သုံးရလွယ်ကူစေသည့် Link များ

ရုရှား၊ အီရန်နဲ့ မြောက်ကိုရီးယားတို့အပေါ် ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်မယ့် ဥပဒေမူကြမ်းတရပ်ကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်ပြီး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် လက်မှတ်ထိုးပြဌာန်းဖို့ ပို့တော့မှာဖြစ်ပါတယ်။

အောက်နဲ့အထက် လွှတ်တော်နှစ်ရပ်အကြား ညှိနှိုင်းကြပြီးတဲ့နောက် ကြာသပတေးနေ့မှာ ဥပဒေမူကြမ်းကို ထောက်ခံမဲ ၉၈ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ အထက်လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။

အောက်လွှတ်တော် လူများစုခေါင်းဆောင် Kevin McCarthy နဲ့ ဆွေးနွေး ညှိနှိုင်းပြီးတဲ့နောက် မူကြမ်းကို သဘောတူညီချက် ရပြီ ဖြစ်တဲ့အကြောင်း အထက်လွှတ်တော်အမတ် Bob Corker က ဗုဒ္ဓဟူးနေ့နှောင်းပိုင်း ထုတ်ပြန်ချက်တခုမှာ ပြောထားတာပါ။

အောက်လွှတ်တော်မှာတော့ ထောက်ခံမဲ ၄၁၉ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ ဥပဒေမူကြမ်းကို အတည်ပြုထားပြီးပါပြီ။

ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချဖို့ကိစ္စ သမ္မတထရမ့်ပ်က ကန့်ကွက်ထားပြီး ဗီတိုသုံးပယ်ချမယ့်ဆိုတဲ့ သဘောကိုလဲ အိမ်ဖြူတော်က အရိပ်အမြွက် ပြောထားပါတယ်။ ဒါပေမဲ့ သမ္မတရဲ့ဗီတိုအာဏာကို ပယ်ချဖို့အတွက် လွှတ်တော်နှစ်စရပ်လုံးမှာ ထောက်ခံမှုက အလုံအလောက်ရှိနေပါပြီ။

သမ္မတထရမ့်ပ်က အထူးသဖြင့် ကန့်ကွက်ထားတာကတော့ ဒဏ်ခတ် အရေးယူမှုကို လျော့ပါးသက်သာအောင် သမ္မတလုပ်ပိုင် ခွင့်နဲ့ ၀င်စွက်ဖက်လို့မရတဲ့ ပြဌာန်းချက်တခုပဲဖြစ်ပါတယ်။

သက်ရောက်မှုပျော့တဲ့ ဥပဒေမူကြမ်းတခုကို ပြဌာန်းဖို့ သမ္မတအိမ်ဖြူတော်က လှုံ့ဆော် စည်းရုံးလာတာ သီတင်းပတ် အတော်ကြာပြီဖြစ်ပါတယ်။

XS
SM
MD
LG