သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေရးပဋိပကၡေၾကာင့္ ရခိုင္မိုးစပါးစိုက္ကြက္နည္းလာ


ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ရွိ ေရွးေဟာင္းဘုရားေတြအနီးမွာ ကြ်ဲေက်ာင္းေနတဲ့ ေဒသခံတခ်ိဳ႕။ (ၾသဂုတ္ ၀၄၊ ၂၀၁၅)

[Zawgyi/Unicode]

ရခိုင္ေျမာက္ပိုင္းမွာ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ မိုးစပါးမစိုက္ပ်ိဳးႏိုင္တဲ့ လယ္ဧကေတြ ၿပီးခဲ့တဲ့ ႏွစ္က ထက္တိုးလာတဲ့ အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပပါမယ္။

စိုက္ပ်ိဳးေရးနဲ႔ ငါးဖမ္းလုပ္ငန္းကို အဓိကလုပ္ကိုင္တဲ့ ရခိုင္ေျမာက္ပိုင္းမွာ တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ ေနရပ္စြန္႔ခြာထြက္ေျပးေနရတာေၾကာင့္ မိုးစပါးမစိုက္ပ်ိဳးႏိုင္တဲ့ လယ္ဧကေတြအမ်ားအျပား ရွိေနပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္က ရခိုင္ေျမာက္ပိုင္းမွာ ဧက ၂၀၀,၀၀၀ ေက်ာ္ေလာက္ စပါးမစိုက္ပ်ိဳးႏိုင္သလို တိုက္ပြဲေတြေၾကာင့္ မိုးစပါး မစိုက္ပ်ိဳးႏိုင္တဲ့ လယ္ဧကေပါင္း ၅၀,၀၀၀ ဝန္က်င္ေလာက္ရွိတယ္လို႔ ရခိုင္ျပည္နယ္ ေတာင္သူလယ္သမားသမဂၢ ဥကၠ႒ ဦးေက်ာ္ဇံက ေျပာပါတယ္။

"မႏွစ္ကေတာ့ က်ေနာ္တို႔ စစ္တမ္းအရ ဧက ၅၀,၀၀၀ ဝန္းက်င္ေလာက္ စစ္ေဘးေၾကာင့္ စပါးမစိုက္ႏိုင္ဘူးေပါ့ေနာ္။ အကုန္လံုးကေတာ့ ဧက ၂၀၀,၀၀၀ ဝန္းက်င္ေလာက္ က်ေနာ္တို႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စပါးမစိုက္ပ်ိဳးႏိုင္ဘူး။ ၁၅၀,၀၀၀ ကေတာ့ သီးႏွံအထြက္ေလ်ာ့က်တဲ့အတြက္ေၾကာင့္ ေနာက္ၿပီးေတာ့ စိုက္ခြင့္မရွိတာေတြ ရွိတယ္။ ဓာတုပစၥည္းေတြေၾကာင့္ စိုက္ရတာ အဆင္မေျပေတာ့ဘူး။ စိုက္ရင္လည္း အရံႈးေပၚတယ္ေပါ့ေနာ္ ... အကုန္လံုးကေတာ့ ဧက ၂၀၀,၀၀၀ ေက်ာ္ေလာက္ရွိတာေပါ့။"

လက္ရွိအခ်ိန္မွာလည္း ရခိုင္ျပည္နယ္မွာ တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ စပါးမစိုက္ပ်ိဳးႏိုင္တဲ့တာနဲ႔ ပတ္သတ္လို႔ စစ္တမ္းေကာက္ယူေနၿပီး ရေသ့ေတာင္ၿမိဳ႕နယ္မွာ အမ်ားဆံုးျဖစ္ပါတယ္။ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းတိုက္နယ္မွာ ေက်းရြာ ၄၀ ေလာက္က ေဒသခံေတြ ထြက္ေျပးေနရၿပီး လယ္ယာလုပ္ငန္းကို စြန္႔ပစ္ခဲ့ရတယ္လို႔ ဦးေက်ာ္ဇံက ေျပာပါတယ္။

"ဒီႏွစ္ကေတာ့ ရေသ့ေတာင္က ပိုဆိုးသြားတယ္။ ရေသ့ေတာင္မွာဆိုရင္ ေက်ာက္တန္းနယ္ေျမတစ္ခုလံုးက ရြာေပါင္း ၄၀ ေလာက္အကုန္လံုးက လံုးဝကို ထြန္ယက္လို႔ မရတဲ့ အေနအထားေပါ့။ ဘူးသီးေတာင္၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ အမ္း ေတာက္ေလွ်ာက္ေပါ့ တိုက္ပြဲနဲ႔ ဆက္စပ္တဲ့နယ္ေျမ အကုန္လံုးကေတာ့ အခြင့္အလမ္းခ်ိဳ႕တဲ့ၾကတယ္။"

ရေသ့ေတာင္ၿမိဳ႕နယ္ သာစည္ကုန္းေက်းရြာက လယ္သမားတစ္ဦးကေတာ့ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးေနရၿပီး လယ္ယာလုပ္ငန္းကို ဒီအတိုင္းထားခဲ့ရတယ္လို႔ ေျပာပါတယ္။

"ရေသ့ေတာင္ၿမိဳ႕နယ္မွာ လယ္မထြန္ရတဲ့ ေက်းရြာေတြက မ်ားတယ္။ ထြန္ေတာ့ ထြန္ရတယ္။ ဒါေပမဲ့ အကုန္လံုးေတာ့ မထြန္ရဘူးေပါ့။ နည္းနည္းပါးပါးပဲ ထြန္ရတယ္။ ထြန္ထားတဲ့ လယ္ေတြမွာလည္း စပါးမစိုက္ခဲ့ရဘူး။ လယ္ထြန္ဖို႔သြားရင္လည္း အခက္အခဲေတြ အမ်ိဳးမ်ိဳး ႀကံဳရတာေပါ့ဗ်ာ။ အထူးသျဖင့္ ဒုကၡ ပိုခံလိုက္ရတာကေတာ့ ခ်ိန္ခါလီရယ္၊ ကိုးတန္ေကာက္ရယ္၊ ဒံုးပိုက္ရယ္ေပါ့ဗ်ာ။"

ရခိုင္တျပည္နယ္လံုးမွာ မိုးစပါးစိုက္ လယ္ဧကေပါင္း ၁,၀၄၀,၀၀၀ အထိရွိေနၿပီး တစ္ဧကကို စပါးတင္း ၆၅ တင္းခန္႔ အထြက္ႏႈန္းရွိတယ္လို႔ အစိုးရစစ္တမ္းေတြမွာ ေတြ႔ရပါတယ္။ လက္ရွိအခ်ိန္မွာ စပါးအထြက္ႏႈန္းေတြလည္း က်ဆင္းေနတယ္လို႔ ေတာင္သူလယ္သမားသမဂၢဥကၠ႒ ဦးေက်ာ္ဇံက ေျပာပါတယ္။

"ရင္က မိုးစပါး အထြက္ႏႈန္းက တင္းသိန္းေပါင္း ၇၂၀ ေလာက္ရွိတယ္။ အစိုးရစစ္တမ္းနဲ႔ က်ေနာ္တို႔ စစ္တမ္းကို ႏိႈင္းယွဥ္ၾကည့္တဲ့ အခါမွာ တဝက္နီးပါး ေလ်ာ့က်သြားတာကို ေတြ႔ရတယ္။ စပါးတင္း ၃၈၀ ဝန္းက်င္ေလာက္ပဲ ထြက္တာကိုေတြ႔ရတယ္။ တ၀က္နီးပါးကို ေလ်ာ့က်သြားတာေပါ့။ အဲဒီအက်ိဳးဆက္ကို ေတာင္သူေတြ ေတာ္ေတာ္မ်ားမ်ား ခံစားရတယ္။ ဆင္းရဲႏြမ္းပါးမႈဒဏ္ကို ခံရတယ္။ ေနာက္ႏွစ္ေတြမွာလည္း ဒီထက္မက တိုးလာတဲ့ အေနအထားကို ေတြ႔ေနရတယ္။"

ရခိုင္ျပည္နယ္မွာ လက္နက္ကုိင္ ပဋိပကၡေတြေၾကာင့္ စားနပ္ရိကၡာ ျပတ္လပ္မႈေတြနဲ႔ အုိးအိမ္စြန္႔ခြာ ထြက္ေျပးရတဲ့ အေျခအေနေတြ ပုိဆုိးလာမွာ စုိးရိမ္ေၾကာင္း ၿပီးခဲ့တဲ့လကုန္ပုိင္းမွာပဲ ႏုိင္ငံတကာ အကူအညီေပးေရးအဖဲြ႔ ၂၀ ကလည္း ပူးတဲြေၾကညာခ်က္ ထုတ္ျပန္ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်ရေးပဋိပက္ခကြောင့် ရခိုင်မိုးစပါးစိုက်ကွက်နည်းလာ

ရခိုင်မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မိုးစပါးမစိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေ ပြီးခဲ့တဲ့ နှစ်က ထက်တိုးလာတဲ့ အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က ပြောပြပါမယ်။

စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတာကြောင့် မိုးစပါးမစိုက်ပျိုးနိုင်တဲ့ လယ်ဧကတွေအများအပြား ရှိနေပါတယ်။

ပြီးခဲ့တဲ့ နှစ်က ရခိုင်မြောက်ပိုင်းမှာ ဧက ၂၀၀,၀၀၀ ကျော်လောက် စပါးမစိုက်ပျိုးနိုင်သလို တိုက်ပွဲတွေကြောင့် မိုးစပါး မစိုက်ပျိုးနိုင်တဲ့ လယ်ဧကပေါင်း ၅၀,၀၀၀ ဝန်ကျင်လောက်ရှိတယ်လို့ ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။

"မနှစ်ကတော့ ကျနော်တို့ စစ်တမ်းအရ ဧက ၅၀,၀၀၀ ဝန်းကျင်လောက် စစ်ဘေးကြောင့် စပါးမစိုက်နိုင်ဘူးပေါ့နော်။ အကုန်လုံးကတော့ ဧက ၂၀၀,၀၀၀ ဝန်းကျင်လောက် ကျနော်တို့ အကြောင်းအမျိုးမျိုးကြောင့် စပါးမစိုက်ပျိုးနိုင်ဘူး။ ၁၅၀,၀၀၀ ကတော့ သီးနှံအထွက်လျော့ကျတဲ့အတွက်ကြောင့် နောက်ပြီးတော့ စိုက်ခွင့်မရှိတာတွေ ရှိတယ်။ ဓာတုပစ္စည်းတွေကြောင့် စိုက်ရတာ အဆင်မပြေတော့ဘူး။ စိုက်ရင်လည်း အရှုံးပေါ်တယ်ပေါ့နော် ... အကုန်လုံးကတော့ ဧက ၂၀၀,၀၀၀ ကျော်လောက်ရှိတာပေါ့။"

လက်ရှိအချိန်မှာလည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စပါးမစိုက်ပျိုးနိုင်တဲ့တာနဲ့ ပတ်သတ်လို့ စစ်တမ်းကောက်ယူနေပြီး ရသေ့တောင်မြို့နယ်မှာ အများဆုံးဖြစ်ပါတယ်။ ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်မှာ ကျေးရွာ ၄၀ လောက်က ဒေသခံတွေ ထွက်ပြေးနေရပြီး လယ်ယာလုပ်ငန်းကို စွန့်ပစ်ခဲ့ရတယ်လို့ ဦးကျော်ဇံက ပြောပါတယ်။

"ဒီနှစ်ကတော့ ရသေ့တောင်က ပိုဆိုးသွားတယ်။ ရသေ့တောင်မှာဆိုရင် ကျောက်တန်းနယ်မြေတစ်ခုလုံးက ရွာပေါင်း ၄၀ လောက်အကုန်လုံးက လုံးဝကို ထွန်ယက်လို့ မရတဲ့ အနေအထားပေါ့။ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း တောက်လျှောက်ပေါ့ တိုက်ပွဲနဲ့ ဆက်စပ်တဲ့နယ်မြေ အကုန်လုံးကတော့ အခွင့်အလမ်းချို့တဲ့ကြတယ်။"

ရသေ့တောင်မြို့နယ် သာစည်ကုန်းကျေးရွာက လယ်သမားတစ်ဦးကတော့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရပြီး လယ်ယာလုပ်ငန်းကို ဒီအတိုင်းထားခဲ့ရတယ်လို့ ပြောပါတယ်။

"ရသေ့တောင်မြို့နယ်မှာ လယ်မထွန်ရတဲ့ ကျေးရွာတွေက များတယ်။ ထွန်တော့ ထွန်ရတယ်။ ဒါပေမဲ့ အကုန်လုံးတော့ မထွန်ရဘူးပေါ့။ နည်းနည်းပါးပါးပဲ ထွန်ရတယ်။ ထွန်ထားတဲ့ လယ်တွေမှာလည်း စပါးမစိုက်ခဲ့ရဘူး။ လယ်ထွန်ဖို့သွားရင်လည်း အခက်အခဲတွေ အမျိုးမျိုး ကြုံရတာပေါ့ဗျာ။ အထူးသဖြင့် ဒုက္ခ ပိုခံလိုက်ရတာကတော့ ချိန်ခါလီရယ်၊ ကိုးတန်ကောက်ရယ်၊ ဒုံးပိုက်ရယ်ပေါ့ဗျာ။"

ရခိုင်တပြည်နယ်လုံးမှာ မိုးစပါးစိုက် လယ်ဧကပေါင်း ၁,၀၄၀,၀၀၀ အထိရှိနေပြီး တစ်ဧကကို စပါးတင်း ၆၅ တင်းခန့် အထွက်နှုန်းရှိတယ်လို့ အစိုးရစစ်တမ်းတွေမှာ တွေ့ရပါတယ်။ လက်ရှိအချိန်မှာ စပါးအထွက်နှုန်းတွေလည်း ကျဆင်းနေတယ်လို့ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။

"ရင်က မိုးစပါး အထွက်နှုန်းက တင်းသိန်းပေါင်း ၇၂၀ လောက်ရှိတယ်။ အစိုးရစစ်တမ်းနဲ့ ကျနော်တို့ စစ်တမ်းကို နှိုင်းယှဉ်ကြည့်တဲ့ အခါမှာ တဝက်နီးပါး လျော့ကျသွားတာကို တွေ့ရတယ်။ စပါးတင်း ၃၈၀ ဝန်းကျင်လောက်ပဲ ထွက်တာကိုတွေ့ရတယ်။ တဝက်နီးပါးကို လျော့ကျသွားတာပေါ့။ အဲဒီအကျိုးဆက်ကို တောင်သူတွေ တော်တော်များများ ခံစားရတယ်။ ဆင်းရဲနွမ်းပါးမှုဒဏ်ကို ခံရတယ်။ နောက်နှစ်တွေမှာလည်း ဒီထက်မက တိုးလာတဲ့ အနေအထားကို တွေ့နေရတယ်။"

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုတွေနဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အခြေအနေတွေ ပိုဆိုးလာမှာ စိုးရိမ်ကြောင်း ပြီးခဲ့တဲ့လကုန်ပိုင်းမှာပဲ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၀ ကလည်း ပူးတွဲကြေညာချက် ထုတ်ပြန် သတိပေးထားပါတယ်။

XS
SM
MD
LG