သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းအခြေအနေ တပ်မတော်သတင်းမှန်အဖွဲ့ ဗိုလ်မှူးချုပ်အေးလွင်နဲ့ တွေ့ဆုံမေးမြန်းခြင်း


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးညွန်ကြားရေးမှုးရုံး ဒုတိယညွှန်ကြားရေးမှုး ဗိုလ်မှူးချုပ်အေးလွင် နှင့်တွေ့ဆုံမေးမြန်း
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးညွန်ကြားရေးမှုးရုံး ဒုတိယညွှန်ကြားရေးမှုး ဗိုလ်မှူးချုပ်အေးလွင် နှင့်တွေ့ဆုံမေးမြန်း

ရခိုင် မြောက်ပိုင်းဒေသမှာ ဒေသခံမွတ်ဆလင်တွေကို မြန်မာစစ်တပ်က နှိပ်စက်ညှင်းပမ်းတာမျိုးမရှိပဲ၊ သူတို့ဟာ ပြင်ပ ပယောဂတွေကြောင့် ဘင်္ဂလားဒေရ်ှနိုင်ငံဖက်ကို ထွက်ပြေးတိမ်းရှောင်ကြတာဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓါတ်စစ်ဆင်ရေးညွန်ကြားရေးမှုးရုံး ဒုတိယညွှန်ကြားရေးမှုး ဗိုလ်မှူးချုပ်အေးလွင်က ဗွီအိုအေကို ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေရဲ့ ရခိုင်အရေး ပြောဆိုမှုတွေဟာ စွပ်စွဲချက်သက်သက်သာဖြစ်ပြီး အခြေအနေမှန်ကို မထင်ဟပ်ဘူးလို့လည်း ပြောပါတယ်။ တပ်မတော်က သတင်းထောက်တွေအတွက်စီစဉ်တဲ့ ရခိုင်မြောက်ပိုင်းခရီးးစဉ်အတွင်း ဗိုလ်မှုးချုပ်အေးလွင်ကို ဗွီအိုအေက မစုမြတ်မွနု်က တွေ့ဆုံမေးမြန်းထားတာပါ။

“မစုမြတ်မွနု်။ ။ဒီအမေရိကန်အစိုးရအနေနဲ့ မကြာခင်တုန်းကပဲ တပ်မတော်ပေါ်မှာ အရေးယူဒဏ်ခတ်မှု လုပ်ထားတယ် နောက်ပြီးတော့ တပ်မတော်စစ်ခေါင်းဆောင်တွေအပေါ်မှာ ပိုပြီးတော့ ပြင်းထန်တဲ့ စီးပွားရေး ပစ်မှတ်ထားတဲ့ Sanction အရေးယူဒဏ်ခတ်မှုတွေ လုပ်ဖို့လည်း စဉ်းစားနေပါတယ်။ လွှတ်တော်ကလည်း မြန်မာနိုင်ငံအပေါ်မှာ ပြင်းထန်တဲ့ အရေးယူဒဏ်ခတ် ဆုံးဖြတ်ချက်တွေချဖို့အတွက် ကြိုးစားနေပါတယ်။ အဲဒီအပေါ်မှာ တပ်မတော်အနေနဲ့ ဘယ်လိုမျိုးတုံ့ပြန်ချင်ပါသလဲရှင့်။

ဗိုလ်မှူးချုပ်အေးလွင်။ ။ကျနော်တို့ကတော့ အမှန်အတိုင်းဒီမှာ ပြောရရင်တော့ အမေရိကန်နိုင်ငံတို့ အနောက်နိုင်ငံတော်တော်များများက ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အဖြစ်မှန်တွေကို မသိလို့လား၊ ဒါမှမဟုတ်မသိချင်ယောင်ဆောင်ပြီးတော့ စွပ်စွဲပြီး ပြောဆိုမှုတွေကို လက်ခံလိုက်တာလား တော့မသိဘူး။ တကယ်တမ်း ရခိုင်ပြည်နယ်မှာ ဘဂါၤလီတွေက မြင်ရတဲ့အတိုင်းပဲ ၊ ဒီ ဘင်္ဂလီတွေက မြန်မာနိုင်ငံထဲကနေပြီးတော့ တပ်မတော်၊ ရဲ ၊ နယ်ခြားစောင့်တပ် တွေကနေပြီးတော့ ညှင်းပမ်းနှိတ်စက်တာတွေ အနိုင်ထက်စီးနင်းပြုကျင့် တာတွေ၊ နှင်ထုတ်တာတွေ၊ တခြားအကြောင်းအရာတွေနဲ့ သူတို့ကို မနေနိုင်အောင်လုပ်တာတွေ ဘာတခုမှ မရှိပဲနဲ့ သူတို့ သဘောဆန္ဒအရ ဟိုဘက်မှာ ပိုမိုအဆင်ပြေတယ်လို့ ယူဆပြီးတော့ သွားနေကြတာပေါ့။ ဒီမှာလည်းသူတို့ကို စားဖို့သောက်ဖို့ ကတော့ ဒီမှာလည်း နဂိုက သူတို့လုပ်ကိုင်စားသောက်နေတဲ့လူတွေဖြစ်ပြီးတော့ပဲ ဟိုဘက်မှာ နောက်ကွယ်ကနေပြီးတော့ သူတို့ကို တွန်းအားပေးမှုတွေရှိနေတယ်လို့ ကျနော်တို့အနေနဲ့ ယူဆတာပေါ့လေ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကူးသွားခြင်းအားဖြင့် သူတို့အတွက် ကောင်းမွန်တဲ့ နေထိုင်စားသောက်ရေး အဆင်ပြေမယ်ဆိုတဲ့ မက်လုံးတွေနဲ့ တခြားတွန်းအားပေးမှုတွေကြောင့် သူတို့ကူးနေတယ်လို့ ကျနော်တို့ ယူဆပါတယ်။ အမေရိကန်နိုင်ငံတို့ ကျန်တဲ့အနောက်နိုင်ငံတွေအနေနဲ့ကတော့ မြန်မာနိုင်ငံကို သူတို့ နောက်ကွယ်ကအကြောင်းတွေလည်းရှိချင်ရှိမှာပေ့ါလေ ကျနော်တို့ မြန်မာနိုင်ငံအပေါ်မှာ ၊ အစိုးရရော အထူးသဖြင့် တပ်မတော်အပေါ်မှာ ဖိအားပေးမှု တွေလုပ်တာက ဒါတဖက်သက် စွပ်စွဲလုပ်ဆောင်နေတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

မစုမြတ်မွနု်။ ။ ကျမတို့ ဒီကိုလာတဲ့အခါမှာ လမ်းမှာ တွေ့ရတာပေါ့နော် မီးလောင်နေတာတွေတွေ့ရပါတယ် များသောအားဖြင့် နိုင်ငံတကာ မီဒီယာတွေမှာရေးနေတာက တပ်မတော်ကနေပြီးတော့ ဒီ ဘင်္ဂါလီတွေ မွတ်စလင်တွေ နေတဲ့နေရာတွေကို လိုက်ပြီးတော့ မီးရှို့နေတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော ဘာပြောချင်ပါသလဲရှင့်။

ဗိုလ်မှူးချုပ်အေးလွင်။ ။ကျနော်ကတော့ တခုပဲ မေးချင်ပါတယ် သူတို့ကို ပြန်ပြီးတော့ ဘာများအထောက်အထားရှိသလဲပေါ့နော် ၊ အထောက်အထားခိုင်ခိုင်လုံလုံမရှိပဲနဲ့ ပြောနေတာ၊ စွပ်စွဲတာပေါ့နော် တဖက်သတ်စွပ်စွဲနေတယ်လို့ ယူဆပါတယ်။ တပ်မတော်ကတော့ ဒီ ဘင်္ဂါလီရွာသားပဲ ဖြစ်ဖြစ်၊ ရခိုင်ရွာသားပဲ ဖြစ်ဖြစ် ဒီလိုလုပ်ဖို့ လုံးဝမရှိပါဘူး။ ကျနော်တို့ တပ်မတော်အနေနဲ့က ဒီမြန်မာနိုင်ငံမှာ အေးအေးချမ်းချမ်းနေထိုင်တဲ့ ပြည်သူလူထုကို တရားဥပဒေနဲ့အညီပေါ့နော် အေးအေးချမ်းချမ်းနေထိုင်ဖို့အတွက် ကာကွယ်စောင့်ရှောက်ပေးနေတာပဲ ရှိပါတယ်။

မစုမြတ်မွနု်။ ။အခုနောက်ဆုံးသိချင်တာကတော့ ရခိုင် မြောက်ပိုင်းဒေသရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဘယ်လို ပြောနိုင်သလဲ ။ တည်ငြိမ်အေးချမ်းနေပြီ စိတ်ချနေပြီလို့ ပြောလို့ရပါသလားရှင့်။

ဗိုလ်မှူးချုပ်အေးလွင်။ ။လောလောဆည်ကတော့ တည်ငြိမ်အေးချမ်းနေတာပေါ့လေ။ ဒါပေမယ့်လည်း အဲဒီနောက်ကွယ်ကရှိနေတဲ့ အကြမ်းဖက်တွေက ဒီအတိုင်းတော့ ပြီးသွားမယ်လို့ ကျနော့်အနေနဲ့ မထင်ဘူး။ ဒါကျနော့်ရဲ့ အမြင်ပြောရရင်တော့ သူတို့ ဒီအတိုင်းတော့ငြိမ်နေမှာ မဟုတ်ဘူး။ တမျိုးတဖုံနဲ့ တော့ တနည်းလမ်းနဲ့ ထပ်ပြီးတော့ လုပ်လာဦးမယ်လို့ ကျနော်ထင်ပါတယ်။

မစုမြတ်မွနု်။ ။နောက်ထပ် အကြမ်းဖက် တိုက်ခိုက်မှုတွေ မခံရအောင်အတွက်ရော လုံခြုံရေးက တော်တော်လေး စိတ်ချထားရတဲ့ အင်အားရှိပါသလားရှင့်။

ဗိုလ်မှူးချုပ်အေးလွင်။ ။အဓိကတော့ ကျနော်တို့ဒီ ရခိုင်ပြည်နယ် ဒီဘက် ဘူးသီးတောင်၊ မောင်တော လုံခြုံရေး ကို ကျနော်တို့တပ်မတော်က ဒီဒေသခံတပ်တွေပဲ လောလောဆယ်ရှိတော့တာပေါ့လေ။ ကျနော်တို့ အရင်က အင်အားဖြည့်ထားတဲ့ တပ်တွေက အကုန်ဆုတ်သွားပြီဆိုတော့ အဲဒီတပ်တွေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ နယ်ခြားစောင့်တပ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒါပေမယ့် လုံခြုံရေးကို လုံခြုံစိတ်ချရတဲ့ အဆင့်ရှိသလားဆိုတော့ လုံခြုံရေးစိတ်ချရတဲ့ ရာနှှုန်းပြည့်ကတော့ ဘယ်တော့မှ ရှိမှာတော့မဟုတ်ပါဘူး လောလောဆည်ကတော့ မရှိနိုင်သေးဘူး။”

တွေ့ဆုံမေးမြန်းချိန်မှာ ဘေးက လေတိုးသံတွေ ပါနေတာမို့ အချို့နေရာတွေ အသံ မသဲမကွဲဖြစ်နေတဲ့အပေါ် သောတရှင်တွေကို တောင်းပန်အပ်ပါတယ်။

ရခိုင်မြောက်ပိုင်းအခြေအနေ ဗွီအိုအေ တွေ့ဆုံမေးမြန်းမှု
please wait

No media source currently available

0:00 0:07:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG