သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေ႐ႊဘိုနယ္ ထူးႀကီး႐ြာ ေနအိမ္ႏွစ္ရာေက်ာ္နဲ႔ ယက္ကန္းစင္မ်ားမီးရႈိ႕ဖ်က္ဆီးခံရ


ေ႐ႊဘိုနယ္ ထူးႀကီး႐ြာ ယက္ကန္းစင္မ်ားမီးရႈိ႕ဖ်က္ဆီးခံရ ( ေဖေဖာ္ဝါရီ ၂၄၊ ၂၀၂၃)

စစ္ကိုင္းတိုင္း ေ႐ႊဘိုၿမိဳ႕နယ္အတြင္းက ထူးႀကီး ေက်း႐ြာကို ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရး ဝင္ေရာက္ၿပီး ေနအိမ္ ၂၀၀ ေက်ာ္ မီးရႈိ႕ခဲ့သလို ျမန္မာလက္မႈပညာျဖစ္တဲ့ ရက္ကန္းစင္ေတြကိုလည္း မီးရႈိ႕ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒီသတင္းေပးပို႔ခ်က္ကို မစုျမတ္မြန္တင္ဆက္ေပးမွာပါ။

ေ႐ႊဘိုၿမိဳ႕နယ္အတြင္းက လက္ယက္ကန္း၊ စက္ယက္ကန္း လုပ္ငန္းေတြ လုပ္ကိုင္ၾကတဲ့ အိမ္ေျခ‌ ၆၀၀ ေက်ာ္ေလာက္ရွိတဲ့ ထူးႀကီးေက်း႐ြာကို ျမန္မာစစ္တပ္က ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔က နယ္ေျမရွင္းလင္း‌ေရး ဝင္ေရာက္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ေနအိမ္ေတြကို မီးရႈိ႕ခဲ့သလို ယက္ကန္းစင္ေတြနဲ႔ ယက္ကန္း စက္ေတြကိုပါ ရႈိ႕ခဲ့ၿပီး စပါးေတြကိုလည္း မီးရႈိ႕သြားတယ္လို႔ S&C မီးေဘး စစ္ေဘး ပညာေရး ကူညီေစာင့္ေရွာက္ေရးအဖြဲ႕ တာဝန္ခံ ကိုစိုးမိုးေအာင္က VOA ကိုေျပာပါတယ္။

"ေန႔လယ္ပိုင္း ၃ နာရီခြဲေလာက္ေပါ့ေႏွာ္ မီးဝင္ရႈိ႕တယ္ေပါ့ စစ္ေၾကာင္းက ကြၽန္ေတာ္တို႔မွာ ဝက္လက္ဖက္က စစ္ေၾကာင္းေတြေရာေပါ့ေနာ္ အစုံ ေ႐ြဘိုဖက္က စစ္ေၾကာင္းေတြေရာေပါ့ေနာ္ ဝင္ၿပီးေတာ့ မီးရႈိ႕သြားတာေပါ့။ ထူးႀကီးက ေတာင္႐ြာ ေျမာက္႐ြာရွိတာေပါ့ေနာ္။ အိမ္ေျခ အလုံး ၂၀၀ ေက်ာ္ေလာက္ေတာ့ ပါသြားတယ္ဗ်။ စပါးေတြေရာ ေနာက္ၿပီးေတာ့ သူတို႔က အဲ့ဖက္က ထူးႀကီးက စက္ယက္ကန္း လက္ယက္ကန္းေတြ ထြန္းကားတာေပါ့ေနာ္ လက္မႈပညာေတြ။ အဲ့စက္ေတြပ့ါအကုန္ မီးရႈိ႕သြားတာေပါ့။ အကုန္လုံး ဘာတခုမွကို မက်န္ဘူးေပါ့ေနာ္ အိမ္ေထာင္ပရိေဘာဂ သီးႏွံေတြ အားလုံး ဘာမွကို ကုန္းေကာက္စရာ မရွိေအာင္ကို ရႈိ႕သြားတာ။ ေနာက္ၿပီး ေတာင္သူသုံး လယ္ထြန္စက္ေတြ မီးစက္ေတြ၊ ေရစုပ္စက္ေတြ အားလုံး အရႈိ႕ခံလိုက္ရတာ။"

ထူးႀကီး႐ြာနဲ႔ အနီးတဝိုက္က ေက်း႐ြာေတြ စစ္ေဘးေရွာင္ေနၾကရၿပီး လက္ရွိ S&C က စစ္ေရွာင္ အ‌ေရအတြက္ ၂၀၀၀ ေက်ာ္ေလာက္ကို ေနထိုင္စားေသာက္ေရးအတြက္ ကူညီေပးေနတယ္လို႔ ေျပာပါတယ္။ ထူးႀကီး႐ြာက ဒီပဲယင္း၊ အရာေတာ္တို႔နဲ႔ နီးတဲ့႐ြာျဖစ္တာေၾကာင့္ လက္တေလာမွာ စိတ္ခ်ရတဲ့ အေနအထားမဟုတ္ေသးတဲ့အတြက္ ႐ြာကို ျပန္မဝင္ႏိုင္ၾကေသးဘူးလို႔ ဆိုပါတယ္။

"သူတို႔က ကြၽန္ေတာ္တို႔ စစ္ေရွာင္စခန္းဖက္ကို ေရာက္လာၾကတယ္၊ ကြၽန္ေတာ္တို႔ အကုန္လုံးကိုဒါ ေကြၽးေမြးၿပီးေတာ့ပဲ ထားေပးထားတာေပါ့။ စစ္ေရွာင္က ကြၽန္ေတာ္တို႔ ဆီမွာေတာ့ ၄ ႐ြာေလာက္ရွိမယ္ဗ်၊ ေလး႐ြာကို လူ ၂၀၀၀ ေလာက္ေပါ့ေနာ္ အဲ့ေလာက္ေတာ့ ရွိတယ္။ လူ ၂၀၀၀ ဆိုတာက ၂၀၀၀ ေတာ့မကဘူးေပါ့ေနာ္၊ ကြၽန္ေတာ္တို႔သိတာကိုက ၂၀၀၀ ေလာက္ေပါ့၊ တျခား‌ေဒသကို ေျပးတဲ့ သူေတြလည္း ရွိမွာေပါ့။ ကြၽန္ေတာ္တို႔ဖက္ကို ေျပးခဲ့တဲ သူကေတာ့ လူ ၂၀၀၀ ေလာက္ရွိတယ္ဗ်။ အဲ့နားဖက္က ပတ္လည္အေျခအေနကေတာ့ ခုခ်ိန္ထိကေတာ့ စိတ္ခ်ရတဲ့ အေျခအေနေတာ့ မရွိေသးဘူးဗ်။ ကြၽန္ေတာ္တို႔ကေတာ့ အခုေနရာေတြကေတာ့ ကြၽန္ေတာ္တို႔ ရွင္းၿပီးၿပီေပါ့ အိမ္ေတြဘာေတြ ျပန္ေဆာက္ေပးဖို႔ကေတာ့ ကြၽန္ေတာ္တို႔ရွင္းေနၿပီ။ ကြၽန္ေတာ္တို႔စစ္ေၾကာင္းအေျခအေနကို ေစာင့္ၾကည့္ေနေသးေတာေပါ့၊ စစ္ေၾကာင္းကလည္း ပတ္လည္မွာ ရွိေနေသးတာကိုး။"

S&C မီးေဘး စစ္ေဘး ပညာေရး ကူညီေစာင့္ေရွာက္ေရးအဖြဲ႕က စစ္ကိုင္းတိုင္းအတြင္းက မီးရႈိ႕ခံရတဲ့ ေဒသေတြက စစ္ေရွာင္ေတြအတြက္ ယာယီေနထိုင္ႏိုင္ဖို႔ ေနအိမ္ေတြ ေဆာက္လုပ္ေပးေနသလို စစ္ေရွာင္ေတြ စားေသာက္ေရးအတြက္လည္း ကူညီေပးေနၾကတာျဖစ္ပါတယ္။ စစ္ကိုင္းတိုင္းအတြင္းက စစ္ေရွာင္ေတြအတြက္ ေနအိမ္ေတြ၊ စားေသာက္ရိကၡာေတြနဲ႔ ေဆးဝါးေတြအျပင္ အဝတ္အထည္ေတြနဲ႔ အသုံးအေဆာင္ေတြပါ လိုအပ္ေနတယ္လို႔ S&C တာဝန္ခံ ကိုစိုးမိုးေအာင္က ေျပာပါတယ္။

"လိုအပ္တာေတြကေတာ့ ကြၽန္‌ေတာ္တို႔ အိမ္ေတြ ျပန္ေဆာက္ေပးရမွာေပါ့ေနာ္။ လိုအပ္တာေတြကေတာ့ အစအဆုံးေပါ့။ လူ႔အသုံးအေဆာင္ေတြကအစ စားနပ္ရိကၡာေတြကအစ အကုန္ ကြၽန္ေတာ္တို႔က ျပန္လည္တည္ေထာင္ရမွာဆိုေတာ့ လိုအပ္တာကေတာ့ ေတာ္ေတာ္မ်ားမ်ားေပါ့ စားေသာက္စရာေတြကအစ အဝတ္အထည္ ေနာက္ၿပီးတာ့ ေဆးဝါး ေနာက္ၿပီးေတာ့ အိမ္ေပါ့ေနာ္ အဲ့ဒါေတြကေတာ့ အဓိက လိုအပ္တာေပါ့။ အဓိကကေတာ့ စားစရာနဲ႔ ေနစရာပါပဲဗ် အဓီကလိုအပ္တာကေတာ့။"

ေဖေဖာ္ဝါရီ ၂၂ ရက္ ညက စစ္ကိုင္းတိုင္းထဲက ေ႐ႊဘို၊ ဝက္လက္နဲ႔ အရာေတာ္ၿမိဳ႕နယ္ ၃ ၿမိဳ႕နယ္ကို ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ပုဒ္မ ၄၁၉ အရဆိုၿပီး စစ္ေကာင္စီက စစ္အုပ္ခ်ဳပ္ေရးအျဖစ္ ထပ္တိုး ေၾကျငာထားပါတယ္။ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ထိုးစစ္နဲ႔ တိုက္ပြဲေတြေၾကာင့္ စစ္ကိုင္းအတြင္းမွာ အိုးအိမ္ စြန႔္ခြာ ထြက္ေျပးေနၾကရတဲ့ စစ္ေရွာင္ အေရ အတြက္ေတြက တေန႔ထက္တေန႔ ပိုၿပီးတိုးလာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ရွှေဘိုနယ် ထူးကြီးရွာ နေအိမ်နှစ်ရာကျော်နဲ့ ယက်ကန်းစင်များမီးရှို့ဖျက်ဆီးခံရ
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ထူးကြီး ကျေးရွာကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ဝင်ရောက်ပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ခဲ့သလို မြန်မာလက်မှုပညာဖြစ်တဲ့ ရက်ကန်းစင်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို တင်ဆက်ပေးမှာပါ။

ရွှေဘိုမြို့နယ်အတွင်းက လက်ယက်ကန်း၊ စက်ယက်ကန်း လုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့ အိမ်ခြေ‌ ၆၀၀ ကျော်လောက်ရှိတဲ့ ထူးကြီးကျေးရွာကို မြန်မာစစ်တပ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့က နယ်မြေရှင်းလင်း‌ရေး ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နေအိမ်တွေကို မီးရှို့ခဲ့သလို ယက်ကန်းစင်တွေနဲ့ ယက်ကန်း စက်တွေကိုပါ ရှို့ခဲ့ပြီး စပါးတွေကိုလည်း မီးရှို့သွားတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က VOA ကိုပြောပါတယ်။

"နေ့လယ်ပိုင်း ၃ နာရီခွဲလောက်ပေါ့နှော် မီးဝင်ရှို့တယ်ပေါ့ စစ်ကြောင်းက ကျွန်တော်တို့မှာ ဝက်လက်ဖက်က စစ်ကြောင်းတွေရောပေါ့နော် အစုံ ရွေဘိုဖက်က စစ်ကြောင်းတွေရောပေါ့နော် ဝင်ပြီးတော့ မီးရှို့သွားတာပေါ့။ ထူးကြီးက တောင်ရွာ မြောက်ရွာရှိတာပေါ့နော်။ အိမ်ခြေ အလုံး ၂၀၀ ကျော်လောက်တော့ ပါသွားတယ်ဗျ။ စပါးတွေရော နောက်ပြီးတော့ သူတို့က အဲ့ဖက်က ထူးကြီးက စက်ယက်ကန်း လက်ယက်ကန်းတွေ ထွန်းကားတာပေါ့နော် လက်မှုပညာတွေ။ အဲ့စက်တွေပ့ါအကုန် မီးရှို့သွားတာပေါ့။ အကုန်လုံး ဘာတခုမှကို မကျန်ဘူးပေါ့နော် အိမ်ထောင်ပရိဘောဂ သီးနှံတွေ အားလုံး ဘာမှကို ကုန်းကောက်စရာ မရှိအောင်ကို ရှို့သွားတာ။ နောက်ပြီး တောင်သူသုံး လယ်ထွန်စက်တွေ မီးစက်တွေ၊ ရေစုပ်စက်တွေ အားလုံး အရှို့ခံလိုက်ရတာ။"

ထူးကြီးရွာနဲ့ အနီးတဝိုက်က ကျေးရွာတွေ စစ်ဘေးရှောင်နေကြရပြီး လက်ရှိ S&C က စစ်ရှောင် အ‌ရေအတွက် ၂၀၀၀ ကျော်လောက်ကို နေထိုင်စားသောက်ရေးအတွက် ကူညီပေးနေတယ်လို့ ပြောပါတယ်။ ထူးကြီးရွာက ဒီပဲယင်း၊ အရာတော်တို့နဲ့ နီးတဲ့ရွာဖြစ်တာကြောင့် လက်တလောမှာ စိတ်ချရတဲ့ အနေအထားမဟုတ်သေးတဲ့အတွက် ရွာကို ပြန်မဝင်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

"သူတို့က ကျွန်တော်တို့ စစ်ရှောင်စခန်းဖက်ကို ရောက်လာကြတယ်၊ ကျွန်တော်တို့ အကုန်လုံးကိုဒါ ကျွေးမွေးပြီးတော့ပဲ ထားပေးထားတာပေါ့။ စစ်ရှောင်က ကျွန်တော်တို့ ဆီမှာတော့ ၄ ရွာလောက်ရှိမယ်ဗျ၊ လေးရွာကို လူ ၂၀၀၀ လောက်ပေါ့နော် အဲ့လောက်တော့ ရှိတယ်။ လူ ၂၀၀၀ ဆိုတာက ၂၀၀၀ တော့မကဘူးပေါ့နော်၊ ကျွန်တော်တို့သိတာကိုက ၂၀၀၀ လောက်ပေါ့၊ တခြား‌ဒေသကို ပြေးတဲ့ သူတွေလည်း ရှိမှာပေါ့။ ကျွန်တော်တို့ဖက်ကို ပြေးခဲ့တဲ သူကတော့ လူ ၂၀၀၀ လောက်ရှိတယ်ဗျ။ အဲ့နားဖက်က ပတ်လည်အခြေအနေကတော့ ခုချိန်ထိကတော့ စိတ်ချရတဲ့ အခြေအနေတော့ မရှိသေးဘူးဗျ။ ကျွန်တော်တို့ကတော့ အခုနေရာတွေကတော့ ကျွန်တော်တို့ ရှင်းပြီးပြီပေါ့ အိမ်တွေဘာတွေ ပြန်ဆောက်ပေးဖို့ကတော့ ကျွန်တော်တို့ရှင်းနေပြီ။ ကျွန်တော်တို့စစ်ကြောင်းအခြေအနေကို စောင့်ကြည့်နေသေးတောပေါ့၊ စစ်ကြောင်းကလည်း ပတ်လည်မှာ ရှိနေသေးတာကိုး။"

S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က စစ်ကိုင်းတိုင်းအတွင်းက မီးရှို့ခံရတဲ့ ဒေသတွေက စစ်ရှောင်တွေအတွက် ယာယီနေထိုင်နိုင်ဖို့ နေအိမ်တွေ ဆောက်လုပ်ပေးနေသလို စစ်ရှောင်တွေ စားသောက်ရေးအတွက်လည်း ကူညီပေးနေကြတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်တွေအတွက် နေအိမ်တွေ၊ စားသောက်ရိက္ခာတွေနဲ့ ဆေးဝါးတွေအပြင် အဝတ်အထည်တွေနဲ့ အသုံးအဆောင်တွေပါ လိုအပ်နေတယ်လို့ S&C တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

"လိုအပ်တာတွေကတော့ ကျွန်‌တော်တို့ အိမ်တွေ ပြန်ဆောက်ပေးရမှာပေါ့နော်။ လိုအပ်တာတွေကတော့ အစအဆုံးပေါ့။ လူ့အသုံးအဆောင်တွေကအစ စားနပ်ရိက္ခာတွေကအစ အကုန် ကျွန်တော်တို့က ပြန်လည်တည်ထောင်ရမှာဆိုတော့ လိုအပ်တာကတော့ တော်တော်များများပေါ့ စားသောက်စရာတွေကအစ အဝတ်အထည် နောက်ပြီးတာ့ ဆေးဝါး နောက်ပြီးတော့ အိမ်ပေါ့နော် အဲ့ဒါတွေကတော့ အဓိက လိုအပ်တာပေါ့။ အဓိကကတော့ စားစရာနဲ့ နေစရာပါပဲဗျ အဓီကလိုအပ်တာကတော့။"

ဖေဖော်ဝါရီ ၂၂ ရက် ညက စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ ဝက်လက်နဲ့ အရာတော်မြို့နယ် ၃ မြို့နယ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပုဒ်မ ၄၁၉ အရဆိုပြီး စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ထပ်တိုး ကြေငြာထားပါတယ်။ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေ အတွက်တွေက တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။

XS
SM
MD
LG