သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မေလးရွားေရာက္ စစ္ကိုင္းေဒသခံေတြ အခက္ႀကဳံ 


မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕ေတာ္ရွိ ျမန္မာသံ႐ံုး (ဇူလိုင္ ၂၂၊ ၂၀၁၆)

မေလးရွားေရာက္ေနၾကတဲ့ စစ္ကိုင္းတိုင္းေဒသခံ ျမန္မာႏိုင္ငံသားေတြ ႏိုင္ငံကူးလက္မွတ္ ပတ္စ္ပို႔သက္တမ္းတိုးတဲ့အခါမွာ ႏိုင္ငံေရးမွာ မပတ္သက္ရဘူးဆိုတဲ့ ခံဝန္ခ်က္ကိုပါ ျမန္မာသံ႐ုံးက လက္မွတ္ေရးထိုးခိုင္းေနပါတယ္။ ျမန္မာႏိုင္ငံထဲမွာလဲ စစ္ကိုင္းတိုင္း မွတ္ပုံတင္ ကိုင္ေဆာင္ထားသူေတြကို နယ္ေျမကန႔္သတ္တာ၊ ဖမ္းဆီတာေတြကို စစ္တပ္က တိုးၿပီးလုပ္လာတာပါ။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

မေလးရွားေရာက္ စစ္ကိုင္းတိုင္းေဒသခံေတြ ပတ္စ္ပို႔သက္တမ္းတိုးတဲ့အခါမွာ ႏိုင္ငံေရးမွာ မပတ္သက္ရဘူးဆိုတဲ့အခ်က္ကို ျမန္မာသံ႐ုံးဘက္က လက္မွတ္ေရးထိုးခိုင္းတယ္လို႔ အလုပ္သမားေတြက ေျပာပါတယ္။ ဒီလိုအေျခအေနေၾကာင့္ မေလးရွားကျမန္မာသံ႐ုံးနဲ႔ ျမန္မာအလုပ္သမားေတြၾကားမွာ ျပႆနာႀကီးထြားလာေၾကာင္း မေလးရွားေရာက္ ျမန္မာအဖြဲ႕အစည္းတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ စစ္ကိုင္းတိုင္းထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးတပ္ေတြၾကား တိုက္ပြဲေတြျဖစ္ေနခ်ိန္ စစ္ကိုင္းတိုင္းကေန မေလးရွားမွာ သြားေရာက္အလုပ္လုပ္ေနသူေတြကိုပါ ျမန္မာသံ႐ုံးက ေစာင့္ၾကည့္ေနပုံရတယ္လို႔ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားမ်ား ေကာ္မတီရဲ႕ဥကၠ႒ ေဒၚသူဇာေမာင္က ဗြီအိုေအကိုေျပာပါတယ္။

"မေလးရွားဘက္မွာလည္း ၅/နဲ႔ထုတ္ထားတဲ့ ပတ္စ္ပို႔ေတြကို သံ႐ုံးကမကူညီဘူး။ ၅/ ပတ္စ္ပို႔ေတြ သက္တမ္းတိုးတဲ့အခါမွာ သူတို႔ကို ခံဝန္ခ်က္ လက္မွတ္ထိုးခိုင္းတယ္။ ဒီလိုမ်ိဳးေတြ ျဖစ္ေနတဲ့အတြက္ ျမန္မာျပည္က latest သတင္းမွာ ၅/ေတြဟာ အခုအခ်ိန္မွာ ႏိုင္ငံေပ်ာက္တယ္ဆိုတဲ့အေၾကာင္း ၅/ရွိေနတဲ့သူေတြသည္ serious ျဖစ္ေနၿပီဆိုတဲ့အေၾကာင္း က်မတို႔က တင္ျပတာပါ"

ျမန္မာ ပတ္စ္ပို႔ကိုင္ထားသူေတြထဲက စစ္ကိုင္းတိုင္းကေနလာၾကတဲ့ ျမန္မာႏိုင္ငံသားေတြအေရးကိုလည္း ကိုင္တြယ္မေပးေတာ့ဘူးလို႔လည္း ဆိုပါတယ္။ မေလးရွားမွာ မၾကာခင္က လူသတ္မႈနဲ႔ စြပ္စြဲခံထားရတဲ့ လူငယ္ေျခာက္ေယာက္ရဲ႕အမႈကို ျမန္မာသံ႐ုံးက ကူညီဖို႔ျငင္းခဲ့တယ္လို႔ ေျပာပါတယ္။ အေၾကာင္းကေတာ့ စစ္ကိုင္းတိုင္းကလာတဲ့ ပတ္စ္ပို႔ကိုင္ေဆာင္ထားသူေတြကို ျမန္မာသံ႐ုံးဘက္က မကူညီေၾကာင္း သံ႐ုံးတာဝန္ရွိသူက တုံ႔ျပန္ခဲ့တယ္လို႔ ေဒၚသူဇာေမာင္က ဆက္ေျပာပါတယ္။

"မင္းတို႔က passport ကိုင္ထားၿပီးေတာ့ ဘာလို႔ေ႐ႊ႕ေျပာင္းလုပ္သား အဖြဲ႕အစည္းကို ဆက္သြယ္ၿပီး အကူအညီ ေတာင္းတာလဲဆိုၿပီး က်မကေမးၾကည့္ေတာ့ သူတို႔သံ႐ုံးကို သြားတယ္တဲ့၊ သံ႐ုံးက သူတို႔ပထမဆုံး inform လုပ္တဲ့အခ်ိန္မွာ လိုက္ေပးမယ္ဆိုၿပီး ေျပာတယ္တဲ့။ ေျပာၿပီး သူတို႔ရဲ႕ ပတ္စ္ပို႔ေတြကို ၾကည့္တဲ့အခါမွာ စစ္ကိုင္းတိုင္းက ျဖစ္ေနတဲ့အတြက္မို႔ စစ္ကိုင္းတိုင္းက ပတ္စ္ပို႔ေတြအကုန္လုံးနဲ႔ စစ္ကိုင္းတိုင္းက ႏိုင္ငံသားေတြကို cancel လုပ္ထားတာဆိုၿပီး ဒါေၾကာင့္မို႔ သံ႐ုံးက ထြက္မလိုက္တာပါဆိုၿပီး ေျပာတယ္ေပါ့ေနာ္။ ၾကားၿပီး shock ရသြားတယ္ေပါ့ေနာ္။ ဒီမေလးရွားႏိုင္ငံမွာ စစ္ကိုင္းတိုင္းက ၅/ကိုင္ေဆာင္ၿပီးတဲ့ ေနာက္ပိုင္းမွာ ဒီပတ္စ္ပို႔ထုတ္ထားသူေတြက အမ်ားႀကီး။ သူတို႔ပတ္စ္ပို႔ေတြကို ျမန္မာသံ႐ုံးက ဖ်က္သိမ္းလိုက္တဲ့သေဘာ။"

မေလးရွားက ျမန္မာသံ႐ုံးကို ဗြီအိုေအက ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့ေပမဲ့ မရခဲ့ပါဘူး။ ျမန္မာႏိုင္ငံထဲမွာလဲ စက္မႈဇုံက စက္႐ုံ အလုပ္႐ုံေတြမွာေတာ့ စစ္ကိုင္းတိုင္း မေကြးတိုင္းမွတ္ပုံတင္ ကိုင္ေဆာင္ထားသူေတြကို လက္မခံသလို အလုပ္ထုတ္ခံခဲ့ရသူတခ်ိဳ႕လည္း ရွိပါတယ္။ မႏၲေလးၿမိဳ႕တြင္းနဲ႔ ျပင္ဦးလြင္ဘက္မွာလည္း စစ္ကိုင္းတိုင္း မွတ္ပုံတင္ကိုင္ေဆာင္ထားသူေတြကို အဓိကထားၿပီး ေစာင့္ၾကည့္ေၾကာင္း ေဒသခံတခ်ိဳ႕ကေျပာပါတယ္။

ဒီေန႔ ေသာၾကာေန႔မွာလည္း ကခ်င္ျပည္နယ္ တႏိုင္း- ျမစ္ႀကီးနား လီဒိုလမ္းပိုင္းေပၚမွာ စစ္ကိုင္းတိုင္း မွတ္ပုံတင္ ကိုင္ေဆာင္ထားသူေတြကို ျမန္မာစစ္တပ္က အဓိကစစ္ေဆးေနေၾကာင္း စစ္ကိုင္းတိုင္း၊ နန္းယြန္းၿမိဳ႕က ေဒသခံတဦးက ဗြီအိုေအကိုေျပာပါတယ္။ ဒီလမ္းေပၚမွာ ျမန္မာစစ္တပ္ရဲ႕ စစ္ေဆးေရးဂိတ္ေတြမ်ားသလို လက္နက္ကိုင္တခ်ိဳ႕ရဲ႕ ဂိတ္ေတြရွိေနတာပါ။

" ဒီလအထဲမွာေပါ့ ဟုတ္တယ္ ဒီလအတြင္းမွာ ေတာ္ေတာ္ေလးေတာ့ ျမစ္ႀကီးနားကေန နန္းယြန္းတေလွ်ာက္ေပါ့ အစစ္အေဆးမ်ားတယ္။ ဘယ္ဘက္ကလဲဆိုေတာ့ ေသခ်ာေတာ့မသိဘူး ဒါေပမဲ့ဟုတ္တယ္။"

စစ္တပ္အာဏာသိမ္းတာကို ဆန႔္က်င္ၿပီး လက္နက္ကိုင္ေတာ္လွန္ေနၾကတဲ့ေဒသေတြထဲမွာ စစ္ကိုင္းတိုင္းလဲ ပါဝင္ပါတယ္။ စစ္ကိုင္းတိုင္းထဲက ေဒသေတာ္ေတာ္မ်ားမ်ားမွာ တိုက္ပြဲေတြရွိေနသလို၊ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြ၊ ႐ြာေတြ မီးရႈိ႕မႈေတြ ေတာက္ေလွ်ာက္ရွိေနသလို ေဒသခံေတြ ဖမ္းဆီးခံရတာ၊ စစ္ေၾကာင္းေတြ ဝင္လာခ်ိန္ သတ္ျဖတ္ခံရမႈေတြလည္း ရွိေနတယ္လို႔ ေဒသခံေတြက ေျပာၾကပါတယ္။

မေလးရွားေရာက္ စစ္ကိုင္းေဒသခံေတြ အခက္ႀကဳံ
please wait

No media source currently available

0:00 0:03:45 0:00
တိုက္႐ိုက္ လင့္ခ္

{Unicode}

မလေးရှားရောက် စစ်ကိုင်းဒေသခံတွေ အခက်ကြုံ

မလေးရှားရောက်နေကြတဲ့ စစ်ကိုင်းတိုင်းဒေသခံ မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့သက်တမ်းတိုးတဲ့အခါမှာ နိုင်ငံရေးမှာ မပတ်သက်ရဘူးဆိုတဲ့ ခံဝန်ချက်ကိုပါ မြန်မာသံရုံးက လက်မှတ်ရေးထိုးခိုင်းနေပါတယ်။ မြန်မာနိုင်ငံထဲမှာလဲ စစ်ကိုင်းတိုင်း မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို နယ်မြေကန့်သတ်တာ၊ ဖမ်းဆီတာတွေကို စစ်တပ်က တိုးပြီးလုပ်လာတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

မလေးရှားရောက် စစ်ကိုင်းတိုင်းဒေသခံတွေ ပတ်စ်ပို့သက်တမ်းတိုးတဲ့အခါမှာ နိုင်ငံရေးမှာ မပတ်သက်ရဘူးဆိုတဲ့အချက်ကို မြန်မာသံရုံးဘက်က လက်မှတ်ရေးထိုးခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလိုအခြေအနေကြောင့် မလေးရှားကမြန်မာသံရုံးနဲ့ မြန်မာအလုပ်သမားတွေကြားမှာ ပြဿနာကြီးထွားလာကြောင်း မလေးရှားရောက် မြန်မာအဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေဖြစ်နေချိန် စစ်ကိုင်းတိုင်းကနေ မလေးရှားမှာ သွားရောက်အလုပ်လုပ်နေသူတွေကိုပါ မြန်မာသံရုံးက စောင့်ကြည့်နေပုံရတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားများ ကော်မတီရဲ့ဥက္ကဋ္ဌ ဒေါ်သူဇာမောင်က ဗွီအိုအေကိုပြောပါတယ်။

"မလေးရှားဘက်မှာလည်း ၅/နဲ့ထုတ်ထားတဲ့ ပတ်စ်ပို့တွေကို သံရုံးကမကူညီဘူး။ ၅/ ပတ်စ်ပို့တွေ သက်တမ်းတိုးတဲ့အခါမှာ သူတို့ကို ခံဝန်ချက် လက်မှတ်ထိုးခိုင်းတယ်။ ဒီလိုမျိုးတွေ ဖြစ်နေတဲ့အတွက် မြန်မာပြည်က latest သတင်းမှာ ၅/တွေဟာ အခုအချိန်မှာ နိုင်ငံပျောက်တယ်ဆိုတဲ့အကြောင်း ၅/ရှိနေတဲ့သူတွေသည် serious ဖြစ်နေပြီဆိုတဲ့အကြောင်း ကျမတို့က တင်ပြတာပါ"

မြန်မာ ပတ်စ်ပို့ကိုင်ထားသူတွေထဲက စစ်ကိုင်းတိုင်းကနေလာကြတဲ့ မြန်မာနိုင်ငံသားတွေအရေးကိုလည်း ကိုင်တွယ်မပေးတော့ဘူးလို့လည်း ဆိုပါတယ်။ မလေးရှားမှာ မကြာခင်က လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ လူငယ်ခြောက်ယောက်ရဲ့အမှုကို မြန်မာသံရုံးက ကူညီဖို့ငြင်းခဲ့တယ်လို့ ပြောပါတယ်။ အကြောင်းကတော့ စစ်ကိုင်းတိုင်းကလာတဲ့ ပတ်စ်ပို့ကိုင်ဆောင်ထားသူတွေကို မြန်မာသံရုံးဘက်က မကူညီကြောင်း သံရုံးတာဝန်ရှိသူက တုံ့ပြန်ခဲ့တယ်လို့ ဒေါ်သူဇာမောင်က ဆက်ပြောပါတယ်။

"မင်းတို့က passport ကိုင်ထားပြီးတော့ ဘာလို့ရွှေ့ပြောင်းလုပ်သား အဖွဲ့အစည်းကို ဆက်သွယ်ပြီး အကူအညီ တောင်းတာလဲဆိုပြီး ကျမကမေးကြည့်တော့ သူတို့သံရုံးကို သွားတယ်တဲ့၊ သံရုံးက သူတို့ပထမဆုံး inform လုပ်တဲ့အချိန်မှာ လိုက်ပေးမယ်ဆိုပြီး ပြောတယ်တဲ့။ ပြောပြီး သူတို့ရဲ့ ပတ်စ်ပို့တွေကို ကြည့်တဲ့အခါမှာ စစ်ကိုင်းတိုင်းက ဖြစ်နေတဲ့အတွက်မို့ စစ်ကိုင်းတိုင်းက ပတ်စ်ပို့တွေအကုန်လုံးနဲ့ စစ်ကိုင်းတိုင်းက နိုင်ငံသားတွေကို cancel လုပ်ထားတာဆိုပြီး ဒါကြောင့်မို့ သံရုံးက ထွက်မလိုက်တာပါဆိုပြီး ပြောတယ်ပေါ့နော်။ ကြားပြီး shock ရသွားတယ်ပေါ့နော်။ ဒီမလေးရှားနိုင်ငံမှာ စစ်ကိုင်းတိုင်းက ၅/ကိုင်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာ ဒီပတ်စ်ပို့ထုတ်ထားသူတွေက အများကြီး။ သူတို့ပတ်စ်ပို့တွေကို မြန်မာသံရုံးက ဖျက်သိမ်းလိုက်တဲ့သဘော။"

မလေးရှားက မြန်မာသံရုံးကို ဗွီအိုအေက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ မြန်မာနိုင်ငံထဲမှာလဲ စက်မှုဇုံက စက်ရုံ အလုပ်ရုံတွေမှာတော့ စစ်ကိုင်းတိုင်း မကွေးတိုင်းမှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို လက်မခံသလို အလုပ်ထုတ်ခံခဲ့ရသူတချို့လည်း ရှိပါတယ်။ မန္တလေးမြို့တွင်းနဲ့ ပြင်ဦးလွင်ဘက်မှာလည်း စစ်ကိုင်းတိုင်း မှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကို အဓိကထားပြီး စောင့်ကြည့်ကြောင်း ဒေသခံတချို့ကပြောပါတယ်။

ဒီနေ့ သောကြာနေ့မှာလည်း ကချင်ပြည်နယ် တနိုင်း- မြစ်ကြီးနား လီဒိုလမ်းပိုင်းပေါ်မှာ စစ်ကိုင်းတိုင်း မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို မြန်မာစစ်တပ်က အဓိကစစ်ဆေးနေကြောင်း စစ်ကိုင်းတိုင်း၊ နန်းယွန်းမြို့က ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။ ဒီလမ်းပေါ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေများသလို လက်နက်ကိုင်တချို့ရဲ့ ဂိတ်တွေရှိနေတာပါ။

" ဒီလအထဲမှာပေါ့ ဟုတ်တယ် ဒီလအတွင်းမှာ တော်တော်လေးတော့ မြစ်ကြီးနားကနေ နန်းယွန်းတလျှောက်ပေါ့ အစစ်အဆေးများတယ်။ ဘယ်ဘက်ကလဲဆိုတော့ သေချာတော့မသိဘူး ဒါပေမဲ့ဟုတ်တယ်။"

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီး လက်နက်ကိုင်တော်လှန်နေကြတဲ့ဒေသတွေထဲမှာ စစ်ကိုင်းတိုင်းလဲ ပါဝင်ပါတယ်။ စစ်ကိုင်းတိုင်းထဲက ဒေသတော်တော်များများမှာ တိုက်ပွဲတွေရှိနေသလို၊ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေ၊ ရွာတွေ မီးရှို့မှုတွေ တောက်လျှောက်ရှိနေသလို ဒေသခံတွေ ဖမ်းဆီးခံရတာ၊ စစ်ကြောင်းတွေ ဝင်လာချိန် သတ်ဖြတ်ခံရမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

XS
SM
MD
LG