သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ သားဖွားနှုန်း ထိန်းချုပ်မည်


ရိုဟင်ဂျာမိခင်နှင့်ကလေးငယ်များ
ရိုဟင်ဂျာမိခင်နှင့်ကလေးငယ်များ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒေသမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကြားမှာ သားဖွားနှုန်း ထိန်းချုပ်ရေး အစီအစဉ် တခုလုပ်ဖို့ ဘင်္ဂလားဒေ့ရှ်ကျန်းမာရေး တာဝန်ရှိသူတွေက စီစဉ်နေကြောင်း AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

Cox’s Bazar ဒေသက ဒုက္ခသည်စခန်းတွေမှာ ရောက်နေတဲ့ ဒုက္ခသည်မိသားစုထဲက တချို့မှာ ကလေး ၁၉ ယောက်အထိ ရှိတာတွေ၊ ဇနီးတယောက်ထက် ပိုရှိတာတွေ တွေ့ရတယ်လို့ အဲဒီဒေသက မိသားစု စီမံကိန်းဌာနရဲ့ အကြီးအကဲ Pintu Kanti Bhattacharjee က ပြော ပါတယ်။ သားဖွားနှုန်း ထိန်းချုပ်ရမယ်ဆိုတဲ့ အသိမျိုး- ရိုဟင်ဂျာတွေကြားမှာ မရှိသလောက်ပဲလို့လည်း သူကပြောပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေထဲက ၆၀၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ပြီးတဲ့နောက် မီးဖွားခဲ့ကြပြီး အမျိုးသမီး ၂၀,၀၀၀ နီးပါး ကိုယ်ဝန်ရှိနေတယ်လို့ တာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောပါတယ်။

ဒုက္ခသည်တွေ ကိုယ်ဝန်မရအောင် တားဆီးတဲ့ စီမံကိန်းကို Cox’s Bazar ဒေသ မိသားစု စီမံကိန်းတာဝန်ရှိသူတွေ စတင်ခဲ့ပေမဲ့ အခုချိန်ထိ ဆိုရင် ၊ ကွန်ဒွမ်း အထုတ်ရေ ၅၅၀ လောက်ကိုပဲ ဖြန့်ပေးနိုင်သေးတာပါ။

လက်ရှိမှာတော့ အမျိုးသားနဲ့ အမျိုးသမီးတွေကို သားကြောဖြတ်မယ့် စီမံကိန်းတခုကို အတည်ပြုပေးဖို့ မိသားစု စီမံကိန်း တာဝန်ရှိသူတွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို တင်ပြထားတယ်လို့ Bhattacharjee က AFP သတင်းဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအတွက် သားကြောဖြတ်တဲ့ စီမံကိန်းတခုကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့ပြီး Cox’s Bazar မှာတင် လစဉ် သားကြောဖြတ်သူ ၂၅၀ နီးပါးရှိတယ်လို့ AFP ကဖော်ပြပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မဟုတ်သူတွေအတွက် ဒီ စီမံကိန်းကို လုပ်မယ် ဆိုရင်တော့ ကျန်းမာရေးဝန်ကြီးရဲ့ အတည်ပြုချက်ကို ယူရမှာဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ သားဖွားနှုန်း ထိန်းချုပ်မည်
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG