သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အရေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးအမြင်


 မြန်မာနိုင်ငံဆိုင်ရာ နော်ေ၀ သံအမတ်ကြီး Ms Tone Tinnes
 မြန်မာနိုင်ငံဆိုင်ရာ နော်ေ၀ သံအမတ်ကြီး Ms Tone Tinnes

ရခိုင်ပဋိပက္ခ ဖြေရှင်းရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘက်ကလည်း အရေးကြီးတဲ့ ခြေလှမ်းတွေ လှမ်းနေတယ်လို့ မြင်တဲ့အကြောင်းနဲ့ တိုးတက်အောင် ဆက်ပြီးဆောင်ရွက်ဖို့ လိုမယ်လို့ မြင်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ နော်ေ၀ သံအမတ်ကြီး Ms Tone Tinnes က VOA ကို ပြောဆိုပါတယ်။ မြန်မာနိုင်ငံ အစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံတိုင်း သူ့ဘက်က အခြေအနေအရပ်ရပ်ကို ဆွေးနွေးပြောဆိုနေတယ်လို့လည်း ဆိုပါတယ်။ သံအမတ်ကြီး Tone Tinnes ကို ရန်ကုန်မြို့မှာ VOA မြန်မာပိုင်း အစီအစဉ် အယ်ဒီတာ ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။

ရခိုင်ပဠိပက္ခနဲ့ ပတ်သက်လို့ မြန်မာအစိုးရနဲ့ စစ်တပ်အပေါ် နိုင်ငံတကာနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက ဝေဖန်ပြစ်တင်နေချိန်မှာပဲ မြန်မာအစိုးရကလည်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကို အသိအမှတ်မပြုတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံအနေနဲ့ ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အကြောင်းနဲ့ တုန့်ပြန် ပြောဆိုထားပါတယ်။ ဒီလို နိုင်ငံတကာနဲ့ အငြင်းပွားမှုတွေ ရှိနေချိန်မှာ မြန်မာပြည်ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကို တစိုက်မတ်မတ် ပံ့ပိုးကူညီခဲ့တဲ့ နော်ဝေနိုင်ငံရဲ့ ရပ်တည်ချက် သံအမတ်ကြီး Tone Tinnes ရဲ့ သဘောထားကို VOA က မေးခဲ့တာပါ။

"မကြာခဏဆိုသလို ဝန်ကြီးတွေ တော်တော်များများနဲ့ ကျမ တွေ့ဆုံ ဆွေးနွေးဖြစ်ပါတယ်။ အကြောင်းအရာတော်တော်များများ ဆွေးနွေးတာပါ။ နော်ဝေနဲ့ မြန်မာ အစိုးရဝန်ကြီးဌာနတွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ကျမတို့ ဆွေးနွေးပါတယ်။ နိုင်ငံရေးအခြေအနေလည်း ကျမတို့ ဆွေးနွေးပါတယ်။ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ အမြင်သဘောထားတွေကို ဖလှယ်ကြတာပါ။ ဒါက သိပ်ကို အရေးကြီးပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ် အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာအနေနဲ့ စိုးရိမ်မှုတွေ အကြီးအကျယ် ရှိပါတယ်။ ဒီ စိုးရိမ်မှုတွေက ဆက်ပြီး ရှိနေမှာပါ။ မြန်မာအစိုးရဘက်က အရေးကြီးတဲ့ ခြေလှမ်းတွေ စပြီး ဆောင်ရွက်နေပါတယ်လို့ မြင်ပါတယ်။ နိုင်ငံတကာ အမြင်အရရော၊ နော်ဝေနိုင်ငံရဲ့ သဘောထားအရရော၊ ဒီလို ခြေလှမ်းတွေ ဆက်ပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။"

မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နော်ဝေနိုင်ငံအနေနဲ့ ကူညီဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအကြောင်းကိုလည်း VOA ကမေးမြန်းခဲ့ပါတယ်။

"နော်ဝေပြည်သူတွေနဲ့ ပတ်သက်လို့ စပြောချင်ပါတယ်။ နော်ဝေပြည်သူတွေဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို နှစ်ပေါင်းများစွာ ထောက်ခံခဲ့ကြတာပါ။ ဆက်ပြီး ထောက်ခံနေမှာပါ။ သံရုံးအနေနဲ့ ကျမတို့ လုပ်ဆောင်နေတာကတော့ လွတ်လပ်တဲ့ သတင်းဌာနတွေ ပေါ်လာဖို့ ငွေကြေးထောက်ပံ့တာတွေ ရှိပါတယ်။ ဒီမိုကရေစီရေး ဖြစ်စဉ်မှာ ပိုပြီး လှုပ်ရှားဆောင်ရွက်ခွင့်တွေ ရဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းတွေကိုလည်း ကျမတို့ ထောက်ပံ့ပါတယ်။ သဘာဝအရင်းအမြစ်တွေ စီမံခန့်ခွဲရေး၊ ဘယ်လို အကျိုးရှိအောင် အသုံးချမလဲ ကျမတို့မှာရှိတဲ့ နည်းပညာနဲ့ ကျွမ်းကျင်မှုတွေ ဝန်ကြီးဌာနတွေကို မျှဝေပြီး မြန်မာပြည်ကို ကူညီရေး လုပ်ကိုင်နေတာတွေပါတယ်။ နယ်ပယ်တော်တော်များများ ထိတွေ့ဆက်ဆံရေး ကျမတို့ လုပ်ဆောင်နေပါတယ်။ မြန်မာပြည်ဟာ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေအတွက် အဓိက စိတ်ဝင်စားတဲ့ လက်တွဲဖက်နိုင်ငံတခုပါ။"

မြန်မာနိုင်ငံဆိုင်ရာ နော်ေ၀ သံအမတ်ကြီး Ms Tone Tinnes ကို VOA မြန်မာပိုင်းအစီအစဉ်က တွေ့ဆုံမေးမြန်းထားတာတွေထဲက ကောက်နုတ်တင်ပြလိုက်တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG