သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ဆႏၵျပတဲ့ ဗကသေက်ာင္းသားႏွစ္ဦး ေနာက္ထပ္ေထာင္ဒဏ္ခ်မွတ္ခံရ


[Zawgyi/Unicode]

ရခုိင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ လက္နက္ကုိင္ပဋိပကၡေတြ အဆုံးသတ္ေရး မၾကာေသးခင္တုန္းက ေတာင္းဆုိလႈပ္ရွားခဲ့မႈနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ က်ခံေနရတဲ့ ေက်ာင္းသားသမဂၢအဖဲြ႔၀င္ လူငယ္ ၂ ဦးကုိ ဒီကေန႔ပဲ မႏၱေလးၿမိဳ႕တရား႐ုံးက ေနာက္ထပ္ေထာင္ဒဏ္ ၁ ႏွစ္စီ ခ်မွတ္လုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုထက္ေအာင္ခန္႔က သတင္းေပးပို႔ထားပါတယ္။

ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြမွာ စစ္ပဲြေတြ အဆုံးသတ္ဖုိ႔ မႏၱေလးၿမိဳ႕မွာ ေတာင္းဆုိလႈပ္ရွားခဲ့ၾကတဲ့ ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢ အဖဲြ႔၀င္ ကိုစိုးလွႏိုင္နဲ႔ ကိုေက်ာ္သီဟရဲေက်ာ္တို႔ကို ေအာင္ေျမသာစံၿမိဳ႕နယ္ တရားရံုးက ေနာက္ထပ္ ေထာင္ဒဏ္ ၁ ႏွစ္စီ ခ်မွတ္လိုက္တာ ျဖစ္ပါတယ္။ သူတုိ႔ ၂ ေယာက္ကုိေတာ့ ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈနဲ႔ စီရင္ခ်က္ခ်ခဲ့တာျဖစ္တယ္လုိ႔လည္း ေအာင္ေျမသာစံ ၿမိဳ႕နယ္ တရားသူႀကီး ဦးလွမ်ိဳး၀င္းက သတင္းေထာက္ေတြကုိ ေျပာပါတယ္။

“တရားစြဲဆိုတဲ့ အေၾကာင္းအရာက စစ္တပ္ တပ္မေတာ္နဲ႔ ပတ္သက္လို႔ စာေတြကပ္တယ္ဆိုၿပီး စြပ္စြဲခ်က္နဲ႔ တရားစြဲဆိုခဲ့တာျဖစ္တယ္။ တရားစြဲဆိုတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ စိုးလွႏိုင္ (ခ) ကုလား ၊ ေက်ာ္သီဟ ရဲေက်ာ္တို႔အေပၚမွာ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅(က) အရ ေထာင္ဒဏ္ ၁ ႏွစ္ ၅၀၅(ခ)အရ ေထာင္ဒဏ္ ၁ ႏွစ္ ျပစ္ဒဏ္ေတြကိုေတာ့ တေပါင္းတည္း က်ခံဖို႔ စီရင္ခ်က္ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။”

ဗမာႏိုင္ငံလံုးဆိုင္ရာ ေက်ာင္းသားသမဂၢအဖြဲ႕ခ်ဳပ္ ဗဟိုဦးေဆာင္အဖြဲ႕ရဲ႕ အေထြေထြ အတြင္းေရးမွဴး ကိုထူးခန္႔ေသာ္ကေတာ့ ဖမ္းဆီးအေရးယူမႈေတြ ရွိေနေပမဲ့ သူတုိ႔လႈပ္ရွားမႈေတြ ရပ္သြားမွာ မဟုတ္ဘူးလုိ႔ေျပာပါတယ္။

“ဆံုးျဖတ္ခ်က္က ျပည္တြင္းၿငိမ္းခ်မ္းေရးက ပိုၿပီးအေရးႀကီးတယ္လို႔ ကြ်န္ေတာ္တို႔က သတ္မွတ္တယ္။ ဖမ္းဆီးခံ ေက်ာင္းသားေတြ လြတ္ေျမာက္ေရးဟာ ဒါဒီမိုကေရစီနည္းမက်တဲ့အတြက္ အရန္အျဖစ္ ထားသြားမယ္။ ဒါေပမဲ့ အဓိကအားျဖင့္ ဆက္လက္လုပ္ေဆာင္သြားမွာက စစ္ဆန္႔က်င္ေရးကိုပဲ ဆက္လက္ လုပ္ေဆာင္ သြားမယ္။”

ဒီကေန႔ ေထာင္ဒဏ္ ၁ ႏွစ္စီ အျပစ္ေပးခံခဲ့ရတဲ့ ေက်ာင္းသားသမဂၢ၀င္ လူငယ္ ၂ ဦးဟာ ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ဥပေဒပုဒ္မေတြနဲ႔ပဲ မဟာေအာင္ေျမ ၿမိဳ႕နယ္တရားရံုးနဲ႔ ခ်မ္းေအးသာစံ ၿမိဳ႕နယ္တရားရံုးတို႔မွာလည္း အမႈရင္ဆုိင္ေနရတာပါ။

အလားတူ လႈပ္ရွားမႈေတြေၾကာင့္ ပခုကၠဴၿမိဳ႕က ေက်ာင္းသား သမဂၢအဖဲြ႔၀င္ ၂ ဦးဟာလည္း အမႈရင္ဆိုင္ေနရသလို ရခိုင္ျပည္နယ္က ေက်ာင္းသား သမဂၢအဖြဲ႕၀င္ ၃ ဦးဟာလည္း ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္နဲ႔ စီတန္းလွည့္လည္ခြင့္ဆုိင္ရာ ဥပေဒပုဒ္မေတြနဲ႔ အမႈရင္ဆုိင္ေနရပါတယ္။ ေနာက္ထပ္ ေက်ာင္းသားသမဂၢ၀င္ ၁၃ ဦးကေတာ့ ဖမ္းဆီးခံရမွာ စုိးရိမ္ၿပီး တိမ္းေရွာင္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင္စစ္ဆႏၵျပတဲ့ ဗကသေက်ာင္းသားႏွစ္ဦး ေနာက္ထပ္ေထာင္ဒဏ္ခ်မွတ္ခံရ

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်ရေး မကြာသေးခင်တုန်းက တောင်းဆိုလှုပ်ရှားခဲ့မှုနဲ့ ထောင်ဒဏ် ၂ နှစ် ကျခံနေရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ် ၂ ဦးကို ဒီကနေ့ပဲ မန္တလေးမြို့တရားရုံးက နောက်ထပ်ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ စစ်ပွဲတွေ အဆုံးသတ်ဖို့ မန္တလေးမြို့မှာ တောင်းဆိုလှုပ်ရှားခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ကို အောင်မြေသာစံမြို့နယ် တရားရုံးက နောက်ထပ် ထောင်ဒဏ် ၁ နှစ်စီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ စီရင်ချက်ချခဲ့တာဖြစ်တယ်လို့လည်း အောင်မြေသာစံ မြို့နယ် တရားသူကြီး ဦးလှမျိုးဝင်းက သတင်းထောက်တွေကို ပြောပါတယ်။

“တရားစွဲဆိုတဲ့ အကြောင်းအရာက စစ်တပ် တပ်မတော်နဲ့ ပတ်သက်လို့ စာတွေကပ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ တရားစွဲဆိုခဲ့တာဖြစ်တယ်။ တရားစွဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ စိုးလှနိုင် (ခ) ကုလား ၊ ကျော်သီဟ ရဲကျော်တို့အပေါ်မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အရ ထောင်ဒဏ် ၁ နှစ် ၅၀၅(ခ)အရ ထောင်ဒဏ် ၁ နှစ် ပြစ်ဒဏ်တွေကိုတော့ တပေါင်းတည်း ကျခံဖို့ စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။”

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဗဟိုဦးဆောင်အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ကိုထူးခန့်သော်ကတော့ ဖမ်းဆီးအရေးယူမှုတွေ ရှိနေပေမဲ့ သူတို့လှုပ်ရှားမှုတွေ ရပ်သွားမှာ မဟုတ်ဘူးလို့ပြောပါတယ်။

“ဆုံးဖြတ်ချက်က ပြည်တွင်းငြိမ်းချမ်းရေးက ပိုပြီးအရေးကြီးတယ်လို့ ကျွန်တော်တို့က သတ်မှတ်တယ်။ ဖမ်းဆီးခံ ကျောင်းသားတွေ လွတ်မြောက်ရေးဟာ ဒါဒီမိုကရေစီနည်းမကျတဲ့အတွက် အရန်အဖြစ် ထားသွားမယ်။ ဒါပေမဲ့ အဓိကအားဖြင့် ဆက်လက်လုပ်ဆောင်သွားမှာက စစ်ဆန့်ကျင်ရေးကိုပဲ ဆက်လက် လုပ်ဆောင် သွားမယ်။”

ဒီကနေ့ ထောင်ဒဏ် ၁ နှစ်စီ အပြစ်ပေးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂဝင် လူငယ် ၂ ဦးဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မတွေနဲ့ပဲ မဟာအောင်မြေ မြို့နယ်တရားရုံးနဲ့ ချမ်းအေးသာစံ မြို့နယ်တရားရုံးတို့မှာလည်း အမှုရင်ဆိုင်နေရတာပါ။

အလားတူ လှုပ်ရှားမှုတွေကြောင့် ပခုက္ကူမြို့က ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ၂ ဦးဟာလည်း အမှုရင်ဆိုင်နေရသလို ရခိုင်ပြည်နယ်က ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ၃ ဦးဟာလည်း ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရပါတယ်။ နောက်ထပ် ကျောင်းသားသမဂ္ဂဝင် ၁၃ ဦးကတော့ ဖမ်းဆီးခံရမှာ စိုးရိမ်ပြီး တိမ်းရှောင်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG