သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ စားနပ်ရိက္ခာကူညီရေး WFP တိုးမြှင့်ဆောင်ရွက်


Cox's Bazar က ဘာလုခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာအိမ်ရှင်မတဦး။ ( ဇူလိုင် ၂၂၊ ၂၀၂၃)
Cox's Bazar က ဘာလုခါလီဒုက္ခသည်စခန်းက ရိုဟင်ဂျာအိမ်ရှင်မတဦး။ ( ဇူလိုင် ၂၂၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို စားနပ်ရိက္ခာအကူအညီပြန်ပေးနိုင်ဖို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်က တိုးမြှင့်ဆောင်ရွက်နေပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး တွဲဘက် ပြောရေးဆိုခွင့်ရှိသူ မစ္စ ရှီရင် ယာဆင်း (Shirin Yaseen) က အင်္ဂါနေ့က ပြောပါတယ်။
မနေ့ကစပြီး လစဥ် စားနပ်ရိက္ခာထောက်ပံ့ကြေး လက်မှတ်ကို လူတယောက် ၈ ဒေါ်လာကနေ ၁၀ ဒေါ်လာနှုန်းကို တိုးမြှင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အားဖြည့်ဆန်ကိုလည်း စခန်း ၁ ခု ၂ ခု မှာ စတင်ဖြန့်ပေးပြီး ကောက်စ်ဘဇားနဲ့ ဘာဆန်ချားကျွန်းပေါ် က စခန်းတွေအထိ တိုးချဲ့သွားမှာဖြစ်ပါတယ်။ ၂၀၂၃ မှာ ရံပုံငွေ အခက်အခဲရှိခဲ့တဲ့အတွက် လစဥ်ထောက်ပံ့ကြေးကို လျှော့ချခဲ့ရတာကိုလည်း မစ္စယာဆင်း က ပြောသွားပါတယ်။

လောလောဆယ်မှာလည်း စားနပ်ရိက္ခာ ထောက်ပံ့ကြေးအပြည့်ပေးနိုင်ဖို့ လိုအပ်တာနဲ့ ရတာကြားကွာဟချက် အမေရိကန် ဒေါ်လာ ၆၁ သန်း လိုအပ်နေပါသေးတယ်။ အားဖြည့်ဆန်ကိုပါ ထည့်လိုက်တဲ့အခါ ခုအခါမှာ တလ လူတယောက် ၁၂.၅ ဒေါ်လာလိုအပ်မှာပါ။

အမေရိကန် အခြေစိုက် laprensa Latina သတင်းစာရဲ့ သတင်းတပုဒ်မှာတော့ သီရိလင်္ကာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးကို ပိတ်ဖို့ စီစဥ်လိုက်တဲ့အတွက် အဲဒီမှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တစုက သွားရောက် ဆန္ဒပြကြတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ စားနပ်ရိက္ခာကူညီရေး WFP တိုးမြှင့်ဆောင်ရွက်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG