သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်နဲ့ မြို့ရွာတချို့ လေပြင်းဒဏ်ခံရ 


နေပြည်တော်နဲ့မြို့ရွာတချို့မှာ အချိန်အခါမဟုတ် မိုးရွာပြီး လေဆင်နှာမောင်းနဲ့အတူ လေပြင်းတိုက်ခတ်ခံရပုံ။ (ဧပြီလ ၂၁၊ ၂၀၂၃/ Photo@ပြည့်အောင်နိုင်/CJ)
နေပြည်တော်နဲ့မြို့ရွာတချို့မှာ အချိန်အခါမဟုတ် မိုးရွာပြီး လေဆင်နှာမောင်းနဲ့အတူ လေပြင်းတိုက်ခတ်ခံရပုံ။ (ဧပြီလ ၂၁၊ ၂၀၂၃/ Photo@ပြည့်အောင်နိုင်/CJ)

စစ်ကိုင်းတိုင်း ကနီမြို့ နယ်မှာ ဧပြီ ၂၁ ရက် ညနေပိုင်းမှာ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတွေတိုက်ခတ်ခဲ့တဲ့အတွက် ကနီမြို့ ချင်းတွင်းမြစ် အနောက်ဘက် ကျေးရွာ ၈ ရွာက နေအိမ် ၁၅၀ နီးပါး အမိုးအကာတွေ ပျက်စီးပြီး သစ်ပင်တွေလည်း လဲကျခဲ့ပါတယ်။

အလားတူပဲ နေပြည်တော်မှာလည်း ဧပြီ ၂၁ ရက် ညနေပိုင်းက လေပြင်းတိုက်ခိုက်တဲ့အတွက် လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာက တရွာလုံးနီးပါး ပျက်စီးခဲ့ပြီး အနည်းဆုံး ၂ ဦးသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောင်မြင်ကုန်းကျေးရွာအပြင် တံတားဦးကျေးရွာလည်း လေပြင်းကြောင့် ပျက်စီးခဲ့ရပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတယ်လို့လည်း ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒက ထုတ်ပြန်ချက်မှာတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း ရှမ်းပြည်နယ်ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG