သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနီမြို့နယ်က လေဘေးသင့် ဒေသခံတွေ အရေးပေါ် အကူအညီလိုအပ် 


စစ်ကိုင်းတိုင်း ကနီမြို့ နယ်မှာ ဧပြီ ၂၁ ရက် ညနေပိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတွေတိုက်ခတ်ခဲ့တဲ့အတွက် အမိုးအကာတွေ ပျက်စီးပြီး သစ်ပင်တွေလည်း လဲကျခဲ့
စစ်ကိုင်းတိုင်း ကနီမြို့ နယ်မှာ ဧပြီ ၂၁ ရက် ညနေပိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတွေတိုက်ခတ်ခဲ့တဲ့အတွက် အမိုးအကာတွေ ပျက်စီးပြီး သစ်ပင်တွေလည်း လဲကျခဲ့

စစ်ကိုင်းတိုင်းကနီမြို့နယ်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေ ပျက်စီးခဲ့ရပြီး အကူအညီတွေလိုအပ်နေပါတယ်။ မိုးကြိုကာလမှာ လေပြင်းတိုက်တာတွေဖြစ်တတ်တဲ့အတွက် သတိထားကြဖို့လည်း မိုးလေဝသ ကျွမ်းကျင်သူတွေ သတိပေးထားပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်း တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲမှာ အချိန်အခါမဟုတ် လေပြင်းတိုက်ပြီး မိုးရွာသွန်းတဲ့အတွက် ကျေးရွာ ၁၀ ရွာက နေအိမ် ၂၀၀ နီးပါး ပျက်စီးခဲ့ရပြီး ဒေသခံတွေ အကူအညီတွေ လိုအပ်နေတာပါ။ ဧပြီ ၂၁ ရက်က မိုးသက်လေပြင်းကျခဲ့တဲ့အတွက် နေအိမ်တွေ ပျက်စီးခဲ့ရပြီး ဧပြီ ၂၄ ရက် တနင်္လာနေ့အထိ ဆက်တိုက် မိုးရွာသွန်းနေတဲ့အတွက် နေထိုင်ရေး ခက်ခဲနေရတာလည်း ဖြစ်ပါတယ်။ အခုလို ၄ ရက်ဆက်တိုက် မိုးရွာသွန်းပြီး ဒေသခံတွေ အကူအညီလိုအပ်နေတာနဲ့ ပတ်သက်လို့ ကနီမြို့ခံ တဦးဖြစ်တဲ့ပြည့်အောင်နိုင်က အခုလို ပြောပြပါတယ်။

“ကနီမှာ မိုးသက်လေပြင်းကျပြီးတော့ လေတိုက်တယ်မိုးသည်းတာက ၄ ရက်ရှိသွားပြီ။ ကနီမြို့နယ်ထဲက ကျေးရွာ ၁၀ ရွာက နေအိမ် ၂၀၀ နီးပါးကတော့ အမိုးအကာတွေပျက်စီးသွားတယ်။ မိုးသက်လေပြင်းကျလို့ နေအိမ်ပျက်စီးသွားတဲ့သူတွေရော စစ်ဘေးရှောင်တွေရော ဖြစ်သလိုပဲနေနေရတာ။ ရှိတဲ့မိုးကာလေးနဲ့ ကိုယ့်အနီးနားမှာရှိတဲ့ ဖက် ထန်းခက်တွေကို မိုးထားရတဲ့အနေအထားပဲ။ ဘယ်သူမှတော့ ကောင်းကောင်း ကန်းကန်း အရင်ကလို လုံလုံခြုံခြုံတော့ မနေနိုင်ဘူး။ ကိုယ့်ရ့ရှိစုမဲ့စုပစ္စည်းလေးတွေကို လုံအောင် ဖုံးအုပ်ပြီးမှ နေရထိုင်ရတဲ့အနေအထားဖြစ်တယ်။ မိုးသက်လေပြင်းကကျတယ် လေတိုက်မိုးရွာတယ် ဒါ့အပြင် နေကလည်း တအားပူတဲ့ခါမှာတော့ ဖြစ်သလိုလေးပဲနေနေရတာ။ စစ်ဘေးဒဏ်လည်း ခံနေရတယ်။ ရာသီဥတုဒဏ်လည်း ခံနေရတဲ့အနေအထားမှာ ကြုံတွေ့နေရတယ်။”

စစ်ရေးတင်းမာပြီး မကြာခဏ တိုက်ပွဲဖြစ်တဲ့ မြို့နယ်ဖြစ်တဲ့အတွက် အမိုးအကာတွေ ဝယ်ယူဖို့အတွက် ကုန်ပစ္စည်းတွေ သယ်ယူရာမှာလည်း စစ်တပ်ဘက်က တင်းကြပ်စွာစစ်ဆေးပြီး ကန့်သတ်တာတွေရှိတဲ့အတွက် အမိုးအကာဝယ်ယူဖို့လည်း အခက်အခဲ ရှိနေပါတယ်။ ဧပြီလအလယ်နဲ့ မေလအစောပိုင်းဟာ မိုးကြိုကာလဖြစ်တဲ့အတွက် လေပြေင်းတိုက်ခတ်တာအပြင် မိုးသည်းထန်စွာ ရွာသွန်းတာတွေ ရှိတဲ့အတွက် သတိထားကြဖို့လည်းမိုးဇလတာာဝန်ရှိသူတဦးက အခုလို အကြံပြုပါတယ်။

“အပူချိန်မြင့်မားပြီးလေထုမငြိမ်မသက်မှုဖြစ်စဉ်တွေဖြစ်တယ်။ မိုးတိမ်တောင်တွေဖြစ်တယ်။ မိုးတိမ်တောင်တွေကနေ လေပြင်းတိုက်တာတွေဖြစ်တာာပေါ့။ မကွေး မန္တလေး စစ်ကိုင်းတိုင်းဒေသကြီး ဘက်တွေမှာ မိုးကြိုကာလ ရောက်တိုင်းရောက်တိုင်းမှာတော့ ဒီဖြစ်စဉ်တွေ ဖြစ်တတ်တယ်။ ဒါအမြဲသတိထားနေရမယ့်အခြေအနေ ဒီလိုကာလရောက်ရင် ဥပမာ အန္တရာယ်ပေးနိုင်တဲ့ သစ်ပင်တွေ သစ်ကိုင်းတွေရှိရင် အမြဲခုတ်ထွင်ရှင်းလင်းထားရမယ်။ ဒါလေပြင်းတိုက်ရင်တော့ သစ်ပင်တွေ သစ်ကိုင်းတွေအောက် မနေတာတော့အကောင်းဆုံးပေါ့။ ဒါတွေကို ရှောင်ရှားရမယ်။”

ဧပြီ ၂၁ ရက်က နေပြည်တော် လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာနဲ့ တံတားဦးကျေးရွာတို့မှာလည်း လေဆင်နှာမောင်းတိုက်ခတ်ခဲ့တဲ့အတွက် ကျေးရွာအတွင်းက နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး ဒေသခံ ၈ ဦး သေဆုံးခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG