သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခုိင္ေျမာက္ပုိင္း ပစ္ခတ္မႈေတြမွာ အရပ္သား ေသဆုံး ဒဏ္ရာရမႈေတြရွိ


လက္နက္ႀကီးေၾကာင့္ ရခိုင္ျပည္နယ္ မိုးစဲကြြ်န္းေဒသခံေတြ စစ္ေတြကို တိမ္းေရွာင္လာၾကတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ေမယုထြန္း - စက္တင္ဘာ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

စစ္ေရးပဋိပကၡတင္းမာေနဆဲ ရခိုင္ျပည္နယ္မွာ ပစ္ခတ္မွဳေတြေၾကာင့္ ႐ုိဟင္ဂ်ာ ၅ ဦးထက္မနည္း ေသဆုံးၿပီး၊ ဒဏ္ရာရသူတခ်ဳိ႕လည္း ရွိခဲ့တဲ့အေၾကာင္း ေျပာျပေပးမွာပါ။ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ညမထြက္ရအမိန္႔ထုတ္ထားတဲ့ မင္းျပားျမိဳ႕ထဲပစ္ခတ္မွဳေၾကာင့္ ႐ုိဟင္ဂ်ာ မူဆလင္အမ်ိဳးသား(၃)ဦးေသဆုံးခဲ့သလို ဘူးသီးေတာင္ျမိဳ႕နယ္ တိုက္ပြဲမွာလည္း ေသဆုံးသူတခ်ဳိ႕ ရွိခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

မင္းျပားၿမိဳ႕မွာ မေန႔ညပုိင္းက လုံၿခံဳေရးတပ္ဖဲြ႔ေတြရဲ႕ ပစ္ခတ္မွဳေၾကာင့္ ေသဆုံးခဲ့တာလုိ႔လည္း ေဒသခံတဦးျဖစ္တဲ့ ဦးေမာင္ေက်ာ္ကေျပာပါတယ္။

“ညက(၁၁)နာရီေလာက္ မူဆလင္(၃)ေယာက္စက္ေလွနဲ႕ သြား မင္းျပားေခ်ာင္းေပါ့ေနာ္။ အဲဒီ ေခ်ာင္းေလးထဲက စက္ေလွနဲ႕လာတာကို အေပၚက စစ္ေၾကာင္းကေနျပီးေတာ့ ပစ္လိုက္တာ။ စစ္ေၾကာင္းထြက္တဲ့အခ်ိန္နဲ႕ သူတို႕လာတဲ့ အခ်ိန္နဲ႕ ကြက္တိက်ျပီးေတာ့ ေတြ႕ျပီးေတာ့ ပစ္လိုက္တာ။ အကုန္ေသတယ္ အခုေဆးရံုမွာ။”

ဒီပစ္ခတ္မွဳျဖစ္ျပီး လုံျခံဳေရးအဖြဲ႕ကေန ဖားငါးရွာထြက္တဲ့ မင္းျပားျမိဳ႕ခံ(၃)ဦးကိုလဲ ေလွတစီးေပၚကေန ဖမ္းဆီးထား တယ္လို႕လည္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွသိန္းေအာင္ကေျပာပါတယ္။

“မေန႕က ရခိုင္သားေလး(၃)ေယာက္ သူတို႕ညေနဖားထိုးထြက္တဲ့ အခ်ိန္မွာ သူတို႕နဲ႕ေတြ႕သြားလို႕ ဖမ္းသြားတယ္ သူတို႕ကို။ ရဲစခန္းမွာေရာက္ေနျပီးဆိုျပီးၾကားတယ္။”

တပ္မေတာ္ကေတာ့ ရခိုင္ျပည္နယ္အတြင္းလုံျခံဳေရးအေျခအေနအရ ညမထြက္ရအမိန္႕ပုဒ္မ(၁၄၄)ကိုထုတ္ျပန္ထား တာျဖစ္ျပီး တားျမစ္ မိန႔္ထုတ္ျပန္ထားတဲ့ နယ္ေျမအတြင္းဝင္ေရာက္လာတဲ့ စက္ေလွ ၂ စီးကို လုံျခံဳေရးအဖြဲ႕က ရပ္တန႔္ ခိုင္းစဥ္ ရပ္တန႔္မႈ မရွိပဲ ေမာင္းႏွင္ထြက္ေျပးလို႕ ေျခာက္လွန႔္ ပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ ပစ္ခတ္မႈေၾကာင့္ ဘဂၤါလီအမ်ဳိးသား ၃ ဦး ေသဆုံးေၾကာင္းလည္း ေျပာဆုိထားပါတယ္။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ အသိအမွတ္မျပဳတဲ့ ျမန္မာအာဏာပုိင္ေတြကေတာ့ ဘဂၤလီအျဖစ္ ရည္ညႊန္းေျပာဆုိေလ့ ရွိပါတယ္။

မေန႔တုန္းကလည္း ဘူးသီးေတာင္ျမိဳ႕နယ္ စံညႇင္းေဝေက်းရြာအုပ္စု႐ွိ ျပင္႐ွည္(မြတ္ဆလင္) ေက်း႐ြာႏွင့္ တစ္မိုင္ေက်ာ္ အကြာမွာ ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕တို႕တိုက္ပြဲျဖစ္ပြါးမွဳျဖစ္စဥ္မွာ ေဒသခံရြာသား(၂)ဦး ေသဆုံး ျပီးတဦး ဒဏ္ရာရရွိခဲ့တယ္လို႕ စံညႇင္းေဝေက်းရြာသား အေရာ္ကူလာကေျပာပါတယ္။

“ကြ်န္ေတာ္တို႕စံညွင္းေ၀အုပ္စုက စစ္ေၾကာင္းတေၾကာင္းလာျပီးေတာ့ ေပၚတာဆြဲျပီးေတာ့ လူ(၁၅)ေယာက္ေခၚ သြား တယ္။ ကြ်န္ေတာ္တို႕လူမ်ိဳး မူဆလင္လူမ်ိဳးေတြကို ေပၚတာ ေခၚသြားတဲ့(၁၅)ေယာက္ကို ေညွာက္ေတြ ဘာေတြတူးခိုင္း တယ္။ မိုင္းေတြဘာေတြရွိရင္ေပါက္ေအာင္ အဲတာလုပ္ခ်ေနတယ္။ တိုက္ပြဲျဖစ္ေနတဲ့အခ်ိန္မွာ ဟိုဘက္ ဒီဘက္က်ရာမွာ က်ည္ကအလယ္မွာ က်သြားတယ္။ ကြ်န္ေတာ္တို႕လူမ်ိဳးေတြ ႏွစ္ေယာက္ဆုံးသြားျပီး တေယာက္ဒဏ္ရာရတယ္။ (၁၂)ေယာက္ကျပန္ေရာက္လာျပီး။”

ေဒသခံေတြကေတာ့ျမန္မာစစ္တပ္ကေန ရြာသား(၁၅)ဦးကို အထမ္းသမားအျဖစ္ ေခၚေဆာင္သြားစဥ္တိုက္ပြဲအတြင္း ၾကားညပ္ေသဆုံးတာလို႕ဆိုပါတယ္။

စံညႇင္းေဝေက်းရြာရြာသားေတြ ေသဆုံးမွဳနဲ႕ပက္သက္ျပီးတပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကအခုလိုေျပာ ပါတယ္။

“ဘူးသီးေတာင္ေျမာက္ဖက္ျပင္ရွည္ေက်းရြာမွာ ကြ်န္ေတာ္တို႕မေန႕ကညေန(၅)နာရီ(၁၅)ေလာက္မွာ လက္နက္ငယ္သံ ေတြၾကားလို႕ တပ္ကေနသြားေရာက္စစ္ေဆးတယ္။ အဲဒီမွာ ဘဂၤါလီႏွစ္ဦး ေသဆုံးေနတယ္။ တဦးကေတာ့ဒဏ္ရာျပင္း ထန္ျပီး ေတာ့သတိေမ့ေနတာေတြ႕ရတယ္။ အဲဒီ ကြ်န္တာ္တို႕တပ္မေတာ္ေဆးရံုမွာတက္ေရာက္ျပီးေတာ့ကုသမွဳ ခံယူ ေနတယ္။ အဲဒီဒဏ္ရာရတဲ့ ဘဂၤါလီရဲ႕ေျပာျပခ်က္အရ သူတို႕ႏြားေက်ာင္းေနတဲ့အခ်ိန္မွာ AAကလက္နက္ငယ္နဲ႕ပစ္သြား တာလို႕ေျပာတယ္။”

တပ္မေတာ္စြပ္စြဲခ်က္အေပၚ AAေျပာခြင့္ရ ခိုင္သုခကအခုလိုျငင္းဆိုပါတယ္။

“ဒါျမန္မာစစ္တပ္ရဲ႕ သူတို႕က်ဴးလြန္တဲ့စစ္ရာဇ၀တ္မွဳေတြကို ဖုံးကြယ္ဖို႕အတြက္ တဖက္ကိုလာျပီးေတာ့ စြပ္စြဲတာ ဘဲျဖစ္တယ္။ တကယ့္အျဖစ္မွန္က အဲဒီျပင္ရွည္္ရြာကရြာသား(၁၀)ေက်ာ္ေလာက္ကို ျမန္မာစစ္တပ္ကေန ေပၚတာ ေခၚသြားတယ္လို႕သိရတယ္။ ေတာထဲမွာ တိုက္ပြဲျဖစ္တဲ့အခ်ိန္မွာ အဲဒီလူေတြ ဒဏ္ရာရတာ။”

ေအာက္တိုဘာလ(၆)ရက္ ဒီကေန႕မနက္ပိုင္းမွာလဲ ရေသ့ေတာင္ျမိဳ႕နယ္ မယူျမစ္က ေရတပ္သေဘၤာကေန ပစ္ခတ္လို႕ မယူကမ္းအေနာက္ဖက္ျခမ္းကျပင္ရွည္ေက်းရြာအုပ္စုက ရြာသား (၃) ဦး ထပ္မံဒဏ္ရာရရိွသြားေၾကာင္း ေက်းရြာအုပ္ ခ်ဳပ္ေရးမွဴးတစ္ဦးက ေျပာပါတယ္။

“ကြ်န္ေတာ္တို႕ျပင္ရွည္ေက်းရြာအုပ္စုဘဲ ဒီေန႕မနက္(၇)နာရီ(၄၀)မွ (၈)နာရီ(၄၀)အထိ တနာရီေက်ာ္ တိုက္ေနတယ္။ သူတို႕ဒလစပ္ တိုက္ၾကပါတယ္ခင္ဗ်။ အဲဒီအခ်ိန္မွာကြ်န္ေတာ္တို႕ျပင္၀န္းေက်းရြာက ဦးေမာင္စိုးအသက္က(၈၈)ႏွစ္ ၊ ဒဏ္ရာရတာက ယာနံေဘးမွာ ႏွစ္ခ်က္ထိသြားတယ္ခင္ဗ်။ ေနာက္ ဦးေအာင္သန္းစိန္ (၅၀) ႏွစ္နဲ႕သားက သူတို႕မွာလဲ လက္နက္ၾကီး အစမွန္သြားတာရွိတယ္။ စိုးရိမ္ရတာကေတာ့ ဦးေမာင္စိုးအသက္(၈၈)ႏွစ္အဖိုးအိုေပါ့။ သူကေတာ့ေစတီျပင္ ေဆးရံုကိုေရာက္သြားတယ္။”

မေန႕ကလဲ ေရတပ္သေဘၤာကေနပစ္ခတ္မွဳေၾကာင့္ ကံျပင္ရြာသားတဦး လက္နက္ၾကီး ထိမွန္ဒဏ္ရာရခဲ့တယ္လုိ႔ ေဒသခံေတြက ေျပာပါတယ္။

ဒီရက္ပိုင္းေတြအတြင္း ရေသ့ေတာင္ျမိဳ႕နယ္ေက်ာက္တန္းတိုက္နယ္ဘက္မွာ ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္AA အဖြဲ႕ တို႕ တိုက္ပြဲေတြျပင္းထန္ျဖစ္ပြါးခဲ့ျပီး ထိခိုက္မွဳေတြရွိေနတာေၾကာင့္ ျမန္မာစစ္ေရယာဥ္ကေန မယူျမစ္ေပၚပစ္ခတ္ မွဳ ေတြ လုပ္ေဆာင္ေနတာလို႕လဲ AAရခိုင္လက္နက္ကိုင္ဘက္က စြပ္စဲြထားပါတယ္။

ေအာက္တိုဘာလဆန္းမွာေတာ့ မင္းျပားနဲ႕ရေသ့ေတာင္ျမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္AA အဖြဲ႕ တို႕တိုက္ပြဲေတြ ရက္ဆက္ျဖစ္ပြါးေနျပီး ေထာင္နဲ႕ခ်ီတဲ့ ေဒသခံရြာသားေတြကလဲ ေနရပ္ကေန တိမ္းေရွာင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

ရခိုင်မြောက်ပိုင်း ပစ်ခတ်မှုတွေမှာ အရပ်သား သေဆုံး ဒဏ်ရာရမှုတွေရှိ

(Unicode)

စစ်ရေးပဋိပက္ခတင်းမာနေဆဲ ရခိုင်ပြည်နယ်မှာ ပစ်ခတ်မှုတွေကြောင့် ရိုဟင်ဂျာ ၅ ဦးထက်မနည်း သေဆုံးပြီး၊ ဒဏ်ရာရသူတချို့လည်း ရှိခဲ့တဲ့အကြောင်း ပြောပြပေးမှာပါ။ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ညမထွက်ရအမိန့်ထုတ်ထားတဲ့ မင်းပြားမြို့ထဲပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ မူဆလင်အမျိုးသား(၃)ဦးသေဆုံးခဲ့သလို ဘူးသီးတောင်မြို့နယ် တိုက်ပွဲမှာလည်း သေဆုံးသူတချို့ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မင်းပြားမြို့မှာ မနေ့ညပိုင်းက လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာလို့လည်း ဒေသခံတဦးဖြစ်တဲ့ ဦးမောင်ကျော်ကပြောပါတယ်။

“ညက(၁၁)နာရီလောက် မူဆလင်(၃)ယောက်စက်လှေနဲ့ သွား မင်းပြားချောင်းပေါ့နော်။ အဲဒီ ချောင်းလေးထဲက စက်လှေနဲ့လာတာကို အပေါ်က စစ်ကြောင်းကနေပြီးတော့ ပစ်လိုက်တာ။ စစ်ကြောင်းထွက်တဲ့အချိန်နဲ့ သူတို့လာတဲ့ အချိန်နဲ့ ကွက်တိကျပြီးတော့ တွေ့ပြီးတော့ ပစ်လိုက်တာ။ အကုန်သေတယ် အခုဆေးရုံမှာ။”

ဒီပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေးအဖွဲ့ကနေ ဖားငါးရှာထွက်တဲ့ မင်းပြားမြို့ခံ(၃)ဦးကိုလဲ လှေတစီးပေါ်ကနေ ဖမ်းဆီးထား တယ်လို့လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကပြောပါတယ်။

“မနေ့က ရခိုင်သားလေး(၃)ယောက် သူတို့ညနေဖားထိုးထွက်တဲ့ အချိန်မှာ သူတို့နဲ့တွေ့သွားလို့ ဖမ်းသွားတယ် သူတို့ကို။ ရဲစခန်းမှာရောက်နေပြီးဆိုပြီးကြားတယ်။”

တပ်မတော်ကတော့ ရခိုင်ပြည်နယ်အတွင်းလုံခြုံရေးအခြေအနေအရ ညမထွက်ရအမိန့်ပုဒ်မ(၁၄၄)ကိုထုတ်ပြန်ထား တာဖြစ်ပြီး တားမြစ် မိန့်ထုတ်ပြန်ထားတဲ့ နယ်မြေအတွင်းဝင်ရောက်လာတဲ့ စက်လှေ ၂ စီးကို လုံခြုံရေးအဖွဲ့က ရပ်တန့် ခိုင်းစဉ် ရပ်တန့်မှု မရှိပဲ မောင်းနှင်ထွက်ပြေးလို့ ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ပစ်ခတ်မှုကြောင့် ဘင်္ဂါလီအမျိုးသား ၃ ဦး သေဆုံးကြောင်းလည်း ပြောဆိုထားပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအာဏာပိုင်တွေကတော့ ဘင်္ဂလီအဖြစ် ရည်ညွှန်းပြောဆိုလေ့ ရှိပါတယ်။

မနေ့တုန်းကလည်း ဘူးသီးတောင်မြို့နယ် စံညှင်းဝေကျေးရွာအုပ်စုရှိ ပြင်ရှည်(မွတ်ဆလင်) ကျေးရွာနှင့် တစ်မိုင်ကျော် အကွာမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့တိုက်ပွဲဖြစ်ပွါးမှုဖြစ်စဉ်မှာ ဒေသခံရွာသား(၂)ဦး သေဆုံး ပြီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ စံညှင်းဝေကျေးရွာသား အရော်ကူလာကပြောပါတယ်။

“ကျွန်တော်တို့စံညှင်းဝေအုပ်စုက စစ်ကြောင်းတကြောင်းလာပြီးတော့ ပေါ်တာဆွဲပြီးတော့ လူ(၁၅)ယောက်ခေါ် သွား တယ်။ ကျွန်တော်တို့လူမျိုး မူဆလင်လူမျိုးတွေကို ပေါ်တာ ခေါ်သွားတဲ့(၁၅)ယောက်ကို ညှောက်တွေ ဘာတွေတူးခိုင်း တယ်။ မိုင်းတွေဘာတွေရှိရင်ပေါက်အောင် အဲတာလုပ်ချနေတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ဟိုဘက် ဒီဘက်ကျရာမှာ ကျည်ကအလယ်မှာ ကျသွားတယ်။ ကျွန်တော်တို့လူမျိုးတွေ နှစ်ယောက်ဆုံးသွားပြီး တယောက်ဒဏ်ရာရတယ်။ (၁၂)ယောက်ကပြန်ရောက်လာပြီး။”

ဒေသခံတွေကတော့မြန်မာစစ်တပ်ကနေ ရွာသား(၁၅)ဦးကို အထမ်းသမားအဖြစ် ခေါ်ဆောင်သွားစဉ်တိုက်ပွဲအတွင်း ကြားညပ်သေဆုံးတာလို့ဆိုပါတယ်။

စံညှင်းဝေကျေးရွာရွာသားတွေ သေဆုံးမှုနဲ့ပက်သက်ပြီးတပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကအခုလိုပြော ပါတယ်။

“ဘူးသီးတောင်မြောက်ဖက်ပြင်ရှည်ကျေးရွာမှာ ကျွန်တော်တို့မနေ့ကညနေ(၅)နာရီ(၁၅)လောက်မှာ လက်နက်ငယ်သံ တွေကြားလို့ တပ်ကနေသွားရောက်စစ်ဆေးတယ်။ အဲဒီမှာ ဘင်္ဂါလီနှစ်ဦး သေဆုံးနေတယ်။ တဦးကတော့ဒဏ်ရာပြင်း ထန်ပြီး တော့သတိမေ့နေတာတွေ့ရတယ်။ အဲဒီ ကျွန်တာ်တို့တပ်မတော်ဆေးရုံမှာတက်ရောက်ပြီးတော့ကုသမှု ခံယူ နေတယ်။ အဲဒီဒဏ်ရာရတဲ့ ဘင်္ဂါလီရဲ့ပြောပြချက်အရ သူတို့နွားကျောင်းနေတဲ့အချိန်မှာ AAကလက်နက်ငယ်နဲ့ပစ်သွား တာလို့ပြောတယ်။”

တပ်မတော်စွပ်စွဲချက်အပေါ် AAပြောခွင့်ရ ခိုင်သုခကအခုလိုငြင်းဆိုပါတယ်။

“ဒါမြန်မာစစ်တပ်ရဲ့ သူတို့ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် တဖက်ကိုလာပြီးတော့ စွပ်စွဲတာ ဘဲဖြစ်တယ်။ တကယ့်အဖြစ်မှန်က အဲဒီပြင်ရှည်ရွာကရွာသား(၁၀)ကျော်လောက်ကို မြန်မာစစ်တပ်ကနေ ပေါ်တာ ခေါ်သွားတယ်လို့သိရတယ်။ တောထဲမှာ တိုက်ပွဲဖြစ်တဲ့အချိန်မှာ အဲဒီလူတွေ ဒဏ်ရာရတာ။”

အောက်တိုဘာလ(၆)ရက် ဒီကနေ့မနက်ပိုင်းမှာလဲ ရသေ့တောင်မြို့နယ် မယူမြစ်က ရေတပ်သင်္ဘောကနေ ပစ်ခတ်လို့ မယူကမ်းအနောက်ဖက်ခြမ်းကပြင်ရှည်ကျေးရွာအုပ်စုက ရွာသား (၃) ဦး ထပ်မံဒဏ်ရာရရှိသွားကြောင်း ကျေးရွာအုပ် ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ပြင်ရှည်ကျေးရွာအုပ်စုဘဲ ဒီနေ့မနက်(၇)နာရီ(၄၀)မှ (၈)နာရီ(၄၀)အထိ တနာရီကျော် တိုက်နေတယ်။ သူတို့ဒလစပ် တိုက်ကြပါတယ်ခင်ဗျ။ အဲဒီအချိန်မှာကျွန်တော်တို့ပြင်ဝန်းကျေးရွာက ဦးမောင်စိုးအသက်က(၈၈)နှစ် ၊ ဒဏ်ရာရတာက ယာနံဘေးမှာ နှစ်ချက်ထိသွားတယ်ခင်ဗျ။ နောက် ဦးအောင်သန်းစိန် (၅၀) နှစ်နဲ့သားက သူတို့မှာလဲ လက်နက်ကြီး အစမှန်သွားတာရှိတယ်။ စိုးရိမ်ရတာကတော့ ဦးမောင်စိုးအသက်(၈၈)နှစ်အဖိုးအိုပေါ့။ သူကတော့စေတီပြင် ဆေးရုံကိုရောက်သွားတယ်။”

မနေ့ကလဲ ရေတပ်သင်္ဘောကနေပစ်ခတ်မှုကြောင့် ကံပြင်ရွာသားတဦး လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီရက်ပိုင်းတွေအတွင်း ရသေ့တောင်မြို့နယ်ကျောက်တန်းတိုက်နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ တို့ တိုက်ပွဲတွေပြင်းထန်ဖြစ်ပွါးခဲ့ပြီး ထိခိုက်မှုတွေရှိနေတာကြောင့် မြန်မာစစ်ရေယာဉ်ကနေ မယူမြစ်ပေါ်ပစ်ခတ် မှု တွေ လုပ်ဆောင်နေတာလို့လဲ AAရခိုင်လက်နက်ကိုင်ဘက်က စွပ်စွဲထားပါတယ်။

အောက်တိုဘာလဆန်းမှာတော့ မင်းပြားနဲ့ရသေ့တောင်မြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ တို့တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွါးနေပြီး ထောင်နဲ့ချီတဲ့ ဒေသခံရွာသားတွေကလဲ နေရပ်ကနေ တိမ်းရှောင်နေရပါတယ်။

XS
SM
MD
LG