သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်စစ်အင်အားတိုးချမှု ကန်လွှတ်တော်စိုးရိမ်


အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce
အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးအတွက် လတ်တလော စစ်တပ်အင်အားတွေတိုးချခဲ့ပြီးနောက် အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce ကတိုက်တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာမွတ်ဆလင်တွေအများ ဆုံးရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်တွေချထားရာက လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာနိုင်တဲ့အတွက် စိုးရိမ်တယ်လို့ California ပြည်နယ်က Republican အမတ် Royce ကဆိုပါတယ်။ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့ ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့လိုတယ်ဆိုတာ အမေရိကန်အစိုးရအနေနဲ့ ပြတ်ပြတ်သားသားပြောဖို့လိုတယ်လို့လည်း ပြောပါတယ်။

Ed Royce နှင့် နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံစဉ်
Ed Royce နှင့် နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံစဉ်

ရိုဟင်ဂျာတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကြားနာပွဲကို အောက်လွှတ်တော်မှာ မတ်လက လုပ်ခဲ့စဉ်မှာလည်း ရိုဟင်ဂျာတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုတဲ့ ကိစ္စကိုကုလသမဂ္ဂကတဆင့် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စုံစမ်းဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။

ဝါရှင်တန်မြို့တော်ကို ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ ခုနှစ်က လာခဲ့စဉ်ကလည်း ရိုဟင်ဂျာတွေဖိနှိပ်ခံနေရတဲ့အပေါ် စိတ်ပျက်မိတယ်လို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ Ed Royce က ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဒေသခံတွေ သတ်ဖြတ်ခံရမှု ဖမ်းဆီးခံရမှုတွေ တိုးလာတဲ့အတွက် လုံခြုံရေးတိုးမြှင့်ပေးဖို့ ရခိုင်အမျိုးသားပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တောင်းဆိုခဲ့ပြီးနောက် ခုလိုတပ်တွေ တိုးချခဲ့တာဖြစ်ပါတယ်။ စစ်တပ်တွေကို ယာယီမဟုတ်ဘဲ အမြဲတမ်းချထားပေးဖို့ လွှတ်တော်မှာ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတွေကြား နှစ်ပေါင်းကြာရှည်ထဲကရှိနေခဲ့တဲ့ ပြဿနာတွေပြေလည်နိုင်ရေးနဲ့ အေးချမ်းဖံ့ွဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်အစီရင်ခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်က ကြာသပတေးနေ့မှာ ထုတ်ပြန်ဖို့ရှိနေပါတယ်။

ရခိုင်ပြည်နယ်မောင်တောခရိုင်ထဲမှာ လက်နက်ကိုင်တချို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပါတယ်။ ဒါနဲ့ပါတ်သက်လို့ စုံစမ်းခဲ့တဲ့ မောတောဒေသစုံစမ်းရေးကော်မရှင်ကတော့ကုလသမဂ္ဂက စွပ်စွဲခဲ့သလို လူသားထုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုမျိုးတွေ မရှိခဲ့သလို လူမျိုးတုန်းသတ်ဖြတ်တယ်လို့ ယူဆနိုင်တဲ့အခြေအနေမျိုးလည်း မတွေ့ရှိခဲ့ရဘူးလို့ August လဆန်းပိုင်းက အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်စဉ်မှာ ကော်မရှင်ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့ပါတယ်။ ဒီအပေါ် နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တချို့က ဝေဖန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG