သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CIA ဒုအႀကီးအကဲနဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ ေဆြးေႏြးမႈအေပၚ အကဲခတ္အျမင္


CIA ဒုညႊန္ၾကားေရးမွဴး David Cohen. (ဧၿပီ ၂၃၊ ၂၀၁၃)

(Zawgyi / Unicode)

အေမရိကန္ ဗဟိုေထာက္လွမ္းေရး ေအဂ်င္စီ (CIA) ဒုတိယအႀကီးအကဲရဲ႕ မၾကာေသးခင္က ထိုင္းႏုိင္ငံ ခရီးစဥ္အတြင္း ထိုင္းဝန္ႀကီးခ်ဳပ္နဲ႔ ေတြ႔ဆုံရာမွာ စစ္အာဏာသိမ္းၿပီး ႏုိင္ငံေရးနဲ႔ လူသားခ်င္းစာနာမႈ အက်ပ္အတည္းေတြ ေပၚေပါက္ေနတဲ့ ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္လို႔လည္း ေဆြးေႏြးခဲ့တယ္လို႔ ထိုင္းႏိုင္ငံက သတင္းေတြက ေဖာ္ျပၾကပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ Prayut Chan-o-cha နဲ႔ CIA ဒုညႊန္ၾကားေရးမွဴး David Cohen တို႔ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ေသာၾကာေန႔က ေတြ႔ဆုံမႈအတြင္း နယ္စပ္ေဒသကို ကိုဗစ္ကာကြယ္ေဆးေတြ ပို႔ေဆာင္ေရးနဲ႔ လုံၿခံဳေရးကိစၥေတြလည္း ပါဝင္ႏုိင္တယ္လို႔ အကဲခတ္ေတြက ခန္႔မွန္းေနၾကတာပါ။ ကာလၾကာရွည္ မဟာမိတ္ေတြ ျဖစ္ၾကတဲ့ အေမရိကန္နဲ႔ ထိုင္းႏိုင္ငံၾကား ေဆြးေႏြးမႈေတြနဲ႔ ပတ္သက္လို႔ ဧရာဝတီသတင္းဌာန ထူေထာင္သူ၊ အယ္ဒီတာခ်ဳပ္ ဦးေအာင္ေဇာ္ကို ကိုဝင္းမင္းက ေမးရာမွာ အခုလို စရွင္းျပပါတယ္။

ဦးေအာင္ေဇာ္ - “ထုိင္းႏုိင္ငံအေျခအေနကို ေဆြးေႏြးတဲ့အျပင္ လုံၿခဳံေရးကိစၥေတြ၊ ျမန္မာႏုိင္ငံအေရးေတြ ပါတယ္။ အဓိကအခ်က္ကတော့ က်ေနာ္နားလည္တာကေတာ့ Cross-border Assistance လို႔ေခၚတဲ့ နယ္စပ္ျဖတ္ေက်ာ္ၿပီး အကူအညီေပးေရး ကိစၥေတြမွာ ကိုဗစ္ကိစၥလည္း အပါအဝင္ေပါ့ေလ၊ အဲဒါေတြလုပ္တဲ့အခါမွာ အေမရိကန္က အဲဒီကိစၥကုိ အားႀကိဳးမာန္တက္လုပ္ဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာ အကူအညီေတြကိုလည္း Commitment ေပးထားၿပီးသား ျဖစ္ပါတယ္၊ အဲဒီကိစၥမွာ ထုိင္းႏုိင္ငံရဲ႕ အကူအညီမပါဘဲ လုပ္လို႔မရဘူး။ အဲဒါေၾကာင့္ ထုိင္းအစုိးရကို လာၿပီးေတာ့ ေဆြးေႏြးတာေပါ့ေလ၊ CIA ဒုတိယအႀကီးအကဲအေနနဲ႔။ ဒါေပမယ့္ အဲဒီခရီးစဥ္ မတုိင္ခင္မွာလည္း UN မွာ တာဝန္ထမ္းေဆာင္ေနတဲ့ US Ambassador တုိ႔၊ ေနာက္ Wendy Sherman, Deputy Secretary of State တို႔ကေနၿပီးေတာ့ ထုိင္းႏုိင္ငံကို လာၿပီးေတာ့ Cross-border Assistance နဲ႔ပတ္သက္ၿပီးေတာ့ လာေဆြးေႏြးတယ္။ နယ္စပ္ျဖတ္ေက်ာ္ၿပီး အကူအညီေပးေရး ကိစၥေတြေပါ့။ ဒီေဆြးေႏြးတဲ့ကိစၥေတြကုိပဲ Follow up လုပ္တာကေတာ့ အခု CIA ဒုတိယအႀကီးအကဲက လုပ္တာလုိ႔ က်ေနာ္ နားလည္ထားပါတယ္။”

ကိုဝင္းမင္း - အဲဒီေတာ့ အခုလို အထပ္ထပ္ ေဆြးေႏြးေနရတာက လက္ေတြ႔လုပ္တဲ့ ေနရာမွာ ဘယ္လုိ အေသးစိတ္ အေနအထားမ်ဳိးေတြ ရွိေနလို႔လဲ။

ဦးေအာင္ေဇာ္ - “နယ္စပ္မွာရွိတဲ့ ေဒါက္တာစင္သီယာေမာင္လို အဖြဲ႔အစည္းေတြ၊ EAO လုိျဖစ္တဲ့ လက္နက္ကိုင္ တုိင္းရင္းသားအဖြဲ႔ေတြ၊ တျခား NGO ေတြ၊ ၿပီးေတာ့ US Aid လုိ႔ IRC လို အဖြဲ႔အစည္းေတြနဲ႔ အားလုံးပူးေပါင္းၿပီး လုပ္ရမွာ ျဖစ္တဲ့အတြက္ေၾကာင့္၊ လုပ္တဲ့အခါမွာလည္း ထုိင္းႏုိင္ငံကေန လုပ္ရမွာ ျဖစ္တဲ့အတြက္ေၾကာင့္ ထုိင္းႏုိင္ငံရဲ႕ အကူအညီကို လုိအပ္ေနတာ ျဖစ္ပါတယ္။”

ကိုဝင္းမင္း - အဲဒီေတာ့ အဓိက ကုိဗစ္ကိစၥအျပင္ လုံၿခဳံေရးကိစၥလည္း ပါတယ္ဆုိတာက၊ ေနာက္ ဒုဝန္ႀကီးခ်ဳပ္နဲ႔ လုံၿခဳံေရးဆုိင္ရာ အဓိက တာဝန္ရွိတဲ့လူ၊ လက္ရွိ စစ္ေကာင္စီရဲ႕ ဒုဥကၠ႒လည္းျဖစ္တဲ့ ဗုိလ္ခ်ဳပ္ႀကီးေဟာင္း Prawit Wongsuwon နဲ႔လည္း ေတြ႔တယ္ဆုိေတာ့ ဘယ္လို အေသးစိတ္ အေနအထားမ်ဳိးကို ဆုိလိုတာလဲ။

ဦးေအာင္ေဇာ္ - “ထုိင္း-ျမန္မာနယ္စပ္နဲ႔ တ႐ုတ္-ျမန္မာနယ္စပ္ကုိ ၾကည့္မယ္ဆုိရင္ တ႐ုတ္-ျမန္မာနယ္စပ္မွာ တ႐ုတ္အစိုးရကေနၿပီးေတာ့ EAO ေတြနဲ႔ပဲ တြဲၿပီးေတာ့ ကုိဗစ္ Prevention ကိစၥေတြ၊ ကုိဗစ္ေဆးထုိးတဲ့ ကိစၥေတြကုိ သူတုိ႔ ေအာင္ေအာင္ျမင္ျမင္ လုပ္ႏုိင္ခဲ့တာကိုလည္း US က အထူးျပဳ ေလ့လာခဲ့တာ က်ေနာ္တို႔ ေတြ႔ရတယ္။ အဲဒီအခါမွာ ထုိင္းမွာဆုိရင္လည္း ကုိဗစ္ကိစၥနဲ႔ တြဲပါလာမွာေတာ့ လုံၿခံဳေရးကိစၥေပါ့ေလ။ လက္နက္ကုိင္ အဖြဲ႔ေတြနဲ႔၊ အခုေနာက္ဆုံး ထုိင္း-ျမန္မာနယ္စပ္ကုိ ေရႊ႕ေျပာင္းလာတဲ့ ေထာင္နဲ႔ေသာင္းနဲ႔ခ်ီရွိတဲ့ ႏုိင္ငံေရးအရ အာဏာသိမ္းၿပီးေနာက္ပုိင္း ေရာက္လာတဲ့သူေတြ၊ ၿပီးေတာ့ PDF အဖြဲ႔ေတြ၊ CDM အဖြဲ႔ေတြ၊ သူတုိ႔ေတြရွိတယ္။ ရွိတဲ့အခါၾကေတာ့ ဒီလူေတြနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကိုလည္း ထုိင္းအႀကီးအကဲေတြနဲ႔ ေဆြးေႏြးတယ္လို႔ ယူဆလို႔ရပါတယ္။”

ကုိဝင္းမင္း - ဒီေနရာမွာ ဘာေၾကာင့္ အခုလိုေဆြးေႏြးဖို႔ လိုခဲ့တာလဲ။

ဦးေအာင္ေဇာ္ - “ဘာေၾကာင့္လဲဆုိေတာ့ နယ္စပ္တည္ၿငိမ္ေရးကို ထုိင္းက လိုအပ္ေနတယ္။ ဒါေပမယ့္ နယ္စပ္မွာလည္း အာဏာသိမ္းတဲ့ အခ်ိန္ကစၿပီး ကရင္နယ္စပ္မွာ မတည္ၿငိမ္မႈေတြ၊ ဒုကၡသည္ေတြ ထြက္လာတာေတြ၊ ႏုိင္ငံတြင္းက ထြက္လာတာေတြ၊ ဒါ့အျပင္ ပစ္ခတ္မႈေတြ၊ ေလယာဥ္နဲ႔ ဗုံးႀကဲတဲ့ကိစၥေတြ ျဖစ္ခဲ့တဲ့အတြက္ေၾကာင့္ ဒီကိစၥေတြ ျဖစ္ေနတဲ့အခါမွာ Aid ေတြ၊ Assistance ေတြ အကူအညီေပးေရးအတြက္မွာ ဒီဟာေတြအကုန္လုံး Coordination ဘယ္လိုရေအာင္ လုပ္မလဲ ဆုိတဲ့ကိစၥေတြကလည္း အဓိက ထုိင္းနဲ႔ အေမရိကန္ ေဆြးေႏြးတဲ့ အခ်က္ေတြလုိ႔ပဲ က်ေနာ္ သုံးသပ္ခ်င္ပါတယ္။”

ကိုဝင္းမင္း - ျမန္မာ့ႏုိင္ငံေရး တခုလုံး အေျခအေနနဲ႔ ပတ္သက္လို႔ေရာ။

ဦးေအာင္ေဇာ္ - “ျမန္မာ့ႏုိင္ငံေရး တခုလုံးနဲ႔ေတာ့ ေျပာလို႔မရဘူး ထင္တယ္ေလ။ အခုျဖစ္ေနတဲ့ အေျခအေနေတြ အကုန္လုံးကို ထုိင္းနဲ႔ပတ္သက္ၿပီးေတာ့ေတာ့ အေမရိကန္က အားလုံးကို ေဆြးေႏြးေနတာ ရွိတယ္။ လက္ရွိ ထုိင္းအစုိးရက သူ႔ရဲ႕ ရပ္တည္ခ်က္ကို ဖြင့္ၿပီးမေျပာရဲတဲ့ ကိစၥေတြကိုလည္း အားမလုိ အားမရ ျဖစ္တာေတြ ရွိမွာေပါ့။ ဒါေပမယ့္ ထုိင္းႏုိင္ငံအေနနဲ႔ အေမရိကန္ရဲ႕ အရင္ကတည္းက Traditionally မဟာမိတ္ေဟာင္း ျဖစ္တဲ့အတြက္ေၾကာင့္ ထုိင္းနဲ႔ US ၾကားမွာေတာ့ ျမန္မာျပည္မွာ ျဖစ္ေပၚေနတဲ့ ကိစၥေတြကုိ သူတုိ႔ ေဆြးေႏြးမယ္ဆုိတာ အေသအခ်ာပဲ ျဖစ္တယ္၊ ျမန္မာျပည္မွာ လက္ရွိ ျဖစ္ေပၚေနတဲ့ အေျခအေနေတြေပါ့။ ဒါေပမယ့္ ဘယ္ေလာက္အထိ ရင္းရင္းႏွီးႏွီး ပြင့္ပြင့္လင္းလင္း ေဆြးေႏြးႏုိင္လဲ ဆုိတာေတာ့ ျပႆနာရွိတာေပါ့။ ဘာေၾကာင့္လဲဆိုေတာ့ ဒီေန႔ လက္ရွိ ထုိင္းအစိုးရကလည္း ျမန္မာစစ္ေကာင္စီနဲ႔ ျမန္မာစစ္ဗုိလ္ခ်ဳပ္ေတြနဲ႔ အလြန္ကုိ ရင္းႏွီးသူ ျဖစ္တယ္။ ဟုိဘက္က စစ္ေကာင္စီလူႀကီးေတြ အေပၚမွာလည္း တစုံတရာ Inferiority ရွိတယ္ဆုိတာကို အေမရိကန္ကလည္း သေဘာေပါက္ထားတယ္ ထင္ပါတယ္။”

ကုိဝင္းမင္း - ဟုတ္ကဲ့၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဦးေအာင္ေဇာ္ခင္ဗ်။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

CIA ဒုအကြီးအကဲနဲ့ ထိုင်းဝန်ကြီးချုပ် ဆွေးနွေးမှုအပေါ် အကဲခတ်အမြင်

အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ဒုတိယအကြီးအကဲရဲ့ မကြာသေးခင်က ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ စစ်အာဏာသိမ်းပြီး နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံက သတင်းတွေက ဖော်ပြကြပါတယ်။

ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ CIA ဒုညွှန်ကြားရေးမှူး David Cohen တို့ ဘန်ကောက်မြို့တော်မှာ သောကြာနေ့က တွေ့ဆုံမှုအတွင်း နယ်စပ်ဒေသကို ကိုဗစ်ကာကွယ်ဆေးတွေ ပို့ဆောင်ရေးနဲ့ လုံခြုံရေးကိစ္စတွေလည်း ပါဝင်နိုင်တယ်လို့ အကဲခတ်တွေက ခန့်မှန်းနေကြတာပါ။ ကာလကြာရှည် မဟာမိတ်တွေ ဖြစ်ကြတဲ့ အမေရိကန်နဲ့ ထိုင်းနိုင်ငံကြား ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ဧရာဝတီသတင်းဌာန ထူထောင်သူ၊ အယ်ဒီတာချုပ် ဦးအောင်ဇော်ကို ကိုဝင်းမင်းက မေးရာမှာ အခုလို စရှင်းပြပါတယ်။

ဦးအောင်ဇော် - “ထိုင်းနိုင်ငံအခြေအနေကို ဆွေးနွေးတဲ့အပြင် လုံခြုံရေးကိစ္စတွေ၊ မြန်မာနိုင်ငံအရေးတွေ ပါတယ်။ အဓိကအချက်ကတော့ ကျနော်နားလည်တာကတော့ Cross-border Assistance လို့ခေါ်တဲ့ နယ်စပ်ဖြတ်ကျော်ပြီး အကူအညီပေးရေး ကိစ္စတွေမှာ ကိုဗစ်ကိစ္စလည်း အပါအဝင်ပေါ့လေ၊ အဲဒါတွေလုပ်တဲ့အခါမှာ အမေရိကန်က အဲဒီကိစ္စကို အားကြိုးမာန်တက်လုပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ အကူအညီတွေကိုလည်း Commitment ပေးထားပြီးသား ဖြစ်ပါတယ်၊ အဲဒီကိစ္စမှာ ထိုင်းနိုင်ငံရဲ့ အကူအညီမပါဘဲ လုပ်လို့မရဘူး။ အဲဒါကြောင့် ထိုင်းအစိုးရကို လာပြီးတော့ ဆွေးနွေးတာပေါ့လေ၊ CIA ဒုတိယအကြီးအကဲအနေနဲ့။ ဒါပေမယ့် အဲဒီခရီးစဉ် မတိုင်ခင်မှာလည်း UN မှာ တာဝန်ထမ်းဆောင်နေတဲ့ US Ambassador တို့၊ နောက် Wendy Sherman, Deputy Secretary of State တို့ကနေပြီးတော့ ထိုင်းနိုင်ငံကို လာပြီးတော့ Cross-border Assistance နဲ့ပတ်သက်ပြီးတော့ လာဆွေးနွေးတယ်။ နယ်စပ်ဖြတ်ကျော်ပြီး အကူအညီပေးရေး ကိစ္စတွေပေါ့။ ဒီဆွေးနွေးတဲ့ကိစ္စတွေကိုပဲ Follow up လုပ်တာကတော့ အခု CIA ဒုတိယအကြီးအကဲက လုပ်တာလို့ ကျနော် နားလည်ထားပါတယ်။”

ကိုဝင်းမင်း - အဲဒီတော့ အခုလို အထပ်ထပ် ဆွေးနွေးနေရတာက လက်တွေ့လုပ်တဲ့ နေရာမှာ ဘယ်လို အသေးစိတ် အနေအထားမျိုးတွေ ရှိနေလို့လဲ။

ဦးအောင်ဇော် - “နယ်စပ်မှာရှိတဲ့ ဒေါက်တာစင်သီယာမောင်လို အဖွဲ့အစည်းတွေ၊ EAO လိုဖြစ်တဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ၊ တခြား NGO တွေ၊ ပြီးတော့ US Aid လို့ IRC လို အဖွဲ့အစည်းတွေနဲ့ အားလုံးပူးပေါင်းပြီး လုပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့်၊ လုပ်တဲ့အခါမှာလည်း ထိုင်းနိုင်ငံကနေ လုပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံရဲ့ အကူအညီကို လိုအပ်နေတာ ဖြစ်ပါတယ်။”

ကိုဝင်းမင်း - အဲဒီတော့ အဓိက ကိုဗစ်ကိစ္စအပြင် လုံခြုံရေးကိစ္စလည်း ပါတယ်ဆိုတာက၊ နောက် ဒုဝန်ကြီးချုပ်နဲ့ လုံခြုံရေးဆိုင်ရာ အဓိက တာဝန်ရှိတဲ့လူ၊ လက်ရှိ စစ်ကောင်စီရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း Prawit Wongsuwon နဲ့လည်း တွေ့တယ်ဆိုတော့ ဘယ်လို အသေးစိတ် အနေအထားမျိုးကို ဆိုလိုတာလဲ။

ဦးအောင်ဇော် - “ထိုင်း-မြန်မာနယ်စပ်နဲ့ တရုတ်-မြန်မာနယ်စပ်ကို ကြည့်မယ်ဆိုရင် တရုတ်-မြန်မာနယ်စပ်မှာ တရုတ်အစိုးရကနေပြီးတော့ EAO တွေနဲ့ပဲ တွဲပြီးတော့ ကိုဗစ် Prevention ကိစ္စတွေ၊ ကိုဗစ်ဆေးထိုးတဲ့ ကိစ္စတွေကို သူတို့ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တာကိုလည်း US က အထူးပြု လေ့လာခဲ့တာ ကျနော်တို့ တွေ့ရတယ်။ အဲဒီအခါမှာ ထိုင်းမှာဆိုရင်လည်း ကိုဗစ်ကိစ္စနဲ့ တွဲပါလာမှာတော့ လုံခြုံရေးကိစ္စပေါ့လေ။ လက်နက်ကိုင် အဖွဲ့တွေနဲ့၊ အခုနောက်ဆုံး ထိုင်း-မြန်မာနယ်စပ်ကို ရွှေ့ပြောင်းလာတဲ့ ထောင်နဲ့သောင်းနဲ့ချီရှိတဲ့ နိုင်ငံရေးအရ အာဏာသိမ်းပြီးနောက်ပိုင်း ရောက်လာတဲ့သူတွေ၊ ပြီးတော့ PDF အဖွဲ့တွေ၊ CDM အဖွဲ့တွေ၊ သူတို့တွေရှိတယ်။ ရှိတဲ့အခါကြတော့ ဒီလူတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ထိုင်းအကြီးအကဲတွေနဲ့ ဆွေးနွေးတယ်လို့ ယူဆလို့ရပါတယ်။”

ကိုဝင်းမင်း - ဒီနေရာမှာ ဘာကြောင့် အခုလိုဆွေးနွေးဖို့ လိုခဲ့တာလဲ။

ဦးအောင်ဇော် - “ဘာကြောင့်လဲဆိုတော့ နယ်စပ်တည်ငြိမ်ရေးကို ထိုင်းက လိုအပ်နေတယ်။ ဒါပေမယ့် နယ်စပ်မှာလည်း အာဏာသိမ်းတဲ့ အချိန်ကစပြီး ကရင်နယ်စပ်မှာ မတည်ငြိမ်မှုတွေ၊ ဒုက္ခသည်တွေ ထွက်လာတာတွေ၊ နိုင်ငံတွင်းက ထွက်လာတာတွေ၊ ဒါ့အပြင် ပစ်ခတ်မှုတွေ၊ လေယာဉ်နဲ့ ဗုံးကြဲတဲ့ကိစ္စတွေ ဖြစ်ခဲ့တဲ့အတွက်ကြောင့် ဒီကိစ္စတွေ ဖြစ်နေတဲ့အခါမှာ Aid တွေ၊ Assistance တွေ အကူအညီပေးရေးအတွက်မှာ ဒီဟာတွေအကုန်လုံး Coordination ဘယ်လိုရအောင် လုပ်မလဲ ဆိုတဲ့ကိစ္စတွေကလည်း အဓိက ထိုင်းနဲ့ အမေရိကန် ဆွေးနွေးတဲ့ အချက်တွေလို့ပဲ ကျနော် သုံးသပ်ချင်ပါတယ်။”

ကိုဝင်းမင်း - မြန်မာ့နိုင်ငံရေး တခုလုံး အခြေအနေနဲ့ ပတ်သက်လို့ရော။

ဦးအောင်ဇော် - “မြန်မာ့နိုင်ငံရေး တခုလုံးနဲ့တော့ ပြောလို့မရဘူး ထင်တယ်လေ။ အခုဖြစ်နေတဲ့ အခြေအနေတွေ အကုန်လုံးကို ထိုင်းနဲ့ပတ်သက်ပြီးတော့တော့ အမေရိကန်က အားလုံးကို ဆွေးနွေးနေတာ ရှိတယ်။ လက်ရှိ ထိုင်းအစိုးရက သူ့ရဲ့ ရပ်တည်ချက်ကို ဖွင့်ပြီးမပြောရဲတဲ့ ကိစ္စတွေကိုလည်း အားမလို အားမရ ဖြစ်တာတွေ ရှိမှာပေါ့။ ဒါပေမယ့် ထိုင်းနိုင်ငံအနေနဲ့ အမေရိကန်ရဲ့ အရင်ကတည်းက Traditionally မဟာမိတ်ဟောင်း ဖြစ်တဲ့အတွက်ကြောင့် ထိုင်းနဲ့ US ကြားမှာတော့ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စတွေကို သူတို့ ဆွေးနွေးမယ်ဆိုတာ အသေအချာပဲ ဖြစ်တယ်၊ မြန်မာပြည်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ့။ ဒါပေမယ့် ဘယ်လောက်အထိ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်လဲ ဆိုတာတော့ ပြဿနာရှိတာပေါ့။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ လက်ရှိ ထိုင်းအစိုးရကလည်း မြန်မာစစ်ကောင်စီနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အလွန်ကို ရင်းနှီးသူ ဖြစ်တယ်။ ဟိုဘက်က စစ်ကောင်စီလူကြီးတွေ အပေါ်မှာလည်း တစုံတရာ Inferiority ရှိတယ်ဆိုတာကို အမေရိကန်ကလည်း သဘောပေါက်ထားတယ် ထင်ပါတယ်။”

ကိုဝင်းမင်း - ဟုတ်ကဲ့၊ ကျေးဇူးအများကြီးတင်ပါတယ် ဦးအောင်ဇော်ခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG