[[Zawgyi/Unicode]]
ရခိုင္ျပည္နယ္ရဲ႕ ေရွးေဟာင္းၿမိဳ႕ေတာ္ ေျမာက္ဦးၿမိဳ႕မွာ မေန႔က ညေနပိုင္း ေသနတ္သံေတြ ၾကားခဲ့ရလို႔ စစ္ပြဲေတြ ျပန္ျဖစ္လာမလား စိုးရိမ္မႈတိုးလာပါတယ္။ AA အဖြဲ႕နဲ႔ စစ္ေကာင္စီၾကား အျပန္အလွန္ၿခိမ္းေျခာက္မႈေတြနဲ႔ စစ္ေရးတင္းမာေနတဲ့အခ်ိန္ျဖစ္တာမို႔ ေဒသတြင္း စိုးရိမ္မႈေတြျဖစ္လာတာပါ။ ရန္ကုန္ကေနေပးပို႔တဲ့သတင္း ကိုၿငိမ္းခ်မ္းက တင္ျပေပးထားပါတယ္။
စစ္ဒဏ္ခံခဲ့ရတဲ့ ေျမာက္ဦးတဝိုက္မွာ ေသနက္သံေတြ တိတ္ဆိတ္ေနခဲ့တာ ႏွစ္ႏွစ္ေက်ာ္ၾကာခဲ့ၿပီးေနာက္ အခုလို ေျမာက္ဦးၿမိဳ႕ေပၚ ေသနတ္သံေတြ ျပန္ၾကားလာခဲ့တာပါ။ AA ရခိုင္အဖြဲ႔ ထိန္းခ်ဳပ္ရာ ရခိုင္ေဒသမွာ စစ္ေကာင္စီတပ္ လႈပ္ရွားမႈေတြတိုးလာေၾကာင့္ ထိပ္တိုက္ေတြ႔မႈေတြ ျပန္ျဖစ္ႏိုင္တယ္လို႔ AA ေခါင္းေဆာင္ပိုင္းက သတိေပးေျပာဆိုေနသလို မၾကာေသးခင္ကလည္း AA ေခါင္းေဆာင္ေတြနဲ႔ ၾကားကာလအမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ေခါင္းေဆာင္ေတြ အြန္လိုင္းေပၚကတဆင့္ ေတြ႔ဆုံတာေတြရွိခဲ့ပါတယ္။
ေမလ ၁၉ ရက္ ဒီကေန႔လုပ္တဲ့ စစ္ေကာင္စီသတင္းစာရွင္းလင္းပြဲမွာလည္း “ရခိုင္မွာ ျပႆနာေတြ ထပ္တက္လာရင္ တပ္မေတာ္ကိုအဆိုးမဆိုပါနဲ႔” ဆိုၿပီး ေျပာခြင့္ရသူ ဗိုလ္ ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသြားပါတယ္။ ဒီလို အျပန္အလွန္တင္းမာေနတဲ့အခ်ိန္မွာပဲ မေန႔က ည ၉ နာရီဝန္းက်င္ေလာက္မွာ ေျမာက္ ဦးၿမိဳ႕ ေတာင္ဘက္ပိုင္းမွာ ေသနတ္သံေတြ ၾကားရတာေၾကာင့္ တိုက္ပြဲျဖစ္ပြားမွာကို ေဒသခံေတြ စိုးရိမ္ေနၾကတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးထြန္းသာစိန္ကေျပာပါတယ္။
“မေန႔က ညေန ၈ နာရီ ၉ နာရီေလာက္မွာ ေျမာက္ဦးၿမိဳ႕ရဲ႕ ေတာင္ဘက္ပိုင္းေလာက္ကေနၿပီးေတာ့ ေသနတ္သံေတြ ၾကားရတယ္လို႔ ၿမိဳ႕ခံေတြက ေျပာၾကတယ္။ က်ေနာ္တို႔က ၂၀၂၀ ေ႐ြးေကာက္ပြဲ ၿပီးတဲ့ေနာက္ပိုင္းမွာ ေသနတ္သံေတြ မၾကားရတာေပါ့ေနာ္။ အခု က၂၀၂၂ ဆိုေတာ့ ၂ ႏွစ္ေက်ာ္၊ ၂ ႏွစ္ေလာက္ေတာ့ ၾကာသြားၿပီေပါ့ေနာ္။ အခုက ေသနတ္သံေတြ ေပၚထြက္လာတယ္ ဆိုေတာ့ ၿမိဳ႕ခံေတြက ေတာ္ေတာ္ေလး စိုးရိမ္ေနၾကတာကို ေတြ႔ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၂၀၂၀ မတိုင္ခင္ကတည္းက သူတို႔က စစ္ေဘးစစ္ ဒဏ္ကို ခံၿပီးၿပီေပါ့ေနာ္။ ေနာက္လည္း စစ္ျဖစ္ေတာ့မွာ ဒီလိုမ်ိဳး စိုးရိမ္စိတ္ေတြ ျဖစ္လာၾကတယ္။ မေန႔က ေသနတ္သံေတြ ထြက္ေပၚၿပီးေနာက္ ၿမိဳ႕ခံေတြက ေတာ္ေတာ္စိုးရိမ္ ေနၾကပါတယ္။”
ေျမာက္ဦးၿမိဳ႕ေပၚေနထိုင္သူတဦးျဖစ္တဲ့ ေဒၚညိဳမီထြန္းကလည္း မေန႔က ေသနတ္ပစ္သံေတြ ၾကားရတာေၾကာင့္ တိုက္ပြဲ ျဖစ္မွာကို စိုးရိမ္ေနပါတယ္။ တိုက္ပြဲျဖစ္လာရင္ လမ္းပန္းဆက္သြယ္ေရးနဲ႔ စားဝတ္ေနေရး အဆင္မေျပေတာ့သလို အသက္အႏၲရာယ္လည္း စိုးရိမ္မိတယ္လို႔ ေဒၚညိဳမီထြန္းကေျပာပါတယ္။
“တိုက္ပြဲေတြ ျဖစ္လာမွာကို စိုးရိမ္တာေပါ့။ဘာျဖစ္လို႔လဲဆိုေတာ့ တိုက္ပြဲျဖစ္ လာရင္ လမ္းပန္းဆက္သြယ္ေရးေတြ ခက္ခဲလာမယ္၊ အဲလိုျဖစ္လာရင္ နယ္ေတြကလာၿပီး ေဈးေရာင္းသူေတြလည္း မရွိေတာ့ဘူး။ သူတို႔လာမေရာင္းရင္ ဒီက ဝယ္စားရတဲ့ သူေတြကလည္း အခက္အခဲျဖစ္တယ္၊ အဲလိုပဲ တၿမိဳ႕နဲ႔ တၿမိဳ႕နဲ႔ ကားလမ္းခရီးေတြ၊ ေရလမ္းခရီးေတြနဲ႔သြားၿပီး စီးပြားေရးေတြလုပ္ေနတာ ဟိုနားမွာတိုက္ပြဲ၊ ဒီနားမွာ တိုက္ပြဲ ျဖစ္ေနရင္ ကိုယ့္ရဲ႕အသက္အႏၲရာယ္ေတြလည္း စိုးရိမ္ရသလို စားဝတ္ေနေရးေတြ လည္းပိုခက္ခဲလာမယ္။ ဒါေၾကာင့္မလို႔ တိုက္ပြဲ ျဖစ္မွာကို ေၾကာက္တယ္။”
ရခိုင္ျပည္နယ္မွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ ျမန္မာစစ္တပ္ၾကား နားလည္ မႈနဲ႔ အပစ္ရပ္ထားတာ အခုဆိုရင္ ၂ ႏွစ္နီးပါးရွိလာေပမယ့္ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးလာတဲ့ စစ္ေဘးဒုကၡသည္ ၇ ေသာင္းနီးပါး အခုအခ်ိန္ထိ ေနရပ္မျပန္ႏိုင္ေသးပါဘူး။
လက္ရွိမွာလည္း AA အဖြဲ႕နဲ႔ ျမန္မာစစ္တပ္ၾကား တင္းမာမႈေတြျမင့္တက္လာေနတာေၾကာင့္ တိုက္ပြဲ ျဖစ္ပြားမွာကို စိုးရိမ္မႈတိုးလာပါတယ္။ ကုန္ေဈးႏႈန္းေတြတက္ၿပီး ပို႔ကုန္သြင္းကုန္ေတြ ခက္ခဲေနခ်ိန္မွာ တိုက္ပြဲျဖစ္လာခဲ့ရင္ ျပည္သူေတြ ပိုၿပီးေတာ့ အခက္ေတြ႔ ႏိုင္တယ္လို႔လည္း ေျမာက္ဦးၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးထြန္းသာစိန္ကေျပာပါတယ္။
“အခုက ကုန္ေဈးႏႈန္းေတြကလည္း တက္ေနတယ္။ ၿပီးေတာ့ ျပည္မက ကုန္စည္ စီးဆင္းမႈေတြကလည္း သိပ္မေျဖာင့္ဘူးေပါ့ေနာ္၊ အဲဒီအေပၚမွာ မီးဖိုေခ်ာင္ သုံးပစၥည္းကအစ ပစၥည္းအကုန္လုံးလုံးဟာ ေဈးႏႈန္းေတြ အဆမတန္ျမင့္တက္ေနတယ္။ တကယ္လို႔ မ်ား တိုက္ပြဲ ျဖစ္လာလို႔ရွိရင္ အဓိက ဒုကၡေရာက္မယ့္သူေတြကေတာ့ ျပည္သူလူထုပါပဲ။”
AA ရခိုင္အဖြဲ႕ရဲ႕ တရားစီရင္ေရးနဲ႔ အုပ္ခ်ဳပ္ေရးလုပ္ငန္းေတြကို ျမန္မာစစ္တပ္က ဝင္ေရာက္ေႏွာင့္ယွက္ေနတာေတြ၊ ေဒသခံေတြကို AA နဲ႔ ဆက္စပ္တယ္ ဆိုၿပီး ဖမ္းဆီးစစ္ေဆးတာေတြလုပ္ေဆာင္ေနတာေၾကာင့္ AA နဲ႔ စစ္တပ္ၾကား တင္းမာမႈေတြရွိခဲ့တာပါ။ ဒါေၾကာင့္လည္း အခ်ိန္မေ႐ြးတိုက္ပြဲျဖစ္လာႏိုင္တယ္ ဆိုၿပီး ျပည္သူေတြ သတိထားသြားလာၾကဖို႔ ၿပီးခဲ့တဲ့ရက္ပိုင္းကတည္းက AA အဖြဲ႔ဘက္က သတိေပးထားတာရွိပါတယ္။
ျမန္မာစစ္ေကာင္စီအႀကီးအကဲကေတာ့ အခုႏွစ္ကို ၿငိမ္းခ်မ္းေရးႏွစ္သတ္မွတ္ၿပီး ၿငိမ္းခ်မ္းေရးရေအာင္ သူကိုယ္တိုင္ တိုင္ရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံမယ္လို႔ ကမ္းလွမ္းထားပါတယ္။ ဒီကမ္းလွမ္းခ်က္အေပၚ AA ဘက္က တရားဝင္ တုံ႔ျပန္တာမ်ိဳးမရွိေသးပါဘူး။
#RakhineConflict #AARakhine #VOABurmese #AA #ဦးထြန္းသာစိန္ #ေျမာက္ဦး #ၿငိမ္းခ်မ္းေရးႏွစ္ #ဗီြအိုေအ
=============
[[Unicode]]
မြောက်ဦးမြို့ပြင် သေနက်သံကြောင့် စိုးရိမ်မှုတိုးလာ
ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှာ မနေ့က ညနေပိုင်း သေနတ်သံတွေ ကြားခဲ့ရလို့ စစ်ပွဲတွေ ပြန်ဖြစ်လာမလား စိုးရိမ်မှုတိုးလာပါတယ်။ AA အဖွဲ့နဲ့ စစ်ကောင်စီကြား အပြန်အလှန်ခြိမ်းခြောက်မှုတွေနဲ့ စစ်ရေးတင်းမာနေတဲ့အချိန်ဖြစ်တာမို့ ဒေသတွင်း စိုးရိမ်မှုတွေဖြစ်လာတာပါ။ ရန်ကုန်ကနေပေးပို့တဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
စစ်ဒဏ်ခံခဲ့ရတဲ့ မြောက်ဦးတဝိုက်မှာ သေနက်သံတွေ တိတ်ဆိတ်နေခဲ့တာ နှစ်နှစ်ကျော်ကြာခဲ့ပြီးနောက် အခုလို မြောက်ဦးမြို့ပေါ် သေနက်သံတွေ ပြန်ကြားလာခဲ့တာပါ။ AA ရခိုင်အဖွဲ့ ထိန်းချုပ်ရာ ရခိုင်ဒေသမှာ စစ်ကောင်စီတပ် လှုပ်ရှားမှုတွေတိုးလာကြောင့် ထိပ်တိုက်တွေ့မှုတွေ ပြန်ဖြစ်နိုင်တယ်လို့ AA ခေါင်းဆောင်ပိုင်းက သတိပေးပြောဆိုနေသလို မကြာသေးခင်ကလည်း AA ခေါင်းဆောင်တွေနဲ့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေ အွန်လိုင်းပေါ်ကတဆင့် တွေ့ဆုံတာတွေရှိခဲ့ပါတယ်။
မေလ ၁၉ ရက် ဒီကနေ့လုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာလည်း “ရခိုင်မှာ ပြဿနာတွေ ထပ်တက်လာရင် တပ်မတော်ကိုအဆိုးမဆိုပါနဲ့” ဆိုပြီး ပြောခွင့်ရသူ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။ ဒီလို အပြန်အလှန်တင်းမာနေတဲ့အချိန်မှာပဲ မနေ့က ည ၉ နာရီဝန်းကျင်လောက်မှာ မြောက် ဦးမြို့ တောင်ဘက်ပိုင်းမှာ သေနတ်သံတွေ ကြားရတာကြောင့် တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်ကပြောပါတယ်။
“မနေ့က ညနေ ၈ နာရီ ၉ နာရီလောက်မှာ မြောက်ဦးမြို့ရဲ့ တောင်ဘက်ပိုင်းလောက်ကနေပြီးတော့ သေနတ်သံတွေ ကြားရတယ်လို့ မြို့ခံတွေက ပြောကြတယ်။ ကျနော်တို့က ၂၀၂၀ ရွေးကောက်ပွဲ ပြီးတဲ့နောက်ပိုင်းမှာ သေနတ်သံတွေ မကြားရတာပေါ့နော်။ အခု က၂၀၂၂ ဆိုတော့ ၂ နှစ်ကျော်၊ ၂ နှစ်လောက်တော့ ကြာသွားပြီပေါ့နော်။ အခုက သေနတ်သံတွေ ပေါ်ထွက်လာတယ် ဆိုတော့ မြို့ခံတွေက တော်တော်လေး စိုးရိမ်နေကြတာကို တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၀ မတိုင်ခင်ကတည်းက သူတို့က စစ်ဘေးစစ် ဒဏ်ကို ခံပြီးပြီပေါ့နော်။ နောက်လည်း စစ်ဖြစ်တော့မှာ ဒီလိုမျိုး စိုးရိမ်စိတ်တွေ ဖြစ်လာကြတယ်။ မနေ့က သေနတ်သံတွေ ထွက်ပေါ်ပြီးနောက် မြို့ခံတွေက တော်တော်စိုးရိမ် နေကြပါတယ်။”
မြောက်ဦးမြို့ပေါ်နေထိုင်သူတဦးဖြစ်တဲ့ ဒေါ်ညိုမီထွန်းကလည်း မနေ့က သေနတ်ပစ်သံတွေ ကြားရတာကြောင့် တိုက်ပွဲ ဖြစ်မှာကို စိုးရိမ်နေပါတယ်။ တိုက်ပွဲဖြစ်လာရင် လမ်းပန်းဆက်သွယ်ရေးနဲ့ စားဝတ်နေရေး အဆင်မပြေတော့သလို အသက်အန္တရာယ်လည်း စိုးရိမ်မိတယ်လို့ ဒေါ်ညိုမီထွန်းကပြောပါတယ်။
“တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တာပေါ့။ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲဖြစ် လာရင် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲလာမယ်၊ အဲလိုဖြစ်လာရင် နယ်တွေကလာပြီး ဈေးရောင်းသူတွေလည်း မရှိတော့ဘူး။ သူတို့လာမရောင်းရင် ဒီက ဝယ်စားရတဲ့ သူတွေကလည်း အခက်အခဲဖြစ်တယ်၊ အဲလိုပဲ တမြို့နဲ့ တမြို့နဲ့ ကားလမ်းခရီးတွေ၊ ရေလမ်းခရီးတွေနဲ့သွားပြီး စီးပွားရေးတွေလုပ်နေတာ ဟိုနားမှာတိုက်ပွဲ၊ ဒီနားမှာ တိုက်ပွဲ ဖြစ်နေရင် ကိုယ့်ရဲ့အသက်အန္တရာယ်တွေလည်း စိုးရိမ်ရသလို စားဝတ်နေရေးတွေ လည်းပိုခက်ခဲလာမယ်။ ဒါကြောင့်မလို့ တိုက်ပွဲ ဖြစ်မှာကို ကြောက်တယ်။”
ရခိုင်ပြည်နယ်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား နားလည် မှုနဲ့ အပစ်ရပ်ထားတာ အခုဆိုရင် ၂ နှစ်နီးပါးရှိလာပေမယ့် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ၇ သောင်းနီးပါး အခုအချိန်ထိ နေရပ်မပြန်နိုင်သေးပါဘူး။
လက်ရှိမှာလည်း AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တင်းမာမှုတွေမြင့်တက်လာနေတာကြောင့် တိုက်ပွဲ ဖြစ်ပွားမှာကို စိုးရိမ်မှုတိုးလာပါတယ်။ ကုန်ဈေးနှုန်းတွေတက်ပြီး ပို့ကုန်သွင်းကုန်တွေ ခက်ခဲနေချိန်မှာ တိုက်ပွဲဖြစ်လာခဲ့ရင် ပြည်သူတွေ ပိုပြီးတော့ အခက်တွေ့ နိုင်တယ်လို့လည်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်ကပြောပါတယ်။
“အခုက ကုန်ဈေးနှုန်းတွေကလည်း တက်နေတယ်။ ပြီးတော့ ပြည်မက ကုန်စည် စီးဆင်းမှုတွေကလည်း သိပ်မဖြောင့်ဘူးပေါ့နော်၊ အဲဒီအပေါ်မှာ မီးဖိုချောင် သုံးပစ္စည်းကအစ ပစ္စည်းအကုန်လုံးလုံးဟာ ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတယ်။ တကယ်လို့ များ တိုက်ပွဲ ဖြစ်လာလို့ရှိရင် အဓိက ဒုက္ခရောက်မယ့်သူတွေကတော့ ပြည်သူလူထုပါပဲ။”
AA ရခိုင်အဖွဲ့ရဲ့ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို မြန်မာစစ်တပ်က ဝင်ရောက်နှောင့်ယှက်နေတာတွေ၊ ဒေသခံတွေကို AA နဲ့ ဆက်စပ်တယ် ဆိုပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်နေတာကြောင့် AA နဲ့ စစ်တပ်ကြား တင်းမာမှုတွေရှိခဲ့တာပါ။ ဒါကြောင့်လည်း အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ် ဆိုပြီး ပြည်သူတွေ သတိထားသွားလာကြဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက AA အဖွဲ့ဘက်က သတိပေးထားတာရှိပါတယ်။
မြန်မာစစ်ကောင်စီအကြီးအကဲကတော့ အခုနှစ်ကို ငြိမ်းချမ်းရေးနှစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေးရအောင် သူကိုယ်တိုင် တိုင်ရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ကမ်းလှမ်းထားပါတယ်။ ဒီကမ်းလှမ်းချက်အပေါ် AA ဘက်က တရားဝင် တုံ့ပြန်တာမျိုးမရှိသေးပါဘူး။
#RakhineConflict #AARakhine #VOABurmese #AA #ဦးထွန်းသာစိန် #မြောက်ဦး #ငြိမ်းချမ်းရေးနှစ် #ဗွီအိုအေ
=============