သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ပဋိပက္ခဖြေရှင်းရေး ဂျပန် နဲ့ Bangladesh ဆွေးနွေး


(credit- Focus Bangla)

ဘင်္ဂလာဒေ့ရှ်မှာ လာရောက်ခိုလှုံနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ခေါ်ရေးအတွက် မြန်မာအစိုးရကို နားချဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က ဂျပန်အပါအဝင် နိုင်ငံတကာ လူ့အဖွဲ့အစည်းကို ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကတဆင့် ဘင်္ဂလာဒေ့ရှ်ကို သွားရောက်ခဲ့တဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တာရိုကိုနိုနှင့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဝန်ကြီးချုပ် Sheik Hasina တွေ့ဆုံစဉ်မှာ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ဒက်ကာမြို့ကို ဗုဒ္ဓဟူးနေ့ စောစောပိုင်းက ရောက်သွားခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီး တာရိုဟာ ဘင်္ဂလာဒေ့ရှ်- ဂျပန် ဆက်ဆံရေး တိုးမြှင့်ဖို့ အပြင် ရိုဟင်ဂျာ ပဋိပက္ခ အပါအဝင် ၂ နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ သွားရောက်တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ၇ သိန်းကို Cox’s Bazar မှာ ခိုလှုံခွင့်ပေးခဲ့တဲ့ အတွက် ဘင်္ဂလာဒေ့ရှ် ဒေသခံတွေ လယ်ယာစိုက်ပျိုးရေးမှာ မြေအခက်အခဲနဲ့ ရင်ဆိုင်နေရပြီး ဘင်္ဂလာဒေ့ရှ် အစိုးရက အကူညီပေးနေရကြောင်းလည်း ဝန်ကြီးချုပ် Hasina ကပြောကြာခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေ နေရပ်ရင်း ပြန်ရေးအတွက် ဘင်္ဂလာဒေ့ရှ်နဲ့ မြန်မာ သဘောတူ လက်မှတ်ရေးထိုး ခဲ့ပေမယ့် ဘာမှ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိသေးပဲ ဆက်လက် ဆွေးနွေးနေဆဲ ရှိကြောင်းလည်း ပြောပါတယ်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးကတော့ သူမြန်မာနိုင်ငံ ရောက်ရှိစဉ် သမ္မတ ဦးဝင်းမြင့်အပြင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နဲ့လည်း တွေ့ဆုံပြီး ရိုဟင်ဂျာ အရေးကို ဆွေးနွေးခဲ့ကြောင်း၊ မြန်မာခေါင်းဆောင်တွေက ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် MoU လက်မှတ်ရေးထိုးထားကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ရခိုင်ပြည်နယ်မှာ ဘင်္ဂလားဒေ့ရှ် က ရိုဟင်ဂျာတွေ ပြန်လာတဲ့ အခါ ကောင်းမွန်စွာ နေထိုင်ရေး အတွက် နေအိမ်တွေ ကျောင်းတွေ ဆောက်လုပ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့တယ်လို့ လည်း ပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလာဒေ့ရှ်က ဒုက္ခသည် စခန်းတွေကိုလည်း မြန်မာအာဏာပိုင်တွေ သွားရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း ပြန်နိုင်ရေးအတွက် ဘင်္ဂလာဒေ့ရှ် အာဏာပိုင်တွေနဲ့ ဆွေးနွေးဖို့ တိုက်တွန်းခဲ့ကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးတာရိုဟာ မြန်မာနိုင်ငံနဲ့ ညှိနှိုင်းထားတာတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အာလီကို တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဂျပန်ရဲ့ အကြံပြုချက် ၅ ချက်ထဲမှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် အနေနဲ့ ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ မြန်မာအစိုးရက စုံစမ်းရေး ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ UNHCR – UNDP တို့နဲ့ မြန်မာအစိုးရရဲ့ MoU စာချွန်လွှာ အတိုင်း ပူးပေါင်းဆောင်ရွက်ဖို့၊ ပြည်တွင်း IDP စခန်းတွေ အမြန်ပိတ်ပစ်ဖို့တွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG