သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း က်ဳးေက်ာ္စစ္မွာ ႐ုရွားဝါဒျဖန္႔ခ်ီမႈေတြ ေဖ့စ္ဘြတ္ကုမၸဏီ ေဖာ္ထုတ္ 


Russia Google Meta

ယူကရိန္းအေပၚ က်ဳးေက်ာ္မႈနဲ႔ ပတ္သက္လို႔ ႐ုရွားရဲ႕ ဝါဒျဖန္႔ခ်ီမႈေတြကို အေနာက္ဥေရာပမွာ ျဖန္႔ခ်ီဖို႔ ႐ုရွားႏိုင္ငံက ျမစ္ဖ်ားခံလာတဲ့ ဒါဇင္နဲ႔ခ်ီတဲ့ ဝက္ဘ္ဆိုဒ္ စာမ်က္ႏွာသစ္ေတြနဲ႔  ရာနဲ႔ခ်ီတဲ့ အေကာင့္အတုေတြကို ေဖာ္ထုတ္ ႏိုင္ခဲ့ေၾကာင္း Facebook ရဲ႕ မိခင္ကုမၸဏီျဖစ္တဲ့ Meta ကုမၸဏီက အဂၤါေန႔မွာ ေျပာလိုက္ပါတယ္။

ယူကရိန္း က်ဳးေက်ာ္စစ္မွာ ႐ုရွားဝါဒျဖန္႔ခ်ီမႈေတြ ေဖ့စ္ဘြတ္ကုမၸဏီ ေဖာ္ထုတ္

{{Zawgyi/Unicode}}
ယူကရိန္းအေပၚ က်ဳးေက်ာ္မႈနဲ႔ ပတ္သက္လို႔ ႐ုရွားရဲ႕ ဝါဒျဖန္႔ခ်ီမႈေတြကို အေနာက္ဥေရာပမွာ ျဖန္႔ခ်ီဖို႔ ႐ုရွားႏိုင္ငံက ျမစ္ဖ်ားခံလာတဲ့ ဒါဇင္နဲ႔ခ်ီတဲ့ ဝက္ဘ္ဆိုဒ္ စာမ်က္ႏွာသစ္ေတြနဲ႔ ရာနဲ႔ခ်ီတဲ့ အေကာင့္အတုေတြကို ေဖာ္ထုတ္ဟန္႔တား ႏိုင္ခဲ့ေၾကာင္း Facebook ရဲ႕ မိခင္ကုမၸဏီျဖစ္တဲ့ Meta ကုမၸဏီက အဂၤါေန႔မွာ ေျပာလိုက္ပါတယ္။

ဒီလိုျဖန္႔ခ်ီမႈကို သိပ္မျပန္႔ခင္မွာပဲ ေဖၚထုတ္ၿပီး ဖယ္ရွားပစ္ႏိုင္ခဲ့တယ္လို႔ ေဖ့စ္ဘုတ္နဲ႔ အင္စတာဂရမ္ မီဒီယာေတြကို ပိုင္တဲ့ Meta ကုမၸဏီက ေျပာပါတယ္။

ဒါေပမယ့္ ေဖ့စ္ဘုတ္ကေတာ့ ဒါဟာ ႐ုရွားေတြရဲ႕ အႀကီးမားဆံုးနဲ႔ အရႈပ္ေထြးဆံုး ဝါဒျဖန္႔ခ်ီဖို႔ ႀကိဳးစားမႈျဖစ္ၿပီး ဒီလိုလုပ္ေနတာကို သူတို႔ ယူကရိန္းကို စတင္က်ဴးေက်ာ္ခ်ိန္ကစၿပီး ေတြ႕ခဲ့ရတယ္လို႔ ေျပာပါတယ္။

ဒီလုပ္ေဆာင္မႈထဲမွာ ၿဗိတိန္က The Gurdian သတင္းစာနဲ႔ ဂ်ာမဏီက Der Spiegel အပါအဝင္ သတင္းဌာနႀကီးေတြ အေယာင္ေဆာင္ အတုဖန္တီးထားတဲ့ ဝက္ဘ္ဆိုက္ ၆၀ ေက်ာ္ပါေနတာ ျဖစ္ပါတယ္။ ေဖ့စ္ဘုတ္ အေကာင့္တု ၁၆၀၀ ေက်ာ္ကိုေတာ့ ဂ်ာမဏီ၊ အီတလီ၊ ျပင္သစ္၊ ၿဗိတိန္နဲ႔ ယူကရိန္း ႏိုင္ငံက ပရိတ္သတ္ေတြၾကား ဝါဒျဖန္႔ရာမွာ သံုးခဲ့တာပါ။

အခုေတြ႕ရွိခ်က္ေၾကာင့္ လူမႈမီဒီယာ ကုမၸဏီေတြ အေနနဲ႔ သတင္းမွားေတြ ဆက္ၿပီး ပ်ံ႕ႏွံ႔မယ့္ အႏၲရာယ္ကို သတိထားလာၾကသလို သူတို႔ရဲ႕ မီဒီယာေတြကို ေစာင့္ၾကည့္ဖို႔ လုပ္လာေစတာပါ။ အခုလို သတင္းမွားျဖန္႔ခ်ီေန ေၾကာင္း ေတြ႕ရွိခဲ့တာနဲ႔ ပတ္သက္ၿပီး ဝါရွင္တန္ဒီစီ က ႐ုရွားသံရံုးကို ကယ္လီဖိုးနီးရွားအေျခစိုက္ Meta ကုမၸဏီက ေမးျမန္းခဲ့ေပမယ့္ ခုခ်ိန္ထိေတာ့ တုံ႔ျပန္ေျဖၾကားတာ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

...............................................................

ယူကရိန်း ကျုးကျော်စစ်မှာ ရုရှားဝါဒဖြန့်ချီမှုတွေ ဖေ့စ်ဘွတ်ကုမ္ပဏီ ဖော်ထုတ်

{{Zawgyi/Unicode}}
ယူကရိန်းအပေါ် ကျုးကျော်မှုနဲ့ ပတ်သက်လို့ ရုရှားရဲ့ ဝါဒဖြန့်ချီမှုတွေကို အနောက်ဥရောပမှာ ဖြန့်ချီဖို့ ရုရှားနိုင်ငံက မြစ်ဖျားခံလာတဲ့ ဒါဇင်နဲ့ချီတဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာသစ်တွေနဲ့ ရာနဲ့ချီတဲ့ အကောင့်အတုတွေကို ဖော်ထုတ်ဟန့်တား နိုင်ခဲ့ကြောင်း Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ကုမ္ပဏီက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

ဒီလိုဖြန့်ချီမှုကို သိပ်မပြန့်ခင်မှာပဲ ဖေါ်ထုတ်ပြီး ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဖေ့စ်ဘုတ်နဲ့ အင်စတာဂရမ် မီဒီယာတွေကို ပိုင်တဲ့ Meta ကုမ္ပဏီက ပြောပါတယ်။

ဒါပေမယ့် ဖေ့စ်ဘုတ်ကတော့ ဒါဟာ ရုရှားတွေရဲ့ အကြီးမားဆုံးနဲ့ အရှုပ်ထွေးဆုံး ဝါဒဖြန့်ချီဖို့ ကြိုးစားမှုဖြစ်ပြီး ဒီလိုလုပ်နေတာကို သူတို့ ယူကရိန်းကို စတင်ကျူးကျော်ချိန်ကစပြီး တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဒီလုပ်ဆောင်မှုထဲမှာ ဗြိတိန်က The Gurdian သတင်းစာနဲ့ ဂျာမဏီက Der Spiegel အပါအဝင် သတင်းဌာနကြီးတွေ အယောင်ဆောင် အတုဖန်တီးထားတဲ့ ဝက်ဘ်ဆိုက် ၆၀ ကျော်ပါနေတာ ဖြစ်ပါတယ်။ ဖေ့စ်ဘုတ် အကောင့်တု ၁၆၀၀ ကျော်ကိုတော့ ဂျာမဏီ၊ အီတလီ၊ ပြင်သစ်၊ ဗြိတိန်နဲ့ ယူကရိန်း နိုင်ငံက ပရိတ်သတ်တွေကြား ဝါဒဖြန့်ရာမှာ သုံးခဲ့တာပါ။

အခုတွေ့ရှိချက်ကြောင့် လူမှုမီဒီယာ ကုမ္ပဏီတွေ အနေနဲ့ သတင်းမှားတွေ ဆက်ပြီး ပျံ့နှံ့မယ့် အန္တရာယ်ကို သတိထားလာကြသလို သူတို့ရဲ့ မီဒီယာတွေကို စောင့်ကြည့်ဖို့ လုပ်လာစေတာပါ။ အခုလို သတင်းမှားဖြန့်ချီနေ ကြောင်း တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဒီစီ က ရုရှားသံရုံးကို ကယ်လီဖိုးနီးရှားအခြေစိုက် Meta ကုမ္ပဏီက မေးမြန်းခဲ့ပေမယ့် ခုချိန်ထိတော့ တုံ့ပြန်ဖြေကြားတာ မရှိသေးပါဘူး။

XS
SM
MD
LG