သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး ရုရှားပုံရိပ်မြှင့်တင်ဖို့ကြိုးပမ်း


ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ အီရန်သမ္မတ အီဘရာဟင်ရိုင်စီ တို့ မော်စကော်မှာ တွေ့ဆုံ။ (ဒီဇင်ဘာ ၇၊ ၂၀၂၃)
ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ အီရန်သမ္မတ အီဘရာဟင်ရိုင်စီ တို့ မော်စကော်မှာ တွေ့ဆုံ။ (ဒီဇင်ဘာ ၇၊ ၂၀၂၃)

အရှေ့အလယ်ပိုင်းဒေသအရေး သံတမန် ကြိုးပမ်းမှုအဖြစ် အီရန်သမ္မတ Ebrahim Raisi ဟာ ရုရှားနိုင်ငံ မော်စကိုမြို့ကိုရောက်နေပြီး ကြာသပတေးနေ့က ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံပါတယ်။ ရုရှားခေါင်းဆောင်ပူတင်ဟာ အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံနဲ့ ဆော်ဒီနိုင်ငံတွေကိုလည်းသွားရောက်ပြီး ဒေသတွင်း ရုရှားက ကြားဝင်စေ့စပ်ပေးနိုင်ရေးပုံရိပ်ကို မြှင့်တင်ဖို့ ကြိုးပမ်းနေတာပါ။

အစ္စရေး ဟားမတ်စ် စစ်ပွဲမှာ အမေရိကန်ရဲ့သံတမန်ရေးကြိုးပမ်းမှု မအောင်မြင်ဘူးလို့ သမ္မတပူတင်ကသုံးသပ်ပြီး ရုရှားအစိုးရကသာ ပြေလည်အောင်လုပ်နိုင်မယ်လို့ အကြံပြုလိုက်ပါတယ်။အီရန်သမ္မတ Raisi ကိုကြိုဆိုခဲ့ကြောင်းနဲ့ သူတို့တွေ့ဆုံမှုက သိပ်အရေးပါကြောင်းပြောပြီး အထူးသဖြင့် ပါလက်စတိုင်းအရေးနဲ့ပတ်သက်လို့ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သမ္မတ ပူတင်က ပြောပါတယ်။

ဂါဇာဒေသကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်နေတာတွေ အမြန်ရပ်တန့်ဖို့လိုတယ်လို့ အီရန်သမ္မတ Raisi က ဇောင်းပေးပြောဆိုခဲ့သလို ၁၀ မိနစ်တိုင်းမှာ ကလေးတယောက် သေဆုံးနေရတယ်လို့လည်း သူက ထောက်ပြပါတယ်။ ဒါဟာ ဒေသတွင်းပြဿနာသာမက လူသားတရပ်လုံးနဲ့ဆိုင်တဲ့ပြဿနာလည်းဖြစ်တာမို့ ပြဿနာအမြန်ပြေလည်အောင် အဖြေရှာဖို့လိုတယ်လို့ သူက ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG