(Zawgyi / Unicode)
အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ၿမဳိ႕ေတာ္မွာ ဒီကေန႔ လူေထာင္ေပါင္းမ်ားစြာ စုေဝးၿပီး ဆႏၵျပပြဲႀကီးတခု က်င္းပၾကမွာ ျဖစ္ပါတယ္။
မင္နီဆိုးတားျပည္နယ္မွာ ေမကကုန္ပိုင္းက ရဲဖမ္းဆီးမႈအတြင္း အင္အားအလြန္အကၽြံသံုးခဲ့လို႔ ေသဆံုးသြားရတဲ့ အာဖရိကန္-အေမရိကန္ အမ်ဳိးသားရဲ႕ ျဖစ္ရပ္နဲ႔ ပတ္သက္ၿပီး အေမရိကန္ႏုိင္ငံတဝန္းမွာ ဆႏၵျပပြဲေတြ ဆက္ျဖစ္ေနတာပါ။
ဒီကေန႔ လာေရာက္စုေဝးၾကမယ့္ လူအေရအတြက္က ႀကံဳဖူးသမွ်ထဲမွာ အမ်ားဆံုး ျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းရေၾကာင္း ဝါရွင္တန္ဒီစီ ရဲခ်ဳပ္ Peter Newsham က ေျပာပါတယ္။
“စေနေန႔ ဆႏၵျပပြဲက အေမရိိကန္ျပည္ေထာင္စုရဲ႕ အေျခခံဥပေဒ ပထမ ျဖည့္စြက္ခ်က္ အခြင့္အေရးအတြက္ ခါတိုင္းလိုပဲ ေအးေအးခ်မ္းခ်မ္း လာဆႏၵျပၾကတဲ့ပြဲျဖစ္ဖို႔ ေမွ်ာ္လင့္ထားပါတယ္" လို႔ ရဲခ်ဳပ္ Newsham က ေျပာပါတယ္။
ဆိုလိုတာက လြတ္လပ္စြာစုေဝးခြင့္၊ လြတ္လပ္စြာေျပာဆိုခြင့္ ဒီလို အေျခခံဥပေဒပါ အခြင့္အေရးေတြအတြက္ ေအးေအးခ်မ္းခ်မ္း ဆႏၵလာျပၾကမယ္လို႔ ယူဆေၾကာင္း ေျပာသြားတာပါ။
ဒါ့ေၾကာင့္ ေဒသစံေတာ္ခ်ိန္ အခု မနက္ ၆ နာရီိ (ျမန္မာႏိုင္ငံ ညေန ၄ နာရီခြဲ) က စၿပီး အိမ္ျဖဴေတာ္တဝိုက္နဲ႔ National Mall ျမက္ခင္းျပင္၊ Pennsylvania Avenue လမ္းတဝိုက္ ေနရာေတြ အပါအဝင္ ဒီစီၿမဳိ႕ထဲကို ယာဥ္အသြားအလာ ပိတ္ထားမယ္လို႔ ရဲက ေၾကညာထားပါတယ္။
ၿမိဳ႕ထဲေျပးဆြဲတဲ့ ေျမေအာက္ရထား ခရီးစဥ္ေတြ ပိုတိုးထားတယ္လို႔လည္း တာဝန္ရွိသူေတြက ဆိုပါတယ္။ ေလာေလာဆယ္မွာက ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးနဲ႔ ႀကဳံေနရတာမို႔ Metro ေျမေအာက္ရထား ေျပးဆြဲမႈကို ကန္႔သတ္ေလွ်ာ့ခ်ထားတာ ျဖစ္ပါတယ္။
ပင္တဂြန္စစ္ဌာနခ်ဳပ္ကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းေတြက ဆႏၵျပပြဲေတြေၾကာင့္ ေခၚယူထားတဲ့ တပ္ဖြဲ႔ေတြကို သူတို႔ရဲ႕ မိခင္တပ္ရင္းေတြကို ျပန္ခိုင္းလိုက္ပါၿပီိ။
ဝါရွင္တန္ၿမိဳ႕ေတာ္နဲ႔ ကပ္လ်က္ ဗာဂ်ီးနီးယားျပည္နယ္၊ Arlington ၿမိဳ႕နယ္မွာ အေျခစိုက္တဲ့ ေျချမန္တပ္ရင္း အမွတ္ ၃ ကိုေတာ့ လိုအပ္ရင္ ကူညီဖို႔ အသင့္အေနအထားမွာ ထားရွိေၾကာင္း ၾကည္းတပ္အတြင္းဝန္ Ryan McCarthy က ေျပာပါတယ္။
ဆႏၵျပပြဲေတြအတြင္း အေစာပိုင္းမွာ မီး႐ႈိ႕တာေတြ၊ ဆိုင္ေတြကို ဖ်က္ဆီး လုယက္တာေတြ ရွိခဲ့ေပမယ့္ အခုရက္ပိုင္းေတြ အတြင္းမွာေတာ့ မ်ားေသာအားျဖင့္ ေအးေအးခ်မ္းခ်မ္း ရွိခဲ့ပါတယ္။
-----------------------------------
(Unicode)
ဝါရှင်တန်မြို့တော်မှာ ဒီကနေ့ ဆန္ဒပြပွဲကြီး လုပ်ဖို့ရှိ
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ဒီကနေ့ လူထောင်ပေါင်းများစွာ စုဝေးပြီး ဆန္ဒပြပွဲကြီးတခု ကျင်းပကြမှာ ဖြစ်ပါတယ်။
မင်နီဆိုးတားပြည်နယ်မှာ မေကကုန်ပိုင်းက ရဲဖမ်းဆီးမှုအတွင်း အင်အားအလွန်အကျွံသုံးခဲ့လို့ သေဆုံးသွားရတဲ့ အာဖရိကန်-အမေရိကန် အမျိုးသားရဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေတာပါ။
ဒီကနေ့ လာရောက်စုဝေးကြမယ့် လူအရေအတွက်က ကြုံဖူးသမျှထဲမှာ အများဆုံး ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရကြောင်း ဝါရှင်တန်ဒီစီ ရဲချုပ် Peter Newsham က ပြောပါတယ်။
“စနေနေ့ ဆန္ဒပြပွဲက အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံဥပဒေ ပထမ ဖြည့်စွက်ချက် အခွင့်အရေးအတွက် ခါတိုင်းလိုပဲ အေးအေးချမ်းချမ်း လာဆန္ဒပြကြတဲ့ပွဲဖြစ်ဖို့ မျှော်လင့်ထားပါတယ်" လို့ ရဲချုပ် Newsham က ပြောပါတယ်။
ဆိုလိုတာက လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာပြောဆိုခွင့် ဒီလို အခြေခံဥပဒေပါ အခွင့်အရေးတွေအတွက် အေးအေးချမ်းချမ်း ဆန္ဒလာပြကြမယ်လို့ ယူဆကြောင်း ပြောသွားတာပါ။
ဒါ့ကြောင့် ဒေသစံတော်ချိန် အခု မနက် ၆ နာရီ (မြန်မာနိုင်ငံ ညနေ ၄ နာရီခွဲ) က စပြီး အိမ်ဖြူတော်တဝိုက်နဲ့ National Mall မြက်ခင်းပြင်၊ Pennsylvania Avenue လမ်းတဝိုက် နေရာတွေ အပါအဝင် ဒီစီမြို့ထဲကို ယာဉ်အသွားအလာ ပိတ်ထားမယ်လို့ ရဲက ကြေညာထားပါတယ်။
မြို့ထဲပြေးဆွဲတဲ့ မြေအောက်ရထား ခရီးစဉ်တွေ ပိုတိုးထားတယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။ လောလောဆယ်မှာက ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးနဲ့ ကြုံနေရတာမို့ Metro မြေအောက်ရထား ပြေးဆွဲမှုကို ကန့်သတ်လျှော့ချထားတာ ဖြစ်ပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဆန္ဒပြပွဲတွေကြောင့် ခေါ်ယူထားတဲ့ တပ်ဖွဲ့တွေကို သူတို့ရဲ့ မိခင်တပ်ရင်းတွေကို ပြန်ခိုင်းလိုက်ပါပြီ။
ဝါရှင်တန်မြို့တော်နဲ့ ကပ်လျက် ဗာဂျီးနီးယားပြည်နယ်၊ Arlington မြို့နယ်မှာ အခြေစိုက်တဲ့ ခြေမြန်တပ်ရင်း အမှတ် ၃ ကိုတော့ လိုအပ်ရင် ကူညီဖို့ အသင့်အနေအထားမှာ ထားရှိကြောင်း ကြည်းတပ်အတွင်းဝန် Ryan McCarthy က ပြောပါတယ်။
ဆန္ဒပြပွဲတွေအတွင်း အစောပိုင်းမှာ မီးရှို့တာတွေ၊ ဆိုင်တွေကို ဖျက်ဆီး လုယက်တာတွေ ရှိခဲ့ပေမယ့် အခုရက်ပိုင်းတွေ အတွင်းမှာတော့ များသောအားဖြင့် အေးအေးချမ်းချမ်း ရှိခဲ့ပါတယ်။