သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာဆန်ချာကျွန်းရောက် ရိုဟင်ဂျာတွေ ပညာရေးနဲ့ အခွင့်အလမ်း ရရှိရေး ကုလတိုက်တွန်း


Bhasan Char ကျွန်းကို ပြောင်းရွှေ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ။
Bhasan Char ကျွန်းကို ပြောင်းရွှေ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ။

(Zawgyi / Unicode)

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဒုတိယအကြီးအကဲဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းမှု အခွင့်အလမ်းတွေ ပိုမိုရရှိရေး တိုက်တွန်းလိုက်ပါတယ်။ ၅ နှစ်နီးပါး ရှိလာပေမယ့် ရိုဟင်ဂျာဒုက္ခသည်အရေး မဖြေရှင်းနိုင်သေးတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီဖြေရှင်းကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ခရိုင်နဲ့ Bhasan Char ကျွန်းပေါ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တဲ့ ဒုတိယမဟာမင်းကြီး Kelly T. Clements ရဲ့ ခရီးစဉ်ဟာ ဒုက္ခသည်တွေရဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေနဲ့ အနာဂတ် မျှော်လင့်ချက်တွေကို ပိုမိုနားလည်သဘောပေါက်ဖို့ ဖြစ်တယ်လို့လည်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ခရီးစဉ်အတွင်း ဒုက္ခသည်တွေ ကိုယ့်သဘောဆန္ဒနဲ့ နေရပ်ပြန်နိုင်ရေး အပါအဝင် ပြဿနာကို ဖြေရှင်းရေး ကုလသမဂ္ဂက အခိုင်အမာ ပိုင်းဖြတ်ထားကြောင်းလည်း ပြောဆိုခဲ့တာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြားမှာရော ကုလသမဂ္ဂနဲ့ပါ သီးခြား နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပေမယ့် လက်တွေ့အကောင်အထည် မဖော်နိုင်သေးပါဘူး။

တချိန်တည်းမှာပဲ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးအောင် လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာအပေါ် တရားစွဲဆိုထားတဲ့ အမှုကိုတော့ ရှေ့သီတင်းပတ်ထဲမှာပဲ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က ICJ နိုင်ငံတကာတရားရုံးမှာ ကြားနာဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)






XS
SM
MD
LG