သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Gorbachev ထားရစ္တဲ႔ အစဥ္အလာႏွင္႔ ႐ုရွားတို႔သေဘာထား


(Zawgyi / Unicode)

ရုရွားရဲ႕ သမိုင္းမွာ အေရးႀကီးတဲ႔ အခ်ိန္မွာဘဲ ဆိုဗီယက္ ေခါင္းေဆာင္ Mikhail Gorbachev ကြယ္လြန္ခဲ႔တာ ျဖစ္ပါတယ္။ ရုရွားရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္ေၾကာင့္ လူမႈ အသိုင္းအ၀ိုင္းၾကား ကြဲျပားေနၿပီး Vladimir Putin အစိုးရဟာ ပိုၿပီး အာဏာရွင္ဆန္ကာ ဖိႏွိပ္လာမယ္လို႔ သံုးသပ္သူေတြက ေျပာဆိုၾကပါတယ္။ ဗီြအိုေအရဲ႕ ေမာ္စကို ျဗဴရိုက ေပးပိုတဲ႔ သတင္းေဆာင္းပါးကို မသိဂၤ ီထုိက္ ေျပာျပေပးမွာပါ။

Mikhail Gorbachev က ဆိုဗီယက္ ယူနီယံကို ေခတ္မီေအာင္ လုပ္လိုခဲ႔တာပါ။ ဒီမိုကေရစီ၊ လြတ္လပ္တဲ႔ ေစ်းကြက္ေတြနဲ႔ ျပဳျပင္ေျပာင္းလဲခဲ႔ေပမယ့္ သူ႔ရဲ႕ ျပဳျပင္ေျပာင္းလဲမႈက အေျပာင္းအလဲ အတြက္ ဖိအားျဖစ္ခဲ႔ၿပီးေနာက္မွာေတာ့ ဥေရာပက ကြန္ျမဴနစ္ အင္ပါယာဟာ ေနာက္ဆံုး ၿပိဳကြဲမႈနဲ႔ အဆံုးသတ္သြားေစခဲ႔ပါတယ္။
အသက္ ၉၁ ႏွစ္ အရြယ္မွာ သူ ေသဆံုးခ်ိိန္မွာေတာ့ အာဏာရွင္ဆန္တဲ႔ ရုရွားက အိမ္နီးခ်င္း ယူကရိန္းကို ထပ္ၿပီး စစ္ဆင္ေနတဲ႔ အခ်ိန္ ျဖစ္ပါတယ္။ တခ်ိဳ႕ေသာ သံုးသပ္သူေတြ ေတြးျမင္ၾကသလို Gorbachev ရဲ႕ ရပ္တည္ခ်က္ကို ရုရွားက လက္မခံပါဘူး။ ဒီထဲက တဦးကေတာ့ Carnegie Moscow စင္တာက ႏုိင္ငံေရး သံုးသပ္သူ Andrey Kolesnikov ျဖစ္ပါတယ္။

“ အေသအခ်ာ ၀ိေရာဒိ ျဖစ္ေနတဲ႔ အခ်က္ရွိပါတယ္။ လက္ရွိ အသက္ႀကီးပိုင္း မ်ိဳးဆက္ေတြ အတြက္ေရာ သူတို႔ရဲ႕ ကေလးေတြ အတြက္ပါ က်ေနာ္တို႔ အားလံုး အတြက္ Gorbachev က လြတ္လပ္မႈကို ေပးခဲ႔ပါတယ္။ ဒါေပမယ့္ ဒီ လြတ္လပ္မႈ အတြက္ဘဲ သူ႔ကို မုန္းၾကပါတယ္။ ဒါဟာဆိုရင္ လြတ္လပ္မႈကေန အခိုင္အမာ ေရွာင္လႊဲမႈ ျဖစ္ပါတယ္။ ဒါဟာ အစဥ္အလာ မေက်ခ်မ္းမႈ ျဖစ္ပါတယ္။ က်ေနာ္တို႔ဟာ သိပ္ၿပီး ဂုဏ္ယူခဲ႔ၾကပါတယ္။ ဒါေပမယ့္ သူက က်ေနာ္တို႔ကို ေသးသိမ္းေအာင္ လုပ္ခဲ႔ပါတယ္။ သူက ကမၻာႀကီးနဲ႔ တခါးဖြင့္ေပးခဲ႔ပါတယ္။ ဒါေပမယ့္ အဲဒီ ကမၻာႀကီးကို က်ေနာ္တို႔ မလိုအပ္ပါဘူး။ ”

Gorbachev ေသဆံုးမႈဟာ ရုရွား အစိုးရ အတြက္လည္း စိတ္မသက္မသာ ျဖစ္စရာ ျဖစ္ေနၿပီး သူေသဆံုးေၾကာင္း ေၾကညာခ်က္မွာလည္း အက်ဥ္းရံုးသာ ေဖာ္ျပခဲ႔တာပါ။ Gorbachev ရဲ႕ သေကၤတက ရုရွားရဲ႕ ကမၻာနဲ႔ ထိေတြ႔ဆက္ဆံမႈ ျဖစ္ၿပီး Putin အစိုးရကေတာ့ ရုရွားကို ဆန္႔က်င္ဘက္ လားရာကို ဆြဲေခၚေနတာပါ။
လူထုၾကားမွာေတာ့ စိတ္ခံစားမႈေတြက ေရာေထြးေနပါတယ္။ လြတ္လပ္မႈ အတြက္ သူ႔ေဆာင္ရြက္ခ်က္ကို ေက်းဇူးတင္သူေတြက ဂုဏ္ျပဳ အသိအမွတ္ျပဳၾကၿပီး အထူးသျဖင့္ ရုရွားနဲ႔ ဆိုဗီယက္ယူနီယံကို သစၥာေဖာက္ခဲ႔သူလို႔ သတ္မွတ္သူေတြကေတာ့ ၁၉၉၁ ခုႏွစ္ ဆိုဗီယက္ ယူနီယံ ဖ်က္သိမ္းၿပီးေနာက္ပိုင္း ႏုိင္ငံေရး ပရမ္းပတာျဖစ္မႈ၊ စီးပြားေရး ၀ရုန္းသုန္းကားျဖစ္မႈ၊ ရာဇ၀တ္ဂိုဏ္းေတြ တဟုန္ထိုး ထြက္ေပၚလာတာေတြ အတြက္ သူ႔ကို အျပစ္တင္ၾကပါတယ္။
“Mikhail Gorbachev ဟာ သူ႔ကာလ အတြင္း ခက္ခဲရႈပ္ေထြးတဲ႔ အလုပ္ကို လုပ္ခဲ႔ရသူပါ။ သူ တာ၀န္ယူခဲ႔တာေၾကာင့္ ဆိုဗီယက္ ယူနီယံလို ႏုိင္ငံတခုဟာ အသြင္ေျပာင္းခဲ႔ၿပီး အဲဒီအခ်ိန္မွာ လိုအပ္ခဲ႔ပါတယ္။”

“ရုရွားနဲ႔ ဆိုဗီယက္ ႏွစ္ခုစလံုး တႏုိင္ငံလံုး အေပၚမွာ သူ သစၥာေဖာက္ခဲ႔တာပါ။ ႏုိင္ငံႀကီး တခု ၿပိဳလဲေအာင္ သူ လုပ္ခဲ႔ပါတယ္။ ”

ေမာ္စကို ၿမိဳ႕ခံ Maria ကေတာ့ ႏုိင္ငံထဲမွာ သူ႔မူ၀ါဒေတြကို အေကာင္အထည္ ေဖာ္ေဆာင္ခဲ႔တာေတြနဲ႔ ႏုိင္ငံ ၿပိဳကြဲသြားေစခဲ႔တာကို မႀကိဳက္ပါဘူးလို႔ ေျပာပါတယ္။

“ က်ေနာ္တို႔ ႏုိင္ငံကို လြတ္လပ္မႈ ေဆာင္က်ဥ္းေပးခဲ႔တဲ႔ ပုဂၢိဳလ္တဦး ျဖစ္ပါတယ္။ အုပ္ခ်ဳပ္သူေတြ အားလံုးထဲမွာ သူဟာဆိုရင္ ဒီႏုိင္ငံတြင္း ထာ၀ရ အာဏာရွင္ စနစ္ကေန ပိုၿပီး ေကာင္းမြန္တဲ႔ တခုခုနဲ႔ အစားထိုးႏုိင္ေရး ႀကိဳးစားခဲ႔တဲ႔ တဦးတည္းေသာသူ ျဖစ္ပါတယ္။ ”

Gorbachev ဟာ သူ႔ရဲ႕ ေနာက္ဆံုး ႏွစ္ေတြမွာ ေရာဂါဒဏ္ ခံခဲ႔ရၿပီး ဘာေရာဂါလဲ ဆိုတာကိုေတာ့ မထုတ္ျပန္ပါဘူး။ သမၼတ Putin အုပ္ခ်ဳပ္ေနတဲ႔ ရုရွားက စစ္ဆင္ႏႊဲလာၿပီး အာဏာရွင္စနစ္ထဲကို က်ေရာက္လာတာနဲ႔ အတူဘဲ လြတ္လပ္စြာ ေတြးေခၚတတ္တဲ႔ ျပဳျပင္ေျပာင္းလဲေရးသမား နဲ႔ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္သူ အျဖစ္ Gorbachev ရဲ႕ သမိုင္းအေမြကို ေမွးမွိန္သြားေစပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

Gorbachev ထားရစ်တဲ့ အစဉ်အလာနှင့် ရုရှားတို့သဘောထား

ရုရှားရဲ့ သမိုင်းမှာ အရေးကြီးတဲ့ အချိန်မှာဘဲ ဆိုဗီယက် ခေါင်းဆောင် Mikhail Gorbachev ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကြောင့် လူမှု အသိုင်းအဝိုင်းကြား ကွဲပြားနေပြီး Vladimir Putin အစိုးရဟာ ပိုပြီး အာဏာရှင်ဆန်ကာ ဖိနှိပ်လာမယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။ ဗွီအိုအေရဲ့ မော်စကို ဗြူရိုက ပေးပိုတဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

Mikhail Gorbachev က ဆိုဗီယက် ယူနီယံကို ခေတ်မီအောင် လုပ်လိုခဲ့တာပါ။ ဒီမိုကရေစီ၊ လွတ်လပ်တဲ့ ဈေးကွက်တွေနဲ့ ပြုပြင်ပြောင်းလဲခဲ့ပေမယ့် သူ့ရဲ့ ပြုပြင်ပြောင်းလဲမှုက အပြောင်းအလဲ အတွက် ဖိအားဖြစ်ခဲ့ပြီးနောက်မှာတော့ ဥရောပက ကွန်မြူနစ် အင်ပါယာဟာ နောက်ဆုံး ပြိုကွဲမှုနဲ့ အဆုံးသတ်သွားစေခဲ့ပါတယ်။
အသက် ၉၁ နှစ် အရွယ်မှာ သူ သေဆုံးချိန်မှာတော့ အာဏာရှင်ဆန်တဲ့ ရုရှားက အိမ်နီးချင်း ယူကရိန်းကို ထပ်ပြီး စစ်ဆင်နေတဲ့ အချိန် ဖြစ်ပါတယ်။ တချို့သော သုံးသပ်သူတွေ တွေးမြင်ကြသလို Gorbachev ရဲ့ ရပ်တည်ချက်ကို ရုရှားက လက်မခံပါဘူး။ ဒီထဲက တဦးကတော့ Carnegie Moscow စင်တာက နိုင်ငံရေး သုံးသပ်သူ Andrey Kolesnikov ဖြစ်ပါတယ်။

“ အသေအချာ ဝိရောဒိ ဖြစ်နေတဲ့ အချက်ရှိပါတယ်။ လက်ရှိ အသက်ကြီးပိုင်း မျိုးဆက်တွေ အတွက်ရော သူတို့ရဲ့ ကလေးတွေ အတွက်ပါ ကျနော်တို့ အားလုံး အတွက် Gorbachev က လွတ်လပ်မှုကို ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီ လွတ်လပ်မှု အတွက်ဘဲ သူ့ကို မုန်းကြပါတယ်။ ဒါဟာဆိုရင် လွတ်လပ်မှုကနေ အခိုင်အမာ ရှောင်လွှဲမှု ဖြစ်ပါတယ်။ ဒါဟာ အစဉ်အလာ မကျေချမ်းမှု ဖြစ်ပါတယ်။ ကျနော်တို့ဟာ သိပ်ပြီး ဂုဏ်ယူခဲ့ကြပါတယ်။ ဒါပေမယ့် သူက ကျနော်တို့ကို သေးသိမ်းအောင် လုပ်ခဲ့ပါတယ်။ သူက ကမ္ဘာကြီးနဲ့ တခါးဖွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ကမ္ဘာကြီးကို ကျနော်တို့ မလိုအပ်ပါဘူး။ ”

Gorbachev သေဆုံးမှုဟာ ရုရှား အစိုးရ အတွက်လည်း စိတ်မသက်မသာ ဖြစ်စရာ ဖြစ်နေပြီး သူသေဆုံးကြောင်း ကြေညာချက်မှာလည်း အကျဉ်းရုံးသာ ဖော်ပြခဲ့တာပါ။ Gorbachev ရဲ့ သင်္ကေတက ရုရှားရဲ့ ကမ္ဘာနဲ့ ထိတွေ့ဆက်ဆံမှု ဖြစ်ပြီး Putin အစိုးရကတော့ ရုရှားကို ဆန့်ကျင်ဘက် လားရာကို ဆွဲခေါ်နေတာပါ။
လူထုကြားမှာတော့ စိတ်ခံစားမှုတွေက ရောထွေးနေပါတယ်။ လွတ်လပ်မှု အတွက် သူ့ဆောင်ရွက်ချက်ကို ကျေးဇူးတင်သူတွေက ဂုဏ်ပြု အသိအမှတ်ပြုကြပြီး အထူးသဖြင့် ရုရှားနဲ့ ဆိုဗီယက်ယူနီယံကို သစ္စာဖောက်ခဲ့သူလို့ သတ်မှတ်သူတွေကတော့ ၁၉၉၁ ခုနှစ် ဆိုဗီယက် ယူနီယံ ဖျက်သိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ပရမ်းပတာဖြစ်မှု၊ စီးပွားရေး ဝရုန်းသုန်းကားဖြစ်မှု၊ ရာဇဝတ်ဂိုဏ်းတွေ တဟုန်ထိုး ထွက်ပေါ်လာတာတွေ အတွက် သူ့ကို အပြစ်တင်ကြပါတယ်။
“Mikhail Gorbachev ဟာ သူ့ကာလ အတွင်း ခက်ခဲရှုပ်ထွေးတဲ့ အလုပ်ကို လုပ်ခဲ့ရသူပါ။ သူ တာဝန်ယူခဲ့တာကြောင့် ဆိုဗီယက် ယူနီယံလို နိုင်ငံတခုဟာ အသွင်ပြောင်းခဲ့ပြီး အဲဒီအချိန်မှာ လိုအပ်ခဲ့ပါတယ်။”

“ရုရှားနဲ့ ဆိုဗီယက် နှစ်ခုစလုံး တနိုင်ငံလုံး အပေါ်မှာ သူ သစ္စာဖောက်ခဲ့တာပါ။ နိုင်ငံကြီး တခု ပြိုလဲအောင် သူ လုပ်ခဲ့ပါတယ်။ ”

မော်စကို မြို့ခံ Maria ကတော့ နိုင်ငံထဲမှာ သူ့မူဝါဒတွေကို အကောင်အထည် ဖော်ဆောင်ခဲ့တာတွေနဲ့ နိုင်ငံ ပြိုကွဲသွားစေခဲ့တာကို မကြိုက်ပါဘူးလို့ ပြောပါတယ်။

“ ကျနော်တို့ နိုင်ငံကို လွတ်လပ်မှု ဆောင်ကျဉ်းပေးခဲ့တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။ အုပ်ချုပ်သူတွေ အားလုံးထဲမှာ သူဟာဆိုရင် ဒီနိုင်ငံတွင်း ထာဝရ အာဏာရှင် စနစ်ကနေ ပိုပြီး ကောင်းမွန်တဲ့ တခုခုနဲ့ အစားထိုးနိုင်ရေး ကြိုးစားခဲ့တဲ့ တဦးတည်းသောသူ ဖြစ်ပါတယ်။ ”

Gorbachev ဟာ သူ့ရဲ့ နောက်ဆုံး နှစ်တွေမှာ ရောဂါဒဏ် ခံခဲ့ရပြီး ဘာရောဂါလဲ ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။ သမ္မတ Putin အုပ်ချုပ်နေတဲ့ ရုရှားက စစ်ဆင်နွှဲလာပြီး အာဏာရှင်စနစ်ထဲကို ကျရောက်လာတာနဲ့ အတူဘဲ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့ ပြုပြင်ပြောင်းလဲရေးသမား နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်သူ အဖြစ် Gorbachev ရဲ့ သမိုင်းအမွေကို မှေးမှိန်သွားစေပါတယ်။

XS
SM
MD
LG