သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုိဟင္ဂ်ာေတြ ေဘးကင္းစြာ ျပန္သြားႏိုင္ဖို႔ ၿဗိတိန္လိုလား


ဘဂၤလားေဒ့ရွ္ႏုိင္ငံ ေကာ့ဇ္ဘဇားရွိ ကုတုပေလာင္ ဒုကၡသည္စခန္းတြင္းမွ ႐ုိဟင္ဂ်ာ ဒုကၡသည္အခ်ဳိ႕။ (ဧၿပီ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပး ခိုလႈံသြားၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေဘးကင္းၿပီး ဂုဏ္သိကၡာရွိစြာနဲ႔ ေနရပ္ရင္း ျပန္ႏိုင္ေရးကို ၿဗိတိန္ႏိုင္ငံက လိုလားေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ ၿဗိတိသွ်သံအမတ္ႀကီး Robert Chatterton Dickson က ႏိုင္ငံတကာ ဖိုရမ္တခုမွာ ေျပာၾကားလိုက္ပါတယ္။

“ကမၻာတဝန္းက တျခားဒုကၡသည္ေတြလိုပဲ ႐ိုဟင္ဂ်ာလူဦးေရ အမ်ားစုကလည္း အိမ္ျပန္ခ်င္ၾကတယ္” လို႔ ဒါကာၿမဳိ႕ေတာ္မွာ ျပဳလုပ္တဲ့ ဒါကာသတင္းေထာက္မ်ား စည္းလုံးညီၫြတ္ေရး (DRU) အဖြဲ႔ရဲ႕ “Meet the Reporters" ေဆြးေႏြးပြဲ မိန႔္ခြန္းမွာ သူက ထည့္သြင္းေျပာၾကားခဲ့တာပါ။

႐ိုဟင္ဂ်ာဒုကၡသည္ေတြ လိုအပ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ၊ အစားအေသာက္၊ အမိုးအကာ၊ ေရနဲ႔ သန႔္ရွင္းမႈ အပိုင္းမွာေရာ၊ ကိုဗစ္ကာကြယ္ေဆး ထိုးေပးတဲ့ ကိစၥေတြမွာပါ ဘဂၤလားေဒ့ရွ္က ျဖည့္ဆည္းခဲ့တာကို ၿဗိတိသွ်သံအမတ္ႀကီးက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ၿဗိတိန္ဟာ ႐ိုဟင္ဂ်ာျပႆနာ အက်ပ္အတည္း စတင္ခ်ိန္ကတည္းက ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ ဒီကိစၥနဲ႔ပတ္သက္လို႔ အၿမဲတမ္း တိုက္တြန္း လုပ္ေဆာင္လာခဲ့တယ္လို႔လည္း သံအမတ္ႀကီး Dickson ကေျပာၾကားၿပီး အာဆီယံ အထူးသံတမန္ရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြကို ေထာက္ခံအားေပးတယ္လို႔လည္း ဆိုပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ အက်ပ္အတည္းကို ႏိုင္ငံတကာက ကိုင္တြယ္ေျဖရွင္းေရးမွာ ၂၀၁၇ ခုႏွစ္ကတည္းက ေပါင္ေငြ သန္း ၃၂၀ ေက်ာ္ ၿဗိတိန္က လွဴဒါန္းခဲ့တယ္လို႔လည္း သူက ေျပာပါတယ္။ ၿပီးခဲ့တဲ့ ၄ ႏွစ္ခြဲအတြင္း ႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ဖို႔ ျမန္မာဘက္က သေဘာတူခဲ့သလို ျပန္ပို႔ဖို႔ ႏွစ္ႀကိမ္တိုင္တိုင္ ႀကိဳးပမ္းခဲ့ေပမယ့္ လုံၿခဳံေရးနဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈ ရွိတာေၾကာင့္ ေနရပ္ျပန္ေရး အခုခ်ိန္ထိ အေကာင္အထည္ ေပၚမလာႏိုင္ေသးဘဲ ျဖစ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ရိုဟင်ဂျာတွေ ဘေးကင်းစွာ ပြန်သွားနိုင်ဖို့ ဗြိတိန်လိုလား

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခိုလှုံသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာနဲ့ နေရပ်ရင်း ပြန်နိုင်ရေးကို ဗြိတိန်နိုင်ငံက လိုလားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Robert Chatterton Dickson က နိုင်ငံတကာ ဖိုရမ်တခုမှာ ပြောကြားလိုက်ပါတယ်။

“ကမ္ဘာတဝန်းက တခြားဒုက္ခသည်တွေလိုပဲ ရိုဟင်ဂျာလူဦးရေ အများစုကလည်း အိမ်ပြန်ချင်ကြတယ်” လို့ ဒါကာမြို့တော်မှာ ပြုလုပ်တဲ့ ဒါကာသတင်းထောက်များ စည်းလုံးညီညွတ်ရေး (DRU) အဖွဲ့ရဲ့ “Meet the Reporters" ဆွေးနွေးပွဲ မိန့်ခွန်းမှာ သူက ထည့်သွင်းပြောကြားခဲ့တာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအသောက်၊ အမိုးအကာ၊ ရေနဲ့ သန့်ရှင်းမှု အပိုင်းမှာရော၊ ကိုဗစ်ကာကွယ်ဆေး ထိုးပေးတဲ့ ကိစ္စတွေမှာပါ ဘင်္ဂလားဒေ့ရှ်က ဖြည့်ဆည်းခဲ့တာကို ဗြိတိသျှသံအမတ်ကြီးက ချီးကျူးပြောဆိုခဲ့ပါတယ်။

ဗြိတိန်ဟာ ရိုဟင်ဂျာပြဿနာ အကျပ်အတည်း စတင်ချိန်ကတည်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကိစ္စနဲ့ပတ်သက်လို့ အမြဲတမ်း တိုက်တွန်း လုပ်ဆောင်လာခဲ့တယ်လို့လည်း သံအမတ်ကြီး Dickson ကပြောကြားပြီး အာဆီယံ အထူးသံတမန်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံအားပေးတယ်လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို နိုင်ငံတကာက ကိုင်တွယ်ဖြေရှင်းရေးမှာ ၂၀၁၇ ခုနှစ်ကတည်းက ပေါင်ငွေ သန်း ၃၂၀ ကျော် ဗြိတိန်က လှူဒါန်းခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ၄ နှစ်ခွဲအတွင်း ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ မြန်မာဘက်က သဘောတူခဲ့သလို ပြန်ပို့ဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ပေမယ့် လုံခြုံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှု ရှိတာကြောင့် နေရပ်ပြန်ရေး အခုချိန်ထိ အကောင်အထည် ပေါ်မလာနိုင်သေးဘဲ ဖြစ်နေပါတယ်။

XS
SM
MD
LG