သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ဳိးသားလႊတ္ေတာ္က အတည္ျပဳေပးလုိက္တဲ့ တပ္မေတာ္အက္ဥပေဒက ဘယ္သူေတြကုိ အက်ဳိးရွိေစမလဲ


မွတ္တမ္းဓါတ္ပံု-၂၀၂၀ ေဖေဖာ္၀ါရီလ ၁၂ ရက္ေန႔

(Zawgyi/Unicode)

အမ်ိဳးသားလႊတ္ေတာ္မွာ ဇူလိုင္လအကုန္က ျပင္ဆင္အတည္ျပဳခဲ့တဲ့ တပ္မေတာ္ အက္ဥပေဒပုဒ္မခြဲဟာ စစ္ဘက္ဆိုင္ရာတရား႐ုံးေတြမွာ ရင္ဆိုင္ရမယ့္ ေအာက္ေျခစစ္သားေတြအတြက္ တရားမွ်တေရး အကာအကြယ္မဲ့ေစေၾကာင္း လူ႔အခြင့္အေရးဥပေဒပညာရွင္ေတြက ေထာက္ျပ ခဲ့ၾကပါတယ္။ ဒါအျပင္ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ ထိပ္ပိုင္း စစ္ေခါင္းေဆာင္ေတြရဲ႕ အာဏာပိုႀကီးထြားလာေအာင္ အေထာက္အကူျဖစ္ေစတယ္လို႔ သုံးသပ္ၾကပါတယ္။

မအင္ၾကင္းႏိုင္က အေၾကာင္းစုံကို ဆက္လက္တင္ျပမွာပါ။

ေအာက္ေျခတပ္သားေတြကို စည္းကမ္း ပိုမို တင္းၾကပ္ဖို႔ဆိုၿပီး အမ်ိဳးသားလႊတ္ေတာ္မွာ ဇူလိုင္လ (၃၀)ရက္ေန႔က ဒုတိယ ဗိုလ္မႉးႀကီး ေအာင္ထြန္းလင္းကေန ၁၉၅၉ တပ္မေတာ္ အက္ဥပေဒ ပုဒ္မ ၁၂၅၊ ပုဒ္မခြဲ (၁)ကို ျပင္ဆင္ေၾကာင္း အဆိုတင္သြင္းရာမွာ ရန္ကုန္တိုင္း၊ အမ်ိဳးသား လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖခ်စ္က ေထာက္ခံၿပီး ကန႔္ကြက္သူမရွိ အတည္ျပဳခဲ့တာပါ။

အရင္ ဥပေဒျပဌာန္းခ်က္မွာ စစ္သားတဦးဟာ ျပစ္မႈ က်ဴးလြန္တဲ့ ေန႕ရက္ကေန ၃ ႏွစ္ ေက်ာ္သြားၿပီးဆိုရင္ အဲဒီျပစ္မႈအတြက္ စစ္တရား႐ုံးနဲ႔ စစ္ေဆး စီရင္ျခင္းကို စတင္မျပဳလုပ္ရလို႔ ေဖၚျပထားပါတယ္။ဒါေပမယ့္ အခု ေျပာင္းလဲလိုက္တာက ျပစ္မႈက်ဴးလြန္တဲ့ ေန႔ရက္အစား အာဏာပိုင္က စတင္ သိရွိတဲ့ ေန႔ရက္ လို႔ ျပင္ဆင္လိုက္တာျဖစ္ပါတယ္။ဒီျပင္ဆက္ခ်က္အရဆိုရင္ ေအာက္ေျခစစ္သားေတြ အေရးယူႏိုင္ေရး အထက္အရာရွိေတြကို အာဏာေပးလိုက္တာမ်ိဳး ျဖစ္ေနၿပီး ဥပေဒအရ အားနည္းခ်က္ေတြရွိေနတယ္လို႔ ကခ်င္ျပည္နယ္ အေျခစိုက္ ဖယ္ဒရယ္ဥပေဒ အကယ္ဒမီ ေက်ာင္းအုပ္၊ လူ႔အခြင့္အေရးေရွ႕ေန ဦးေအာင္ထူး က ဗြီအိုေအကို ေျပာပါတယ္။

" အရင္ ဥပေဒေဟာင္းမွာက ရွင္းရွင္းေလးပဲ။ တပ္မေတာ္သားတေယာက္အေရးယူမယ္ဆိုရင္ သံုးႏွစ္သက္တမ္းကာလအတြင္း အေရးယူရတယ္။ သံုးႏွစ္သက္တမ္းကာလကို ဘယ္ကေန စတြက္သလဲ။ ျပစ္မႈစတင္က်ဴးလြန္တဲ့ ရက္ကစတြက္တယ္။ အဲဒီၾကားထဲမွာ အေရးယူတယ္။ ဥပေဒရည္ရြယ္ခ်က္က ဘာလဲဆိုေတာ့ ျမန္ျမန္အေရးယူဖို႔ သတ္မွတ္ေပးထားတယ္။ အခု အထက္လႊတ္ေတာ္က ျပင္လိုက္တဲ့ဟာက ျပစ္မႈက်ဴးလြန္ေၾကာင္း စတင္သိရွိတဲ့ရက္ကေနစ အေရးယူမယ္။ ဒါဆိုရင္ ရိုဟင္ဂ်ာကိစၥ၊ ကာခ်ဳပ္ မင္းေအာင္လႈိင္နဲ႔ အဆင့္ျမင့္အရာရွိေတြက အမိန္႔ေပးလိုက္တယ္။ ေအာက္မွာ က်ဴးလြန္လိုက္ၿပီ။ သူတို႔အမိန္႔အတိုင္း က်ဴးလြန္ရတာေနာ္။ က်ဴးလြန္တဲ့သူေတြကို အေရးယူမလား မယူဘူးလားဆိုတာ အထက္က ကာခ်ဳပ္ မင္းေအာင္လႈိင္နဲ႔ အဆင့္ျမင့္အရာရွိေတြရဲ႕ လက္ထဲကို ေရာက္သြားၿပီ။ ေအာက္က တိုင္းမွဴးနဲ႔ တပ္မမွဴးေတြ အဆင့္အကုန္လံုးက ကာခ်ဳပ္မင္းေအာင္လႈိင္နဲ႔ အဆင့္ျမင့္အရာရွိေတြ ေပးတဲ့ အမိန္႔ကို နာခံေနသမွ်ကာလပတ္လံုး အေရးယူခံရမွာမဟုတ္ဘူး။ ဆိုလိုတာက ျပစ္မႈက်ဴးလြန္ေၾကာင္း စတင္သိရွိတဲ့ရက္ဆိုတာ ဘာကို ေျပာတာလဲ။ ဥပေဒအရ လံုး၀ ေ၀း၀ါးသြားၿပီ။ အဲေတာ့ ေအာက္ကလူေတြကို အေရးယူဖို႔ပဲ အထက္က ပုဂၢိဳလ္ေတြမွာ အာဏာရွိတယ္။ ကာခ်ဳပ္မင္းေအာင္လႈိင္နဲ႔ သူ႔အထက္အရာရွိေတြ ေပးသမွ် အမိန္႔ကို နားခံေနသမွ်ကာလပတ္လံုး ေအာက္က ပုဂၢိဳလ္ေတြကို အေရးမယူပဲ ထားလိုက္ေတာ့မယ္ဆိုတဲ့ အေျခအေနမ်ဳိးႀကီးျဖစ္သြားမယ္။ အဲဒီဥပေဒကို အတည္ျပဳသြားမယ္ဆိုရင္။"

အခုလို တပ္မေတာ္သားတဦး ျပစ္မႈ က်ဴးလြန္တဲ့ ေန႔ရက္အစား အာဏာပိုင္က စတင္ သိရွိတဲ့ ေန႔ရက္ လို႔ ျပင္ဆင္လိုက္တဲ့အတြက္ ဘယ္အခ်ိန္ကပဲ ျပစ္မႈက်ဴးလြန္ခဲ့သည္ျဖစ္ေစ အျပစ္ရွိတယ္ဆိုရင္ စစ္တရား႐ုံးနဲ႔ အေရးယူခံရမွာျဖစ္တယ္လို႔ တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။ တိုင္ၾကား၊ သတင္းေပးလာတဲ့သူရွိလာရင္ အေရးယူလို႔ရေအာင္နဲ႔ စစ္စည္းကမ္းထိန္းသိမ္းေရးနဲ႔ တပ္မေတာ္ရဲ႕ တာဝန္ယူမႈ၊ တာဝန္ခံမႈ ပိုမိုျမင့္မားလာေစေရးအတြက္ ျဖစ္တယ္လို႔လည္း သူကဆိုပါတယ္။

ဒါေပမယ့္ ဒီျပင္ဆင္ခ်က္အရ ေအာက္ေျခတပ္မေတာ္သားေတြ ကို တင္းတင္းမာမာ ခ်ဳပ္ကိုင္ခ်င္တဲ့ သေဘာေတြ႕ရၿပီး တရားခံအျဖစ္ စီရင္ခံရမယ့္ စစ္သားေတြအတြက္ အကာအကြယ္ လံုး၀မရွိျဖစ္ေနေၾကာင္း ျပည္တြင္း စစ္ဘက္ဆိုင္ရာ သုေတသီတခ်ဳိ႕က သံုးသပ္ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ စစ္ဘက္ဆိုင္ရာ တရားစီရင္ေရး သီးျခားျဖစ္ေနၿပီး အထူးသျဖင့္ စစ္ဘက္အယူခံတရား႐ုံးဟာ ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ လက္ထဲမွာရွိေနတဲ့အတြက္ စစ္မိန႔္ေပးသူေတြက ျပစ္ဒဏ္ကေန ကင္းလြတ္ေနၿပီး ေအာက္ေျခစစ္သားေတြကိုပဲ ႀကိဳက္သလို အျပစ္ေပး အေရးယူႏိုင္ေၾကာင္း ဦးေအာင္ထူးက ေထာက္ျပပါတယ္။

" စစ္ခံုရံုးကေန တရားစီရင္ခံလိုက္ရၿပီဆိုရင္ တဖက္ေစာင္းနင္းျဖစ္ေနတယ္။ အဲဒါဘာလဲဆိုေတာ့ တရားခံဘက္ကေန လိုက္ပါေဆာင္ရြက္ေပးမယ့္ အင္အားက ထုနဲ႔ ထည္နဲ႔ ရွိမေနဘူး။ သို႔ေသာ္ တရားလိုဘက္က စစ္ေခါင္းေဆာင္က ခန္႔တဲ့ တရားစဲြတဲ့ စစ္အရာရွိက အာဏာအျပည့္ရွိေနတယ္။ ဘက္မမွ်တဲ့ တရားစီရင္ေရးျဖစ္ေနတယ္။ ဒါေၾကာင့္ ၿခံဳၿပီးေျပာရရင္ လက္ရွိသြားေနတဲ့ ၁၉ ၅၉အက္ဥပေဒနဲ႔ အေျခခံၿပီးသြားေနတဲ့ တရားရံုးေတြဟာ ဒီကေန႔အခ်ိန္မွာ အေတာ္ေလး တရားမွ်တမႈ ကင္းမဲ့ေနတယ္။ တရားစဲြခံရတဲ့ ရဲေဘာ္ေတြအတြက္ ေမွ်ာ္လင့္ခ်က္ မရွိသေလာက္ျဖစ္ေနတယ္။ သူတို႔အမိန္႔ေပးလို႔ နာခံ လိုက္နာရင္း ျပစ္မႈက်ဴးလြန္တဲ့ စစ္သားေတြကိုေတာ့ ပံုသ႑ာန္အရ ျပစ္ဒဏ္ခ်လိုက္မယ္။ ၿပီးရင္ ျပန္လႊတ္တာမ်ဳိး။ အင္းဒင္မွာျဖစ္တဲ့ ပံုစံမ်ဳိးေပါ့။ တရားမ၀င္ ကိုယ့္က်င့္တရားမဲ့တဲ့ ျဖစ္ရပ္ေတြဟာ ေတာက္ေလ်ာက္ စစ္ဘက္ဆိုင္ရာ တရားရံုးလည္ပတ္မႈေတြမွာ ျဖစ္ေနတာ။"

၂၀၁၇ခုႏွစ္က ရခိုင္ျပည္နယ္ေျမာက္ပိုင္း မွာ တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းေရးအတြင္း ႐ိုဟင္ဂ်ာမြတ္စလင္ေတြကို ဖိႏွိပ္ခဲ့မႈမွာ ျမန္မာအစိုးရဘက္က လူမ်ိဳးတုန္းသတ္ျဖတ္မႈ ကာကြယ္တားဆီးေရးစာခ်ဳပ္ ခ်ိဳးေဖာက္ခဲ့ေၾကာင္း စြပ္စြဲခ်က္နဲ႔ ဂမ္ဘီယာႏိုင္ငံက ျမန္မာအစိုးရကို ၂၀၁၉ ခုႏွစ္မွာ ICJ ႏိုင္ငံတကာတရား႐ုံးမွာ အမႈဖြင့္ခဲ့တာျဖစ္ပါတယ္။

နယ္သာလန္ႏိုင္ငံမွာရွိတဲ့ICJ တရား႐ုံးမွာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလက ၾကားနာပြဲကိုတက္ေရာက္ ခုခံေခ်ပခဲ့တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ တပ္မေတာ္ရဲ႕ ျပစ္မႈက်ဴးလြန္မႈေတြကို ျပည္တြင္း ဥပေဒနဲ႔ပဲ ကိုင္တြယ္အေရးယူမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အဲဒီၾကားနာပြဲမွာ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို ေဒၚေအာင္ဆန္းစုၾကည္က အသိအမွတ္ျပဳ သုံးႏႈန္းျခင္းမရွိခဲ့ပါဘူး။ျမန္မာအစိုးရအေနနဲ႔ ၾကားျဖတ္အေရးယူစီမံေဆာင္ရြက္ခ်က္ေတြကို လုပ္ေဆာင္ဖို႔ ၿပီးခဲ့တဲ့ႏွစ္ အကုန္မွာ ICJ တရားရံုးက ဆံုးျဖတ္ခ်က္ခ်ခဲ့ၿပီးေနာက္မွာ အခုလို တပ္မေတာ္ဘက္ ၁၉၅၉ ခုႏွစ္ တပ္မေတာ္အက္ဥပေဒ အခ်ဳိ႕ကို ျပင္ဆင္ဖို႔ လုပ္ေဆာင္လာခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

အမျိုးသားလွှတ်တော်ကအတည်ပြုပေးလိုက်တဲ့ တပ်မတော်အက်ဥပဒေက ဘယ်သူတွေကို အကျိုးရှိစေမလဲ
(Unicode)

အမျိုးသားလွှတ်တော်မှာ ဇူလိုင်လအကုန်က ပြင်ဆင်အတည်ပြုခဲ့တဲ့ တပ်မတော် အက်ဥပဒေပုဒ်မခွဲဟာ စစ်ဘက်ဆိုင်ရာတရားရုံးတွေမှာ ရင်ဆိုင်ရမယ့် အောက်ခြေစစ်သားတွေအတွက် တရားမျှတရေး အကာအကွယ်မဲ့စေကြောင်း လူ့အခွင့်အရေးဥပဒေပညာရှင်တွေက ထောက်ပြ ခဲ့ကြပါတယ်။ ဒါအပြင် ကာကွယ်ရေးဦးစီးချုပ်နဲ့ ထိပ်ပိုင်း စစ်ခေါင်းဆောင်တွေရဲ့ အာဏာပိုကြီးထွားလာအောင် အထောက်အကူဖြစ်စေတယ်လို့ သုံးသပ်ကြပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်လက်တင်ပြမှာပါ။

အောက်ခြေတပ်သားတွေကို စည်းကမ်း ပိုမို တင်းကြပ်ဖို့ဆိုပြီး အမျိုးသားလွှတ်တော်မှာ ဇူလိုင်လ (၃၀)ရက်နေ့က ဒုတိယ ဗိုလ်မှူးကြီး အောင်ထွန်းလင်းကနေ ၁၉၅၉ တပ်မတော် အက်ဥပဒေ ပုဒ်မ ၁၂၅၊ ပုဒ်မခွဲ (၁)ကို ပြင်ဆင်ကြောင်း အဆိုတင်သွင်းရာမှာ ရန်ကုန်တိုင်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်က ထောက်ခံပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။

အရင် ဥပဒေပြဌာန်းချက်မှာ စစ်သားတဦးဟာ ပြစ်မှု ကျူးလွန်တဲ့ နေ့ရက်ကနေ ၃ နှစ် ကျော်သွားပြီးဆိုရင် အဲဒီပြစ်မှုအတွက် စစ်တရားရုံးနဲ့ စစ်ဆေး စီရင်ခြင်းကို စတင်မပြုလုပ်ရလို့ ဖေါ်ပြထားပါတယ်။ဒါပေမယ့် အခု ပြောင်းလဲလိုက်တာက ပြစ်မှုကျူးလွန်တဲ့ နေ့ရက်အစား အာဏာပိုင်က စတင် သိရှိတဲ့ နေ့ရက် လို့ ပြင်ဆင်လိုက်တာဖြစ်ပါတယ်။ဒီပြင်ဆက်ချက်အရဆိုရင် အောက်ခြေစစ်သားတွေ အရေးယူနိုင်ရေး အထက်အရာရှိတွေကို အာဏာပေးလိုက်တာမျိုး ဖြစ်နေပြီး ဥပဒေအရ အားနည်းချက်တွေရှိနေတယ်လို့ ကချင်ပြည်နယ် အခြေစိုက် ဖယ်ဒရယ်ဥပဒေ အကယ်ဒမီ ကျောင်းအုပ်၊ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူး က ဗွီအိုအေကို ပြောပါတယ်။

" အရင် ဥပဒေဟောင်းမှာက ရှင်းရှင်းလေးပဲ။ တပ်မတော်သားတယောက်အရေးယူမယ်ဆိုရင် သုံးနှစ်သက်တမ်းကာလအတွင်း အရေးယူရတယ်။ သုံးနှစ်သက်တမ်းကာလကို ဘယ်ကနေ စတွက်သလဲ။ ပြစ်မှုစတင်ကျူးလွန်တဲ့ ရက်ကစတွက်တယ်။ အဲဒီကြားထဲမှာ အရေးယူတယ်။ ဥပဒေရည်ရွယ်ချက်က ဘာလဲဆိုတော့ မြန်မြန်အရေးယူဖို့ သတ်မှတ်ပေးထားတယ်။ အခု အထက်လွှတ်တော်က ပြင်လိုက်တဲ့ဟာက ပြစ်မှုကျူးလွန်ကြောင်း စတင်သိရှိတဲ့ရက်ကနေစ အရေးယူမယ်။ ဒါဆိုရင် ရိုဟင်ဂျာကိစ္စ၊ ကာချုပ် မင်းအောင်လှိုင်နဲ့ အဆင့်မြင့်အရာရှိတွေက အမိန့်ပေးလိုက်တယ်။ အောက်မှာ ကျူးလွန်လိုက်ပြီ။ သူတို့အမိန့်အတိုင်း ကျူးလွန်ရတာနော်။ ကျူးလွန်တဲ့သူတွေကို အရေးယူမလား မယူဘူးလားဆိုတာ အထက်က ကာချုပ် မင်းအောင်လှိုင်နဲ့ အဆင့်မြင့်အရာရှိတွေရဲ့ လက်ထဲကို ရောက်သွားပြီ။ အောက်က တိုင်းမှူးနဲ့ တပ်မမှူးတွေ အဆင့်အကုန်လုံးက ကာချုပ်မင်းအောင်လှိုင်နဲ့ အဆင့်မြင့်အရာရှိတွေ ပေးတဲ့ အမိန့်ကို နာခံနေသမျှကာလပတ်လုံး အရေးယူခံရမှာမဟုတ်ဘူး။ ဆိုလိုတာက ပြစ်မှုကျူးလွန်ကြောင်း စတင်သိရှိတဲ့ရက်ဆိုတာ ဘာကို ပြောတာလဲ။ ဥပဒေအရ လုံး၀ ဝေးဝါးသွားပြီ။ အဲတော့ အောက်ကလူတွေကို အရေးယူဖို့ပဲ အထက်က ပုဂ္ဂိုလ်တွေမှာ အာဏာရှိတယ်။ ကာချုပ်မင်းအောင်လှိုင်နဲ့ သူ့အထက်အရာရှိတွေ ပေးသမျှ အမိန့်ကို နားခံနေသမျှကာလပတ်လုံး အောက်က ပုဂ္ဂိုလ်တွေကို အရေးမယူပဲ ထားလိုက်တော့မယ်ဆိုတဲ့ အခြေအနေမျိုးကြီးဖြစ်သွားမယ်။ အဲဒီဥပဒေကို အတည်ပြုသွားမယ်ဆိုရင်။"

အခုလို တပ်မတော်သားတဦး ပြစ်မှု ကျူးလွန်တဲ့ နေ့ရက်အစား အာဏာပိုင်က စတင် သိရှိတဲ့ နေ့ရက် လို့ ပြင်ဆင်လိုက်တဲ့အတွက် ဘယ်အချိန်ကပဲ ပြစ်မှုကျူးလွန်ခဲ့သည်ဖြစ်စေ အပြစ်ရှိတယ်ဆိုရင် စစ်တရားရုံးနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ တိုင်ကြား၊ သတင်းပေးလာတဲ့သူရှိလာရင် အရေးယူလို့ရအောင်နဲ့ စစ်စည်းကမ်းထိန်းသိမ်းရေးနဲ့ တပ်မတော်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုမိုမြင့်မားလာစေရေးအတွက် ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

ဒါပေမယ့် ဒီပြင်ဆင်ချက်အရ အောက်ခြေတပ်မတော်သားတွေ ကို တင်းတင်းမာမာ ချုပ်ကိုင်ချင်တဲ့ သဘောတွေ့ရပြီး တရားခံအဖြစ် စီရင်ခံရမယ့် စစ်သားတွေအတွက် အကာအကွယ် လုံးဝမရှိဖြစ်နေကြောင်း ပြည်တွင်း စစ်ဘက်ဆိုင်ရာ သုတေသီတချို့က သုံးသပ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေး သီးခြားဖြစ်နေပြီး အထူးသဖြင့် စစ်ဘက်အယူခံတရားရုံးဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လက်ထဲမှာရှိနေတဲ့အတွက် စစ်မိန့်ပေးသူတွေက ပြစ်ဒဏ်ကနေ ကင်းလွတ်နေပြီး အောက်ခြေစစ်သားတွေကိုပဲ ကြိုက်သလို အပြစ်ပေး အရေးယူနိုင်ကြောင်း ဦးအောင်ထူးက ထောက်ပြပါတယ်။

" စစ်ခုံရုံးကနေ တရားစီရင်ခံလိုက်ရပြီဆိုရင် တဖက်စောင်းနင်းဖြစ်နေတယ်။ အဲဒါဘာလဲဆိုတော့ တရားခံဘက်ကနေ လိုက်ပါဆောင်ရွက်ပေးမယ့် အင်အားက ထုနဲ့ ထည်နဲ့ ရှိမနေဘူး။ သို့သော် တရားလိုဘက်က စစ်ခေါင်းဆောင်က ခန့်တဲ့ တရားစွဲတဲ့ စစ်အရာရှိက အာဏာအပြည့်ရှိနေတယ်။ ဘက်မမျှတဲ့ တရားစီရင်ရေးဖြစ်နေတယ်။ ဒါကြောင့် ခြုံပြီးပြောရရင် လက်ရှိသွားနေတဲ့ ၁၉ ၅၉အက်ဥပဒေနဲ့ အခြေခံပြီးသွားနေတဲ့ တရားရုံးတွေဟာ ဒီကနေ့အချိန်မှာ အတော်လေး တရားမျှတမှု ကင်းမဲ့နေတယ်။ တရားစွဲခံရတဲ့ ရဲဘော်တွေအတွက် မျှော်လင့်ချက် မရှိသလောက်ဖြစ်နေတယ်။ သူတို့အမိန့်ပေးလို့ နာခံ လိုက်နာရင်း ပြစ်မှုကျူးလွန်တဲ့ စစ်သားတွေကိုတော့ ပုံသဏ္ဍာန်အရ ပြစ်ဒဏ်ချလိုက်မယ်။ ပြီးရင် ပြန်လွှတ်တာမျိုး။ အင်းဒင်မှာဖြစ်တဲ့ ပုံစံမျိုးပေါ့။ တရားမဝင် ကိုယ့်ကျင့်တရားမဲ့တဲ့ ဖြစ်ရပ်တွေဟာ တောက်လျောက် စစ်ဘက်ဆိုင်ရာ တရားရုံးလည်ပတ်မှုတွေမှာ ဖြစ်နေတာ။"

၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း မှာ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာမွတ်စလင်တွေကို ဖိနှိပ်ခဲ့မှုမှာ မြန်မာအစိုးရဘက်က လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်တားဆီးရေးစာချုပ် ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာအစိုးရကို ၂၀၁၉ ခုနှစ်မှာ ICJ နိုင်ငံတကာတရားရုံးမှာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံမှာရှိတဲ့ICJ တရားရုံးမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ကြားနာပွဲကိုတက်ရောက် ခုခံချေပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တပ်မတော်ရဲ့ ပြစ်မှုကျူးလွန်မှုတွေကို ပြည်တွင်း ဥပဒေနဲ့ပဲ ကိုင်တွယ်အရေးယူမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီကြားနာပွဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြု သုံးနှုန်းခြင်းမရှိခဲ့ပါဘူး။မြန်မာအစိုးရအနေနဲ့ ကြားဖြတ်အရေးယူစီမံဆောင်ရွက်ချက်တွေကို လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့နှစ် အကုန်မှာ ICJ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ပြီးနောက်မှာ အခုလို တပ်မတော်ဘက် ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ အချို့ကို ပြင်ဆင်ဖို့ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG