သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း စစ်ကောင်စီ စစ်သုံးစရိတ် ၅၀ % ကျော် တိုးမြှင့်


၇၈ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနား (မတ်လ ၂၇၊ ၂၀၂၃)
၇၈ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနား (မတ်လ ၂၇၊ ၂၀၂၃)

၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိ သုံးစွဲဖို့ စစ်ကောင်စီက တိုးမြှင့် သတ်မှတ်လိုက်ပြီး ဒါဟာ မနှစ်ကထက် ကျပ်ဘီလီယံ ၂,၀၀၀ နီးပါး၊ ရာခိုင်နှုန်းအားဖြင့် ၅၀ % ကျော် တိုးမြှင့်ချပေးခဲ့တာပါ။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဒီနှစ်မှာ အများဆုံး တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ ဒီလို ကာကွယ်ရေး အသုံးစရိတ် တိုးလာတာက တိုင်းပြည်အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲ။ ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး မအင်ကြင်းနိုင်က တင်ပြပေးပါမယ်။

မနှစ် ဘဏ္ဍာနှစ်မှာ ကာကွယ်ရေးအသုံးစားရိတ်ကို ကျပ်ငွေ ၃,၇၀၀ ဘီလီယံ သုံးစွဲခဲ့ရာက အခုနှစ် ဧပြီလမှာစတင်တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌နှစ် အသစ်မှာတော့ ကျပ်ငွေ ၂,၀၀၀ ဘီလီယံနီးပါး တိုးမြင့်ပြီး ကျပ်ငွေ ၅,၆၀၀ ဘီလီယံအထိ စစ်ကောင်စီက တိုးမြင့် သတ်မှတ်ပေးလိုက်တာပါ။

ကာကွယ်ရေး အသုံးစရိတ်တိုးလာတာက တိုင်းပြည်အပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမှာပါလဲ။ နိုင်ငံရေးစစ်ရေးသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ၂၀၂၃ မှာ ပြည်တွင်း စစ်မက်ဖြစ်ပွားတဲ့ စစ်ဘောင် ပိုကျယ်လာဖွယ်ရှိသလို ပြည်သူအများအပြား စစ်ဘေးဒဏ်ခံရဖို့ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“တနည်းပြောရရင် ၂၀၂၃ မှာ စစ်ရေးအရှိန်ပြင်းတော့မယ်ဆိုတာကို ကျနော်တို့ ဘဏ္ဍာရေးအခြေအနေ ဘက်ကနေ ဖော်ပြလိုက်တာပါဘဲ။ စစ်ရေးပဋိပက္ခတွေ ဆက်ပြီး ဖြစ်ပွားတော့မယ့် အနေအထားဆိုတာကို သူတို့ ကြေငြာလိုက်တာပါဘဲ။ နောက်တဖက်ကလည်း စစ်ရှိန် မြင့်တိုက်တော့မယ်ဆိုတဲ့ NUG ရဲ့ ကြေငြာချက်ကို လည်းတုံပြန်လိုက်တာလို့ ကောက်ချက် ချရပါတယ်။ အခုပြည်တွင်းမှာ ဘက်စုံက စီးပွားရေး၊ လူမှုရေး၊ စားသောက်ရေး အကျပ်အတည်းတွေ ဆိုက်နေတဲ့အချိန်မှာ စစ်ရှိန်ထပ်မြင့်မယ်လို့ ဆုံးဖြတ် စီစဉ်လိုက်တဲ့ ကိစ္စဟာ ဗမာပြည်ဟာ Fail state ဖြစ်နေတဲ့ အနေအထားကနေပြီးတော့ အလုံးစုံ ပြိုကွဲမယ့် အခြေအနေကို ဦးတည်နေတယ်လို့ ကျတော်တို့ ဒီဘတ်ဂျက်စာရင်း ထွက်လာတဲ့အခါမှာ ပိုပြီးတော့ အတည်ပြုနိုင်တယ်လို့ သုံးသပ်ပါတယ်။”

စစ်တပ်ဟာ တိုင်းပြည်ကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အသုံးပြုခဲ့တဲ့ ကာကွယ်ရေး အသုံးစရိတ်တွေကို နှစ်အလိုက်ကြည့်မယ် ဆိုရင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ဘီလီယံ ၃,၀၀၀၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ ကျပ် ဘီလီယံ ၃,၀၀၀ကျော်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလီယံ ၃,၂၀၀ကျော်၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ကျပ်ဘီလီယံ ၃,၃၀၀ကျော်၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာကျပ် ဘီလီယံ ၃,၄၀၀ကျော် အသီးသီး တိုးမြင့် သုံးစွဲလာခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာတော့ ထပ်တိုးဘတ်ဂျက်အပါအဝင် ကျပ်ဘီလီယံ ၄,၀၀၀ ကျော် သုံးစွဲလာရာကနေ ဒီနှစ်မှာတော့ စံချိန်တင်အနေနဲ့ ကျပ်ဘီလီယံ ၅,၆၀၀ အထိ သုံးစွဲဖို့ တိုးမြင့်ချမှတ် လိုက်တာပါ။ နှစ်ကုန်ခါနီးမှာ ထပ်တိုးဘတ်ဂျက် သုံးစွဲတာမှာလည်း ထပ်ချပေးနိုင်သေးတဲ့ အခြေအနေရှိနေတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပြီး တကယ်လို့ ထပ်တိုး ဘတ်ဂျက်သုံးစွဲမှု ပါလာမယ်ဆိုရင် ဒီတစ်နှစ်လုံးသုံးစွဲမှုဟာ ကျပ်ဘီလီယံ ၇,၀၀၀ နီးနီး ရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဦးရဲထွန်းကတော့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဘက်က စစ်အသုံးစရိတ်ကို တိုးမြင့်သုံးစွဲပြီး ၂၀၂၃ ခုနှစ်ဟာ အဆုံးအဖြတ်ပေးမယ့်နှစ်လို့ ကြေငြာလိုက်တဲ့နောက်မှာ စစ်ကောင်စီဘက်ကပါ အခုလို စစ်အသုံးစရိတ်တိုးမြင့်ဖို့ လုပ်လာတာဖြစ်ပြီး၊ ဒါဟာ ပြည်တွင်း စစ်ရေးအရှိန် ပိုမြင့်လာနိုင်တာကြောင့် ၂၀၂၃မှာ စစ်ဘေး အမြင့်ဆုံး ကြုံရနိုင်ဖို့ရှိနေတယ်လို့ သုံးသပ်ပါတယ်။

“NUG ကလည်း ဒီနှစ်ကိုအပြတ် အဆုံးအဖြတ်နှစ်အဖြစ် ချမယ်ဆိုပြီးတော့ ပြောထားတော့၊ ကမ္ဘာသိ ပြောထားတာပေါ့ဗျာ။ သူ့ဘက်ကလည်း စစ်တိုက်ဖို့ လက်နက်ခဲယမ်းမီးကျောက်တို့အတွက် တိုးရှာနေရမှာ ဖြစ်သလို၊ ထည့်လာတဲ့ငွေတွေကိုလည်း အဲဘက်ကို အများဆုံး အသုံးပြုမှာ။ အလားတူဘဲ တပ်ကလည်း အရင်က လက်နက် ခဲယမ်းမီးကျောက်တွေဝယ်ဖို့ ထောက်ပံ့ရေးအတွက်ဆိုပြီး လိုအပ်တဲ့ငွေကို ထပ်ပြီး သုံးမှာဘဲ။ ဒါက တိုင်းပြည်အတွက် ဘယ်ဘက်ကမှ မကောင်းဘူး။ ၂ဖက်စလုံးက အပြတ်ချမယ်ဆိုတဲ့နှစ် ဒီနှစ်က နောက်ဆက်တွဲကတော့ ပြည်သူက ပိုဒုက္ခရောက်မယ့် နှစ်ပေါ့ဗျာ။”

တရုတ်ရဲ့ ကြားဝင်မှုကြောင့် မြောက်ပိုင်း စစ်မျက်နှာပြင်မှာ စစ်ရေးတင်းမာမှု လျော့လာနိုင်ပေမဲ့ မြန်မာပြည် အလယ်ပိုင်း အပါအဝင် ကရင်နဲ့ ကယားပြည်နယ်တွေ ဘက်မှာတော့ စစ်ဘောင် ပိုကျယ်လာနိုင်ဖွယ်ရှိတယ်လို့ ဦးရဲထွန်းက သုံးသပ်ပါတယ်။

“စစ်ဘောင်က တဖက်ကကျယ်မယ်၊ တဖက်ကတော့ ဒီဘက်က တရုတ်ရဲ့အောင်သွယ်ပေးမှုနဲ့ ဒီဘက်ကတော့ ငြိမ်မယ့် သဘောရှိတာပေါ့နော်။ ဒီဘက်ဆိုတာက မြောက်ပိုင်း ၇ဖွဲ့ပေါ့နော်။ မြောက်ပိုင်း ၇ဖွဲ့ဘက်က တရုတ်ရဲ့ အောင်သွယ်ပေးမှုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လုပ်နေကြပြီ။ အဲတော့ ဒီဘက်ကအဖွဲ့တွေက များသောအားဖြင့် တရုတ်ရဲ့ဆန္ဒကို သိပ်ထော်လော်ကန့်လန့် လုပ်လေ့မရှိဘူးပေါ့။ အခုဘဲ မကြာသေးခင်ကဖြစ်တဲ့ ကရင်နီတို့၊ ကယားတို့၊ ချင်းပြည်နယ်ဘက်တွေ၊ အဲဘက်တွေကတော့ အခုကိုက ပြင်းပြင်းထန်ထန် ဖြစ်နေပါပြီ။ အဲဒေသတွေက အရင်ထက် ပိုဆိုးလာမယ်။ မြဝတီတို့ဆိုလဲ ကုန်သွယ်ရေးဂိတ်တွေ ဘာတွေ၊ ရွှေကုက္ကိုတို့တို က်ခံရတဲ့ကိစ္စကို ကြည့်ရင် ဒါက အစဘဲရှိသေးတယ်။ နောက်ပိုင်း ပိုပြင်းထန်လာမယ်လို့ မြင်တယ်။”

စစ်တပ်ရဲ့ အသုံးစားရိတ်ဘတ်ဂျက် တိုးလာပေမဲ့ ပညာရေးပိုင်းနဲ့ ကျန်းမာရေးပိုင်း စတာတွေမှာတော့ ဘတ်ဂျက်ဟာ ထင်သလောက် တိုးလာတာ မရှိသေးပါဘူး။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ‌နှစ် အသုံးစရိတ်အတွက် ကျပ်ဘီလီယံ နှစ်သောင်းနီးပါးအထိသုံးဖို့ စစ်ကောင်စီက ပြဋ္ဌာန်းထားတာမှာ ပညာရေးကဏ္ဍအတွက် ကျပ်ဘီလီယံ ၂,၀၀၀ ကျော်သုံးဖို့ ခွင့်ပြုထားပါတယ်။ ကျန်းမာရေးအသုံးစရိတ်ကိုတော့ ကျပ်ဘီလီယံ ၈၀၀ကျော် သုံးစွဲမယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}



မနှဈ ဘဏ်ဍာနှဈမှာ ကာကှယျရေးအသုံးစားရိတျကို ကပြျငှေ ၃,၇၀၀ ဘီလီယံ သုံးစှဲခဲ့ရာက အခုနှဈ ဧပွီလမှာစတငျတဲ့ ၂၀၂၃-၂၀၂၄ ဘဏ်ဍာ‌နှဈ အသဈမှာတော့ ကပြျငှေ ၂,၀၀၀ ဘီလီယံနီးပါး တိုးမွင့ျပွီး ကပြျငှေ ၅,၆၀၀ ဘီလီယံအထိ စဈကောငျစီက တိုးမွင့ျ သတျမှတျပေးလိုကျတာပါ။



စဈတပျဟာ တိုငျးပွညျကာကှယျရေးဆိုတဲ့ ခေါငျးစဉျအောကျကနေ အသုံးပွုခဲ့တဲ့ ကာကှယျရေး အသုံးစရိတျတှကေို နှဈအလိုကျကွည့ျမယျ ဆိုရငျ ၂၀၁၆-၁၇ ဘဏ်ဍာနှဈမှာ ကပြျ ဘီလီယံ ၃,၀၀၀၊ ၂၀၁၇-၁၈ ဘဏ်ဍာနှဈမှာ ကပြျ ဘီလီယံ ၃,၀၀၀ကြောျ၊ ၂၀၁၈-၁၉ ဘဏ်ဍာနှဈမှာ ကပြျဘီလီယံ ၃,၂၀၀ကြောျ၊ ၂၀၁၉-၂၀ ဘဏ်ဍာနှဈမှာ ကပြျဘီလီယံ ၃,၃၀၀ကြောျ၊ ၂၀၂၀-၂၁ ဘဏ်ဍာနှဈမှာကပြျ ဘီလီယံ ၃,၄၀၀ကြောျ အသီးသီး တိုးမွင့ျ သုံးစှဲလာခဲ့ပါတယျ။







XS
SM
MD
LG