သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားေရြးေကာက္ပြဲရလဒ္ သၼမတပူတင္ပါတီ ေရွ႕ေျပးေန


႐ုရွား လႊတ္ေတာ္ေရြးေကာက္ပြဲမွာ မဲေပးေနတဲ့ လူငယ္တဦး။ (စက္တင္ဘာ ၁၇၊ ၂၀၂၁)

(Zawgyi / Unicode)

႐ုရွားႏိုင္ငံမွာ သုံးရက္ၾကာ လႊတ္ေတာ္ေရြးေကာက္ပြဲေတြ က်င္းပလ်က္ရွိၿပီး အတိုက္အခံ Alexei Navalny ရဲ႕ ႏိုင္ငံေရးလႈပ္ရွားမႈနဲ႔ သူ႔အေပၚမဲေပးခြင့္ ပိတ္ပင္ၿပီးတဲ့ေနာက္မွာ လက္ရွိ အာဏာရပါတီကပဲ အႏိုင္ရဖို႔ ေမွ်ာ္လင့္ထားၾကပါတယ္။

ၿပိဳင္ဘက္ပါတီေတြျဖစ္တဲ့ ကြန္ျမဴနစ္ပါတီ၊ အမ်ိဳးသားေရးပါတီ LDPR တို႔နဲ႔အတူ ေရြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္လ်က္ရွိတဲ့ ညီညြတ္ေသာ ႐ုရွားပါတီက အႏိုင္ရဖြယ္ရွိေနၿပီး အသက္ ၆၈ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ သမၼတ ပူတင္ကိုလည္း ပါတီအေနနဲ႔ ေထာက္ခံထားပါတယ္။

ညီညြတ္ေသာ ႐ုရွားပါတီဟာ ဒူးမားလႊတ္ေတာ္ရဲ႕ အမတ္ ၄၅၀ အနက္ သုံးပုံ ႏွစ္ပုံနီးပါးကို ထိန္းခ်ဳပ္ထားတာပါ။ ဒီအတြက္ေၾကာင့္ သမၼတပူတင္ကို ၂၀၃၆ ခုႏွစ္အထိ အာဏာဆက္ယူႏိုင္ဖို႔ အေျခခံဥပေဒ ျပင္ဆင္ေရးကို လႊတ္ေတာ္တြင္း အမ်ားစုလႊမ္းမိုးမႈနဲ႔ ေဆာင္ရြက္ႏိုင္ခဲ့ပါတယ္။ ဒီျပင္ဆင္ခ်က္အရ လာမယ့္ ၂၀၂၄ ခုႏွစ္မွာ သမၼတသက္တမ္းျပည့္မယ့္ သမၼတပူတင္ အေနနဲ႔ ေနာက္ထပ္ သမၼတသက္တမ္းႏွစ္ႀကိမ္ ထပ္ယွဥ္ၿပိဳင္ေရြးခ်ယ္ခံခြင့္ ရွိပါတယ္။

အတိုက္အခံေခါင္းေဆာင္ Navalny ရဲ႕ Blog စာမ်က္ႏွာေပၚမွာ သူ႔ကိုေထာက္ခံသူ တဦးကေတာ့ ညီညြတ္ေသာ ႐ုရွားပါတီရဲ႕ အႏိုင္ရရွိမႈနဲ႔ ပတ္သက္ၿပီး ဒီပါတီ ဆက္ႏိုင္ေနမယ္ဆိုရင္ ေနာက္ထပ္ငါးႏွစ္ တိုင္းျပည္ထပ္ဆင္းရဲဲၿပီး ေနာက္ထပ္ငါးႏွစ္ ထပ္ၿပီး ဖိႏွိပ္ခံရ႐ုံပဲရွိမယ္လို႔ ေရးသားထားပါတယ္။

Navalny ကို အစြန္းေရာက္လႈပ္ရွားမႈအျဖစ္ ဇြန္လအတြင္းက ပိတ္ပင္ခံရၿပီးေနာက္ သူ႔မဟာမိတ္ေတြလည္း ေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ခံထားရပါတယ္။ အျခားအတိုက္အခံေတြကလည္း ႏိုင္ငံေရးညစ္ကြက္ေတြသုံးၿပီး သူတို႔ကိုလည္း ပစ္မွတ္ထား ေရြးေကာက္ပြဲဝင္ခြင့္ မေပးတာေတြ ရွိတယ္လို႔ ဆိုပါတယ္။

႐ုရွားအစိုးရကေတာ့ ႏိုင္ငံေရးအရ ႏွိပ္ကြပ္မႈ မရွိဘူးလို႔ ျငင္းဆိုခဲ့ၿပီး ဥပေဒခ်ိဳးေဖာက္သူေတြကိုသာ အေရးယူမႈေတြ ရွိခဲ့ေၾကာင္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ရုရှားရွေးကောက်ပွဲရလဒ် သ္မမတပူတင်ပါတီ ရှေ့ပြေးနေ

ရုရှားနိုင်ငံမှာ သုံးရက်ကြာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပလျက်ရှိပြီး အတိုက်အခံ Alexei Navalny ရဲ့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ သူ့အပေါ်မဲပေးခွင့် ပိတ်ပင်ပြီးတဲ့နောက်မှာ လက်ရှိ အာဏာရပါတီကပဲ အနိုင်ရဖို့ မျှော်လင့်ထားကြပါတယ်။

ပြိုင်ဘက်ပါတီတွေဖြစ်တဲ့ ကွန်မြူနစ်ပါတီ၊ အမျိုးသားရေးပါတီ LDPR တို့နဲ့အတူ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လျက်ရှိတဲ့ ညီညွတ်သော ရုရှားပါတီက အနိုင်ရဖွယ်ရှိနေပြီး အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမ္မတ ပူတင်ကိုလည်း ပါတီအနေနဲ့ ထောက်ခံထားပါတယ်။

ညီညွတ်သော ရုရှားပါတီဟာ ဒူးမားလွှတ်တော်ရဲ့ အမတ် ၄၅၀ အနက် သုံးပုံ နှစ်ပုံနီးပါးကို ထိန်းချုပ်ထားတာပါ။ ဒီအတွက်ကြောင့် သမ္မတပူတင်ကို ၂၀၃၆ ခုနှစ်အထိ အာဏာဆက်ယူနိုင်ဖို့ အခြေခံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်း အများစုလွှမ်းမိုးမှုနဲ့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီပြင်ဆင်ချက်အရ လာမယ့် ၂၀၂၄ ခုနှစ်မှာ သမ္မတသက်တမ်းပြည့်မယ့် သမ္မတပူတင် အနေနဲ့ နောက်ထပ် သမ္မတသက်တမ်းနှစ်ကြိမ် ထပ်ယှဉ်ပြိုင်ရွေးချယ်ခံခွင့် ရှိပါတယ်။

အတိုက်အခံခေါင်းဆောင် Navalny ရဲ့ Blog စာမျက်နှာပေါ်မှာ သူ့ကိုထောက်ခံသူ တဦးကတော့ ညီညွတ်သော ရုရှားပါတီရဲ့ အနိုင်ရရှိမှုနဲ့ ပတ်သက်ပြီး ဒီပါတီ ဆက်နိုင်နေမယ်ဆိုရင် နောက်ထပ်ငါးနှစ် တိုင်းပြည်ထပ်ဆင်းရဲပြီး နောက်ထပ်ငါးနှစ် ထပ်ပြီး ဖိနှိပ်ခံရရုံပဲရှိမယ်လို့ ရေးသားထားပါတယ်။

Navalny ကို အစွန်းရောက်လှုပ်ရှားမှုအဖြစ် ဇွန်လအတွင်းက ပိတ်ပင်ခံရပြီးနောက် သူ့မဟာမိတ်တွေလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရပါတယ်။ အခြားအတိုက်အခံတွေကလည်း နိုင်ငံရေးညစ်ကွက်တွေသုံးပြီး သူတို့ကိုလည်း ပစ်မှတ်ထား ရွေးကောက်ပွဲဝင်ခွင့် မပေးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

ရုရှားအစိုးရကတော့ နိုင်ငံရေးအရ နှိပ်ကွပ်မှု မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး ဥပဒေချိုးဖောက်သူတွေကိုသာ အရေးယူမှုတွေ ရှိခဲ့ကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG