သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရွ႕ေနခ်ဳပ္႐ံုးကို ဥပေဒေရးရာဝန္ႀကီးဌာနအျဖစ္ စစ္ေကာင္စီ ေျပာင္းလဲဖြဲ႔စည္း


ရန္ကုန္တိုင္းတရားလႊတ္ေတာ္ခ်ဳပ္ (ဓာတ္ပံု- Reuters)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံ၊ ျပည္ေထာင္စုေရွ ႔ေနခ်ဳပ္႐ုံးကို ဥပေဒေရးရာ၀န္ႀကီးဌာန (Ministry of Legal Affairs) အျဖစ္ ျပင္ဆင္ဖြဲ႔စည္းလိုက္တယ္လို႔ ႏုိ္င္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက ၂၀၂၁ ခုႏွစ္ ၾသဂုတ္လ ၃၀ ရက္ေန႔စြဲနဲ ႔ေၾကျငာခ်က္ထုတ္ျပန္ပါတယ္။

ဖြဲ႔စည္းအုပ္ခ်ဳပ္ပုံအေျခခံဥပေဒ ပုဒ္မ ၄၁၉ အရ ဖြဲ႔စည္းလိုက္တာျဖစ္တယ္လို႔လည္း ေၾကျငာခ်က္မွာေဖာ္ျပထားပါတယ္။ ဥပေဒေရးရာ၀န္ႀကီးဌာနရဲ ႔ ျပည္ေထာင္စု၀န္ႀကီးနဲ႔ ျပည္ေထာင္စုေရွ႔ေနခ်ဳပ္အျဖစ္ ေဒါက္တာသီတာဦးကို ခန္႔အပ္လိုက္သလို ဒုတိယ၀န္ႀကီးနဲ႔ ဒုတိယေရွ ႔ေနခ်ဳပ္အျဖစ္ ဦးစန္းလြင္ကို ခန္႔အပ္ေၾကာင္းလည္း စစ္ေကာင္စီက ၾသဂုတ္လ ၃၀ ရက္ေန႔စြဲနဲ႔ ေၾကျငာခဲ႔တာပါ။

ဘာရည္ရြယ္ခ်က္၊ ဘယ္လိုအေၾကာင္းနဲ႔ အခုလို ေျပာင္းလဲဖြဲ႔စည္းတာလဲ ဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။
ဥပေဒေရးရာဝန္ႀကီးဌာနဆိုတာ ျမန္မာႏုိင္ငံ လြတ္လပ္ေရးရၿပီးခ်ိန္ကတည္းက အစိုးရအဖြဲ႔အဆက္ဆက္မွာ အရင္က မရွိခဲ့ဖူးပါဘူး။ ဝန္ႀကီးခ်ဳပ္ဦးႏု ဦးေဆာင္တဲ့ ဖဆပလအစိုးရေခတ္တံုးကေတာ့ တရားေရးဝန္ႀကီးဌာနဆိုတာ ရွိခဲ့ဖူးပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ဥပေဒျပဌာန္းတာ၊ ဝန္ႀကီးဌာနေတြနဲ႔ အဖြဲ႔အစည္းေတြ ေျပာင္းလဲဖြဲ႔စည္းတာ စတာေတြကို အာဏာသိမ္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ တဦးတည္းက စိတ္ႀကိဳက္ သူ႔သေဘာနဲ႔သူ ျပဌာန္း လုပ္ေဆာင္ေနတာပါ။ ဒီလိုလုပ္ေဆာင္တာေတြအတြက္ အမ်ားျပည္သူက ႀကိဳတင္သိရွိခြင့္မရသလို ေဆြးေႏြး အၾကံေပး ေဝဖန္တာေတြလည္း လုပ္ခြင့္မရပါဘူး။
ျမန္မာႏိုင္ငံမွာ လြတ္လပ္တဲ့ တရားစီရင္ေရးဆိုတာမရွိဘဲ စစ္ေခါင္းေဆာင္ေတြကသာ ဥပေဒအရပ္ရပ္နဲ႔ တရားစီရင္ေရးပိုင္းကို ထိန္းခ်ဳပ္ထားတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက ေဝဖန္ေျပာဆိုထားပါတယ္။

........................................................................................

တိုက္႐ိုက္ လင့္ခ္


ရှေ့နေချုပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် စစ်ကောင်စီ ပြောင်းလဲဖွဲ့စည်း

(Unicode)

မြန်မာနိုင်ငံ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေရေးရာဝန်ကြီးဌာန (Ministry of Legal Affairs) အဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့စွဲနဲ့ကြေငြာချက်ထုတ်ပြန်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့လည်း ကြေငြာချက်မှာဖော်ပြထားပါတယ်။ ဥပဒေရေးရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ဒေါက်တာသီတာဦးကို ခန့်အပ်လိုက်သလို ဒုတိယဝန်ကြီးနဲ့ ဒုတိယရှေ့နေချုပ်အဖြစ် ဦးစန်းလွင်ကို ခန့်အပ်ကြောင်းလည်း စစ်ကောင်စီက သြဂုတ်လ ၃၀ ရက်နေ့စွဲနဲ့ ကြေငြာခဲ့တာပါ။

ဘာရည်ရွယ်ချက်၊ ဘယ်လိုအကြောင်းနဲ့ အခုလို ပြောင်းလဲဖွဲ့စည်းတာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဥပဒေရေးရာဝန်ကြီးဌာနဆိုတာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးချိန်ကတည်းက အစိုးရအဖွဲ့အဆက်ဆက်မှာ အရင်က မရှိခဲ့ဖူးပါဘူး။ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ ဖဆပလအစိုးရခေတ်တုံးကတော့ တရားရေးဝန်ကြီးဌာနဆိုတာ ရှိခဲ့ဖူးပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဥပဒေပြဌာန်းတာ၊ ဝန်ကြီးဌာနတွေနဲ့ အဖွဲ့အစည်းတွေ ပြောင်းလဲဖွဲ့စည်းတာ စတာတွေကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တဦးတည်းက စိတ်ကြိုက် သူ့သဘောနဲ့သူ ပြဌာန်း လုပ်ဆောင်နေတာပါ။ ဒီလိုလုပ်ဆောင်တာတွေအတွက် အများပြည်သူက ကြိုတင်သိရှိခွင့်မရသလို ဆွေးနွေး အကြံပေး ဝေဖန်တာတွေလည်း လုပ်ခွင့်မရပါဘူး။
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ တရားစီရင်ရေးဆိုတာမရှိဘဲ စစ်ခေါင်းဆောင်တွေကသာ ဥပဒေအရပ်ရပ်နဲ့ တရားစီရင်ရေးပိုင်းကို ထိန်းချုပ်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG