(Zawgyi / Unicode)
႐ုရွားနဲ႔ တ႐ုတ္ စစ္သေဘၤာေတြဟာ ပစိဖိတ္သမုဒၵရာ အေနာက္ဘက္ျခမ္း ေရျပင္မွာ ပထမဆံုးအႀကိမ္အျဖစ္ ေအာက္တိုဘာလ ၁၇ ရက္ေန႔ကေန ၂၃ ရက္ေန႔အထိ ပူးတြဲ ကင္းလွည့္ခဲ့ၾကတယ္လုိ႔ ႐ုရွားကာကြယ္ေရးဌာနရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္တခုမွာ ေဖာ္ျပထားေၾကာင္း ႐ိုက္တာသတင္းတပုဒ္မွာ ေရးထားပါတယ္။
႐ုရွားနဲ႔ တ႐ုတ္တို႔ဟာ ေအာက္တိုဘာလ အေစာပိုင္းတုန္းကလည္း ဂ်ပန္ပင္လယ္ျပင္မွာ ေရတပ္ ပူးေပါင္းေဆာင္ရြက္ေရး ပူးတြဲ စစ္ေရးေလ့က်င့္ခဲ့ပါေသးတယ္။ သူတို႔ႏွစ္ႏုိင္ငံစလံုးနဲ႔ အေနာက္ႏုိင္ငံေတြၾကား ဆက္ဆံေရး သိပ္မေကာင္းလွတဲ့အခ်ိန္ ႏွစ္ႏို္င္ငံၾကား မၾကာေသးခင္ ႏွစ္ေတြအတြင္း စစ္ေရးနဲ႔ သံတမန္ေရးပိုင္း ပိုၿပီးေတာ့ အနီးကပ္ ဆက္ဆံလာေနၾကတာပါ။
အခုလို ေရတပ္ပိုင္း လႈပ္ရွားမႈေတြကို ဂ်ပန္္ႏုိင္ငံက အနီးကပ္ ေစာင့္ၾကည့္ေနပါတယ္။ တ႐ုတ္နဲ႔ ႐ုရွား စစ္သေဘၤာ ၁၀ စီးဟာ ဂ်ပန္ႏုိင္ငံရဲ႕ ပင္မကၽြန္းႀကီးနဲ႔ ေျမာက္ပိုင္းက ေဟာ့ကိုင္းဒိုးကၽြန္းကို ပိုင္းျခားထားတဲ့ Tsugaru ေရလက္ၾကားကေန ျဖတ္ေမာင္းသြားတယ္လုိ႔ ဒီသီတင္းပတ္ အေစာပိုင္းမွာ ဂ်ပန္ႏုိင္ငံက ေျပာခဲ့ပါတယ္။
"သေဘၤာအုပ္စုဟာ ကင္းလွည့္ေလ့က်င့္ခန္း တစိတ္တပိုင္းအျဖစ္ Tsugaru ေရလက္ၾကားကေန ျဖတ္ေမာင္းခဲ့တယ္" လို႔ ႐ုရွားကာကြယ္ေရးဌာနက ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။ အဲဒီေရလက္ၾကားကို ႏိုင္ငံတကာေရျပင္အျဖစ္ သတ္မွတ္ထားၾကတာပါ။
"ကင္းလွည့္လုပ္ငန္း တာဝန္ေတြကေတာ့ ႐ုရွားနဲ႔ တ႐ုတ္ ႏုိင္ငံေတာ္အလံေတြ ထင္ရွားေစဖို႔၊ အာရွ-ပစိဖိတ္ေဒသမွာ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရး ထိန္းသိမ္းဖို႔နဲ႔ ႏွစ္ႏုိင္ငံရဲ႕ ေရေၾကာင္းစီးပြားေရး လုပ္ေဆာင္မႈဆိုင္ရာေတြကို ေစာင့္ေရွာက္ကာကြယ္ဖို႔ ျဖစ္တယ္" လို႔ ႐ုရွားကာကြယ္ေရးဌာနက ေျပာပါတယ္။
----------------------
(Unicode)
ပစိဖိတ်အနောက်ခြမ်း ရေပြင်မှာ ရုရှား-တရုတ် စစ်သင်္ဘောတွေ ပူးတွဲကင်းလှည့်
ရုရှားနဲ့ တရုတ် စစ်သင်္ဘောတွေဟာ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်း ရေပြင်မှာ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပူးတွဲ ကင်းလှည့်ခဲ့ကြတယ်လို့ ရုရှားကာကွယ်ရေးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားကြောင်း ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။
ရုရှားနဲ့ တရုတ်တို့ဟာ အောက်တိုဘာလ အစောပိုင်းတုန်းကလည်း ဂျပန်ပင်လယ်ပြင်မှာ ရေတပ် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ စစ်ရေးလေ့ကျင့်ခဲ့ပါသေးတယ်။ သူတို့နှစ်နိုင်ငံစလုံးနဲ့ အနောက်နိုင်ငံတွေကြား ဆက်ဆံရေး သိပ်မကောင်းလှတဲ့အချိန် နှစ်နိုင်ငံကြား မကြာသေးခင် နှစ်တွေအတွင်း စစ်ရေးနဲ့ သံတမန်ရေးပိုင်း ပိုပြီးတော့ အနီးကပ် ဆက်ဆံလာနေကြတာပါ။
အခုလို ရေတပ်ပိုင်း လှုပ်ရှားမှုတွေကို ဂျပန်နိုင်ငံက အနီးကပ် စောင့်ကြည့်နေပါတယ်။ တရုတ်နဲ့ ရုရှား စစ်သင်္ဘော ၁၀ စီးဟာ ဂျပန်နိုင်ငံရဲ့ ပင်မကျွန်းကြီးနဲ့ မြောက်ပိုင်းက ဟော့ကိုင်းဒိုးကျွန်းကို ပိုင်းခြားထားတဲ့ Tsugaru ရေလက်ကြားကနေ ဖြတ်မောင်းသွားတယ်လို့ ဒီသီတင်းပတ် အစောပိုင်းမှာ ဂျပန်နိုင်ငံက ပြောခဲ့ပါတယ်။
"သင်္ဘောအုပ်စုဟာ ကင်းလှည့်လေ့ကျင့်ခန်း တစိတ်တပိုင်းအဖြစ် Tsugaru ရေလက်ကြားကနေ ဖြတ်မောင်းခဲ့တယ်" လို့ ရုရှားကာကွယ်ရေးဌာနက ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ အဲဒီရေလက်ကြားကို နိုင်ငံတကာရေပြင်အဖြစ် သတ်မှတ်ထားကြတာပါ။
"ကင်းလှည့်လုပ်ငန်း တာဝန်တွေကတော့ ရုရှားနဲ့ တရုတ် နိုင်ငံတော်အလံတွေ ထင်ရှားစေဖို့၊ အာရှ-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ထိန်းသိမ်းဖို့နဲ့ နှစ်နိုင်ငံရဲ့ ရေကြောင်းစီးပွားရေး လုပ်ဆောင်မှုဆိုင်ရာတွေကို စောင့်ရှောက်ကာကွယ်ဖို့ ဖြစ်တယ်" လို့ ရုရှားကာကွယ်ရေးဌာနက ပြောပါတယ်။