[[Zawgyi/Unicode]]
အေမရိကန္နာမည္ေက်ာ္ ေမာ္ဒယ္နဲ႔႐ုပ္ရွင္မင္းသမီးႀကီး Raquel Welch ဗုဒၶဟူးေန႔က ကြယ္လြန္သြားေၾကာင္း သူ႔ရဲ႕ကိုယ္စားလွယ္က သတင္းထုတ္ျပန္လိုက္ပါတယ္။ ရက္အနည္းငယ္ၾကာ ေနမေကာင္းျဖစ္ၿပီးေနာက္ ကြယ္လြန္သြားတာလို႔ ဆိုပါတယ္။
ကြယ္လြန္ခ်ိန္မွာ အသက္ ၈၂ ႏွစ္ ရွိၿပီျဖစ္တဲ့ Raquel Welch ဟာ ၁၉၆၀ နဲ႔ ၁၉၇၀ ျပည့္လြန္ႏွစ္ေတြမွာ ေဟာလီးဝုဒ္ရဲ႕ ညႇိဳ႕ငင္အားေကာင္းသူအျဖစ္ ႏိုင္ငံတကာမွာ ထင္ရွားေက်ာ္ၾကားခဲ့သူပါ။
၁၉၆၆ ခုႏွစ္က One Million Years BC. ႐ုပ္ရွင္မွာ ဘီကီနီ ေရကူးဝတ္စုံဝတ္ၿပီး ဂူေအာင္း အမ်ိဳးသမီးအျဖစ္ သ႐ုပ္ေဆာင္ခဲ့တာကို လူအမ်ားကမွတ္မိေနၾကၿပီး ၁၉၇၄ ခုႏွစ္မွာ သူရဲေကာင္း ၃ ေယာက္ (The Three Musketeers) ႐ုပ္ရွင္ကားနဲ႔လည္း ေ႐ႊကမာၻလုံး ႐ုပ္ရွင္ထူးခြၽန္ဆုရရွိခဲ့ပါတယ္။
သူဟာ သ႐ုပ္ေဆာင္အျပင္ အဆိုနဲ႔အကပိုင္းမွာလည္း ကြၽမ္းက်င္ခဲ့ၿပီး အႏုပညာအကဲျဖတ္ေတြကို အံ့အားသင့္ေစခဲ့သူလည္း ျဖစ္ပါတယ္။
႐ုပ္ရွင္နဲ႔ ႐ုပ္ျမင္သံၾကားဇာတ္လမ္းတြဲမ်ားစြာ ႐ိုက္ကူးခဲ့ၿပီး သူ႔ရဲ႕ပုံရိပ္ကို မီဒီယာမ်ိဳးစုံက ေဖာ္ျပခဲ့သလို နာမည္ေက်ာ္ေအာ္စကာဆုရ The Shawshank Redemption ႐ုပ္ရွင္ရဲ႕ အထြဋ္အထိပ္ ဇာတ္ဝင္ခန္းတခုမွာလည္း သူ႔ပိုစတာပုံရိပ္ကို ထည့္သြင္း႐ိုက္ကူးခဲ့ပါတယ္။
အိမ္ေထာင္ ၄ ဆက္ရွိခဲ့တဲ့ Raquel Welch ဟာ သားသမီး ၂ ေယာက္ထြန္းကားခဲ့ၿပီး သမီးျဖစ္သူ Tahnee Welch ကလည္း ႐ုပ္ရွင္သ႐ုပ္ေဆာင္တဦး ျဖစ္ပါတယ္။
============
[[Unicode]]
ဟောလိဝုဒ်မင်းသမီး Raquel Welch ကွယ်လွန်
အမေရိကန်နာမည်ကျော် မော်ဒယ်နဲ့ရုပ်ရှင်မင်းသမီးကြီး Raquel Welch ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားကြောင်း သူ့ရဲ့ကိုယ်စားလှယ်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ရက်အနည်းငယ်ကြာ နေမကောင်းဖြစ်ပြီးနောက် ကွယ်လွန်သွားတာလို့ ဆိုပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ Raquel Welch ဟာ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဟောလီးဝုဒ်ရဲ့ ညှို့ငင်အားကောင်းသူအဖြစ် နိုင်ငံတကာမှာ ထင်ရှားကျော်ကြားခဲ့သူပါ။
၁၉၆၆ ခုနှစ်က One Million Years BC. ရုပ်ရှင်မှာ ဘီကီနီ ရေကူးဝတ်စုံဝတ်ပြီး ဂူအောင်း အမျိုးသမီးအဖြစ် သရုပ်ဆောင်ခဲ့တာကို လူအများကမှတ်မိနေကြပြီး ၁၉၇၄ ခုနှစ်မှာ သူရဲကောင်း ၃ ယောက် (The Three Musketeers) ရုပ်ရှင်ကားနဲ့လည်း ရွှေကမ္ဘာလုံး ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့ပါတယ်။
သူဟာ သရုပ်ဆောင်အပြင် အဆိုနဲ့အကပိုင်းမှာလည်း ကျွမ်းကျင်ခဲ့ပြီး အနုပညာအကဲဖြတ်တွေကို အံ့အားသင့်စေခဲ့သူလည်း ဖြစ်ပါတယ်။
ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများစွာ ရိုက်ကူးခဲ့ပြီး သူ့ရဲ့ပုံရိပ်ကို မီဒီယာမျိုးစုံက ဖော်ပြခဲ့သလို နာမည်ကျော်အော်စကာဆုရ The Shawshank Redemption ရုပ်ရှင်ရဲ့ အထွဋ်အထိပ် ဇာတ်ဝင်ခန်းတခုမှာလည်း သူ့ပိုစတာပုံရိပ်ကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။
အိမ်ထောင် ၄ ဆက်ရှိခဲ့တဲ့ Raquel Welch ဟာ သားသမီး ၂ ယောက်ထွန်းကားခဲ့ပြီး သမီးဖြစ်သူ Tahnee Welch ကလည်း ရုပ်ရှင်သရုပ်ဆောင်တဦး ဖြစ်ပါတယ်။