သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Bhasan Char ကၽြန္းက ႐ိုဟင္ဂ်ာေတြကူညီဖို႔ ကုလနဲ႔ ဘဂၤလားေဒ့ရွ္ သေဘာတူ


ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းက ရိုဟင္ဂ်ာဒုကၡသည္ေတြ Bhashan Char ကုိ ေျပာင္းေရႊ႕ေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

ဘဂၤလားပင္လယ္ေအာ္ထဲက ေဝးလံေခါင္သီတဲ့ Bhasan Char ကၽြန္းမွာ ေရႊ႕ေျပာင္းေနရာခ်ထားတဲ့ ႐ိုဟင္ဂ်ာ မြတ္စလင္ ေထာင္နဲ႔ခ်ီအတြက္ အေျခခံလိုအပ္တဲ့ အကူအညီေတြ ေပးႏိုင္ေရး ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ကုလသမဂၢ အရာရွိေတြၾကား သေဘာတူညီခ်က္တရပ္ ဒီကေန႔ လက္မွတ္ေရးထိုးလိုက္တဲ့အေၾကာင္း ႐ိိုက္တာသတင္းနဲ႔ ဘဂၤလားေဒ့ရွ္အေျခစိုက္ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ေျမနိမ့္ကၽြန္းတခုျဖစ္တဲ့ Bhasan Char ကၽြန္းဟာ မုန္တိုင္းနဲ႔ ေရႀကီးေရလွ်ံမႈေတြ မၾကာခန ႀကံဳရေလ့ရွိတာေၾကာင့္ ဒုကၡသည္ေတြကို ဒီေနရာကို မပို႔ဖို႔ လူ႔အခြင့္အေရး အဖြဲ႔ေတြက ကန္႔ကြက္ခဲ့ၾကတဲ့ ၾကားမွာပဲ ႐ိုဟင္ဂ်ာဒုကၡသည္ ၁၉,၀၀၀ ေက်ာ္နီးပါးကို ဘဂၤလားေဒ့ရွ္အစိုးရက ေျပာင္းေရႊ႕ ေနရာခ်ထားခဲ့တာပါ။

႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာႏိုင္ငံဘက္ကေန ထြက္ေျပးလာတဲ့ ဒုကၡသည္ ၁ သန္းေလာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္စခန္းေတြမွာ ရွိေနၿပီး ဒီအထဲက ၁ ရာခုိင္ႏႈန္းကို Bhasan Char ကၽြန္းကို ေျပာင္းေရႊ႕သြားဖို႔ ဘဂၤလားေဒ့ရွ္အစိုးရက လိုလားေနတာပါ။

၃ လအတြင္း ဒုကၡသည္ ၈၁,၀၀၀ အထိ ဒီကၽြန္းေပၚကို ေရႊ႕ေျပာင္းသြားမယ့္အေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ သဘာဝေဘး စီမံခန္႔ခြဲေရးဆိုင္ရာ ဝန္ႀကီးဌာန အႀကီးတန္းအရာရွိ Mohammad Mohsin ဒီကေန႔ ကုလသမဂၢ အရာရွိေတြနဲ႔ သေဘာတူညီခ်က္ လက္မွတ္ေရးထိုးအၿပီးမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ဒီကေန႔ သေဘာတူညီခ်က္အရ Bhasan Char ကၽြန္းေပၚက ဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ ကူညီေထာက္ပံ့ေပးေရး လုပ္ငန္းေတြမွာ ကုလသမဂၢနဲ႔ ဘဂၤလားေဒ့ရွ္အစိုးရ အနီးကပ္ ပူးေပါင္းေဆာင္ရြက္ဖို႔ သေဘာတူခဲ့တဲ့အေၾကာင္း ဒုကၡသည္မ်ားဆိ္ုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ံုး (UNHCR) က ေျပာပါတယ္။

ဒီကေန႔ သေဘာတူညီခ်က္ထဲမွာ ဒုကၡသည္ေတြကို ကာကြယ္ေပးေရး၊ ပညာေရး၊ က်န္းမာေရး၊ အသက္ေမြးဝမ္းေၾကာင္းမႈနဲ႔ လုပ္ငန္းကၽြမ္းက်င္မႈဆိုင္ရာ သင္တန္းေတြ ပို႔ခ်ေပးတာ အပါအဝင္ ဒုကၡသည္ေတြ အဆင္ေျပေျပ ေနထိုင္ႏိုင္ေရးနဲ႔ တခ်ိန္ ျမန္မာႏိုင္ငံကို ျပန္ၾကတဲ့အခါ လုပ္ကိုင္စားေသာက္ႏိုင္ေရး ႀကိဳတင္ျပင္ဆင္ေပးတာေတြ လုပ္သြားမယ္လို႔ UNHCR က ေၾကညာခ်က္ ထုတ္ျပန္ထားတဲ့အၾကာင္းလည္း ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

--------------------

(Unicode)

Bhasan Char ကျွန်းက ရိုဟင်ဂျာတွေကူညီဖို့ ကုလနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ

ဘင်္ဂလားပင်လယ်အော်ထဲက ဝေးလံခေါင်သီတဲ့ Bhasan Char ကျွန်းမှာ ရွှေ့ပြောင်းနေရာချထားတဲ့ ရိုဟင်ဂျာ မွတ်စလင် ထောင်နဲ့ချီအတွက် အခြေခံလိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂ အရာရှိတွေကြား သဘောတူညီချက်တရပ် ဒီကနေ့ လက်မှတ်ရေးထိုးလိုက်တဲ့အကြောင်း ရိုက်တာသတင်းနဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြေနိမ့်ကျွန်းတခုဖြစ်တဲ့ Bhasan Char ကျွန်းဟာ မုန်တိုင်းနဲ့ ရေကြီးရေလျှံမှုတွေ မကြာခန ကြုံရလေ့ရှိတာကြောင့် ဒုက္ခသည်တွေကို ဒီနေရာကို မပို့ဖို့ လူ့အခွင့်အရေး အဖွဲ့တွေက ကန့်ကွက်ခဲ့ကြတဲ့ ကြားမှာပဲ ရိုဟင်ဂျာဒုက္ခသည် ၁၉,၀၀၀ ကျော်နီးပါးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောင်းရွှေ့ နေရာချထားခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် ၁ သန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရှိနေပြီး ဒီအထဲက ၁ ရာခိုင်နှုန်းကို Bhasan Char ကျွန်းကို ပြောင်းရွှေ့သွားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက လိုလားနေတာပါ။

၃ လအတွင်း ဒုက္ခသည် ၈၁,၀၀၀ အထိ ဒီကျွန်းပေါ်ကို ရွှေ့ပြောင်းသွားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ကြီးဌာန အကြီးတန်းအရာရှိ Mohammad Mohsin ဒီကနေ့ ကုလသမဂ္ဂ အရာရှိတွေနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒီကနေ့ သဘောတူညီချက်အရ Bhasan Char ကျွန်းပေါ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ပေးရေး လုပ်ငန်းတွေမှာ ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

ဒီကနေ့ သဘောတူညီချက်ထဲမှာ ဒုက္ခသည်တွေကို ကာကွယ်ပေးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းမှုနဲ့ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေ ပို့ချပေးတာ အပါအဝင် ဒုက္ခသည်တွေ အဆင်ပြေပြေ နေထိုင်နိုင်ရေးနဲ့ တချိန် မြန်မာနိုင်ငံကို ပြန်ကြတဲ့အခါ လုပ်ကိုင်စားသောက်နိုင်ရေး ကြိုတင်ပြင်ဆင်ပေးတာတွေ လုပ်သွားမယ်လို့ UNHCR က ကြေညာချက် ထုတ်ပြန်ထားတဲ့အကြာင်းလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG