သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ဆိုင္ရာ ႐ုရွားသံအမတ္ ဝါရွင္တန္ဒီစီ ျပန္ေရာက္ရွိ


အေမရိကန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ Anatoly Antonov. (ဇူလုိင္ ၂၀၊ ၂၀၁၈)

(Zawgyi / Unicode)

ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရး တင္းမာေနတာကို ေလွ်ာ့ခ်ဖို႔ အေမရိကန္နဲ႔ ႐ုရွား သမၼတႏွစ္ဦး ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်ီနီဗာၿမိဳ႕မွာ ေတြ႔ဆုံခဲ့ၿပီးတဲ့ေနာက္ အေမရိကန္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ ဝါရွင္တန္ၿမိဳ႕ကို ျပန္ေရာက္လာၿပီ ျဖစ္ပါတယ္။

မတ္လအတြင္းက ႐ုရွားကို ျပန္လည္ေခၚယူျခင္း ခံခဲ့ရတဲ့ ႐ုရွားသံအမတ္ Anatoly Antonov က ေမာ္စကိုေလဆိပ္ကေန မနက္ ၉ နာရီ မိနစ္ ၂၀ မွာ နယူးေယာက္ၿမိဳ႕ကို ထြက္ခြာလာတာျဖစ္ၿပီး အဲဒီကတဆင့္ ဝါရွင္တန္ဒီစီကို ဆက္လက္သြားေရာက္မွာ ျဖစ္ပါတယ္။ သူ႔အေနနဲ႔ ႏွစ္ႏုိင္ငံအၾကား တန္းတူၿပီး လက္ေတြ႔က်တဲ့ ဆက္ဆံေရးကို တည္ေဆာက္ႏိုင္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ႐ုရွားသံအမတ္က ႐ုရွားသတင္းဌာန Ria Novosti ကို ေျပာပါတယ္။

အေမရိကန္နဲ႔ ႐ုရွား ဆက္ဆံေရးက အေမရိကန္သမၼတ Joe Biden တာဝန္စယူစဥ္ကစၿပီး တင္းမာလာခဲ့တာ ျဖစ္ပါတယ္။ ႐ုရွားတို႔ အေမရိကန္ ေ႐ြးေကာက္ပြဲမွာ စြက္ဖက္မႈရွိတယ္လို႔ စြပ္စြဲခံထားရသလို အေမရိကန္ႏိုင္ငံအေပၚ ဆိုက္ဘာတိုက္ခိုက္မႈေတြ က်ဴးလြန္ခဲ့တယ္လို႔လည္း စြပ္စြဲခံထားရတာပါ။

သမၼတ Biden က ႐ုရွားသမၼတ Putin ကို လူသတ္သမားလို႔ ေခၚဆိုခဲ့ၿပီးတဲ့ေနာက္ ႐ုရွားတို႔က မႏွစ္သက္မႈကို ျပသတဲ့အေနတဲ့ ႐ုရွားသံအမတ္ Antonov ကို မတ္လအတြင္းက ေမာ္စကို ျပန္လည္ေခၚယူခဲ့ပါတယ္။ အေမရိကန္သံအမတ္ John Sullivan ကိုလည္း ဝါရွင္တန္ကို ျပန္သြားဖို႔ ႐ုရွားတို႔က ေတာင္းဆိုခဲ့တာပါ။

ႏွစ္ႏိုင္ငံအၾကား သံတမန္ေတြကို အျပန္အလွန္ ႏွင္ထုတ္ခဲ့ၾကသလို အေမရိကန္သံအမတ္ Sullivan လည္း ဧၿပီလအတြင္းမွာ ေမာ္စကိုကေန ထြက္ခြာခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

အမေရိကန်ဆိုင်ရာ ရုရှားသံအမတ် ဝါရှင်တန်ဒီစီ ပြန်ရောက်ရှိ

နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာနေတာကို လျှော့ချဖို့ အမေရိကန်နဲ့ ရုရှား သမ္မတနှစ်ဦး ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဝါရှင်တန်မြို့ကို ပြန်ရောက်လာပြီ ဖြစ်ပါတယ်။

မတ်လအတွင်းက ရုရှားကို ပြန်လည်ခေါ်ယူခြင်း ခံခဲ့ရတဲ့ ရုရှားသံအမတ် Anatoly Antonov က မော်စကိုလေဆိပ်ကနေ မနက် ၉ နာရီ မိနစ် ၂၀ မှာ နယူးယောက်မြို့ကို ထွက်ခွာလာတာဖြစ်ပြီး အဲဒီကတဆင့် ဝါရှင်တန်ဒီစီကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ နှစ်နိုင်ငံအကြား တန်းတူပြီး လက်တွေ့ကျတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့ မျှော်လင့်တယ်လို့ ရုရှားသံအမတ်က ရုရှားသတင်းဌာန Ria Novosti ကို ပြောပါတယ်။

အမေရိကန်နဲ့ ရုရှား ဆက်ဆံရေးက အမေရိကန်သမ္မတ Joe Biden တာဝန်စယူစဉ်ကစပြီး တင်းမာလာခဲ့တာ ဖြစ်ပါတယ်။ ရုရှားတို့ အမေရိကန် ရွေးကောက်ပွဲမှာ စွက်ဖက်မှုရှိတယ်လို့ စွပ်စွဲခံထားရသလို အမေရိကန်နိုင်ငံအပေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရတာပါ။

သမ္မတ Biden က ရုရှားသမ္မတ Putin ကို လူသတ်သမားလို့ ခေါ်ဆိုခဲ့ပြီးတဲ့နောက် ရုရှားတို့က မနှစ်သက်မှုကို ပြသတဲ့အနေတဲ့ ရုရှားသံအမတ် Antonov ကို မတ်လအတွင်းက မော်စကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။ အမေရိကန်သံအမတ် John Sullivan ကိုလည်း ဝါရှင်တန်ကို ပြန်သွားဖို့ ရုရှားတို့က တောင်းဆိုခဲ့တာပါ။

နှစ်နိုင်ငံအကြား သံတမန်တွေကို အပြန်အလှန် နှင်ထုတ်ခဲ့ကြသလို အမေရိကန်သံအမတ် Sullivan လည်း ဧပြီလအတွင်းမှာ မော်စကိုကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG