သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဂါဇာအပစ်ရပ်ဆွေးနွေးပွဲ အစပြုချက်ကောင်း" သမ္မတအိမ်ဖြူတော်


အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရ John Kirby
အမေရိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရ John Kirby

Qatar နိုင်ငံ ဒိုဟာမြို့မှာ ထိပ်တန်း အမေရိကန်အရာရှိတွေပါ ပါဝင်တဲ့ နောက်ဆုံး ဂါဇာအပစ်ရပ်ဆွေးနွေးပွဲတွေဟာအလားအလာ သိပ်ကောင်း ပေမယ့် သဘောတူညီချက်တော့ ချက်ချင်း ရနိုင်ဖွယ်မရှိဘူးလို့ သမ္မတအိမ်ဖြူပြောခွင့်ရ John Kirby က ကြာသပတေးနေ့မှာ ပြောပါတယ်။

အခုဆွေးနွေးပွဲကနေ သဘောတူညီချက်မရသေးဘဲ လုပ်စရာတွေ အများအပြားကျန်နေသေးပေမယ့် ဒါဟာ အလာအလာကောင်းတဲ့ အစပျိုးမှု ဖြစ်ကြောင်းပြောပါတယ်။

ဆွေးနွေးပွဲဟာ သောကြာနေ့အထိ ဆက်လက်ပြုလုပ်ဖို့ ရှိပါတယ်။ ဒီဆွေးနွေးပွဲကို CIA ထောက်လှမ်းရေး အကြီးအကဲWilliam Burns လည်း တက်ရောက်ပါတယ်။ အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတွေက ညှိနှိုင်းရေးမှုးတွေ အစ္စရေးညှိနှိုင်းရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြတာပါ။ ဟာမတ်စ်အဖွဲ့ကတော့ အခုဆွေးနွေးပွဲမှာ သူတို့ ပါဝင်မှာမဟုတ်ပေမယ့်ဟာမတ်စ်ကိုယ်စားလှယ်တွေဟာ ဒီညှိနှိုင်းဆွေးနွေးသူတွေနဲ့ နောက်ပိုင်းမှာ တွေ့ဆုံဖို့ရှိတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့မှာ ဟာမတ်စ်တွေက အစ္စရေးကို ဝင်တိုက်ခိုက်တာကြောင့် လူပေါင်း ၁,၂၀၀ သေဆုံးပြီး၂၅၀ လောက်ဓါးစာခံအဖြစ် အဖမ်းခံရတဲ့နောက် ဂါဇာဒေသမှာ အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကနေ သေဆုံးရသူ၄ သောင်းကျော်ပြီလို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ခံတွေက ပြောပါတယ်။

ဂါဇာဒေသ အပစ်ရပ်ရေးအတွက် ကျန်နေတဲ့အတားအဆီးတွေကို ကျော်လွှားနိုင်မှာဖြစ်ပြီး အပစ်ရပ်သဘောတူမှုရအောင် လုပ်ရမှာ ဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ Kirby က ပြောခဲ့တဲ့အပြင် ဟာမတ်စ်တွေ ဖမ်းထားတဲ့ဓါးစာခံတွေ ပြန်လွတ်မြောက်ပြီး ဂါဇာဒေသ တင်းမာမှုတွေ လျော့ကျအောင် လုပ်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

"ဂါဇာအပစ်ရပ်ဆွေးနွေးပွဲ အစပြုချက်ကောင်း" သမ္မတအိမ်ဖြူတော်
 
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG