(Zawgyi/Unicode)
ရခိုင္ျပည္နယ္ ၈ ၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္ေတြမွာ အျဖတ္ေတာက္ခံေနရတဲ့ အင္တာနက္ ဆက္သြယ္မႈကို ျပန္ဖြင့္ေပးဖို႔ လူမႈအဖြဲ႕အစည္း -၁၀၅ဖြဲ႕ကေန ဒီကေန႔ ေတာင္းဆိုလိုက္ပါတယ္။ ဒါ့အျပင္ အဲဒီ ေဒသေတြအတြင္း အင္တာနက္ ပိတ္ပင္ခံရၿပီး ေနာက္ပိုင္း တိုက္ပြဲေတြ ပိုမ်ားလာသလို လူ႕အခြင့္အေရး ခ်ိဳးေဖါက္မႈေတြလည္း တိုးလာတယ္လို႔ ေျပာပါတယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေန ဆက္သြယ္ေမးျမန္း ထားပါတယ္။
ရခိုင္နဲ႔ ခ်င္းျပည္နယ္ေတြအတြင္း တိုက္ပြဲျဖစ္ပြားရာေဒသေတြမွာ အင္တာနက္ျဖတ္ေတာက္ ခံခဲံ့ရျပီးေနာက္မွာ လူ႔အခြင့္အေရး ခ်ိဳးေဖါက္မႈေတြ တိုးလာေနတာေၾကာင့္ ျပန္လည္ဖြင့္ေပးဖို႔ အခုလို ေတာင္းဆိုတာျဖစ္ေၾကာင္း ရခိုင္လူမႈ အဖြဲ႕အစည္းေတြရဲ ႕ေျပာခြင့္ရ ၀ံလက္ေဖါင္ေဒးရွင္း ဒါရိုက္တာခိုင္ေကာင္းစံက ေျပာပါတယ္။
“လက္ရွိရခိုင္ျပည္နယ္မွာ အင္တာနက္ပိတ္ဆို႕မႈေၾကာင့္ လူေတြရဲ႕ဘ၀လုံျခံဳမႈရယ္ စား၀တ္ေနေရး ေနာက္ၿပီးေတာ့ ပညာေရး က်န္းမာေရး ဆုံးရံႈးမႈေတြျဖစ္ေနတယ္။ အင္တာနက္ပိတ္ပင္မႈကေပါ့ေလ… က်ေနာ္တို႔ ရခိုင္ျပည္နယ္မွာ လူ႕အခြင့္အေရးခ်ိဳးေဖါက္တယ္လို႔ အစိုးရအေနနဲ႔ ၀န္ခံေနတာျဖစ္တယ္။ အဲတာေတြေၾကာင့္ ဒီစစ္ေဘးအျဖစ္နဲ႔ ကေလးေတြ ေနာက္တခါ ဒဏ္ရာရတဲ့သူေတြေနာက္ ေသေၾကၾကတယ္။ ဒီဟာႀကီးကို အစိုးရအေနနဲ႔ အင္တာနက္ျပန္ဖြင့္ေပးဖို႕ေပါ့ေလ က်ေနာ္တို႕ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။
ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA တို႔ တႏွစ္ေက်ာ္ တုိက္ပြဲအျပင္းအထန္ ျဖစ္ပြားေနတဲ့ ရခုိင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္၊ ပုဏၰားကြ်န္း၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပံု၊ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ ၿမိဳ႕နယ္တို႔ကို ၂၀၁၉ ဇြန္လ ၂၁ ရက္ေန႔က စတင္ၿပီး ဆက္သြယ္ေရး၀န္ႀကီးဌာနက အင္တာနက္လိုင္း အသံုးျပဳမႈ ပထမအၾကိမ္ ျဖတ္ေတာက္ခဲ့ပါတယ္။ ဒီအထဲက ဘူးသီးေတာင္၊ ေမာင္ေတာ၊ ရေသ့ေတာင္နဲ႔ ေျမပံုၿမိဳ႕နယ္တုိ႔မွာ စက္တင္ဘာလ ၁ ရက္ေန႔က အင္တာနက္လိုင္း ျပန္လည္ဖြင့္ေပးခဲ့ေပမဲ့ ေဖေဖၚ၀ါရီလဆန္း ၃ ရက္ေန႔ မွာ ဒုတိယ အႀကိမ္ ျပန္ၿပီး ပိတ္ပစ္ခဲ့တာ ျဖစ္ပါတယ္။
အခုလို အင္တာနက္ ပိတ္ပင္ခံရအၿပီးမွာ တုိက္ပြဲေတြ ပိုျပင္းထန္လာသလို လူ႕အခြင့္အေရး ခ်ိဳးေဖါက္မႈေတြလည္း ပိုမ်ားလာတယ္လို႔ ခိုင္ေကာင္းစံက ေျပာပါတယ္။
“အင္တာနက္ ျဖတ္ပစ္ၿပီးေတာ့ေနာက္ပိုင္းမွာက်ေတာ့ လူ႕အခြင့္အေရး ခ်ိဳးေဖါက္မႈ ပိုမ်ားလာတယ္။ တိုက္ပြဲေတြေပါ့ေလ… တိုက္ပြဲေတြ ျပင္းထန္လာတာလည္း က်ေနာ္တို႔ ၾကံဳေတြ႕ေနရပါတယ္။”
ဒီေဖေဖၚ၀ါရီလအတြင္း ျဖစ္ပြားတဲ့ တိုက္ပြဲေတြေၾကာင့္ ကေလးငယ္အပါ၀င္ အရပ္သား ေသဆုံးသူ ၉ ဦး အထိ ရွိလာၿပီး ဒဏ္ရာရသူကလည္း ၆၀ေလာက္ အထိ ျဖစ္လာ ေနတာပါ။
ရခိုင္ျပည္နယ္ ၈ ၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ပလက္၀ၿမိဳ႕မွာ အင္တာနက္ ျဖတ္ေတာက္တာနဲ႔ ပတ္သက္ၿပီး အရပ္ဘက္အဖြဲ႕အစည္းေတြ ကန္႕ကြက္ေနတဲ့အေပၚ သေဘာထားသိရွိဖို႕ ဆက္သြယ္ေရး၀န္ႀကီးဌာနကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လို႔ မရရွိခဲ့ပါဘူး။ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ေျပာခြင့္ရ စည္ပင္သာယာေရး ၀န္ၾကီးဦး၀င္းျမင့္ကေတာ့ ျပည္နယ္အစိုးရ အေနနဲ႔ ဝင္ေရာက္ေျပာပိုင္ခြင့္ မရွိဘူးလို႔ ေျပာပါတယ္။
“က်ေနာ္တို႔ျပည္နယ္အစိုးရအေနနဲ႔လည္း အင္တာနက္ျဖတ္ေတာက္ျခင္း မျဖတ္ေတာက္ျခင္းဆိုတဲ့အေပၚမွာ ေျပာလို႔ မရဘူးေပါ့ေနာ္။ ၀င္ေရာက္ၿပီးေတာ့ေျပာပိုင္ခြင့္ က်ေနာ္တို႔မွာ မရွိတဲ့အခါက်ေတာ့ ေျပာရတာကေတာခက္တယ္။ အင္တာနက္လိုင္း ျပန္ဖြင့္ေပးပါ။ ဒီအေပၚမွာေတာ့ က်ေနာ္တို႔ သေဘာထားေပးဖို႕ကေတာ့ ခက္တယ္။”
စစ္ေရးတင္းမာမႈ ျဖစ္ပြားေနတဲ့ေဒသအတြင္း အင္တာနက္လိုင္း ျဖတ္ေတာက္မႈဟာ ေဒသတြင္း အေျခေနကို ပိုၿပီး ဆိုးလာေစတယ္လုိ႔ ရေသ့ေတာင္ၿမိဳ႕နယ္ လူမႈကူညီေရးအဖြဲ႕၀င္ကိုဘကၠာက ေျပာပါတယ္။
“အင္တာနက္ ပိတ္လိုက္ေတာ့ အဘက္ဘက္က ပိုၿပီးေတာ့ ဆိုးသြားတယ္။ စစ္တပ္ဘက္က ပိုၿပီးေတာ့ အလုပ္လုပ္လို႔ ရေအာင္ အေမွာင္ခ်ထားတာနဲ႔ ပိုၿပီးေတာ့ တူသြားတယ္။ က်ေနာ္တို႔ အခု တိုက္ပြဲေတြက အမ်ားႀကီး ပိုပိုၿပီး ျဖစ္လာတယ္။ အဲဒီမွာ မလိုလားအပ္တဲ့ ျပႆနာေတြ ရွိလာတယ္။ လူ႕အခြင့္အေရး ခ်ိဳးေဖါက္မႈေတြ ရွိလာမယ္။ သတင္းအေမွာင္ ခ်ထားသလိုျဖစ္တာေပါ့။”
လက္ရွိရခိုင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔အၾကား တိုက္ပြဲျပင္းထန္ျဖစ္ပြားေနသလို ပဋိပကၡျဖစ္စဥ္အတြင္း ရခိုင္ျပည္နယ္မွာ စစ္ေရွာင္ဦးေရ ၁၀,၀၀၀ ေက်ာ္ တိုးလာေနသလို ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္မွာလည္း စစ္ေရွာင္ ဦးေရ ၄၀၀၀ ေလာက္ ရွိေနပါတယ္။ ဒီစစ္ေရွာင္ေတြကို အကူညီေပးေဆာင္ဖို႕ သတင္းအခ်က္အလက္ မရရွိတာေၾကာင့္ အကူညီေပးေရးမွာ အခက္ေတြ႕ေနတယ္လို႔လည္း လူမႈအဖြဲ႕အစည္းေတြက ေျပာပါတယ္။
စစ္ေရးပဋိပကၡေဒသမွာ အင္တာနက္ ျဖတ္ေတာက္ရံုနဲ႔ ျငိမ္းခ်မ္းေရး ေဖၚေဆာင္လို႔မရေၾကာင္း အစိုးရနဲ႔ ရခိုင္လက္နက္ကိုင္ AA တို႔အၾကား စကား၀ိုင္း ေဖၚေဆာင္ၿပီး ျငိမ္းခ်မ္းေရးတည္ေဆာက္ရမွာ ျဖစ္သလို လူ႕အခြင့္အေရး ခ်ိဳးေဖါက္မႈေတြကို ရပ္တန္႔ ၾကဖို႕ ရခိုင္လူမႈ အဖြဲ႕အစည္းေတြ အပါ၀င္ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္ အရပ္ဘက္အဖြဲ႕အစည္း ၁၀၅ ဖြဲ႕ ကေန ေတာင္းဆိုထားပါတယ္။
[Unicode Version]
ရခိုင်နဲ့ ချင်း အင်တာနက်ပြန်ဖွင့်ပေးဖို့ လူမှုအဖွဲ့တွေ တောင်းဆို
ရခိုင်ပြည်နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ အဖြတ်တောက်ခံနေရတဲ့ အင်တာနက် ဆက်သွယ်မှုကို ပြန်ဖွင့်ပေးဖို့ လူမှုအဖွဲ့အစည်း -၁၀၅ဖွဲ့ကနေ ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အဲဒီ ဒေသတွေအတွင်း အင်တာနက် ပိတ်ပင်ခံရပြီး နောက်ပိုင်း တိုက်ပွဲတွေ ပိုများလာသလို လူ႔အခွင့်အရေး ချိုးဖေါက်မှုတွေလည်း တိုးလာတယ်လို့ ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း ထားပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်တွေအတွင်း တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ အင်တာနက်ဖြတ်တောက် ခံခဲံ့ရပြီးနောက်မှာ လူှုအခွင့်အရေး ချိုးဖေါက်မှုတွေ တိုးလာနေတာကြောင့် ပြန်လည်ဖွင့်ပေးဖို့ အခုလို တောင်းဆိုတာဖြစ်ကြောင်း ရခိုင်လူမှု အဖွဲ့အစည်းတွေရဲ့ပြောခွင့်ရ ဝံလက်ဖေါင်ဒေးရှင်း ဒါရိုက်တာခိုင်ကောင်းစံက ပြောပါတယ်။
“လက်ရှိရခိုင်ပြည်နယ်မှာ အင်တာနက်ပိတ်ဆို့မှုကြောင့် လူတွေရဲ့ဘဝလုံခြုံမှုရယ် စားဝတ်နေရေး နောက်ပြီးတော့ ပညာရေး ကျန်းမာရေး ဆုံးရှုံးမှုတွေဖြစ်နေတယ်။ အင်တာနက်ပိတ်ပင်မှုကပေါ့လေ… ကျနော်တို့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖေါက်တယ်လို့ အစိုးရအနေနဲ့ ဝန်ခံနေတာဖြစ်တယ်။ အဲတာတွေကြောင့် ဒီစစ်ဘေးအဖြစ်နဲ့ ကလေးတွေ နောက်တခါ ဒဏ်ရာရတဲ့သူတွေနောက် သေကြေကြတယ်။ ဒီဟာကြီးကို အစိုးရအနေနဲ့ အင်တာနက်ပြန်ဖွင့်ပေးဖို့ပေါ့လေ ကျနော်တို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ တနှစ်ကျော် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်၀ မြို့နယ်တို့ကို ၂၀၁၉ ဇွန်လ ၂၁ ရက်နေ့က စတင်ပြီး ဆက်သွယ်ရေးဝန်ကြီးဌာနက အင်တာနက်လိုင်း အသုံးပြုမှု ပထမအကြိမ် ဖြတ်တောက်ခဲ့ပါတယ်။ ဒီအထဲက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တို့မှာ စက်တင်ဘာလ ၁ ရက်နေ့က အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ ဖေဖေါ်ဝါရီလဆန်း ၃ ရက်နေ့ မှာ ဒုတိယ အကြိမ် ပြန်ပြီး ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို အင်တာနက် ပိတ်ပင်ခံရအပြီးမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာသလို လူ့အခွင့်အရေး ချိုးဖေါက်မှုတွေလည်း ပိုများလာတယ်လို့ ခိုင်ကောင်းစံက ပြောပါတယ်။
“အင်တာနက် ဖြတ်ပစ်ပြီးတော့နောက်ပိုင်းမှာကျတော့ လူ့အခွင့်အရေး ချိုးဖေါက်မှု ပိုများလာတယ်။ တိုက်ပွဲတွေပေါ့လေ… တိုက်ပွဲတွေ ပြင်းထန်လာတာလည်း ကျနော်တို့ ကြုံတွေ့နေရပါတယ်။”
ဒီဖေဖေါ်ဝါရီလအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကလေးငယ်အပါဝင် အရပ်သား သေဆုံးသူ ၉ ဦး အထိ ရှိလာပြီး ဒဏ်ရာရသူကလည်း ၆၀လောက် အထိ ဖြစ်လာ နေတာပါ။
ရခိုင်ပြည်နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့မှာ အင်တာနက် ဖြတ်တောက်တာနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ ကန့်ကွက်နေတဲ့အပေါ် သဘောထားသိရှိဖို့ ဆက်သွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရ စည်ပင်သာယာရေး ဝန်ကြီးဦးဝင်းမြင့်ကတော့ ပြည်နယ်အစိုးရ အနေနဲ့ ဝင်ရောက်ပြောပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။
“ကျနော်တို့ပြည်နယ်အစိုးရအနေနဲ့လည်း အင်တာနက်ဖြတ်တောက်ခြင်း မဖြတ်တောက်ခြင်းဆိုတဲ့အပေါ်မှာ ပြောလို့ မရဘူးပေါ့နော်။ ဝင်ရောက်ပြီးတော့ပြောပိုင်ခွင့် ကျနော်တို့မှာ မရှိတဲ့အခါကျတော့ ပြောရတာကတောခက်တယ်။ အင်တာနက်လိုင်းပြန်ဖွင့်ပေးပါ။ ဒီအပေါ်မှာတော့ ကျနော်တို့ သဘောထားပေးဖို့ကတော့ ခက်တယ်။”
စစ်ရေးတင်းမာမှု ဖြစ်ပွားနေတဲ့ဒေသအတွင်း အင်တာနက်လိုင်း ဖြတ်တောက်မှုဟာ ဒေသတွင်း အခြေနေကို ပိုပြီး ဆိုးလာစေတယ်လို့ ရသေ့တောင်မြို့နယ် လူမှုကူညီရေးအဖွဲ့ဝင်ကိုဘက္ကာက ပြောပါတယ်။
“အင်တာနက်ပိတ်လိုက်တော့ အဘက်ဘက်က ပိုပြီးတော့ဆိုးသွားတယ်။ စစ်တပ်ဘက်က ပိုပြီးတော့ အလုပ်လုပ်လို့ ရအောင် အမှောင်ချထားတာနဲ့ ပိုပြီးတော့ တူသွားတယ်။ ကျနော်တို့ အခု တိုက်ပွဲတွေက အများကြီး ပိုပိုပြီး ဖြစ်လာတယ်။ အဲဒီမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာတယ်။ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိလာမယ်။ သတင်းအမှောင် ချထားသလိုဖြစ်တာပေါ့။”
လက်ရှိရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေသလို ပဋိပက္ခဖြစ်စဉ်အတွင်း ရခိုင်ပြည်နယ်မှာ စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကျော် တိုးလာနေသလို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာလည်း စစ်ရှောင် ဦးရေ ၄၀၀၀ လောက် ရှိနေပါတယ်။ ဒီစစ်ရှောင်တွေကို အကူညီပေးဆောင်ဖို့ သတင်းအချက်အလက် မရရှိတာကြောင့် အကူညီပေးရေးမှာ အခက်တွေ့နေတယ်လို့လည်း လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
စစ်ရေးပဋိပက္ခဒေသမှာ အင်တာနက် ဖြတ်တောက်ရုံနဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်လို့မရကြောင်း အစိုးရနဲ့ ရခိုင်လက်နက်ကိုင် AA တို့အကြား စကားဝိုင်း ဖေါ်ဆောင်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ရမှာ ဖြစ်သလို လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ရပ်တန့် ကြဖို့ ရခိုင်လူမှု အဖွဲ့အစည်းတွေ အပါဝင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် အရပ်ဘက်အဖွဲ့အစည်း၁၀၅ ဖွဲ့ ကနေ တောင်းဆိုထားပါတယ်။