သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံဆိုင္ရာ ျပည္ပသံ႐ံုးေတြ သံတမန္က်င့္ဝတ္လိုက္နာဖို႔ စစ္ေကာင္စီသတိေပး


စစ္ေကာင္စီ သတင္းစာရွင္းလင္းပြဲတခုမွာေတြ ့ရတဲ့ ဗိုလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္း (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ႏိုင္ငံတကာသံ႐ုံးေတြအေနနဲ႔ သံတမန္ က်င့္ဝတ္ကိုလိုက္နာဖို႔၊ ျပည္တြင္းေရးကိုဝင္ေရာက္စြက္ဖက္တာမ်ဳိး မလုပ္ဖုိ႔ စစ္ေကာင္စီက သတိေပးလိုက္ပါတယ္။ အေမရိကန္နဲ႔ၿဗိတိန္သံ႐ံုးတို႔က အျဖစ္မွန္ကို မစံုစမ္းဘဲ လိုရာဆဲြ ထုတ္ျပန္ခ်က္ေတြ ထုတ္ခ့ဲတာ ဘာသေဘာလဲဆိုတာ ေမးခြန္းထုတ္စရာျဖစ္တယ္လို႔ ဒီေန႔သတင္းစာ႐ွင္းပြဲမွာ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။ ျပည္တြင္းေရးကိုဝင္စြက္ၿပီး ျပည္သူလူထု လမ္းမွားေရာက္ေအာင္ သံ႐ံုးေတြက ေၾကညာခ်က္ထုတ္ခဲ့တယ္လို႔လည္း စြပ္စြဲပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပပါမယ္။

ဒီေန႔ ေနျပည္ေတာ္မွာလုပ္ခဲ့တဲ့ စစ္ေကာင္စီသတင္းစာ႐ွင္းပြဲက PDF ျပည္သူ႔ကာကြယ္ေရးအဖြဲ႔ေတြရဲ႕ လုပ္ရပ္ေတြနဲ႔ ၂၀၂၀ ႏိုဝင္ဘာေ႐ြးေကာက္ပြဲမွာ မဲမသာမႈ႐ွိခဲ့တယ္ဆုိတဲ့ အေၾကာင္းေတြကို အသားေပး ႐ွင္းလင္း ေျပာၾကားတာျဖစ္ပါတယ္။
PDF အဖြဲ႔ေတြနဲ႔ပတ္သက္လုိ႔ ေျပာတဲ့ေနရာမွာ အေမရိကန္၊ ၿဗိတိန္ စတဲ့ႏိုင္ငံျခားသံ႐ံုးေတြက အေျခအေနမွန္ကို မစံုစမ္းဘဲ ေၾကညာခ်က္ေတြ ထုတ္ေနတယ္လို႔ စြပ္စြဲသလို စစ္ေကာင္စီအဆို ျပည္ဖ်က္မီဒီယာတခ်ဳိ႕ကလည္း အျဖစ္မွန္ကိုမေျပာဘဲ လိုရာဆြဲေဖာ္ျပေနတယ္လို႔ သတင္းစာ႐ွင္းပြဲမွာ ေျပာသြားပါတယ္။

အေမရိကန္နဲ႔ ၿဗိတိန္သံ႐ံုးတုိ႔ကို နာမည္တပ္ၿပီး ျပည္သူလူထုကို လမ္းမွားေရာက္ေအာင္ပို႔ေဆာင္ေပးေနတဲ့ သံ႐ုံးမ်ားရဲ႕ ေၾကျငာခ်က္မ်ားဆိုၿပီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလို ေျပာခဲ့ပါတယ္။

"အခ်ိန္နဲ႔တေျပးညီ သတင္းထုတ္ျပန္ျခင္းျပဳလုပ္ခဲ့ေပမယ့္ အျဖစ္မွန္ကိုမစုံစမ္းဘဲနဲ႔ အေမရိကန္သံ႐ုံးနဲ႔ ၿဗိတိသွ်သံ႐ုံးတို႔က တဖက္သတ္စြပ္စြဲတဲ့ ေၾကျငာခ်က္ေတြကို ထုတ္ျပန္ခဲ့ေၾကာင္း က်ေနာ္တို႔ေတြ႕ရပါတယ္။ ဇြန္ ၁၈ ရက္ေန႔မွာျပဳလုပ္တဲ့ ကမာၻ႔ကုလသမဂၢ အေထြေထြညီလာခံက်င္းပခ်ိန္ လုံၿခဳံေရးေကာင္စီတို႔ရဲ႕တံခါးပိတ္အစည္းအေဝး က်င္းပခ်ိန္တို႔နဲ႔ ခ်ိန္ကိုက္ၿပီ းက်င္းပေဆာင္႐ြက္ခဲ့တာျဖစ္ပါတယ္။ က်ေနာ္တို႔ႏိုင္ငံမွာျဖစ္ပ်က္ေနတဲ့သတင္းမ်ားနဲ႔ပတ္သက္ၿပီး သတင္းမွန္မ်ားကို ထုတ္ျပန္ေပးလ်က္ရွိပါတယ္။ ဒီၾကားထဲ အျဖစ္မွန္စုံစမ္းတာမရွိဘဲနဲ႔ လိုရာဆြဲထုတ္ျပန္တာက ေမးခြန္းထုတ္စရာျဖစ္ပါတယ္။ ဒီေန႔ဒီခ်ိန္ထိလည္း ဒီပုဂၢိဳလ္ေတြကေဆာင္႐ြက္ေနဆဲျဖစ္ပါတယ္။ မသမာတဲ့သတင္းမီဒီယာေတြ၊ ျမန္မာ့ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ၿပီး ျပည္သူလူထုကို လမ္းမွားေရာက္ေအာင္ ပို႔ေဆာင္ေပးေနတဲ့ သံ႐ုံးမ်ားရဲ႕ ေၾကျငာခ်က္မ်ားဟာ ဘယ္လိုလုပ္ႀကံဖန္တီးခဲ့သလဲ၊ ဘယ္သူေတြေျပာစကားကို အေျခခံၿပီး ႏိုင္ငံတကာနဲ႔ျပည္သူကို ဘယ္လိုလိမ္ညာခဲ့သလ၊ ဆက္ၿပီးဘယ္လိုလိမ္ညာတယ္ဆိုတာကို ဒီကေန႔မွာ သက္ေသအေထာက္အထားနဲ႔ တင္ျပသြားပါမယ္။"

စစ္ေကာင္စီတပ္ေတြနဲ႔ ျဖစ္ခဲ့တ့ဲ အျပန္အလွန္ ပစ္ခတ္တိုက္ပြဲေတြမွာလည္း သူ႔အဆို ျပည္ဖ်က္မီဒီယာေတြက သတင္းမွားေတြ ေဖာ္ျပတယ္လို႔ ဆိုပါတယ္။ ဒီေန႔သတင္းစာ႐ွင္းပြဲကို ႏိုင္ငံျခားသံတမန္တခ်ဳိ႕ တက္ေရာက္တာ ေတ႔ြရပါတယ္။ အိမ္နီးခ်င္း အာ႐ွႏိုင္ငံတခ်ဳိ႕အျပင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ ႐ု႐ွားႏိုင္ငံ စုစုေပါင္း ၁၁ ႏိုင္ငံက သံတမန္ေတြ တက္ေရာက္ၿပီး အေနာက္ႏုိင္ငံသံ႐ံုးေတြက သံတမန္ေတြ တက္ေရာက္တာ မေတြ႔ရသလို ဂ်ပန္သံ႐ံုးက တက္ေရာက္တာလည္း မေတြ႔ရပါဘူး။

၂၀၂၀ ႏိုဝင္ဘာေ႐ြးေကာက္ပြဲတုန္းက မဲမသမာမႈေတြ ႐ွိခဲ့တယ္ဆိုတာကိုလည္း မဲစာရင္းေတြကို ျပန္လည္စစ္ေဆးခဲ့တာမွာ စိစစ္ေတြ႔တယ္ဆိုတဲ့ အခ်က္ေတြနဲ႔ေျပာခဲ့ပါတယ္။ မဲစာရင္းေတြကို ျပန္လည္စစ္ေဆးခဲ့တာမွာ တႏိုင္ငံလုံးမွာ မဲမသာမႈ ၁၁ သန္း ၃ သိန္း ရွိခဲ့တယ္လို႔ စစ္ေကာင္စီက ေျပာပါတယ္။

လက္ရွိႀကဳံေနရတဲ့ COVID-19 တတိယလႈိင္းနဲ႔ပတ္သက္လို႔ ကာကြယ္ထိန္းခ်ဳပ္ေရး ေဆာင္႐ြက္ေနမႈေတြကိုလည္း သတင္းစာ႐ွင္းပြဲမွာ ေျပာသြားပါတယ္။ ဒီႏွစ္အတြင္း တႏိုင္ငံလုံးလူဦးေရ ၅၀% ကာကြယ္ေဆးထိုးႏွံႏိုင္ေရး လုပ္ေဆာင္မယ္လို႔ဆိုပါတယ္။ ဒီတပတ္အတြင္း တ႐ုတ္နဲ႔ ႐ုရွားကေန ကာကြယ္ေဆးေတြ ထပ္မံေရာက္လာဖို႔ရွိတာေၾကာင့္ ျပည္သူေတြ ကာကြယ္ေဆးထိုးၾကဖို႔လည္း စစ္ေကာင္စီကတိုက္တြန္းခဲ့ပါတယ္။

တိုင္းရင္းသား လက္နက္ကိုင္ေတြရွိတဲ့ေနရာေတြက ျပည္သူေတြအျပင္ ဘူးသီးေတာင္၊ ေမာင္ေတာ ေဒသနဲ႔ ရခိုင္ျပည္နယ္မွာရွိသူအားလံုးကို ကာကြယ္ေဆးထိုးေပးမယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
"ေနာက္တခုက က်ေနာ္အေလးထားေျပာလိုတာတခုကေတာ့ ဘူးသီးေတာင္ ေမာင္ေတာေဒသနဲ႔ ရခိုင္ျပည္နယ္မွာရွိတဲ့ ဘဂၤါလီမ်ားကိုလည္း COVID-19 ကာကြယ္ေဆးမ်ား ထိုးႏွံသြားမွာျဖစ္ပါတယ္။ အားလုံးသည္က်ေနာ္တို႔ရဲ႕ ျပည္သူလူထုပဲျဖစ္ပါတယ္။ ႏိုင္ငံေတာ္အစိုးရရဲ႕က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းစဥ္ေတြမွာ မည္သူတဦးတေယာက္ကိုမွ ခ်န္လွပ္ထားမွာမဟုတ္ပါဘူး။ အားလုံးလႊမ္းၿခဳံမႈရေစမွာျဖစ္တယ္လို႔ေျပာလိုပါတယ္။"

စစ္တပ္က ဘဂၤါလီလိုေျပာတဲ့သူေတြကေတာ့ သူတုိ႔ဟာ ႐ိုဟင္ဂ်ာျဖစ္တယ္လို႔ ခံယူထားသူေတြျဖစ္ပါတယ္။ ဒါေပမဲ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို စစ္တပ္က လက္မခံပါဘူး။

ဒီေန႔သတင္းစာ႐ွင္းပြဲမွာ အုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ အာဏာသိမ္းယူတာမဟုတ္ဘဲ အဘက္ဘက္က ယိုယြင္းေနတဲ့ အေျခအေနေတြေၾကာင့္ အာဏာထိန္းယူခဲ့ရတာ ျဖစ္တယ္ဆိုတာကိုလည္း ထပ္ေျပာသြားပါတယ္။ လက္႐ွိ ျမန္မာႏိုင္ငံမွာ ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒကုိ ဆက္လက္က်င့္သံုးေနၿပီး ဖဲြ႔စည္းပံုပါ စည္းမ်ဥ္း စည္းကမ္းေတြအတိုင္း ၂၀၂၃ ၾသဂုတ္လအတြင္း ေ႐ြးေကာက္ပြဲလုပ္မယ္လို႔လည္း ထပ္ၿပီး ေျပာခဲ့ပါတယ္။

.........................................................................................

တိုက္႐ိုက္ လင့္ခ္


မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံရုံးတွေ သံတမန်ကျင့်ဝတ်လိုက်နာဖို့ စစ်ကောင်စီသတိပေး

(Unicode)

နိုင်ငံတကာသံရုံးတွေအနေနဲ့ သံတမန် ကျင့်ဝတ်ကိုလိုက်နာဖို့၊ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ဖို့ စစ်ကောင်စီက သတိပေးလိုက်ပါတယ်။ အမေရိကန်နဲ့ဗြိတိန်သံရုံးတို့က အဖြစ်မှန်ကို မစုံစမ်းဘဲ လိုရာဆွဲ ထုတ်ပြန်ချက်တွေ ထုတ်ခဲ့တာ ဘာသဘောလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်လို့ ဒီနေ့သတင်းစာရှင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ပြည်တွင်းရေးကိုဝင်စွက်ပြီး ပြည်သူလူထု လမ်းမှားရောက်အောင် သံရုံးတွေက ကြေညာချက်ထုတ်ခဲ့တယ်လို့လည်း စွပ်စွဲပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

ဒီနေ့ နေပြည်တော်မှာလုပ်ခဲ့တဲ့ စစ်ကောင်စီသတင်းစာရှင်းပွဲက PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ လုပ်ရပ်တွေနဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမသာမှုရှိခဲ့တယ်ဆိုတဲ့ အကြောင်းတွေကို အသားပေး ရှင်းလင်း ပြောကြားတာဖြစ်ပါတယ်။
PDF အဖွဲ့တွေနဲ့ပတ်သက်လို့ ပြောတဲ့နေရာမှာ အမေရိကန်၊ ဗြိတိန် စတဲ့နိုင်ငံခြားသံရုံးတွေက အခြေအနေမှန်ကို မစုံစမ်းဘဲ ကြေညာချက်တွေ ထုတ်နေတယ်လို့ စွပ်စွဲသလို စစ်ကောင်စီအဆို ပြည်ဖျက်မီဒီယာတချို့ကလည်း အဖြစ်မှန်ကိုမပြောဘဲ လိုရာဆွဲဖော်ပြနေတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

အမေရိကန်နဲ့ ဗြိတိန်သံရုံးတို့ကို နာမည်တပ်ပြီး ပြည်သူလူထုကို လမ်းမှားရောက်အောင်ပို့ဆောင်ပေးနေတဲ့ သံရုံးများရဲ့ ကြေငြာချက်များဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောခဲ့ပါတယ်။

"အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ခြင်းပြုလုပ်ခဲ့ပေမယ့် အဖြစ်မှန်ကိုမစုံစမ်းဘဲနဲ့ အမေရိကန်သံရုံးနဲ့ ဗြိတိသျှသံရုံးတို့က တဖက်သတ်စွပ်စွဲတဲ့ ကြေငြာချက်တွေကို ထုတ်ပြန်ခဲ့ကြောင်း ကျနော်တို့တွေ့ရပါတယ်။ ဇွန် ၁၈ ရက်နေ့မှာပြုလုပ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပချိန် လုံခြုံရေးကောင်စီတို့ရဲ့တံခါးပိတ်အစည်းအဝေး ကျင်းပချိန်တို့နဲ့ ချိန်ကိုက်ပြီ းကျင်းပဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာဖြစ်ပျက်နေတဲ့သတင်းများနဲ့ပတ်သက်ပြီး သတင်းမှန်များကို ထုတ်ပြန်ပေးလျက်ရှိပါတယ်။ ဒီကြားထဲ အဖြစ်မှန်စုံစမ်းတာမရှိဘဲနဲ့ လိုရာဆွဲထုတ်ပြန်တာက မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ဒီနေ့ဒီချိန်ထိလည်း ဒီပုဂ္ဂိုလ်တွေကဆောင်ရွက်နေဆဲဖြစ်ပါတယ်။ မသမာတဲ့သတင်းမီဒီယာတွေ၊ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး ပြည်သူလူထုကို လမ်းမှားရောက်အောင် ပို့ဆောင်ပေးနေတဲ့ သံရုံးများရဲ့ ကြေငြာချက်များဟာ ဘယ်လိုလုပ်ကြံဖန်တီးခဲ့သလဲ၊ ဘယ်သူတွေပြောစကားကို အခြေခံပြီး နိုင်ငံတကာနဲ့ပြည်သူကို ဘယ်လိုလိမ်ညာခဲ့သလ၊ ဆက်ပြီးဘယ်လိုလိမ်ညာတယ်ဆိုတာကို ဒီကနေ့မှာ သက်သေအထောက်အထားနဲ့ တင်ပြသွားပါမယ်။"

စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ခဲ့တဲ့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲတွေမှာလည်း သူ့အဆို ပြည်ဖျက်မီဒီယာတွေက သတင်းမှားတွေ ဖော်ပြတယ်လို့ ဆိုပါတယ်။ ဒီနေ့သတင်းစာရှင်းပွဲကို နိုင်ငံခြားသံတမန်တချို့ တက်ရောက်တာ တေ့ွရပါတယ်။ အိမ်နီးချင်း အာရှနိုင်ငံတချို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ရုရှားနိုင်ငံ စုစုပေါင်း ၁၁ နိုင်ငံက သံတမန်တွေ တက်ရောက်ပြီး အနောက်နိုင်ငံသံရုံးတွေက သံတမန်တွေ တက်ရောက်တာ မတွေ့ရသလို ဂျပန်သံရုံးက တက်ရောက်တာလည်း မတွေ့ရပါဘူး။

၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတုန်းက မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတာကိုလည်း မဲစာရင်းတွေကို ပြန်လည်စစ်ဆေးခဲ့တာမှာ စိစစ်တွေ့တယ်ဆိုတဲ့ အချက်တွေနဲ့ပြောခဲ့ပါတယ်။ မဲစာရင်းတွေကို ပြန်လည်စစ်ဆေးခဲ့တာမှာ တနိုင်ငံလုံးမှာ မဲမသာမှု ၁၁ သန်း ၃ သိန်း ရှိခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။

လက်ရှိကြုံနေရတဲ့ COVID-19 တတိယလှိုင်းနဲ့ပတ်သက်လို့ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေမှုတွေကိုလည်း သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ဒီနှစ်အတွင်း တနိုင်ငံလုံးလူဦးရေ ၅၀% ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ဆောင်မယ်လို့ဆိုပါတယ်။ ဒီတပတ်အတွင်း တရုတ်နဲ့ ရုရှားကနေ ကာကွယ်ဆေးတွေ ထပ်မံရောက်လာဖို့ရှိတာကြောင့် ပြည်သူတွေ ကာကွယ်ဆေးထိုးကြဖို့လည်း စစ်ကောင်စီကတိုက်တွန်းခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တွေရှိတဲ့နေရာတွေက ပြည်သူတွေအပြင် ဘူးသီးတောင်၊ မောင်တော ဒေသနဲ့ ရခိုင်ပြည်နယ်မှာရှိသူအားလုံးကို ကာကွယ်ဆေးထိုးပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
"နောက်တခုက ကျနော်အလေးထားပြောလိုတာတခုကတော့ ဘူးသီးတောင် မောင်တောဒေသနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီများကိုလည်း COVID-19 ကာကွယ်ဆေးများ ထိုးနှံသွားမှာဖြစ်ပါတယ်။ အားလုံးသည်ကျနော်တို့ရဲ့ ပြည်သူလူထုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တွေမှာ မည်သူတဦးတယောက်ကိုမှ ချန်လှပ်ထားမှာမဟုတ်ပါဘူး။ အားလုံးလွှမ်းခြုံမှုရစေမှာဖြစ်တယ်လို့ပြောလိုပါတယ်။"

စစ်တပ်က ဘင်္ဂါလီလိုပြောတဲ့သူတွေကတော့ သူတို့ဟာ ရိုဟင်ဂျာဖြစ်တယ်လို့ ခံယူထားသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို စစ်တပ်က လက်မခံပါဘူး။

ဒီနေ့သတင်းစာရှင်းပွဲမှာ အုပ်ချုပ်ရေးကောင်စီအနေနဲ့ အာဏာသိမ်းယူတာမဟုတ်ဘဲ အဘက်ဘက်က ယိုယွင်းနေတဲ့ အခြေအနေတွေကြောင့် အာဏာထိန်းယူခဲ့ရတာ ဖြစ်တယ်ဆိုတာကိုလည်း ထပ်ပြောသွားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ကျင့်သုံးနေပြီး ဖွဲ့စည်းပုံပါ စည်းမျဉ်း စည်းကမ်းတွေအတိုင်း ၂၀၂၃ သြဂုတ်လအတွင်း ရွေးကောက်ပွဲလုပ်မယ်လို့လည်း ထပ်ပြီး ပြောခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG