သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဆးပစၥည္းတင္သြင္းမႈ အခက္အခဲ ေျဖရွင္းေရး အစီအစဥ္


(Zawgyi / Unicode)

ေဆးဝါးပစၥည္းေတြကို ျပည္ပကေန တင္သြင္းဖို႔ အခက္အခဲေတြ ရွိေနခ်ိန္မွာ ထိန္းခ်ဳပ္ ေဆးဝါးေတြနဲ႔ အေရးႀကီး ေဆးဝါးေတြကို စစ္ေကာင္စီက တိုက္႐ိုက္တင္သြင္းကာ ျပည္တြင္းလက္လီဆိုင္ေတြက တဆင့္ ျဖန႔္ျဖဴးမယ္လို႔ စစ္ေကာင္စီဘက္ကေျပာပါတယ္။ ဒီလိုလုပ္ကိုင္မႈက လက္သင့္နီးစပ္ရာ လုပ္ငန္းရွင္ေတြနဲ႔ စစ္ေကာင္စီအတြက္သာ အက်ိဳးျဖစ္ေစမယ္လို႔ ေဝဖန္မႈေတြ ထြက္ေပၚေနပါတယ္။ ရန္ကုန္ကေပးပို႔လာတာကို ကို၀င္းခန္႔ေမာင္ ကေျပာျပမွာပါ။

ေဒၚလာေစ်း အဆမတန္ ျမင့္တက္မႈအျပင္ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း စစ္ေကာင္စီဘက္က ေဆးနဲ႔ ေဆးဝါးပစၥည္း တင္သြင္းဖို႔ လိုင္စင္ေလွ်ာက္ထားတဲ့ လုပ္ငန္းရွင္ေတြကို ကိုယ့္အစီအစဥ္နဲ႔ ျပင္ပက ေဒၚလာ ဝယ္ယူႏိုင္မွသာ လိုင္စင္ခ်ထားေပးမယ္လို႔ ထုတ္ျပန္ခဲ့တဲ့ ဒီဂယက္ေတြေၾကာင့္ ၿပီးခဲ့တဲ့ရက္ပိုင္းကစလို႔ ရန္ကုန္ၿမိဳ႕ရဲ႕ ေဆးဆိုင္တခ်ိဳ႕မွာ ေဆးဝါးျပတ္လပ္မႈ၊ ေဆးဝါးေဈးႏႈန္းေတြ တက္တာေတြရွိခဲ့ပါတယ္။ ကင္ဆာနဲ႔ နာတာရွည္ေရာဂါေတြမွာ သုံးတဲ့ေဆးဝါးေတြ လိုသေလာက္ ၀ယ္မရေတာ့တဲ့ အေျခအေနထိပါ ျဖစ္လာပါတယ္။
ဒီအေျခအေနမွာ စစ္ေကာင္စီဘက္က ထိန္းခ်ဳပ္ေဆးဝါးေတြနဲ႔ အေရးႀကီး ေဆးဝါးေတြကို စစ္ေကာင္စီက တင္သြင္းသြားဖို႔ ျပင္တာျဖစ္ၿပီး တင္သြင္းမယ့္ အစီအစဥ္ေတြကို စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကိုေျပာပါတယ္။

“ အစိုးရက တင္သြင္းတဲ့ဟာေတြက ဟိုဘက္မွာကလည္း G to G ပုံစံနဲ႔တင္သြင္းမယ္ ေရာက္ရင္လဲျဖန႔္ျဖဴးတာေပါ့။ က်န္းမာေရးဝန္ႀကီးဌာနက သူ႔အစီစဥ္နဲ႔သူ လုပ္တာရွိတယ္။ ဒါ့အျပင္ အဓိက ဦးစားေပးမွာက ျပည္သူ႔လက္ထဲတိုက္႐ိုက္ေရာက္ေနတဲ့ လက္လီဆိုင္ေတြ ၿမိဳ႕နယ္ထဲကဆိုင္ေတြကိုေတာ့ ဦးစားေပးဖို႔ အစီအစဥ္ရွိပါတယ္။ ဒါကေတာ့ အစီအစဥ္ေဆာင္႐ြက္ႏိုင္ေရးလုပ္ေနတုန္းပါဘဲ။”

လက္ရွိမွာ ကန႔္သတ္မႈေတြရွိလို႔ ျပည္တြင္းမွာ သုံးစြဲေနတဲ့ အေျခခံအိမ္သုံး ေဆးဝါးေတြ အပါအဝင္ ေဆးဝါးေဈးႏႈန္းေတြ တက္ေနတာေၾကာင့္ ေဆးဆိုင္တခ်ိဳ႕လည္း ပိတ္ထားရပါတယ္။
ဗဟိုဘဏ္က အေမရိကန္ေဒၚလာ တစ္ေဒၚလာကို ၁၈၆၀ က်ပ္ သတ္မွတ္ထားေပမယ့္ ျပင္ပေပါက္ေဈးက အဲဒီႏႈန္းထက္ ၆၀၀ ဝန္းက်င္ ကြာဟေနတာေၾကာင့္ ျပည္ပကေန ေဆးဝါးပစၥည္းေတြ တင္သြင္းႏိုင္ဖို႔ အခက္အခဲေတြ ရွိေနၾကတယ္လို႔ ေဆးဝါးျဖန႔္ျဖဴး သူေတြက ေျပာပါတယ္။
တခ်ိဳ႕ေဆးဆိုင္ေတြမွာေတာ့ ဝယ္ယူထားတဲ့ ေဆးေတြ က်န္ေနေသးတာေၾကာင့္ ခြဲတမ္းနဲ႔ သာ ေရာင္းေနရၿပီး ေဈးႏႈန္းကလည္း ေဒၚလာေစ်းေၾကာင့္ ျမင့္တက္လာတာျဖစ္တယ္လို႔ ေဆးဆိုင္ပိုင္ရွင္တဦးက ဗြီအိုေအကိုေျပာပါတယ္။

“ အကုန္လုံးတက္တာ။ ႏိုင္ငံျခားကလာတဲ့ ေဆးေတြကေလ။ အနည္းဆုံးက သိပ္နာမည္မႀကီးတာဆို ၂၀၊ ၂၅ ကေန နာမည္ႀကီးဆို ၃၀၊ ၃၅ ထိတက္တယ္။ ရာခိုင္ႏႈန္းေပါ့။ လူသုံးမ်ားတဲ့နာမည္ႀကီးေဆး ေတြကေတာ့ ျပတ္ေနတယ္။ အေရာင္းအဝယ္က အာဏာသိမ္းထဲက အရင္ကထက္ တဝက္ဘဲ ေရာင္းရေတာ့တယ္။ ခုကပိုဆိုးတယ္။ အဲတဝက္ထပ္က်သြားတာေပါ့။”

စစ္ေကာင္စီကိုယ္တိုင္ ေဆးဝါးတင္သြင္းမႈနဲ႔ ပတ္သတ္ၿပီး ျပန္လည္ျဖန႔္ခ်ိတဲ့ အခါ နီးစပ္ရာကို ျဖန႔္ျဖဴးခြင့္ေပးမႈေတြရွိလာမွာကို လုပ္ငန္းရွင္ေတြဘက္က စိုးရိမ္မႈေတြ ရွိေနၾကပါတယ္။ ေနာက္ၿပီး ပိတ္ပင္မႈေတြထားၿပီး အစိုးရကိုယ္တိုင္ကဘဲ တင္သြင္းမႈလုပ္တာက အစိုးရက စီးပြားေရး ဝင္ေရာက္ခ်ယ္လွယ္မႈတခုျဖစ္ေနတယ္ဆိုတဲ့ ေဝဖန္မႈေတြလည္း ရွိေနပါတယ္။

“ လက္ဝါးႀကီးအုပ္ၿပီး တခ်က္ခုတ္ ၂ခ်က္ျပတ္အျမတ္ထုတ္လုပ္တာေပါ့။ စကစနဲ႔သူတို႔ပတ္သတ္ရာပတ္သတ္ေၾကာင္း ေတြအတြက္ ေကာဖန္တီးတာေပါ့။ အဲလိုဖန္တီးၿပီး အျမတ္ထုတ္တဲ့ လမ္းေ႐ြးတာလို႔ ေကာက္ခ်က္ခ်ရမွာေပါ့။ ေဆးသြင္းသူေတြနဲ႔ လက္လီဆိုင္ေတြက လိုင္းဝင္မွ အလုပ္ျဖစ္မယ္။ အခုေတာ့ ခံရမွာေတာ့ ေအာက္ေျခကျပည္သူေပါ့။ မရွိမျဖစ္ကုန္ကို ကိုင္ဖို႔ႀကိဳးစားတာေပါ့။ ေနာက္ပိုင္းလည္း မရွိမျဖစ္ကုန္ေတြကို အဲလိုလုပ္လာႏိုင္တာေပါ့။”

ဒီလိုေဝဖန္မႈေတြနဲ႔ ပတ္သတ္လို႔ ဗြီအိုေအက ေမးတာမွာေတာ့ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျငင္းဆန္ၿပီး အစိုးရက စီးပြားေရးလုပ္တာ မဟုတ္ဘူးလို႔ ျငင္းဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဆေးပစ္စည်းတင်သွင်းမှု အခက်အခဲ ဖြေရှင်းရေး အစီအစဉ်


ဆေးဝါးပစ္စည်းတွေကို ပြည်ပကနေ တင်သွင်းဖို့ အခက်အခဲတွေ ရှိနေချိန်မှာ ထိန်းချုပ် ဆေးဝါးတွေနဲ့ အရေးကြီး ဆေးဝါးတွေကို စစ်ကောင်စီက တိုက်ရိုက်တင်သွင်းကာ ပြည်တွင်းလက်လီဆိုင်တွေက တဆင့် ဖြန့်ဖြူးမယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။ ဒီလိုလုပ်ကိုင်မှုက လက်သင့်နီးစပ်ရာ လုပ်ငန်းရှင်တွေနဲ့ စစ်ကောင်စီအတွက်သာ အကျိုးဖြစ်စေမယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ရန်ကုန်ကပေးပို့လာတာကို ကိုဝင်းခန့်မောင် ကပြောပြမှာပါ။

ဒေါ်လာဈေး အဆမတန် မြင့်တက်မှုအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီဘက်က ဆေးနဲ့ ဆေးဝါးပစ္စည်း တင်သွင်းဖို့ လိုင်စင်လျှောက်ထားတဲ့ လုပ်ငန်းရှင်တွေကို ကိုယ့်အစီအစဉ်နဲ့ ပြင်ပက ဒေါ်လာ ဝယ်ယူနိုင်မှသာ လိုင်စင်ချထားပေးမယ်လို့ ထုတ်ပြန်ခဲ့တဲ့ ဒီဂယက်တွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ရန်ကုန်မြို့ရဲ့ ဆေးဆိုင်တချို့မှာ ဆေးဝါးပြတ်လပ်မှု၊ ဆေးဝါးဈေးနှုန်းတွေ တက်တာတွေရှိခဲ့ပါတယ်။ ကင်ဆာနဲ့ နာတာရှည်ရောဂါတွေမှာ သုံးတဲ့ဆေးဝါးတွေ လိုသလောက် ဝယ်မရတော့တဲ့ အခြေအနေထိပါ ဖြစ်လာပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီဘက်က ထိန်းချုပ်ဆေးဝါးတွေနဲ့ အရေးကြီး ဆေးဝါးတွေကို စစ်ကောင်စီက တင်သွင်းသွားဖို့ ပြင်တာဖြစ်ပြီး တင်သွင်းမယ့် အစီအစဉ်တွေကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

“ အစိုးရက တင်သွင်းတဲ့ဟာတွေက ဟိုဘက်မှာကလည်း G to G ပုံစံနဲ့တင်သွင်းမယ် ရောက်ရင်လဲဖြန့်ဖြူးတာပေါ့။ ကျန်းမာရေးဝန်ကြီးဌာနက သူ့အစီစဉ်နဲ့သူ လုပ်တာရှိတယ်။ ဒါ့အပြင် အဓိက ဦးစားပေးမှာက ပြည်သူ့လက်ထဲတိုက်ရိုက်ရောက်နေတဲ့ လက်လီဆိုင်တွေ မြို့နယ်ထဲကဆိုင်တွေကိုတော့ ဦးစားပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒါကတော့ အစီအစဉ်ဆောင်ရွက်နိုင်ရေးလုပ်နေတုန်းပါဘဲ။”
လက်ရှိမှာ ကန့်သတ်မှုတွေရှိလို့ ပြည်တွင်းမှာ သုံးစွဲနေတဲ့ အခြေခံအိမ်သုံး ဆေးဝါးတွေ အပါအဝင်

ဆေးဝါးဈေးနှုန်းတွေ တက်နေတာကြောင့် ဆေးဆိုင်တချို့လည်း ပိတ်ထားရပါတယ်။
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၈၆၀ ကျပ် သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးက အဲဒီနှုန်းထက် ၆၀၀ ဝန်းကျင် ကွာဟနေတာကြောင့် ပြည်ပကနေ ဆေးဝါးပစ္စည်းတွေ တင်သွင်းနိုင်ဖို့ အခက်အခဲတွေ ရှိနေကြတယ်လို့ ဆေးဝါးဖြန့်ဖြူး သူတွေက ပြောပါတယ်။
တချို့ဆေးဆိုင်တွေမှာတော့ ဝယ်ယူထားတဲ့ ဆေးတွေ ကျန်နေသေးတာကြောင့် ခွဲတမ်းနဲ့ သာ ရောင်းနေရပြီး ဈေးနှုန်းကလည်း ဒေါ်လာဈေးကြောင့် မြင့်တက်လာတာဖြစ်တယ်လို့ ဆေးဆိုင်ပိုင်ရှင်တဦးက ဗွီအိုအေကိုပြောပါတယ်။

“ အကုန်လုံးတက်တာ။ နိုင်ငံခြားကလာတဲ့ ဆေးတွေကလေ။ အနည်းဆုံးက သိပ်နာမည်မကြီးတာဆို ၂၀၊ ၂၅ ကနေ နာမည်ကြီးဆို ၃၀၊ ၃၅ ထိတက်တယ်။ ရာခိုင်နှုန်းပေါ့။ လူသုံးများတဲ့နာမည်ကြီးဆေး တွေကတော့ ပြတ်နေတယ်။ အရောင်းအဝယ်က အာဏာသိမ်းထဲက အရင်ကထက် တဝက်ဘဲ ရောင်းရတော့တယ်။ ခုကပိုဆိုးတယ်။ အဲတဝက်ထပ်ကျသွားတာပေါ့။”

စစ်ကောင်စီကိုယ်တိုင် ဆေးဝါးတင်သွင်းမှုနဲ့ ပတ်သတ်ပြီး ပြန်လည်ဖြန့်ချိတဲ့ အခါ နီးစပ်ရာကို ဖြန့်ဖြူးခွင့်ပေးမှုတွေရှိလာမှာကို လုပ်ငန်းရှင်တွေဘက်က စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ နောက်ပြီး ပိတ်ပင်မှုတွေထားပြီး အစိုးရကိုယ်တိုင်ကဘဲ တင်သွင်းမှုလုပ်တာက အစိုးရက စီးပွားရေး ဝင်ရောက်ချယ်လှယ်မှုတခုဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

“ လက်ဝါးကြီးအုပ်ပြီး တချက်ခုတ် ၂ချက်ပြတ်အမြတ်ထုတ်လုပ်တာပေါ့။ စကစနဲ့သူတို့ပတ်သတ်ရာပတ်သတ်ကြောင်း တွေအတွက် ကောဖန်တီးတာပေါ့။ အဲလိုဖန်တီးပြီး အမြတ်ထုတ်တဲ့ လမ်းရွေးတာလို့ ကောက်ချက်ချရမှာပေါ့။ ဆေးသွင်းသူတွေနဲ့ လက်လီဆိုင်တွေက လိုင်းဝင်မှ အလုပ်ဖြစ်မယ်။ အခုတော့ ခံရမှာတော့ အောက်ခြေကပြည်သူပေါ့။ မရှိမဖြစ်ကုန်ကို ကိုင်ဖို့ကြိုးစားတာပေါ့။ နောက်ပိုင်းလည်း မရှိမဖြစ်ကုန်တွေကို အဲလိုလုပ်လာနိုင်တာပေါ့။”

ဒီလိုဝေဖန်မှုတွေနဲ့ ပတ်သတ်လို့ ဗွီအိုအေက မေးတာမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆန်ပြီး အစိုးရက စီးပွားရေးလုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

XS
SM
MD
LG