သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ရခိုင္ေတာင္ပိုင္း AA အုပ္ခ်ဳပ္ေရး စစ္ေကာင္စီ ေႏွာင့္ယွက္ရင္ တိုက္ပြဲျဖစ္ပြားႏိုင္ (AA ေျပာခြင့္ရ)


AA - ရခုိင္တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔စစ္တပ္ (ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)


[[Zawgyi/Unicode]]

ရခုိင္ျပည္နယ္မွာ ရခိုင္တိုင္းရင္းသား လက္နက္ကိုင္ AA အဖြဲ႔ထိန္းခ်ဳပ္မႈသိပ္မ႐ွိတဲ့ ျပည္နယ္ေတာင္ပိုင္းက ေက်ာက္ျဖဴ၊ ေတာင္ကုတ္နဲ႔ ရမ္းၿဗဲၿမိဳ႕နယ္ေတြမွာ ULA/AA က လုပ္ ေဆာင္ေနတဲ့ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရး လုပ္ငန္းေတြကို စစ္ေကာင္စီဘက္က အင္းအားသံုး ေနွာင့္ယွက္ေနတယ္လုိ႔ AA ကစြပ္စဲြလိုက္ပါတယ္။ စစ္ေကာင္စီအေနနဲ႔ ULA/AAရဲ႕ လုပ္ငန္းေတြကို အခုလို ဆက္ၿပီးေနွာင့္ယွက္ေနမယ္ဆိုရင္ တိုက္ပြဲျဖစ္ပြားလာႏုိုင္တယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခ က ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ NUG နဲ႔ပူးေပါင္းဖုိ႔ အစီအစဥ္ ႐ွိမ႐ွိ AA ရဲ႕ သေဘာထားေတြကို ေျပာၾကားခဲ့တဲ့ သတင္းစာ႐ွင္းပဲြအေၾကာင္း အျပည့္အစံု ရန္ကုန္ကလာတဲ့ သတင္းကို ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။

ရခိုင္ျပည္နယ္မွာ ရခိုင္တိုင္းရင္းသားလက္နက္ကိုင္ AA အဖြဲနဲ႔ စစ္တပ္တို႔ၾကား ၂၀၁၉ ခုႏွစ္က အပစ္အခတ္ရပ္စဲခဲ့ၿပီးေနာက္ AA အဖဲြ႔က အုပ္ခ်ဳပ္ေရးနဲ႔တရားစီရင္ေရးပိုင္းေတြကို အာ႐ံုစိုက္လုပ္ေနပါတယ္။ AA အင္အားေကာင္းတဲ့ေနရာေတြမွာ တရားသူႀကီးေတြ၊ ေရွ႕ေနေတြ၊ ေဒသခံ ရခုိင္ျပည္သူေတြပါဝင္တဲ့ ULA တရား႐ံုးေတြကိုလည္း ၿမိဳ႕ နယ္ေတြမွာ ဖြင့္လွစ္ထားပါတယ္။ ရခိုင္ျပည္နယ္ေတာင္းပိုင္း ၿမိဳ႕နယ္တခ်ိဳ႕က ULA/AA တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရးလုပ္ငန္းေတြကို စစ္ေကာင္စီဘက္က အင္းအားသံုး ေနွာင့္ယွက္ေနတယ္လို႔ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။ ဒီေန႔ ဧၿပီလ ၅ ရက္ေန႔မွာ ULA/AA ျပဳလုပ္တဲ့ Online သတင္းစာရွင္းလင္းပြဲအတြင္း AA ေဆာင္႐ြက္ေနတဲ့ တရားစီရင္ေရးလုပ္ငန္းေတြနဲ႔ပတ္သက္လို႔ ဗြီအိုေအသတင္းဌာနာက ေမးျမန္းတဲ့ေမးခြန္းကို ခိုင္သုခက ေျဖဆိုခဲ့တာျဖစ္ပါတယ္။

“လက္ရွိရခိုင္ျပည္နယ္မွာ တည္ေဆာက္ေနတဲ့ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးေတြကို စစ္ေကာင္စီဘက္က က်ေနာ္တို႔ဆီကို ေတာက္ေလ်ာက္ စာေရးၿပီးေတာ့ကန္႔ကြက္ေနတာေတြ၊ ေျမျပင္မွာလည္း ျမန္မာစစ္တပ္အေနနဲ႔ အေနွာင့္အယွက္ေပးေနတာေတြ ဆက္တိုက္ လုပ္ေဆာင္ေနတယ္၊ ဥပမာ- အခု ေက်ာက္ျဖဴ၊ ရမ္းၿဗဲ၊ ေတာင္ကုတ္ၿမိဳ႕နယ္ေတြဘက္မွာ က်ေနာ္တို႔ တရားရံုးေတြကို လာၿပီး ျမန္မာစစ္တပ္က အင္အားသံုး ေနွာင့္ယွက္ေန တာေတြရွိတယ္။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ရခိုင္ေဒသမွာ လုပ္ေနတဲ့ သဟဇာတျဖစ္ေရး၊ မြတ္ဆလင္အသိုင္းအဝိုင္းနဲ႔ က်ေနာ္တို႔ၾကားမွာ သဟဇာတျဖစ္ေရးေတြ လုပ္ေဆာင္ေနတာရွိတယ္။ အဲဒါကို ျမန္မာစစ္တပ္ဘက္က “လံုးဝမလုပ္နဲ၊႔ မြတ္ဆလင္ေတြကို လံုးဝ မစည္းရံုးနဲ႔၊ ေတြ႔ဆံုတာေတြ မလုပ္နဲ႔။” ... ဆိုတာမ်ိဳး ကန္႔ကြက္တာေတြ ရွိေနပါတယ္။”

ULA/AA ရဲ႕ လုပ္ငန္းေတြကို အခုလို စစ္ေကာင္စီဘက္က လုပ္ရပ္ေတြေၾကာင့္ AA အဖြဲ႔နဲ႔ စစ္ေကာင္စီၾကား အခု ၂၀၂၂ ခုႏွစ္ထဲမွာ တင္းမာမႈျမင့္လာတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ စစ္ေကာင္စီဘက္က ဆက္ၿပီးေတာ့ ေနွာင့္ယွက္ေနမယ္ဆိုရင္ တင္းမာမႈကေန တို္က္ပြဲ ျဖစ္လာႏုိင္တယ္လို႔လည္း AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခက ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ဗြီအိုေအကုိ ေျပာဆုိသြားပါတယ္။

“ျမန္မာစစ္တပ္နဲ႔ က်ေနာ္တို႔ ULA/AA ဦးေဆာင္တဲ့ ရကၡိဳင္ျပည္သူ႔အစုိးရၾကားမွာ တင္းမာမႈတခ်ိဳ႕လည္း ဒီလပိုင္းေတြမွာ ျမင့္တက္လာတာရွိတယ္။ ဒါေပမယ့္ က်ေနာ္တို႔ကေတာ့ ျမင့္တက္လာတဲ့ တင္းမာမွုေတြကို ေလွ်ာ့ခ်ၿပီးေတာ့ ထိပ္တိုက္ရင္ဆိုင္မွုေတြ မျဖစ္ရေအာင္ ၾကားလူေတြကတဆင့္ က်ေနာ္တို႔နဲ႔ သူတို႔ၾကားမွာ အျပန္အလွန္စကားေျပာေနတာေတြရွိပါတယ္။ သို႔ေသာ္လည္း ျမန္မာစစ္တပ္ဘက္က အခုလို ဆက္ၿပီးေတာ့ လုပ္လာမယ္ ဆိုရင္ တင္းမာမွုကေနတဆင့္ ထိပ္တိုက္ရင္ဆိုင္မွုအထိ မေရာက္လာႏိုင္ဘူးလို့ေတာ့ ေျပာလို႔မရပါ၊ ဒါေၾကာင့္ ဒီကိစၥကို ျမန္မာစစ္တပ္ဘက္က သတိထားလုပ္ေဆာင္ဖို႔ ေျပာခ်င္ပါတယ္။”

AA အဖဲြ႔က ေဆာင္႐ြက္ေနတဲ့ ULA အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးရံုးေတြကို စစ္ေကာင္စီဘက္က တရားဝင္ အသိအမွတ္မျပဳေပမယ့္ ေဒသခံျပည္သူေတြကေတာ့ ျပႆနာျဖစ္လာရင္ AA စီစဥ္ဖြင့္ထားတဲ့ ULA တရား႐ံုးေတြမွာပဲ သြားေရာက္ တုိင္ၾကား ေျဖ႐ွင္းေနၾကတာမ်ားပါတယ္။ တခ်ိန္တည္းမွာပဲ ဒီတရားစီရင္ေရး လုပ္ငန္းေတြအေပၚ ရခိုင္ျပည္သူေတြၾကား ေဝဖန္မွုေတြလည္းရွိေနပါတယ္။ လတ္တေလာမွာပဲ ေျမာက္ဦးၿမိဳ႕နယ္က ေဒသခံတစ္ဦး ULA/AAက ဖမ္းဆီးစစ္ဆဲေနစဥ္ ေသဆံုးသြားခဲ့ပါတယ္။ ULA/AA ဘက္ကေတာ့ ေသဆံုးသြားသူမွာ ULA/AAက ဖမ္းဆီးထားစဥ္ ေသဆံုးတာမွန္ကန္ေပမယ့္ ေသဆံုးသူမွာ ဆီးခ်ိဳ ေရာဂါအခံေၾကာင့္ ေသဆံုး သြားတာျဖစ္တယ္လို႔ ေျပာပါတယ္။

ဒီေန႔ အြန္လိုင္းေပၚမွာ လုပ္ခဲ့တဲ့ သတင္းစာ႐ွင္းပြဲအတြင္း NUG အမ်ဳိးသားညီညြတ္ေရးအစိုးရ၊ ျပည္သူ႔ကာကြယ္ေရး PDF တပ္ဖဲြ႔ေတြနဲ႔ AA ပူးေပါင္းေဆာင္႐ြက္ဖုိ႔႐ွိ မ႐ွိေမးခြန္းကိုလည္း သတင္းေထာက္ေတြ ေမးခဲ့ၾကပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ခုိင္သုခက ခုလို တံု႔ျပန္ပါတယ္။

“NUG နဲ႔ က်ေနာ္တုိ႔ တရားဝင္ေဆြးေႏြးတာ မ႐ွိပါဘူး။ အဲဒါေၾကာင့္ က်ေနာ္တုိ႔ ဘာေတြေဆြးေႏြးထားတယ္ဆိုတာ ဆက္ေျပာစရာေတာ့ မ႐ွိပါဘူး။ ေႏြဦးေတာ္လွန္ေရးမွာ ပါဖုိ႔႐ွိလားဆိုတဲ့ ေမးခြန္းကေတာ့ စစ္ေရးကိစၥေတြ ပါဝင္ေနတာေၾကာင့္ က်ေနာ့္အေနနဲ႔ ေျဖဆိုဖုိ႔ အဆင္မေျပပါဘူး,”..
ေႏြဦးေတာ္လွန္ေရးစတဲ့ ေန႔ကတည္းက ဒီေန႔အထိ က်ေနာ္တို႔ဆီကို ဆက္သြယ္လာတဲ့ တႏိုင္ငံလံုးက PDF အဖြဲ႔ေတြ၊ ေတာ္ေတာ္မ်ားမ်ားရွိပါတယ္။ ဒါေပမယ့္လည္း တခ်ိဳ႕႔က ဆက္သြယ္မယ့္ လမ္းေၾကာင္းမသိတာေတြ၊ ဥပမာ ဆက္သြယ္ေရးလမ္းေၾကာင္း ေျပာင္းၿပီးေတာ့ ဆက္သြယ္လာတာေတြလည္းရွိတယ္။ က်ေနာ္တို႔အဖြဲ႔ အစည္းအပါအဝင္ က်ေနာ္တုိ႔ ညီေနွာင္မဟာမိတ္အဖြဲ႔နဲ႔ ဆက္သြယ္ရထားတဲ့ PDF ေတြကို သီျခားစိစစ္ၿပီးေတာ့ သူတို႔ရဲ႕ လုပ္ေဆာင္ခ်က္၊ ေခါင္းေဆာင္ေတြရဲ႕အရည္အေသြး၊ စြမ္းေဆာင္မွုေတြေပၚမွာ မူတည္ၿပီးေတာ့ ကူညီသင့္ မကူညီသင့္ဆိုတာကေတာ့ တဖြဲ႔ခ်င္းအေနနဲ႔ေသာ္လည္းေကာင္း ညီေနာင္ မဟာမိတ္ၾကားမွာေသာ္လည္းေကာင္း ေဆြးေႏြးတိုင္ပင္ လုပ္ေဆာင္သြားဖို႔ ရွိပါတယ္။” ...လို႔ ရခိုင္ဘာသာနဲ႔ ေျပာသြားတာပါ။

AA အဖြဲ႔နဲ႔ အလြတ္သေဘာ ေတြ႔ဆံုလိုေၾကာင္း NUG ဘက္က မၾကာခင္ကပဲ ကမ္းလွမ္းထားပါတယ္။ AA ဘက္ ကေတာ့ ေတြ႔မေတြ႔ကို မဆံုးျဖတ္ရေသးဘူးလို႔ ဒီေန႔သတင္းစာ႐ွင္းပြဲမွာ တံု႔ျပန္သြားပါတယ္။ AA အေနနဲ႔ ရခိုင္ျပည္နယ္အေရးကို ေ႐ွ႕တန္းတင္တဲ့ ရကၡိတလမ္းစဥ္ကို သြားေနတာ ခရီးတဝက္ေရာက္ေနၿပီျဖစ္တဲ့အတြက္ တျခားေသာကိစၥေတြမွာ ပါဝင္ဖုိ႔မ႐ွိဘူးလို႔လည္း AA အဖဲ႔ြေျပာခြင့္ရ ခုိင္သုခက သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားသြားပါတယ္။ ဒါေပမယ့္ စစ္အာဏာ႐ွင္ အျမစ္ျပတ္ေရးလုပ္ေဆာင္ေနၾကသူေတြကို ကုိယ္ခ်င္းစာသလို အသိအမွတ္လည္းျပဳတယ္လို႔လည္း သူေျပာၾကားသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============


[[Zawgyi/Unicode]]


ရခိုင်တောင်ပိုင်း AA အုပ်ချုပ်ရေး စစ်ကောင်စီ နှောင့်ယှက်ရင် တိုက်ပွဲဖြစ်ပွားနိုင် (AA ပြောခွင့်ရ)

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA အဖွဲ့ထိန်းချုပ်မှုသိပ်မရှိတဲ့ ပြည်နယ်တောင်ပိုင်းက ကျောက်ဖြူ၊ တောင်ကုတ်နဲ့ ရမ်းဗြဲမြို့နယ်တွေမှာ ULA/AA က လုပ် ဆောင်နေတဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေကို စစ်ကောင်စီဘက်က အင်းအားသုံး နှောင့်ယှက်နေတယ်လို့ AA ကစွပ်စွဲလိုက်ပါတယ်။ စစ်ကောင်စီအနေနဲ့ ULA/AAရဲ့ လုပ်ငန်းတွေကို အခုလို ဆက်ပြီးနှောင့်ယှက်နေမယ်ဆိုရင် တိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခ က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ NUG နဲ့ပူးပေါင်းဖို့ အစီအစဉ် ရှိမရှိ AA ရဲ့ သဘောထားတွေကို ပြောကြားခဲ့တဲ့ သတင်းစာရှင်းပွဲအကြောင်း အပြည့်အစုံ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားလက်နက်ကိုင် AA အဖွဲနဲ့ စစ်တပ်တို့ကြား ၂၀၁၉ ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် AA အဖွဲ့က အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးပိုင်းတွေကို အာရုံစိုက်လုပ်နေပါတယ်။ AA အင်အားကောင်းတဲ့နေရာတွေမှာ တရားသူကြီးတွေ၊ ရှေ့နေတွေ၊ ဒေသခံ ရခိုင်ပြည်သူတွေပါဝင်တဲ့ ULA တရားရုံးတွေကိုလည်း မြို့ နယ်တွေမှာ ဖွင့်လှစ်ထားပါတယ်။ ရခိုင်ပြည်နယ်တောင်းပိုင်း မြို့နယ်တချို့က ULA/AA တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို စစ်ကောင်စီဘက်က အင်းအားသုံး နှောင့်ယှက်နေတယ်လို့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။ ဒီနေ့ ဧပြီလ ၅ ရက်နေ့မှာ ULA/AA ပြုလုပ်တဲ့ Online သတင်းစာရှင်းလင်းပွဲအတွင်း AA ဆောင်ရွက်နေတဲ့ တရားစီရင်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဗွီအိုအေသတင်းဌာနာက မေးမြန်းတဲ့မေးခွန်းကို ခိုင်သုခက ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“လက်ရှိရခိုင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို စစ်ကောင်စီဘက်က ကျနော်တို့ဆီကို တောက်လျောက် စာရေးပြီးတော့ကန့်ကွက်နေတာတွေ၊ မြေပြင်မှာလည်း မြန်မာစစ်တပ်အနေနဲ့ အနှောင့်အယှက်ပေးနေတာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်၊ ဥပမာ- အခု ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်တွေဘက်မှာ ကျနော်တို့ တရားရုံးတွေကို လာပြီး မြန်မာစစ်တပ်က အင်အားသုံး နှောင့်ယှက်နေ တာတွေရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ ရခိုင်ဒေသမှာ လုပ်နေတဲ့ သဟဇာတဖြစ်ရေး၊ မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ကျနော်တို့ကြားမှာ သဟဇာတဖြစ်ရေးတွေ လုပ်ဆောင်နေတာရှိတယ်။ အဲဒါကို မြန်မာစစ်တပ်ဘက်က “လုံးဝမလုပ်နဲ၊့ မွတ်ဆလင်တွေကို လုံးဝ မစည်းရုံးနဲ့၊ တွေ့ဆုံတာတွေ မလုပ်နဲ့။” ... ဆိုတာမျိုး ကန့်ကွက်တာတွေ ရှိနေပါတယ်။”

ULA/AA ရဲ့ လုပ်ငန်းတွေကို အခုလို စစ်ကောင်စီဘက်က လုပ်ရပ်တွေကြောင့် AA အဖွဲ့နဲ့ စစ်ကောင်စီကြား အခု ၂၀၂၂ ခုနှစ်ထဲမှာ တင်းမာမှုမြင့်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်က ဆက်ပြီးတော့ နှောင့်ယှက်နေမယ်ဆိုရင် တင်းမာမှုကနေ တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့လည်း AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗွီအိုအေကို ပြောဆိုသွားပါတယ်။

“မြန်မာစစ်တပ်နဲ့ ကျနော်တို့ ULA/AA ဦးဆောင်တဲ့ ရက္ခိုင်ပြည်သူ့အစိုးရကြားမှာ တင်းမာမှုတချို့လည်း ဒီလပိုင်းတွေမှာ မြင့်တက်လာတာရှိတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ မြင့်တက်လာတဲ့ တင်းမာမှုတွေကို လျှော့ချပြီးတော့ ထိပ်တိုက်ရင်ဆိုင်မှုတွေ မဖြစ်ရအောင် ကြားလူတွေကတဆင့် ကျနော်တို့နဲ့ သူတို့ကြားမှာ အပြန်အလှန်စကားပြောနေတာတွေရှိပါတယ်။ သို့သော်လည်း မြန်မာစစ်တပ်ဘက်က အခုလို ဆက်ပြီးတော့ လုပ်လာမယ် ဆိုရင် တင်းမာမှုကနေတဆင့် ထိပ်တိုက်ရင်ဆိုင်မှုအထိ မရောက်လာနိုင်ဘူးလို့တော့ ပြောလို့မရပါ၊ ဒါကြောင့် ဒီကိစ္စကို မြန်မာစစ်တပ်ဘက်က သတိထားလုပ်ဆောင်ဖို့ ပြောချင်ပါတယ်။”

AA အဖွဲ့က ဆောင်ရွက်နေတဲ့ ULA အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးရုံးတွေကို စစ်ကောင်စီဘက်က တရားဝင် အသိအမှတ်မပြုပေမယ့် ဒေသခံပြည်သူတွေကတော့ ပြဿနာဖြစ်လာရင် AA စီစဉ်ဖွင့်ထားတဲ့ ULA တရားရုံးတွေမှာပဲ သွားရောက် တိုင်ကြား ဖြေရှင်းနေကြတာများပါတယ်။ တချိန်တည်းမှာပဲ ဒီတရားစီရင်ရေး လုပ်ငန်းတွေအပေါ် ရခိုင်ပြည်သူတွေကြား ဝေဖန်မှုတွေလည်းရှိနေပါတယ်။ လတ်တလောမှာပဲ မြောက်ဦးမြို့နယ်က ဒေသခံတစ်ဦး ULA/AAက ဖမ်းဆီးစစ်ဆဲနေစဉ် သေဆုံးသွားခဲ့ပါတယ်။ ULA/AA ဘက်ကတော့ သေဆုံးသွားသူမှာ ULA/AAက ဖမ်းဆီးထားစဉ် သေဆုံးတာမှန်ကန်ပေမယ့် သေဆုံးသူမှာ ဆီးချို ရောဂါအခံကြောင့် သေဆုံး သွားတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီနေ့ အွန်လိုင်းပေါ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲအတွင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ AA ပူးပေါင်းဆောင်ရွက်ဖို့ရှိ မရှိမေးခွန်းကိုလည်း သတင်းထောက်တွေ မေးခဲ့ကြပါတယ်။ ဒါနဲ့ပတ်သက်လို့ ခိုင်သုခက ခုလို တုံ့ပြန်ပါတယ်။

“NUG နဲ့ ကျနော်တို့ တရားဝင်ဆွေးနွေးတာ မရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့ ဘာတွေဆွေးနွေးထားတယ်ဆိုတာ ဆက်ပြောစရာတော့ မရှိပါဘူး။ နွေဦးတော်လှန်ရေးမှာ ပါဖို့ရှိလားဆိုတဲ့ မေးခွန်းကတော့ စစ်ရေးကိစ္စတွေ ပါဝင်နေတာကြောင့် ကျနော့်အနေနဲ့ ဖြေဆိုဖို့ အဆင်မပြေပါဘူး,”..
နွေဦးတော်လှန်ရေးစတဲ့ နေ့ကတည်းက ဒီနေ့အထိ ကျနော်တို့ဆီကို ဆက်သွယ်လာတဲ့ တနိုင်ငံလုံးက PDF အဖွဲ့တွေ၊ တော်တော်များများရှိပါတယ်။ ဒါပေမယ့်လည်း တချို့က ဆက်သွယ်မယ့် လမ်းကြောင်းမသိတာတွေ၊ ဥပမာ ဆက်သွယ်ရေးလမ်းကြောင်း ပြောင်းပြီးတော့ ဆက်သွယ်လာတာတွေလည်းရှိတယ်။ ကျနော်တို့အဖွဲ့ အစည်းအပါအဝင် ကျနော်တို့ ညီနှောင်မဟာမိတ်အဖွဲ့နဲ့ ဆက်သွယ်ရထားတဲ့ PDF တွေကို သီခြားစိစစ်ပြီးတော့ သူတို့ရဲ့ လုပ်ဆောင်ချက်၊ ခေါင်းဆောင်တွေရဲ့အရည်အသွေး၊ စွမ်းဆောင်မှုတွေပေါ်မှာ မူတည်ပြီးတော့ ကူညီသင့် မကူညီသင့်ဆိုတာကတော့ တဖွဲ့ချင်းအနေနဲ့သော်လည်းကောင်း ညီနောင် မဟာမိတ်ကြားမှာသော်လည်းကောင်း ဆွေးနွေးတိုင်ပင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။” ...လို့ ရခိုင်ဘာသာနဲ့ ပြောသွားတာပါ။
.....

AA အဖွဲ့နဲ့ အလွတ်သဘော တွေ့ဆုံလိုကြောင်း NUG ဘက်က မကြာခင်ကပဲ ကမ်းလှမ်းထားပါတယ်။ AA ဘက် ကတော့ တွေ့မတွေ့ကို မဆုံးဖြတ်ရသေးဘူးလို့ ဒီနေ့သတင်းစာရှင်းပွဲမှာ တုံ့ပြန်သွားပါတယ်။ AA အနေနဲ့ ရခိုင်ပြည်နယ်အရေးကို ရှေ့တန်းတင်တဲ့ ရက္ခိတလမ်းစဉ်ကို သွားနေတာ ခရီးတဝက်ရောက်နေပြီဖြစ်တဲ့အတွက် တခြားသောကိစ္စတွေမှာ ပါဝင်ဖို့မရှိဘူးလို့လည်း AA အဖဲ့ွပြောခွင့်ရ ခိုင်သုခက သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ ဒါပေမယ့် စစ်အာဏာရှင် အမြစ်ပြတ်ရေးလုပ်ဆောင်နေကြသူတွေကို ကိုယ်ချင်းစာသလို အသိအမှတ်လည်းပြုတယ်လို့လည်း သူပြောကြားသွားခဲ့ပါတယ်။

=============

XS
SM
MD
LG