ်ားမ်ား ေအာ္လိုက္ပုံရတယ္၊ သံၿပိဳင္ႀကီး ထြက္လာၿပီးေတာ့ေလ။ ေတာ္ေတာ္ႀကီးႀကီးက်ယ္က်ယ္ ၾကားရတယ္။ ေနာက္ၿပီး သီခ်င္းဆိုတဲ့ဟာေပါ့ ဆိုေနၾကသီခ်င္းပါပဲ ေသြးသစၥာကို ဆိုသြားၾကတယ္ေပါ့။ က်မကိုယ္တိုင္ နားေထာင္ခဲ့တယ္၊ ၾကက္သီးထေအာင္ ခံစားလိုက္ရတယ္ေပါ့။ သူတို႔အတြက္ကိုလည္း စိုးရိမ္စိတ္ ရွိတယ္ေပါ့ေနာ္။ ဘာလို႔လဲဆိုေတာ့ သူတို႔အရမ္းကို ဒုကၡေရာက္ေတာ့မယ္ ဆိုတာလည္း က်မသိေနၿပီ၊ သိပ္မၾကာဘူး က်မ အေရွ႕ေပါက္ျပန္သြားတဲ့အခ်ိန္မွာပဲ ေဘးေပါက္၊ အေရွ႕ေပါက္ကေန စစ္ကားေတြဝင္သြားတာ မ်က္ျမင္ ျမင္ခဲ့ရတယ္။”

အင္းစိန္ေထာင္တြင္းမွာ ဆူပူမႈျဖစ္ခဲ့ေပမဲ့လည္း အေျခအေနကို မၾကာခင္မွာပဲ ျပန္ထိန္းသိမ္းႏိုင္ခဲ့တယ္လုိ႔ စစ္ေကာင္စီက သတင္းျပန္ၾကားေပးေနတဲ့ Viber ကေနတဆင့္ အက်ဥ္းဦးစီးဌာနက တာဝန္ရွိသူတဦးျဖစ္တဲ့ ဦးခ်မ္းေအးေက်ာ္က ေျဖဆိုခဲ့ပါတယ္။

“မနက္ ၇း၂၀ ေလာက္မွာေပါ့ေနာ္ အက်ဥ္းေထာင္ထဲမွာ ထိန္းသိမ္းထားတဲ့ အခ်ဳပ္သားေတြကေန ဆူပူမႈျဖစ္တာေပါ့။ ဆူပူမႈျဖစ္တဲ့အခ်ိန္မွာပဲ တာဝန္ရွိတဲ့ ရန္ကုန္တိုင္းဦးစီးမွဴး၊ ၫႊန္မႈး၊ အင္းစိန္ေထာင္ပိုင္တို႔ကေန သြားၿပီးေတာ့ ဆူပူမႈျဖစ္တဲ့ အခ်ဳပ္သားေတြကို သြားေရာက္ေတြ႕ဆုံၿပီးေတာ့မွ သူတို႔ရဲ႕ လိုလားခ်က္ေတြ ေတာင္းဆိုခ်က္ေတြကို ေမးျမန္းတယ္။ ၿပီးေတာ့ သူတို႔ကို ညႇိႏႈိင္းၿပီးေဆြးေႏြးေပးတယ္၊ အဲဒီအခ်ိန္မွာ သူတို႔က ေဆြးေႏြးမႈကို လက္ခံၿပီးေတာ့မွ ၉း၃၀ ဆိုရင္ေတာ့ ေဆးေဆးျဖစ္သြားပါတယ္။”

အင္းစိန္ေထာင္အတြင္းမွာ ႐ုတ္တရက္ ဖ်ားနာေသဆုံးမႈေၾကာင့္ ေထာင္တြင္းက အက်ဥ္းသားေတြရဲ႕ က်န္းမာေရးအေျခအေနဟာ စိုးရိမ္ရတဲ့အေျခအေန ျဖစ္လာၿပီဆိုတဲ့ သတင္းေတြထြက္လာၿပီး မၾကာခင္မွာပဲ အခုလိုေထာင္တြင္း ဆႏၵျပမႈေတြ စတင္လာတာပါ။

ေထာင္အာဏာပိုင္ေတြဘက္ကေတာ့ မေန႔က အက်ဥ္းသား အေထြေထြလြတ္ၿငိမ္းခြင့္မွာ သူတို႔မပါတဲ့အတြက္ အခုလို ဆူပူဆႏၵျပခဲ့ၾကတာလို႔ တုံ႔ျပန္ခဲ့ေၾကာင္း ေရွ႕ေနေဒၚျမသဇင္က ေျပာပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) ကေတာ့ အင္းစိန္ေထာင္၊ အမ်ဳိးသမီးေဆာင္ႏွစ္ခုမွာ COVID-19 ေရာဂါအေျခအေန ဆိုးေနေပမယ့္ အာဏာပိုင္ေတြက အက်ဥ္းသားေတြရဲ႕ က်န္းမာေရး ေစာင့္ေရွာက္မႈကို လ်စ္လ်ဴရႈထားတဲ့အျပင္ ဝန္ထမ္းေတြအတြက္လည္း ကာကြယ္ေစာင့္ေရွာက္မႈ ဘာမွလုပ္မေပးတာေၾကာင့္ ဆႏၵျပခဲ့ၾကတာလို႔ ကနဦးသိထားတဲ့အေၾကာင္း ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အင္းစိန္ေထာင္ထဲမွာ ကိုဗစ္ေရာဂါကူးစက္ႏႈန္း ဘယ္ေလာက္ရွိေနၿပီဆိုတာ တိတိက်က် မထုတ္ျပန္ေပမဲ့ ေသဆုံးမႈေတြကေတာ့ ရွိေနတာပါ။ ဒါနဲ႔ပတ္သက္ၿပီး တရားလႊတ္ေတာ္ေရွ႕ေန ေဒၚသြယ္သြယ္စိုးက -

“အေျခအေနေတြကေတာ့ အထဲထဲမွာေတာ့ ဖ်ားနာေနတဲ့သူေတြ မ်ားတယ္ဆိုတာ အထဲထဲမွ ာသူတို႔က စိတ္ဓာတ္က်ေနတာေတြေရာ ဖ်ားတာေတြေရာ ပါမယ္နဲ႔ တူပါတယ္။ ဆုံးတဲ့အမႈသည္ရဲ႕အေမကို အေၾကာင္းၾကားတယ္တဲ့၊ အေလာင္းလာသယ္ဖို႔ အဲလိုေျပာတယ္တဲ့။ ဒါ ဒီေန႔မနက္ေပါ့ေနာ္။ ၿပီးခဲ့တဲ့ ၂၀ ရက္ေန႔က တိုက္ႀကီးက အမႈသည္တေယာက္လည္း အင္းစိန္ေထာင္ထဲက ယာယီတရား႐ုံးမွာ အမႈေတာင္စစ္ခဲ့ေသးတယ္။ ၅၀၅ နဲ႔ အဖမ္းခံထားရတာပဲ ဆုံးသြားတယ္၊ ေထာင္ထဲကေန ဖုန္းလွမ္းဆက္ၿပီးေတာ့မွ Dead Body ကိုလာသယ္ဖို႔ ေျပာတယ္တဲ့။ ေတာ္ေတာ္ဖ်ားေနၾကတယ္နဲ႔ တူပါတယ္။”

အင္းစိန္ေထာင္ထဲမွာ ကိုဗစ္ေရာဂါနဲ႔ ေသဆုံးမႈေတြရွိလာတယ္ဆိုတဲ့ သတင္းေတြေၾကာင့္ အက်ဥ္းက်ေနတဲ့ သားအတြက္စိုးရိမ္ေၾကာင္း မိဘတဦးက ေျပာပါတယ္။

“အၿမဲတမ္း ေန႔ေရာ၊ ညေရာ ဦးတို႔က အဲဒါပဲစိုးရိမ္ေနရတယ္။ ကေလးေတြ ဘယ္လိုျဖစ္ေနၿပီလဲ၊ လက္ရွိအျပင္မွာေတာင္မွ ဒီလိုေတြျဖစ္ေနၾကတယ္ အထဲမွာ သူတို႔က ပူးပူးကပ္ကပ္နဲ႔ ေနရလား ဘယ္လိုလဲ၊ တခ်ိဳ႕နည္းနည္းရင္းႏွီးတဲ့ ေထာင္ဝါဒါေတြက မပူနဲ႔ ဦးတို႔သာအျပင္မွာ၊ အန္တီတို႔သာအျပင္မွာ ေကာင္းေအာင္ေန၊ သူတို႔ေတြက အထဲမွာ အၿမဲတမ္း လုံလုံၿခဳံၿခဳံထားတယ္၊ ျပဳတယ္သာေျပာတာေလ။ ဦးတို႔က မ်က္လုံးနဲ႔ျမင္ရတာမဟုတ္ဘူး၊ ေတြ႕ရတာမဟုတ္တဲ့အတြက္ မယုံႏိုင္ဘူးေပါ့။ ရတဲ့နည္းနဲ႔ ဆက္သြယ္ၾကည့္ေတာ့ အႀကီးေကာင္က အနံ႔လည္းမရဘူးတဲ့၊ အရသာလည္း ေပ်ာက္ေနတယ္ဆိုလို႔ ဦးတို႔က အျပင္ကေန စိုးရိမ္ေနတယ္။ မဟုတ္တဲ့ ဒီ ေဆးသမားေတြ ဘာေတြက် လႊတ္မယ္ျပဳမယ္ဆိုတဲ့ဟာ သူတို႔အတိအလင္း ေၾကညာၿပီးေတာ့။”

စစ္တပ္ကို ဆန႔္က်င္ဆႏၵျပရင္း ၅၀၅ ပုဒ္မေတြနဲ႔ ဖမ္းဆီးခံရသူေတြထဲမွာ ေက်ာင္းသားလူငယ္ေတြ အမ်ားအျပားပါဝင္ေနပါတယ္။ သူတို႔အားလုံးကို အက်ဥ္းသားအခြင့္အေရး အျပည့္အဝေပးဖို႔ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက သတင္းျပန္ၾကားေရးတာဝန္ခံ ကိုေအာင္ေကာင္းဆက္က ဗြီအိုေအကို ေျပာပါတယ္။

“Covid-19 က အျပင္မွာေတာင္မွ ေတာ္ေတာ္ေလးကို ဆိုး႐ြားေနတဲ့ အေျခအေနရွိတယ္။ အျပင္မွာ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ မေပးႏိုင္တဲ့ အေျခအေန ရွိတဲ့အခါမွာ ဒီေထာင္တြင္းအေျခအေနက ေတာ္ေတာ္ကို စိုးရိမ္စရာ ေကာင္းတဲ့အတြက္ ႏိုင္ငံေရးအက်ဥ္းသားေတြ က်န္းမာေရး ေစာင့္ေရွာက္မႈကို အျပည့္အဝေပးရမယ္။ သူတို႔ကို လူ႔ဂုဏ္သိကၡာနဲ႔အညီ ဆက္ဆံဖို႔၊ က်န္းမာေရးေထာက္ပံ့မႈေတြ အျပည့္အဝေပးဖို႔ လိုအပ္ပါတယ္။”

အက်ဥ္းသားေတြအတြက္ အက်ိဳးေဆာင္ေပးေနတဲ့ အမည္မေဖာ္လိုတဲ့ ေရွ႕ေနတခ်ိဳ႕ကေတာ့ ဒီေန႔အင္းစိန္ေထာင္ဆူပူမႈမွာ ႏိုင္ငံေရးအက်ဥ္းသားေတြကို ျပန္လႊတ္ေပးဖို႔၊ ကိုဗစ္ကုသမႈေတြ လုပ္ေဆာင္ေပးဖို႔၊ ေထာင္စည္းကမ္းေတြ ေျဖေလွ်ာ့ေပးဖို႔ စတဲ့အခ်က္သုံးခုကို အဓိက ေတာင္းဆိုခဲ့တယ္လို႔ ဆိုပါတယ္။

ဒီကေန႔ အင္းစိန္ေထာင္မွာျဖစ္ခဲ့တဲ့ကိစၥကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖရွင္းဖို႔နဲ႔ ဖမ္းထားသူေတြအားလံုးအတြက္ ေကာင္းမြန္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ နည္းလမ္းတက်ရရွိေရး အေျခခံလူ႔အခြင့္အေရးေတြကို ေလးစားလိုက္နာဖို႔ ျမန္မာႏုိင္ငံဆိုင္ရာ အေနာက္ႏုိင္ငံအမ်ားစုက သံအမတ္ႀကီးေတြ၊ သံ႐ံုးယာယီတာဝန္ခံေတြနဲ႔ သံ႐ံုးအႀကီးအကဲေတြပူးေပါင္းၿပီး လက္မွတ္ေရးထိုးထုတ္ျပန္ခ်က္မွာ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............................................................................................

အင်းစိန်ထောင်တွင်း အကျဉ်းသားတွေ ကြွေးကျော် ဆန္ဒပြ

(Unicode)

ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်အတွင်းမှာ အကျဉ်းသားအခွင့်ရေး ရရှိဖို့တောင်းဆိုတဲ့ ကြွေးကျော်ဆန္ဒပြပွဲတခု ဒီနေ့ ဇူလိုင် ၂၃ ရက် မနက်အစောပိုင်းမှာ ဖြစ်ခဲ့ပါတယ်။ အကျဉ်းထောင်အတွင်း ကိုဗစ်ကူးစက်မှု စိုးရိမ်ရတဲ့အခြေအနေနဲ့ မတရားဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ရေးအတွက် အကျဉ်းသားတွေက အခုလို တောင်းဆိုခဲ့တာလို့ ဆန္ဒပြတာကို ကိုယ်တိုင်သိခဲ့တဲ့ ရှေ့နေတွေက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ အင်းစိန်ထောင်တွင်း ဆန္ဒပြတဲ့အခြေအနေကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဒီနေ့မနက် ၇ နာရီခွဲလောက်က အင်းစိန်ထောင်အတွင်းမှာ အကျဉ်းသားတွေက ဒို့အရေးနဲ့ သီချင်းသံပြိုင် အော်ဟစ်သီဆိုကြပြီး ဆန္ဒပြလှုပ်ရှားမှုတခု လုပ်ခဲ့ကြတယ်လို့ ကိုယ်တိုင်ကြားခဲ့ရတဲ့ ရှေ့နေဒေါ်မြသဇင်က ဗွီအိုအေကိုပြောပြပါတယ်။

“ဒို့အရေး၊ ဒို့အရေးကိုတော့ သဲသဲကွဲကွဲကြားရတယ်၊ ရှေ့ကတိုင်တဲ့သူက တယောက်တည်း ဖြစ်နေတဲ့အခါကျတော့ အဲဒါကို သဲသဲကွဲကွဲ မကြားရဘူး၊ အနောက်က ဒို့အရေး အော်တဲ့ဟာကတော့ အသံကုန် ထောင်ထဲမှာရှိတဲ့သူ အတော်များများ အော်လိုက်ပုံရတယ်၊ သံပြိုင်ကြီး ထွက်လာပြီးတော့လေ။ တော်တော်ကြီးကြီးကျယ်ကျယ် ကြားရတယ်။ နောက်ပြီး သီချင်းဆိုတဲ့ဟာပေါ့ ဆိုနေကြသီချင်းပါပဲ သွေးသစ္စာကို ဆိုသွားကြတယ်ပေါ့။ ကျမကိုယ်တိုင် နားထောင်ခဲ့တယ်၊ ကြက်သီးထအောင် ခံစားလိုက်ရတယ်ပေါ့။ သူတို့အတွက်ကိုလည်း စိုးရိမ်စိတ် ရှိတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့အရမ်းကို ဒုက္ခရောက်တော့မယ် ဆိုတာလည်း ကျမသိနေပြီ၊ သိပ်မကြာဘူး ကျမ အရှေ့ပေါက်ပြန်သွားတဲ့အချိန်မှာပဲ ဘေးပေါက်၊ အရှေ့ပေါက်ကနေ စစ်ကားတွေဝင်သွားတာ မျက်မြင် မြင်ခဲ့ရတယ်။”

အင်းစိန်ထောင်တွင်းမှာ ဆူပူမှုဖြစ်ခဲ့ပေမဲ့လည်း အခြေအနေကို မကြာခင်မှာပဲ ပြန်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းပြန်ကြားပေးနေတဲ့ Viber ကနေတဆင့် အကျဉ်းဦးစီးဌာနက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးချမ်းအေးကျော်က ဖြေဆိုခဲ့ပါတယ်။

“မနက် ၇း၂၀ လောက်မှာပေါ့နော် အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းထားတဲ့ အချုပ်သားတွေကနေ ဆူပူမှုဖြစ်တာပေါ့။ ဆူပူမှုဖြစ်တဲ့အချိန်မှာပဲ တာဝန်ရှိတဲ့ ရန်ကုန်တိုင်းဦးစီးမှူး၊ ညွှန်မှုး၊ အင်းစိန်ထောင်ပိုင်တို့ကနေ သွားပြီးတော့ ဆူပူမှုဖြစ်တဲ့ အချုပ်သားတွေကို သွားရောက်တွေ့ဆုံပြီးတော့မှ သူတို့ရဲ့ လိုလားချက်တွေ တောင်းဆိုချက်တွေကို မေးမြန်းတယ်။ ပြီးတော့ သူတို့ကို ညှိနှိုင်းပြီးဆွေးနွေးပေးတယ်၊ အဲဒီအချိန်မှာ သူတို့က ဆွေးနွေးမှုကို လက်ခံပြီးတော့မှ ၉း၃၀ ဆိုရင်တော့ ဆေးဆေးဖြစ်သွားပါတယ်။”

အင်းစိန်ထောင်အတွင်းမှာ ရုတ်တရက် ဖျားနာသေဆုံးမှုကြောင့် ထောင်တွင်းက အကျဉ်းသားတွေရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်လာပြီဆိုတဲ့ သတင်းတွေထွက်လာပြီး မကြာခင်မှာပဲ အခုလိုထောင်တွင်း ဆန္ဒပြမှုတွေ စတင်လာတာပါ။

ထောင်အာဏာပိုင်တွေဘက်ကတော့ မနေ့က အကျဉ်းသား အထွေထွေလွတ်ငြိမ်းခွင့်မှာ သူတို့မပါတဲ့အတွက် အခုလို ဆူပူဆန္ဒပြခဲ့ကြတာလို့ တုံ့ပြန်ခဲ့ကြောင်း ရှေ့နေဒေါ်မြသဇင်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ အင်းစိန်ထောင်၊ အမျိုးသမီးဆောင်နှစ်ခုမှာ COVID-19 ရောဂါအခြေအနေ ဆိုးနေပေမယ့် အာဏာပိုင်တွေက အကျဉ်းသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို လျစ်လျူရှုထားတဲ့အပြင် ဝန်ထမ်းတွေအတွက်လည်း ကာကွယ်စောင့်ရှောက်မှု ဘာမှလုပ်မပေးတာကြောင့် ဆန္ဒပြခဲ့ကြတာလို့ ကနဦးသိထားတဲ့အကြောင်း ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်းစိန်ထောင်ထဲမှာ ကိုဗစ်ရောဂါကူးစက်နှုန်း ဘယ်လောက်ရှိနေပြီဆိုတာ တိတိကျကျ မထုတ်ပြန်ပေမဲ့ သေဆုံးမှုတွေကတော့ ရှိနေတာပါ။ ဒါနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်သွယ်သွယ်စိုးက -

“အခြေအနေတွေကတော့ အထဲထဲမှာတော့ ဖျားနာနေတဲ့သူတွေ များတယ်ဆိုတာ အထဲထဲမှာသူတို့က စိတ်ဓာတ်ကျနေတာတွေရော ဖျားတာတွေရော ပါမယ်နဲ့ တူပါတယ်။ ဆုံးတဲ့အမှုသည်ရဲ့အမေကို အကြောင်းကြားတယ်တဲ့၊ အလောင်းလာသယ်ဖို့ အဲလိုပြောတယ်တဲ့။ ဒါ ဒီနေ့မနက်ပေါ့နော်။ ပြီးခဲ့တဲ့ ၂၀ ရက်နေ့က တိုက်ကြီးက အမှုသည်တယောက်လည်း အင်းစိန်ထောင်ထဲက ယာယီတရားရုံးမှာ အမှုတောင်စစ်ခဲ့သေးတယ်။ ၅၀၅ နဲ့ အဖမ်းခံထားရတာပဲ ဆုံးသွားတယ်၊ ထောင်ထဲကနေ ဖုန်းလှမ်းဆက်ပြီးတော့မှ Dead Body ကိုလာသယ်ဖို့ ပြောတယ်တဲ့။ တော်တော်ဖျားနေကြတယ်နဲ့ တူပါတယ်။”

အင်းစိန်ထောင်ထဲမှာ ကိုဗစ်ရောဂါနဲ့ သေဆုံးမှုတွေရှိလာတယ်ဆိုတဲ့ သတင်းတွေကြောင့် အကျဉ်းကျနေတဲ့ သားအတွက်စိုးရိမ်ကြောင်း မိဘတဦးက ပြောပါတယ်။

“အမြဲတမ်း နေ့ရော၊ ညရော ဦးတို့က အဲဒါပဲစိုးရိမ်နေရတယ်။ ကလေးတွေ ဘယ်လိုဖြစ်နေပြီလဲ၊ လက်ရှိအပြင်မှာတောင်မှ ဒီလိုတွေဖြစ်နေကြတယ် အထဲမှာ သူတို့က ပူးပူးကပ်ကပ်နဲ့ နေရလား ဘယ်လိုလဲ၊ တချို့နည်းနည်းရင်းနှီးတဲ့ ထောင်ဝါဒါတွေက မပူနဲ့ ဦးတို့သာအပြင်မှာ၊ အန်တီတို့သာအပြင်မှာ ကောင်းအောင်နေ၊ သူတို့တွေက အထဲမှာ အမြဲတမ်း လုံလုံခြုံခြုံထားတယ်၊ ပြုတယ်သာပြောတာလေ။ ဦးတို့က မျက်လုံးနဲ့မြင်ရတာမဟုတ်ဘူး၊ တွေ့ရတာမဟုတ်တဲ့အတွက် မယုံနိုင်ဘူးပေါ့။ ရတဲ့နည်းနဲ့ ဆက်သွယ်ကြည့်တော့ အကြီးကောင်က အနံ့လည်းမရဘူးတဲ့၊ အရသာလည်း ပျောက်နေတယ်ဆိုလို့ ဦးတို့က အပြင်ကနေ စိုးရိမ်နေတယ်။ မဟုတ်တဲ့ ဒီ ဆေးသမားတွေ ဘာတွေကျ လွှတ်မယ်ပြုမယ်ဆိုတဲ့ဟာ သူတို့အတိအလင်း ကြေညာပြီးတော့။”

စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြရင်း ၅၀၅ ပုဒ်မတွေနဲ့ ဖမ်းဆီးခံရသူတွေထဲမှာ ကျောင်းသားလူငယ်တွေ အများအပြားပါဝင်နေပါတယ်။ သူတို့အားလုံးကို အကျဉ်းသားအခွင့်အရေး အပြည့်အဝပေးဖို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက သတင်းပြန်ကြားရေးတာဝန်ခံ ကိုအောင်ကောင်းဆက်က ဗွီအိုအေကို ပြောပါတယ်။

“Covid-19 က အပြင်မှာတောင်မှ တော်တော်လေးကို ဆိုးရွားနေတဲ့ အခြေအနေရှိတယ်။ အပြင်မှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ မပေးနိုင်တဲ့ အခြေအနေ ရှိတဲ့အခါမှာ ဒီထောင်တွင်းအခြေအနေက တော်တော်ကို စိုးရိမ်စရာ ကောင်းတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ ကျန်းမာရေး စောင့်ရှောက်မှုကို အပြည့်အဝပေးရမယ်။ သူတို့ကို လူ့ဂုဏ်သိက္ခာနဲ့အညီ ဆက်ဆံဖို့၊ ကျန်းမာရေးထောက်ပံ့မှုတွေ အပြည့်အဝပေးဖို့ လိုအပ်ပါတယ်။”

အကျဉ်းသားတွေအတွက် အကျိုးဆောင်ပေးနေတဲ့ အမည်မဖော်လိုတဲ့ ရှေ့နေတချို့ကတော့ ဒီနေ့အင်းစိန်ထောင်ဆူပူမှုမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ ကိုဗစ်ကုသမှုတွေ လုပ်ဆောင်ပေးဖို့၊ ထောင်စည်းကမ်းတွေ ဖြေလျှော့ပေးဖို့ စတဲ့အချက်သုံးခုကို အဓိက တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ အင်းစိန်ထောင်မှာဖြစ်ခဲ့တဲ့ကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့နဲ့ ဖမ်းထားသူတွေအားလုံးအတွက် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျရရှိရေး အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံအများစုက သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေနဲ့ သံရုံးအကြီးအကဲတွေပူးပေါင်းပြီး လက်မှတ်ရေးထိုးထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG