သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးကျော်စစ်ဆန့်ကျင်လို့ အဖမ်းခံရတဲ့ ရုရှားပြည်သူ ၁၄,၀၀၀ ကျော်ပြီ


St. Petersburg မြို့မှာပြုလုပ်တဲ့ ရုရှားကျူးကျော်စစ် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူတဦး။ (မတ် ၁၃၊ ၂၀၂၂)
St. Petersburg မြို့မှာပြုလုပ်တဲ့ ရုရှားကျူးကျော်စစ် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူတဦး။ (မတ် ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

ရုရှားသမ္မတ Vladimir Putin ရဲ့ ယူကရိန်းကို အကြောင်းမဲ့ ဝင်ရောက်ကျူးကျော်မှုကို ရုရှားနိုင်ငံတလွှား နေရာအများအပြားမှာ တနင်္ဂနွေနေ့က ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိခဲ့ပြီး အဲဒီဆန္ဒပြပွဲတွေမှာ ရဲအဖမ်းခံရသူက အခုချိန်အထိဆို ၇၀၀ ကျော်နေပြီ ဖြစ်ပါတယ်။

ဒီဆန္ဒပြမှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ OVD-Info ရဲ့ ထုတ်ပြန်ချက်အရ မော်စကိုစံတော်ချိန် ညနေ ၆ နာရီခွဲအထိ ရုရှားမြို့ကြီး ၃၇ မြို့မှာ အဖမ်းခံရတဲ့ ဆန္ဒပြသူ ၇၄၅ ယောက်ရှိကြောင်းနဲ့ မော်စကိုမြို့တော်မှာတင် အဖမ်းခံရသူ ၅၃၅ ယောက်ရှိနေတယ်လို့ ပြောပါတယ်။

မော်စကိုက ဆန္ဒပြသူတွေထဲ သတင်းထောက်ဖြစ်ကြောင်း အထောက်အထားမပါသူ မှန်သမျှကို ရဲကဖမ်းနေတာ တွေ့ရသလို ကမ္ဘာကြီး ငြိမ်းချမ်းပါစေလို့ ကြွေးကြော်တဲ့ အမျိုးသမီးတဦးကိုပါ ရဲက ဖမ်းသွားတယ်လို့ မော်စကိုမှာ သတင်းယူနေတဲ့ AFP သတင်းထောက်က ပြောပါတယ်။ ရုရှားရဲ့ ဒုတိယမြို့တော် Saint Petersburg မှာလည်း ဖမ်းဆီးမှု အများအပြားရှိနေပြီး မြို့လယ်ကောင်က Nevsky Avenue မှာတော့ လမ်းတလျှောက် ရဲကားတွေနဲ့ ပိတ်ထားတယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံတလွှားမှာ ပြီးခဲ့တဲ့ သီတင်းပတ် ဆန္ဒပြပွဲတွေအတွင်း ရဲက လူပေါင်း ၅,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ လမ်းမတွေပေါ်ထွက် ဆန္ဒပြမယ်ဆိုရင် ငွေဒဏ်အပြင် ထောင်ပါအချခံရနိုင်တဲ့ အန္တရာယ်ကို သိတဲ့ကြားကပဲ အခုလို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

ယူကရိန်းကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားဝင်တိုက်ခဲ့ချိန်ကတည်းက အဖမ်းခံခဲ့ရတဲ့ ကန့်ကွက်ဆန္ဒပြသူ ၁၄,၀၀၀ ကျော်နေပြီ ဖြစ်ပါတယ်။

ကျူးကျော်စစ်ဆန့်ကျင်လို့ အဖမ်းခံရတဲ့ ရုရှားပြည်သူ ၁၄,၀၀၀ ကျော်ပြီ
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)







XS
SM
MD
LG