သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော် အင်ဒိုနီးရှားကမ်းခြေမှာ ရောက်ရှိ


အင်ဒိုနီးရှားနိုင်ငံ အာချေးနယ် ကမ်းခြေကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (မတ် ၆၊ ၂၀၂၂)
အင်ဒိုနီးရှားနိုင်ငံ အာချေးနယ် ကမ်းခြေကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (မတ် ၆၊ ၂၀၂၂)

(Zawgyi / Unicode)

မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ဟာ လှေစီးပြီး အင်ဒိုနီးရှားနိုင်ငံ အာချေးနယ် ကမ်းခြေကို တနင်္ဂနွေနေ့ အစောပိုင်းက ရောက်ရှိလာတယ်လို့ အဲဒီမှာရှိနေတဲ့ NGO အဖွဲ့တခုက ဆိုပါတယ်။

ကလေးငယ် ၃၅ ဦး အပါအဝင် ဒီဒုက္ခသည် ၁၁၄ ဦးတို့ဟာ ပင်လယ်ပြင်မှာ ဘယ်လောက်ကြာခဲ့တယ်ဆိုတာ မသိရပေမဲ့ ဆေးဝါးအကူအညီ လိုအပ်နေကြတယ်လို့ အဆိုပါ NGO အဖွဲ့က သတင်းထောက်တွေကို ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ရေးထားပါတယ်။

ဒီဒုက္ခသည်တွေဟာ ရွာထဲလျှောက်ပြီး အကူအညီတွေ တောင်းခံနေတယ်၊ အကာအကွယ်ပေးဖို့ တောင်းခံကြတယ်၊ ဒီအတွက်တော့ အစိုးရတာဝန်လို့ပဲ ယူဆတယ်၊ လက်ခံတာကတော့ လူသားချင်းစာနာမှုအရ ဖြစ်တယ်လို့ ဒေသခံ ရွာသားတဦးက ဆိုပါတယ်။

ဒေသဆိုင်ရာ အရာရှိတဦးကတော့ “ရွာသားတွေက ဒီဒုက္ခသည်တွေအတွက် အစားအသောက်တွေ စီစဉ်ပေးထားတယ်၊ ဒါပေမယ့် သူတို့ဟာ ဒီရွာမှာ အကြာကြီး နေထိုင်ဖို့တော့ မျှော်လင့်မထားဘူး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှားရေတပ်က ကယ်တင်ခဲ့ပြီး ကနဦး အကူအညီတွေပေးပြီး ပြန်လည်ထွက်ခွာစေခဲ့ရာက နောက်ပိုင်းမှာ နိုင်ငံတကာ ဖိအားကြောင့် အလျှော့ပေး လက်ခံခဲ့ပါတယ်။

အင်ဒိုနီးရှားဟာ ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ မဟုတ်တဲ့အတွက် ဒုက္ခသည်တွေ တတိယနိုင်ငံ သွားရောက်ရေးအတွက် ကြားခံနိုင်ငံမျှသာ ဖြစ်နေပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော် အင်ဒိုနီးရှားကမ်းခြေမှာ ရောက်ရှိ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)








XS
SM
MD
LG