သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားနိုင်ငံမှာ သေဒဏ်နဲ့ မသေမချင်းထောင်ဒဏ်ကျခံတဲ့ စနစ် ဖျက်သိမ်း


Twin Towers in Kuala Lumpur,
Twin Towers in Kuala Lumpur,

မလေးရှားနိုင်ငံမှာ သေဒဏ်စီရင်တဲ့ စနစ်ကို ပယ်ဖျက်ပြီး ဥပဒေစီရင်အရေး အပြောင်းအလဲတွေ လုပ်ဖို့ မလေးရှား ပါလီမန်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ သေဒဏ်စီရင်ထားသူတွေရဲ့ ပြစ်ဒဏ်တွေကို လျှော့ချပြီး မသေမခြင်း ထောင်ဒဏ်ကျခံဖို့ အပြစ်ပေးတဲ့ စနစ်ကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ်ကတည်းက သေဒဏ်စီရင်ခံတာကို ဆိုင်းငံ့ထားပါတယ်။ သေဒဏ်ကို ပယ်ဖျက်ဖို့ မလေးရှားအစိုးရက ကတိပေးခဲ့ပေမယ့် နိုင်ငံရေးအရေ ဖိအားပေးမှုတွေကြောင့် သေဒဏ်စီရင်တာကို ဆက်ထားခဲ့ပြီး တရားရုံးတွေက တခြား ပြစ်ဒဏ်နဲ့ အစားထိုးပြောင်းနိုင်တယ်ဆိုပြီး ပြင်ဆင်ခဲ့ပါတယ်။

ဒီနေ့ ပြင်ဆင်ချက်အရ သေဒဏ်အစား ထောင်ဒဏ် နှစ် ၃၀ နဲ့ ၄၀ အကြားမှာ သတ်မှတ်ပြီး အရင်က မသေမချင်း အကျဉ်းချခံထားတဲ့ ပြစ်မှုကျုးလွန်သူတွေကို ပြောင်းလဲ သတ်မှတ်ပါလိမ့်မယ်။ တသက်တကျွန်း ထောင်ဒဏ်ကတော့ မလေးရှား ဥပဒေအရ ထောင်ဒဏ် နှစ် ၃၀ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတချို့မှာ သေဒဏ်စီရင်တာတွေ တိုးလုပ်နေတဲ့အချိန် မလေးရှားမှာ အခုလို စီရင်တာကို ပယ်ဖျက်လိုက်တာပါ။

ပြီးခဲ့တဲ့နှစ်က စင်္ကာပူမှာ မူးယစ်ဆေးဝါးမှုနဲ့ လူ ၁၁ ယောက် သေဒဏ်စီရင်ခံခဲ့ရတဲ့အကြောင်း စင်္ကာပူအစိုးရ စာရင်းတွေမှာ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီရေး လှုပ်ရှားသူ ‌၄ ဦးကို သေဒဏ်စီရင်လိုက်တဲ့အကြောင်း မြန်မာစစ်ကောင်စီက ကြေညာခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာတော့ သေဒဏ်စီရင်မှုကို လုံးဝပယ်ဖျက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}





XS
SM
MD
LG