သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်တွေကို တရားစွဲသင့်၊ မသင့် ရှေ့သီတင်းပတ်မှာ ဆုံးဖြတ်မည်


လာမယ့် ဇူလိုင် ၉ ရက်နေ့မှာ အစိုးရနဲ့ အမှုရင်ဆိုင်နေရတဲ့ ရိုက်တာသတင်းဌာနသတင်းထောက် တွေကို နိုင်ငံတော် လ ျှို့ဝှက် အက်ဥပဒေနဲ့ တရားစွဲသင့်မသင့် ကို ဆုံးဖြတ်ပေးသွားမယ်လို့ ဒီကနေ့မြောက်ပိုင်းခရိုင်တရားရုံးက ဆုံးဖြတ် လိုက်ပါတယ်။ ဒီသတင်းကို ကိုယ်တိုင်သတင်းသွားရောက်ယူခဲ့တဲ့ ဗွီအိုအေသတင်းထောက်မေခက ပေးပို့ထားတာပါ။

ဒီကနေ့ ရုံးထုတ်မှာတော့ တရားလိုဘက်ကတော့ သတင်းထောက်၂ဦးမှာ လုံခြုံမှုဆိုင်ရာ အရေးကြီးလုံခြုံရေးစာရွက် စာတမ်း အထောက်အထားများ လက်ဝယ်တွေ့ရှိခဲ့ရတာမို့ ဒီဥပဒေနဲ့ ဆက်လက် စိစစ်ဖို့လိုအပ်နေသေးကြောင့် စွဲချက်တင်ဖို့ တင်ပြလာခဲ့ပြီး ရိုက်တာရှေ့နေတွေဘက်ကတော့ လ ျှို့ဝှက် အက်ဥပဒေနဲ့ စွဲချက်မတင်ဘဲတရားရှင်လွှတ်ဖို့ တင်ပြသွားတာပါ။ ဒီအပေါ်လာမယ့် တနင်္လာနေ့မှာ တရားရုံးက ဆုံးဖြတ်ပေးသွားမှာပါ။

ရခိုင်ပြည်နယ်နဲ့ပတ်သတ်တဲ့ လုံခြုံမှုဆိုင်ရာ အရေးကြီးလုံခြုံရေးစာရွက်စာတမ်း အထောက်အထားများ လက်ဝယ်တွေ့ရှိ တယ်လို့ဆိုပြီး ရိုက်တာသတင်းဌာနက သတင်းထောက်၂ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက ဖမ်းဆီးစစ်ဆေးခဲ့တာ ဖြစ်ပြီး လက်ရှိမှာ တရားလိုပြသက်သေ ၂၃ဦးကို စစ်ဆေးပြီးပြီ ဖြစ်ပါတယ်။

ဒီနှစ် ဇန်နဝါရီလကတည်းက စစ်ဆေးခဲ့တဲ့ ဒီအမှုဟာ ၆ လ ကျော် လာခဲ့ပေမယ့် အခုထိ တရားလိုဘက်က စွပ်စွဲထား တဲ့ စွပ်စွဲချက်တွေအတွက် သက်သေ ကောင်းကောင်း မပြနိုင်ခဲ့ဘူးလို့ ကိုဝလုံးက တနင်္လာနေ့ ရုံးချိန်းအပြီး သတင်း ထောက်တွေကို ပြောပါတယ်။ တရားရုံးဘက်က မ ျှမ ျှတတ ဆုံးဖြတ်ပေးလိမ့်မယ်လို့မေ ျှာ်လင့်တယ်လို့လည်းဆိုပါ တယ်။

"ကျနော်တို့နိုင်ငံအတွက် ဥပဒေစိုးမိုးမှုဘယ်လောက်ရှိတယ် တရားမ ျှတမှုဘယ်လောက်ရှိတယ်ဆိုတဲ့ အနေ အထားမှာ တရားရုံးကမ ျှမ ျှတတဆုံးဖြတ်ပေးမယ်လို့မေ ျှာ်လင့်ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ သတင်းတွေ ကို ကျနော်တို့လိုက်ခဲ့တယ်။ ဒီအနေအထားမှာ တိုင်းပြည်ကိုသစ္စာဖောက်တာမဟုတ်ဘူး။ တိုင်းပြည်ကိုကောင်းကျိုး ဖြစ်စေမယ့် အလုပ်ကို လုပ်နေတယ်ဆိုတာ စွပ်စွဲတဲ့သူတွေဘက်က ဒါတွေနဲ့ဆန့်ကျင်ပြီး သက်သေပြနိုင်တာ မရှိခဲ့တာ မို့လို့ မကြာခင် တရားရုံးဘက်က တရားမ ျှတစွာဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ကျနော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ ကိုဒီမ ျှမ ျှတတ ဆုံးဖြတ်မှုကအထောက်အပံပေးလိမ့်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်"

သတင်းထောက်တွေဘက်ကတော့ ရခိုင်သ တင်းရေးသားမှုတွေအပေါ် ထောက်ခြောက်ဆင်ဖမ်းဆီးခံရတာဖြစ်ပြီး အစိုးရဘက်က စွပ်စွဲသလို နိုင်ငံတော် လျှို့ဝှက်ချက် များအက်ဥပဒေ ကိုချိုးဖောက်ခဲ့တာမရှိကြောင်း ငြင်းဆန်ထားပါတယ်။

လက်ရှိမှာ တရားလိုဘက်က သတင်း ထောက်၂ဦးမှာ လုံခြုံမှုဆိုင်ရာ အရေးကြီးလုံခြုံရေးစာရွက် စာတမ်း အထောက် အထားများ လက်ဝယ်တွေ့ရှိခဲ့ရတာမို့ လျို့ဝှက် အက်ဥပဒေနဲ့ ဆက်လက် စွဲချက်တင်ဖို့တိုက်တွန်း သွားတဲ့အပေါ် ရိုက်တာသတင်းသမားတွေရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကတော့

"ကျနော်တို့သွားနေတာက ရန်သူအတွက် ဟုတ်တာမဟုတ်တာကိုမပြောဘူး။ သတင်းထောက် သူ့အလုပ်သူလုပ်တယ်။ ကျနော်တို့ထူထောင်နေတာက ဒါတွေက လျို့ဝှက် စာရွက်စာတမ်းတွေမဟုတ်ဘူး။ သူတို့က အလိုအလျောက်တောင်းခံလုပ်လာတာမဟုတ်ဘူး.။ လက်ဝယ်ရှိခဲ့တာကလည်း မသိဘဲလက်ဝယ်ရှိခဲ့တာ။ အဲဒါတွေနဲ့ ကျနော်တို့သွားထားတယ်။ ကျနော်တို့ဘက်ကတော့သူတို့ပြောသလိုရန်သူကိုမဆက်သွယ်ဘူးဆိုတာပြထားတယ်။ သူတို့ဟာ ဘယ်တုန်းကမှ အကြမ်းဖက် အဖွဲ့တွေနဲ့ တွဲတာ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ တွဲတာမရှိခဲ့တာကို သူနဲ့လုပ် ဖော်ကိုင်ဖက်တွေက သက်သေပြမှာပါ"

လက်ရှိမှာ ရခိုင်သတင်းရေးသားတာကြောင့် အခုလို အဖမ်းခံရတာဖြစ်တယ်လို့ သတင်းထောက်တွေဘက်က ဆိုထား ပေမယ့် အစိုးရဘက်က ငြင်းဆန်ထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရိုက်တာသတင်းထောက်တွေဟာ ရခိုင်သတင်းရေးသားတာကြောင့် အခုလိုဖမ်းခံရတာမဟုတ်ကြောင်း တရားရုံးဆုံး ဖြတ်မှုကို နိုင်ငံတကာ ဘက်က သေချာလေ့လာစေချင်ကြောင်းပြောဆိုထားပါတယ်။

ရိုက်တာရှေ့နေ တဦးဖြစ်တဲ့ ကိုသန်းဇော်အောင်ကတော့ လာမယ့် တရားရုံးဆုံးဖြတ်ချက်က တရားမ ျှတစွာ ဆုံးဖြတ် နိုင်မယ်လို့မေ ျှာ်လင့်တယ်လို့ဆိုပါတယ်။ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ ရဲ့ပြောဆိုမှုက တရားရုံးဆုံဖြတ်မှုအပေါ် ဘယ်လောက် အကျိုးသက်ရောက်မှု ရှိနိုင်သလဲဆိုတာကို ဗွီအိုအေကမေးတာမှာ သူက

"ဒီအမှုနဲ့ပတ်သတ်လို့ အပြင်မှာတော့ အမျိုးမျိုးပြောနေကြတာဘဲ။ ဒီအမှုနဲ့ပတ်သတ်လို့ပြောမယ်ဆို ဒီအမှုကိုသေချာ လေ့လာပြီးမှပြောမယ်ဆို တိကျပြီးမှန်ကန်တဲ့ ဆုံးဖြတ်ချက်တခုရမယ်လို့ကျနော်ပြောချင်ပါတယ်။ ဒါကမဏ္ဍိုင်တခုနဲ့ တခု လွတ်လပ်စွာ အမှီအခိုကင်းတယ်ဆိုရင်တော့ ဘာသက်ရောက်မှုမှရှိမှာမဟုတ်ပါဘူး"

သတင်းထောက်တွေကို တရားစွဲထားတဲ့ ဒီဥပဒေဟာ ပြစ်မှုထင်ရှားတယ်လို့ဆုံးဖြတ်ခဲ့ရင် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်ထိပြစ် ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေတခုဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က ရိုက်တာသတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုူလိုက်ပါတယ်။ ဒီအပြင် ကုလသမဂ္ဂအပါ အဝင် နိုင်ငံတကာကလည်း ရိုက်တာသတင်းသမားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့တောင်းဆိုလျက်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG