သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ဆႏၵျပပြဲ ပစ္ခတ္ၿဖိဳခြဲမႈ တဦးဒဏ္ရာရၿပီး သုံးဦးထက္မနည္း ဖမ္းခံရ


ရန္ကုန္ျမိဳ့တြင္းလွည္လည္ေနတဲ့ စစ္ကားတစီး (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ရန္ကုန္ဆႏၵျပပြဲ ပစ္ခတ္ၿဖိဳခြဲမႈ တဦးဒဏ္ရာရၿပီး သုံးဦးထက္မနည္း ဖမ္းခံရ

စစ္အာဏာသိမ္းမႈ ဆန႔္က်င္ကန႔္ကြက္တဲ့ ရန္ကုန္ကဆႏၵျပပြဲတခုကို အရပ္ဝတ္ေတြနဲ႔ လက္နက္ကိုင္ေတြက ပစ္ခတ္ဖမ္းဆီးတာေၾကာင့္ ဆႏၵျပသူတဦး က်ည္ထိမွန္ ဒဏ္ရာရခဲ့ၿပီး သုံးေယာက္ထက္မနည္း အဖမ္းခံခဲ့ရပါတယ္။ ေန႔လည္ပိုင္းတုံးကေတာ့ ရန္ကုန္ၿမိဳ႕လည္ေခါင္ပိုင္း ေနရာတခ်ိဳ႕မွာ လက္နက္အျပည့္အစုံနဲ႔ စစ္သားေတြက လမ္းေတြပိတ္ၿပီးေတာ့ တားဆီး စစ္ေဆးတာေတြရွိခဲ့ပါတယ္။ ဒီအေျခအေနအျပည့္အစုံ ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးကေျပာျပပါမယ္။

ရန္ကုန္ၿမိဳ႕၊ တာေမြ၊ ေက်ာက္ေျမာင္းအရပ္က ဆႏၵျပပြဲကို ပစ္ခတ္ၿဖိဳခြဲတာမွာ က်ည္ထိမွန္သူ၊ ဖမ္းဆီးခံရသူေတြ ရွိခဲ့တယ္လို႔ ဦးေဆာင္ပါဝင္သူတဦးက ဗြီအိုေအကို ေျပာပါတယ္။

“တေယာက္က ေသနတ္နဲ႔ပစ္ခံရတယ္၊ စုစုေပါင္း သုံးေယာက္ ဖမ္းခံရတယ္၊ ႏွိပ္စက္ထားတာရွိတယ္ဗ်၊ ဆန̔ျပတဲ့အခ်ိန္ေပါ့ေနာ္ က်ားကြက္သစ္လမ္းေပါ့ေနာ္ က်ားကြက္သစ္ကေနၿပီးေတာ့ သတိပဌာန္လမ္းထိ ေလွ်ာက္တဲ့အခ်ိန္မွာ က်ေနာ္တို႔ ဆႏၵျပျပခ်င္း အခ်ိန္ စကၠန႔္ ၃၀ ရတဲ့ အခ်ိန္တိုအတြင္း အရပ္ဝတ္ေတြနဲ႔ ေစာင့္ၿပီး ေသနတ္နဲ႔ပစ္ၿပီး ၿဖိဳခြင္းတာဗ်၊ ပစ္ၿပီး ၿဖိဳခြဲခ်ိန္မွာ အေရွ႕ဆုံးမွာရွိတဲ့ လူငယ္တေယာက္က ေသနတ္မွန္သြားတယ္ ၿပီးေတာ့ ဖမ္းခံလိုက္ရတယ္ အရပ္ဝတ္နဲ႔ ဖမ္းတာျဖစ္တဲ့ အတြက္ေၾကာင့္ က်ေနာ္တို႔ သုံးေယာက္ေလာက္ေတာ့ အဖမ္းခံရတယ္ တေယာက္ကေတာ့ ေတာ္ေတာ္ျပင္းျပင္းထန္ထန္ ႏွိပ္စက္ခံထားရတယ္၊ လူျမင္ကြင္းမွာကို ေသနတ္ေတြကို ထုၿပီးေတာ့ ႐ိုက္ထားတယ္ဗ်၊ ဦးေခါင္းကြဲသြားတာေတြ က်ေနာ္တို႔ ေတြ႕ခဲ့ရတယ္ဗ်။”

လူမႈကြန္ယက္မွာပ်ံ႕ေနတဲ့ ဗြီဒီယိုတခုထဲမွာလည္း လူငယ္တဦးကို စစ္သားေတြက ခ်ဳပ္ကိုင္ဆြဲေခၚသြားၿပီး ႐ိုက္ႏွက္ၿပီးေတာ့ စစ္ကားေပၚ ထိုးတင္လိုက္တာေတြ႕ရပါတယ္။
ဒီေန႔ ေန႔လယ္ေလာက္ကလည္း ရန္ကုန္ၿမိဳ႕တြင္း ေနရာေတာ္ေတာ္မ်ားမ်ားမွာ စစ္သားေတြ ရဲေတြ လက္နက္ အျပည့္နဲ႔ လမ္းေတြ ပိတ္ဆို႔တားဆီးခဲ့ၿပီး ျဖတ္သန္းသြားလာခြင့္မေပးဘဲ ကားေတြကို လွည့္ျပန္ခိုင္းတာရွိတယ္လို႔ ကိုယ္တိုင္ေတြ႕ခဲ့ရတဲ့ ရန္ကုန္ၿမိဳ႕ခံတဦးျဖစ္သူ ဦးျမတ္သူဝင္းက ေျပာပါတယ္။

“မီးပြိဳင့္ရွိတယ္ေလ မီးပြိဳင့္ က်ေနာ္တို႔က လမ္းေလးစုံေပါ့၊ က်ေနာ္က လမ္းေထာင့္ပဲေလ မီးပြိဳင့္က ဒီဝါးတန္းလမ္းဆိုတဲ့ ေအာက္ဘက္ေရာ အေပၚဘက္ေရာေပါ့ေနာ္ အဲ့ဘက္ ႏွစ္ဘက္လုံးပိတ္တယ္။ ဗိုလ္ခ်ဳပ္လမ္းဆိုလည္း ဟိုဘက္ေရာ ဒီဘက္ေရာ ပိတ္လိုက္ေတာ့ ေလးဘက္လုံးပိတ္ထားတာေပ့ါ၊ ဟို အန္စာတုံးကားတစီးကိုေတာ့ ဒီဘက္ကပ္လ်က္က အိမ္တအိမ္ကို သြားခ်င္လို႔လားမသိဘူး အဲ့ကားတစီးေတာ့ လႊတ္ေပးလိုက္တာ က်ေနာ္ေတြ႕လိုက္တယ္ က်န္တဲ့ကားေတြက လွည့္ျပန္ရတယ္ဆိုေတာ့ သြားလို႔ေတာ့မရဘူး၊ သူက ရဲေတာ့မဟုတ္ဘူး။ တပ္နဲ႔ ေမာ္ေတာ္ပီကယ္ေတြနဲ႔ ေတြ႕ရတယ္ဗ်။”

ဘာေၾကာင့္ အခုလို ပိတ္တာလည္းဆိုတာ မသိရေသးဘူးလို႔လည္း ေျပာပါတယ္။
မိခင္အတြက္ ေအာက္ဆီဂ်င္နဲ႔ ေဆးဝါးပစၥည္းေတြ သြားဝယ္ရင္း လမ္းပိတ္စစ္ေဆးေနတာကို ကိုယ္တိုင္ႀကဳံခဲ့ရသူ ေနာက္ၿမိဳ႕ခံတဦးကလည္း -

“အေမ့အတြက္ လိုအပ္တဲ့ ေဆးေလးေတြ သြားဝယ္မယ္၊ ေအာင္ဆီဂ်င္နဲ႔ ပတ္သက္တဲ့ ဟာေလးေပါ့ တကယ္တန္က်ေတာ့ အဲ့ဟာေလး သြားဝယ္မယ္ဆိုၿပီးေတာ့ ကားေတြက အကုန္လုံးပိတ္ေနတယ္ေပါ့ေနာ္၊ ပိတ္ေနေတာ့ အဲ့မွာ စစ္ေကာင္စီကေနၿပီးေတာ့ စစ္ေနတာ ေတြ႕တယ္ဗ်၊ ေတြ႕တာနဲ႔ ကဲ ဟုတ္ၿပီးေပါ့ တန္စီး တန္စီးနဲ႔ သြားလိုက္တယ္ေပ့ါေနာ္။ တခ်ိဳ႕ကားေတြက် ရပ္ၿပီးေတာ့ သူတို႔ဘာေတြစစ္ေနလဲေတာ့ မသိဘူးေပါ့ ကိုယ့္ကားက်လည္း သူတို႔ၾကည့္တယ္။ ၾကည့္ေတာ့ က်ေနာ္တို႔ ကားမွာ တကယ္တမ္းပါလာတာ ေအာက္ဆီဂ်င္အိုးပါပါတယ္ အေမ ဆရာဝန္ေဆးလက္မွတ္ေတြ ဘာေတြ ျပလိုက္ေတာ့ ကဲသြားသြားဆိုၿပီးေတာ့ အဆင္ေျပသြားပါတယ္၊ ေနာက္တေနရာက်ေတာ့ ထပ္ပိတ္ေတာ့ ၁၉ လမ္းေထာင့္ အေရွ႕ေပါ့ေနာ္။အဲ့ဒီမွာလည္း တခါစစ္ေဆးခံရတယ္ ေပ့ါေနာ္။”

မေန႔ကေတာ့ ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕ အမွတ္ ၉ ရပ္ကြက္၊ ပုသိမ္းတံတားအနီးက ရဲစခန္းဝင္းနဲ႔ ၿမိဳ႕နယ္စည္ပင္သာယာ႐ုံးမွာ ဗုံးေပါက္ကြဲခဲ့ၿပီး အထိအခိုက္မရွိဘူးလို႔ ၿမိဳ႕ခံတဦးက ေျပာပါတယ္။
စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္တဲ့ ဆႏၵျပပြဲေတြဟာ အရွိန္အဟုန္ႀကီးႀကီးမားမား မရွိေတာ့ေပမယ့္ ေဒသတခ်ိဳ႕မွာ ေန႔စဥ္လို ဆႏၵျပပြဲေတြရွိေနဆဲပါပဲ။ ဒီကေန႔မွာ ရန္ကုန္အျပင္ ဖားကန႔္၊ မႏၲေလး၊ မုံ႐ြာ၊ ေလာင္းလုံး၊ ကေလး၊ ဆားလင္းႀကီး စတဲ့ေဒသေတြမွာ ဆႏၵျပပြဲေတြရွိခဲ့ပါတယ္။

..........................................................................................

တိုက္႐ိုက္ လင့္ခ္


ရန်ကုန်ဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွဲမှု တဦးဒဏ်ရာရပြီး သုံးဦးထက်မနည်း ဖမ်းခံရ

(Unicode)

ရန်ကုန်ဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွဲမှု တဦးဒဏ်ရာရပြီး သုံးဦးထက်မနည်း ဖမ်းခံရ

စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ရန်ကုန်ကဆန္ဒပြပွဲတခုကို အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် ဆန္ဒပြသူတဦး ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး သုံးယောက်ထက်မနည်း အဖမ်းခံခဲ့ရပါတယ်။ နေ့လည်ပိုင်းတုံးကတော့ ရန်ကုန်မြို့လည်ခေါင်ပိုင်း နေရာတချို့မှာ လက်နက်အပြည့်အစုံနဲ့ စစ်သားတွေက လမ်းတွေပိတ်ပြီးတော့ တားဆီး စစ်ဆေးတာတွေရှိခဲ့ပါတယ်။ ဒီအခြေအနေအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးကပြောပြပါမယ်။

ရန်ကုန်မြို့၊ တာမွေ၊ ကျောက်မြောင်းအရပ်က ဆန္ဒပြပွဲကို ပစ်ခတ်ဖြိုခွဲတာမှာ ကျည်ထိမှန်သူ၊ ဖမ်းဆီးခံရသူတွေ ရှိခဲ့တယ်လို့ ဦးဆောင်ပါဝင်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

“တယောက်က သေနတ်နဲ့ပစ်ခံရတယ်၊ စုစုပေါင်း သုံးယောက် ဖမ်းခံရတယ်၊ နှိပ်စက်ထားတာရှိတယ်ဗျ၊ ဆန̔ပြတဲ့အချိန်ပေါ့နော် ကျားကွက်သစ်လမ်းပေါ့နော် ကျားကွက်သစ်ကနေပြီးတော့ သတိပဌာန်လမ်းထိ လျှောက်တဲ့အချိန်မှာ ကျနော်တို့ ဆန္ဒပြပြချင်း အချိန် စက္ကန့် ၃၀ ရတဲ့ အချိန်တိုအတွင်း အရပ်ဝတ်တွေနဲ့ စောင့်ပြီး သေနတ်နဲ့ပစ်ပြီး ဖြိုခွင်းတာဗျ၊ ပစ်ပြီး ဖြိုခွဲချိန်မှာ အရှေ့ဆုံးမှာရှိတဲ့ လူငယ်တယောက်က သေနတ်မှန်သွားတယ် ပြီးတော့ ဖမ်းခံလိုက်ရတယ် အရပ်ဝတ်နဲ့ ဖမ်းတာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ သုံးယောက်လောက်တော့ အဖမ်းခံရတယ် တယောက်ကတော့ တော်တော်ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရတယ်၊ လူမြင်ကွင်းမှာကို သေနတ်တွေကို ထုပြီးတော့ ရိုက်ထားတယ်ဗျ၊ ဦးခေါင်းကွဲသွားတာတွေ ကျနော်တို့ တွေ့ခဲ့ရတယ်ဗျ။”

လူမှုကွန်ယက်မှာပျံ့နေတဲ့ ဗွီဒီယိုတခုထဲမှာလည်း လူငယ်တဦးကို စစ်သားတွေက ချုပ်ကိုင်ဆွဲခေါ်သွားပြီး ရိုက်နှက်ပြီးတော့ စစ်ကားပေါ် ထိုးတင်လိုက်တာတွေ့ရပါတယ်။
ဒီနေ့ နေ့လယ်လောက်ကလည်း ရန်ကုန်မြို့တွင်း နေရာတော်တော်များများမှာ စစ်သားတွေ ရဲတွေ လက်နက် အပြည့်နဲ့ လမ်းတွေ ပိတ်ဆို့တားဆီးခဲ့ပြီး ဖြတ်သန်းသွားလာခွင့်မပေးဘဲ ကားတွေကို လှည့်ပြန်ခိုင်းတာရှိတယ်လို့ ကိုယ်တိုင်တွေ့ခဲ့ရတဲ့ ရန်ကုန်မြို့ခံတဦးဖြစ်သူ ဦးမြတ်သူဝင်းက ပြောပါတယ်။

“မီးပွိုင့်ရှိတယ်လေ မီးပွိုင့် ကျနော်တို့က လမ်းလေးစုံပေါ့၊ ကျနော်က လမ်းထောင့်ပဲလေ မီးပွိုင့်က ဒီဝါးတန်းလမ်းဆိုတဲ့ အောက်ဘက်ရော အပေါ်ဘက်ရောပေါ့နော် အဲ့ဘက် နှစ်ဘက်လုံးပိတ်တယ်။ ဗိုလ်ချုပ်လမ်းဆိုလည်း ဟိုဘက်ရော ဒီဘက်ရော ပိတ်လိုက်တော့ လေးဘက်လုံးပိတ်ထားတာပေ့ါ၊ ဟို အန်စာတုံးကားတစီးကိုတော့ ဒီဘက်ကပ်လျက်က အိမ်တအိမ်ကို သွားချင်လို့လားမသိဘူး အဲ့ကားတစီးတော့ လွှတ်ပေးလိုက်တာ ကျနော်တွေ့လိုက်တယ် ကျန်တဲ့ကားတွေက လှည့်ပြန်ရတယ်ဆိုတော့ သွားလို့တော့မရဘူး၊ သူက ရဲတော့မဟုတ်ဘူး။ တပ်နဲ့ မော်တော်ပီကယ်တွေနဲ့ တွေ့ရတယ်ဗျ။”

ဘာကြောင့် အခုလို ပိတ်တာလည်းဆိုတာ မသိရသေးဘူးလို့လည်း ပြောပါတယ်။
မိခင်အတွက် အောက်ဆီဂျင်နဲ့ ဆေးဝါးပစ္စည်းတွေ သွားဝယ်ရင်း လမ်းပိတ်စစ်ဆေးနေတာကို ကိုယ်တိုင်ကြုံခဲ့ရသူ နောက်မြို့ခံတဦးကလည်း -
“အမေ့အတွက် လိုအပ်တဲ့ ဆေးလေးတွေ သွားဝယ်မယ်၊ အောင်ဆီဂျင်နဲ့ ပတ်သက်တဲ့ ဟာလေးပေါ့ တကယ်တန်ကျတော့ အဲ့ဟာလေး သွားဝယ်မယ်ဆိုပြီးတော့ ကားတွေက အကုန်လုံးပိတ်နေတယ်ပေါ့နော်၊ ပိတ်နေတော့ အဲ့မှာ စစ်ကောင်စီကနေပြီးတော့ စစ်နေတာ တွေ့တယ်ဗျ၊ တွေ့တာနဲ့ ကဲ ဟုတ်ပြီးပေါ့ တန်စီး တန်စီးနဲ့ သွားလိုက်တယ်ပေ့ါနော်။ တချို့ကားတွေကျ ရပ်ပြီးတော့ သူတို့ဘာတွေစစ်နေလဲတော့ မသိဘူးပေါ့ ကိုယ့်ကားကျလည်း သူတို့ကြည့်တယ်။ ကြည့်တော့ ကျနော်တို့ ကားမှာ တကယ်တမ်းပါလာတာ အောက်ဆီဂျင်အိုးပါပါတယ် အမေ ဆရာဝန်ဆေးလက်မှတ်တွေ ဘာတွေ ပြလိုက်တော့ ကဲသွားသွားဆိုပြီးတော့ အဆင်ပြေသွားပါတယ်၊ နောက်တနေရာကျတော့ ထပ်ပိတ်တော့ ၁၉ လမ်းထောင့် အရှေ့ပေါ့နော်။အဲ့ဒီမှာလည်း တခါစစ်ဆေးခံရတယ် ပေ့ါနော်။”

မနေ့ကတော့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၉ ရပ်ကွက်၊ ပုသိမ်းတံတားအနီးက ရဲစခန်းဝင်းနဲ့ မြို့နယ်စည်ပင်သာယာရုံးမှာ ဗုံးပေါက်ကွဲခဲ့ပြီး အထိအခိုက်မရှိဘူးလို့ မြို့ခံတဦးက ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေဟာ အရှိန်အဟုန်ကြီးကြီးမားမား မရှိတော့ပေမယ့် ဒေသတချို့မှာ နေ့စဉ်လို ဆန္ဒပြပွဲတွေရှိနေဆဲပါပဲ။ ဒီကနေ့မှာ ရန်ကုန်အပြင် ဖားကန့်၊ မန္တလေး၊ မုံရွာ၊ လောင်းလုံး၊ ကလေး၊ ဆားလင်းကြီး စတဲ့ဒေသတွေမှာ ဆန္ဒပြပွဲတွေရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG