သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်စောင့်အစိုးရ ဖွဲ့စည်းမှုအပေါ် အမြင်တချို့


(Zawgyi/ Unicode)

စစ်ကောင်စီ အဖြစ်ကနေ အိမ်စောင့် အစိုးရ အဖြစ် ပြင်ဆင် ဖွဲ့စည်းပြီး ဝန်ကြီးချုပ် အဖြစ် တာဝန်ယူမယ့် အကြောင်း စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သြဂုတ်လ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ၆ လ အကြာမှာ အိမ်စောင့် အစိုးရ အဖြစ် ပြောင်းပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ထပ်ပြီး ကတိကဝတ် ပြုလိုက်တဲ့ စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်ဟာ ဘယ်လောက် ထူးခြားမှု ရှိပါသလဲ ရှေ့ဆက် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို မြန်မာ့ အရေး သုံးသပ်သူ တချို့ကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

“ လွတ်လပ် တရားမျှတတဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ အခြေအနေတွေ ဖန်တီးပေးရပါမယ်။ ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်ကြရပါမယ်။ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မယ်ဆိုတာ ကတိပြုပါတယ်။ ”

စစ်ကောင်စီ အကြီးအကဲ အဖြစ် တာဝန်ယူထားပြီးနောက် ပြောင်းလဲဖွဲ့စည်းမယ့် အိမ်စောင့် အစိုးရမှာ ဝန်ကြီးချုပ် အဖြစ်တာဝန်ယူမယ်လို့ ပြောဆိုထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲ ပြန်လုပ်ဖို့ ကတိပြုကြောင်း သြဂုတ်လ ၁ ရက်နေ့မှာ ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲ လုပ်မယ့် အချိန်ကာလ သတ်မှတ်ချက်တော့ ထည့်ပြီး မပြောပါဘူး။ စစ်ကောင်စီကနေ အိမ်စောင့်အစိုးရ အဖြစ်ပြောင်းလဲပြီး ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အပေါ် သံသယ ရှိနေသူကတော့ မြန်မာ့ အရေး သုံးသပ်သူ ဒေါက်တာ တင့်ဆွေ ဖြစ်ပါတယ်။

“ အာဏာကို တတ်နိုင်သမျှ ရေရှည်ဆွဲပြီးတော့ ဆက်ပြီးတော့ တိုင်းပြည်ကို အုပ်ချုပ်ဦးမယ်။ နာမည် ပြောင်းချင်လည်း ပြောင်းလိမ့်ဦးမယ်။ လူကတော့ ဒီလူတွေ ပေါ့နော်။ စစ်ကောင်စီရော အခု အစိုးရ ဆိုတဲ့ဟာရော။ နောက်တခါ ပြီးပြန်တော့ ရွေးကောက်ပွဲ ဆိုတဲ့ဟာ လုပ်ပြီး သူတို့ဘဲ အုပ်ချုပ်ဦးမယ်။ တနည်းအားဖြင့် နာမည်သာ ပြောင်းပြီးတော့ တိုင်းပြည်ရဲ့ အာဏာ အကုန်လုံးကို ယူနီဖောင်း ဝတ်ထားတဲ့ လူတွေနဲ့ သူတို့နဲ့ အပေါင်းအပါတွေက ဆက်လက် အုပ်ချုပ်ဖို့ ရေရှည် စီမံချက်ဘဲလို့ဘဲ ကျနော် မြင်ပါတယ် ခင်ဗျ။ ”

ကယ်လီဖိုးနီးယားပြည်နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုင်းထွေးမောင် ကတော့ တာဝန်ယူမယ့်သူတွေ မပြောင်းလဲ ၊ စစ်ကောင်စီ အဖြစ်ကနေ အိမ်စောင့် အစိုးရ အဖြစ် ပြောင်းရတဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောပြပါတယ်။

“ တခြားနိုင်ငံက သူ့ကို အသိအမှတ် ပြုလာဖို့ သူက အစိုးရ အနေနဲ့ လုပ်ချင်တာ။ အာဏာသိမ်း စစ်ကောင်စီက အစိုးရမှ မဟုတ်တာ။ ဆိုတော့ သူက အစိုးရ ဖြစ်ချင်လို့ သူ အစိုးရ လုပ်လိုက်တာ။ လုပ်ပြီးတော့လည်း အဲဒီ လူတွေဘဲ သူတို့ဘဲ ပြန်ကိုင်မှာဘဲ။ ဆိုတော့ သူက နာမည်ပြောင်းပြီးတော့မှ သူများနိုင်ငံက သူ့ကို အသိအမှတ်ပြုလာမလားဆိုတဲ့ အမြော်အမြင်နဲ့ လုပ်တယ်လို့ ကျနော် အဲလို မြင်တယ်။ ”

အခု အိမ်စောင့် အစိုးရ အဖြစ် နာမည်ပြောင်းရတာက နိုင်ငံတကာ ဆက်ဆံရေး ကိစ္စကြောင့်လည်း ဖြစ်နိုင်တယ်လို့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ တင့်ဆွေက ရှုမြင်ပါတယ်။

“ ကျနော်ထင်တာ နိုင်ငံတကာ ဆက်ဆံရေး ကိစ္စလည်း အကြောင်းချက် တခု အနေနဲ့ ပါတယ်လို့ ကျနော် မြင်တယ် ခင်ဗျ။ တနည်းအားဖြင့် သံတမန် စကားနဲ့ ပြောရင် Protocol ပေါ့နော်။ Protocol ဆိုတာ ဝန်ကြီးဆို ဝန်ကြီး အချင်းချင်း၊ တိုင်းပြည် ထိပ်ဆုံးက နံပတ် ၁ ဆိုရင် နံပတ် ၁ အချင်းချင်း ဆက်ဆံရတဲ့ ဆက်ဆံမှုတွေမှာ အခက်အခဲ တော်တော် ရှိသွားပုံ ရတယ်။ ၆၂ အာဏာသိမ်းတုန်းက ဗိုလ်ချုပ်ကြီး နေဝင်းတုန်းကလည်း ဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်။ သူတို့က စစချင်း တာဝန်ပေးတဲ့သူကို ဝန်ကြီး ဆိုတဲ့ အသုံးအနှုန်းတောင် မသုံးဘဲနဲ့ တာဝန်ခံလို့ သုံးတယ်။ နောက်ကျ နိုင်ငံတကာ ဆက်ဆံရာမှာ အခက်အခဲ ရှိလာတော့ ဝန်ကြီးတွေဘဲ ပြန်လုပ်ရတာပေါ့နော်။ ”

၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံ လွှတ်တော် အမတ်များက ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG အတွက်ရော အခု စစ်ကောင်စီဘက်က အိမ်စောင့် အစိုးရ အဖြစ် ဖွဲ့စည်းမှုက သက်ရောက် ရိုက်ခတ်မှု ရှိလာနိုင်ပါသလား။ ကယ်လီဖိုးနီးယားပြည်နယ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုင်းထွေးမောင်က အခုလို ရှုမြင်ပါတယ်။

“ ကျနော်မြင်တာကတော့ သက်ရောက်မှု ရှိပါတယ်။ ဘာလို့လည်း ဆိုတော့ သူက အစိုးရ ဖွဲ့လိုက်တဲ့ အခါကျတော့ တကမ ္ဘာလုံးက သူ့ကို အသိအမှတ်ပြုဖို့ သူ လုပ်ချင်တာ။ ဆိုတော့ NUG ကလည်း ညီညွတ်ရေး အစိုးရ အနေနဲ့ ဖွဲ့ထားတာ အစိုးရ တရပ်ဘဲ။ ဆိုတော့ NUG လည်း သူ့ရဲ့ အစိုးရကို အသိအမှတ်ပြုဖို့ သူတို့လည်း ကြိုးစားနေတယ်။ အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုဖို့။ ဒါကြောင့် NUG အနေနဲ့ အသိအမှတ်ပြုနိုင်ခွင့် ရဖို့ ကြိုးစားနေသလို အခုလည်း အာဏာသိမ်း စစ်ကောင်စီကလည်း နာမည်ပြောင်းပြီးတော့ သူများ အသိအမှတ်ပြုအောင် ကြိုးစားနေတယ်ဆိုတော့ စင်ပြိုင် အစိုးရလိုမျိုး ဖြစ်လာတယ်။ ဆိုတော့ ကျနော် ထင်တယ် NUG လည်း အဲဒါကို လေးလေးနက်နက် ထားပြီးတော့ အဲဒါကို အမြန်ဆုံး လုပ်သင့်တာ လုပ်ရလိမ့်မယ်လို့ ကျနော် အဲလို ထင်တယ်။ ”

အာဏာသိမ်းပြီး ၆ လကြာလာပြီ ဖြစ်တဲ့ စစ်ကောင်စီ အနေနဲ့ သူတို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ထားတဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာမှာ သူတို့ လူနဲ့ အစားထိုး ခန့်အပ်နိုင်ရေး ကြိုးပမ်းချက်လည်း အခုအချိန်ထိတော့ မအောင်မြင်သေးပါဘူး။ ဒါပေမယ့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ အစည်းအဝေးတွေတော့ တက်ရောက်နေသလို ဒီ သီတင်းပတ် အတွင်း လုပ်မယ့် အရှေ့တောင် အာရှ နိုင်ငံများ အသင်းရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ နောက် မဲခေါင်မြစ်အောက်ပိုင်း နိုင်ငံများ အစည်းအဝေးတွေမှာလည်း စစ်ကောင်စီဘက်က တာဝန်ရှိသူတွေ တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)












XS
SM
MD
LG