သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားထွက်ကုန်တင်ပို့နိုင်ရေး အတားအဆီးတွေဖယ်ပေးဖို့ ရုရှားတောင်းဆို 


တူရကီသမ္မတ Tayyip Erdogan (လယ်) နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu (ယာ) တို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ဝဲ) ကို လက်ခံတွေ့ဆုံနေစဉ် (တူရကီနိုင်ငံ အန်ကာရာမြို့ - ဧပြီ ၇၊ ၂၀၂၃)
တူရကီသမ္မတ Tayyip Erdogan (လယ်) နဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu (ယာ) တို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ဝဲ) ကို လက်ခံတွေ့ဆုံနေစဉ် (တူရကီနိုင်ငံ အန်ကာရာမြို့ - ဧပြီ ၇၊ ၂၀၂၃)

ယူကရိန်းနိုင်ငံထွက် ကောက်နှံတွေ ပင်လယ်နက်ကိုဖြတ်ပြီး နိုင်ငံတကာကို ဆက်လက်တင်ပို့ချင်ရင် ရုရှားထွက်ကုန်တွေ တင်ပို့နိုင်ဖို့ အတားအဆီးဖြစ်နေတာတွေ ဖယ်ရှားပေးရမယ်လို့ ရုရှားနိုင်ငံက ပြောကြားခဲ့ပါတယ်။ ယူကရိန်းကောက်နှံတွေတင်ပို့နိုင်ရေး ရုရှားနဲ့ယူကရိန်းကြား သဘောတူထားချက်ကို ဆက်လက်သက်တမ်းတိုးနိုင်ရေး တူရကီနဲ့ ရုရှားတို့ ဒီနေ့ ဆွေးနွေးခဲ့ကြတာပါ။ ရုရှားကောက်နှံတွေနဲ့ ဓါတ်မြေသြဇာတွေ တင်ပို့နိုင်ဖို့ အဟန့်အတားတွေ ဖယ်ရှားရမယ်ဆိုတဲ့အပေါ် ရုရှားနဲ့ တူရကီ သဘောတူခဲ့ကြတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။

"ရုရှားရဲ့ ကောက်နှံံတွေနဲ့ ဓာတ်မြေသြဇာ တင်ပို့ဖို့ အတားအဆီးဖြစ်နေတာတွေ ဖယ်ရှားသင့်တယ်ဆိုတာ ကျနော်တို့ သဘောတူခဲ့ကြပါတယ်လို့" တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ယူကရိန်းကောက်နှံတွေကို လက်ရှိယာယီသဘောတူညီထားတဲ့ မေလလယ်နောက်ပိုင်းမှာလည်း ဆက်လက် တင်ပို့နိုင်ဖို့ ဆွေးနွေးခဲ့ကြတာပါ။

ကုလသမဂ္ဂနဲ့ တူရကီတို့ကြားဝင်စေ့စပ်ပေးလို့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကရရှိထားပြီး ၂ ကြိမ်သက်တမ်းတိုးထားတဲ့ သဘောတူညီမှုအရ အစားအသောက်နဲ့ ဓါတ်မြေသြဇာတွေကို ပင်လယ်နက်ကနေ တင်ပို့ရေးပါဝင်ပါတယ်။ ရုရှားနိုင်ငံထွက် အစားအသောက်နဲ့ ဓါတ်မြေသြဇာတွေတင်ပို့မှုတွေကို အနောက်နိုင်ငံတွေက ပိတ်ဆို့ ဒဏ်ခတ်မှု လုပ်မထားပေမဲ့ ဘဏ္ဍာရေးအရ ဒဏ်ခတ်မှုတွေကြောင့် ငွေကြေးအလွဲအပြောင်းနဲ့ အာမခံပေးမှုတွေမှာ အခက်အခဲဖြစ်နေတာပါ။ အဲဒါတွေကို အနောက်နိုင်ငံတွေဘက်က ဖယ်ရှားပေးရမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတောင်းဆိုပါတယ်။ သဘောတူညီမှုအတိုင်း ရုရှားထွက်ကုန်တွေ မပို့နိုင်ရင် ယူကရိန်းကောက်နှံတွေကိုလည်း ကုန်းကြောင်းကနေ ဒါမှမဟုတ် မြစ်ကြောင်းတွေအသုံးပြုပြီး တင်ပို့တဲ့လမ်းရွေးရမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG