သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အဖမ္းအဆီးနဲ႔ အရပ္ဝတ္လုံၿခဳံေရးေတြတိုးလာ


ရန္ကုန္ျမိဳ ့ထဲက လံုျခံဳေရးအဖြဲ ့တခ်ိဳ ့

(Zawgyi/Unicode)

ၾကားကာလ အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG က ခုခံ တြန္းလွန္စစ္ စတင္ေနၿပီလို႔ ၿပီးခဲ့တဲ့ သီတင္းပါတ္က ေၾကညာခဲ့ၿပီးေနာက္ လုံၿခဳံေရး ပိုတင္းၾကပ္လာတဲ့အတြက္ လမ္းေပၚထြက္ ဆႏၵျပသူေတြ ပိုၿပီးသတိထားေနရတယ္လို႔ ေျပာပါတယ္။ အဖမ္းအဆီးေတြလည္း ပိုလုပ္ေနတဲ့အတြက္ ဆႏၵျပပြဲေတြမွာ ျပည္သူေတြပါဝင္မႈ အားနည္းသြားတယ္လို႔ ေျပာၾကပါတယ္။ ဒါေပမဲ့လည္း စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲေတြကို အေျခအေနေပၚ မူတည္ၿပီး ဆက္လုပ္ေနၾကတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္း မစုျမတ္မြန္ေျပာျပပါမယ္။

စစ္အာဏာ႐ွင္စနစ္ အျမစ္ျပတ္ေအာင္ ခုခံတြန္းလွန္စစ္ စတင္ေနၿပီလို႔ NUG ကေျပာၿပီး ျပည္သူအားလံုးပါဝင္ဖုိ႔ တုိက္တြန္းခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံအႏွံ႔ လံုၿခံဳေရးေတြ ပိုၿပီး တင္းၾကပ္လာပါတယ္။ အဲဒီၾကားထဲကပဲ ရန္ကုန္ၿမိဳ႕မွာ နယ္ပယ္ေပါင္းစံုကလူငယ္ေတြ စုၿပီး ဆႏၵျပပြဲတခုလုပ္ခဲ့ပါတယ္။

နယ္ပယ္ေပါင္းစုံ ဆန႔္က်င္‌ေပး ငါတို႔ေတာ္လွန္ေရး" ဆိုတဲ့ ေခါင္းစည္းစာတန္းကိုင္ေဆာင္ၿပီး ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။ လံုၿခံဳေရးေတြ ပိုတင္းၾကပ္လာလို႔ ျပည္သူေတြ ပါဝင္မႈ အားနည္းလာတယ္လို႔ ဆႏၵျပသူတေယာက္က ေျပာပါတယ္။

“သူတို႔ဖက္ကက်ေတာ့ အဖမ္းအဆီးေတြ အရမ္းမ်ားလာတယ္ေပါ့၊ ၿပီးေတာ့ အရပ္ဝတ္နဲ႔ လုံၿခဳံေရးေတြအရမ္းမ်ားလာတယ္ေပါ့။ ကြၽန္ေတာ္တို႔ ရဲေဘာ္ေတြ ဘက္ေပါင္းစုံက ေတာ္လွန္ေနတဲ့ ရဲေဘာ္ေတြက ျပည္သူေတြကို အားကိုးတယ္။ ျပည္သူသာ အဓိကလို႔ ခံယူထားၾကတယ္ေပါ့။ ဒါေပမယ့္ တစ္ခ်ိဳ႕ ေနရာေတြမွာ ျပည္သူေတြ ပါမလာတာမ်ိဳးေတြ အရမ္းေတြရတယ္ေပါ့။ အဲ့အတြက္ ကြၽန္ေတာ္တို႔ ျပည္သူေတြကို ေျပာခ်င္တာက ဝန္းရံေပးပါ။ ကာကြယ္ေပးပါ။ ပူးေပါင္းေပးပါ။ ဒါကို ကြၽန္ေတာ္ေျပာခ်င္ပါတယ္။”

မႏၲေလးၿမိဳ႕မွာလည္း ဒီကေန႔မွာ ဆႏၵျပ စစ္ေၾကာင္း ၃ ေၾကာင္း ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ NUG ရဲ႕ ခုခံစစ္ျဖစ္ၿပီဆုိတ့ဲ ေၾကညာခ်က္ထြက္လာၿပီးေနာက္ပိုင္း လံုၿခံဳေရးအတြက္ ပိုၿပီး သတိထားစရာျဖစ္လာတယ္လို႔ မႏၲေလး သပိတ္အင္အားစုက ဦးေဆာင္သူ ကိုသူရေအာင္ကေျပာပါတယ္။

"ဒီမႏၲေလးမွာကေတာ့ ကြၽန္ေတာ္တို႔ဖက္က ေပ်ာက္ၾကားစနစ္ေတြနဲ႔ ရွိေနတယ္ေပါ့။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဒီမွာ ကြၽန္ေတာ္တို႔ သတင္းရတာ စစ္ေကာင္စီတပ္က အမ်ားအျပားထိခိုက္ ဒဏ္ရာ ရတယ္ေပါ့။ အဲ့လိုမ်ိဳးေတြ ျဖစ္လာတာနဲ႔ အမွ် မႏၲေလးမွာ စစ္ေကာင္စီဖက္ကလည္း လုံၿခဳံေရး တင္းၾကပ္တာတို႔၊ ဧည့္စာရင္းစစ္တာမ်ိဳးတို႔ အိမ္ေတြ ဝင္ရွာေတြက ပိုၿပီးေတာ့ ဆိုးလာတယ္ဗ်။ အဲ့လို႔ အေျခအေနေလးေတြ ရွိလာတယ္ဗ် ဒီတစ္ပတ္အတြင္းမွာ။ ခုခံေတာ္လွန္စစ္စတဲ့ ေန႔မွာ ကြၽန္ေတာ္တို႔ အားတက္စရာေတြလည္းရွိတယ္။ ဒီကာလမွာပဲ အခက္အခဲေတြလည္းရွိတယ္။ စစ္ဆိုတဲ့ အရာမ်ိဳးက ေျပေျပလည္လည္ ျဖစ္မဲ့ အရာေတာ့ မဟုတ္ဘူး။ အဲ့ဒီေတာ့ ျပည္သူေတြအေနနဲ႔ သတိဝီရိယ ရွိရွိ လုပ္ကိုင္ေဆာင္႐ြက္ေနၾကရမွာပါဗ်။”

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေန႔စဥ္လို လမ္းေပၚထြက္ဆႏၵျပမႈေတြ မျပတ္႐ွိေနတဲ့ စစ္ကိုင္းတုိင္းထဲက ကေလးၿမိဳ႕မွာလည္း စစ္ျဖစ္ၿပီလို႔ ေၾကညာခ်က္ထြက္လာၿပီးေနာက္ အေျခအေန ပို မတည္မၿငိမ္ျဖစ္ေနတာကို ဆႏၵျပပြဲမွာ ပါဝင္ေနသူတစ္ဦးက ခုလိုေျပာပါတယ္။ ဒီၾကားထဲကပဲ ဆႏၵျပမႈေတြ ဆက္လုပ္ေနေပမဲ့ ပါဝင္သူအင္အားနည္းသြားတယ္လို႔ သူကေျပာပါတယ္။

“ေၾကညာၿပီး ေနာက္ေန႔မွာ ဗုံးေပါက္ကြဲမႈေတြျဖစ္တယ္၊ ေနာက္ၿပီး ဟိုတစ္ေန႔ကဆိုရင္ ဗုံး ၃ လုံး ေတာ္ေတာ္ကို ျပင္းျပင္းထန္ထန္ေပါ့ေႏွာ္။ တုန္ခါမႈကလည္း ေတာ္ေတာ္ခံစားရတယ္၊ အဲ့ဒါမ်ိဳး ျဖစ္တယ္ေပါ့။ အရင္ကထက္ စာရင္ေတာ့ ၿမိဳ႕ေပၚေတြမွာေရာ၊ ေဘးပတ္ဝန္းက်င္ ႐ြာေတြမွာေရာ ဗုံးေပါက္ကြဲတာေတြက ပိုၿပီးေတာ့ ျဖစ္လာတာေပါ့ေႏွာ။ D Day မေၾကညာခင္မွာ တစ္ခ်ိဳ႕ရက္ေတြ အေတာ္ေလး ၿငိမ္သက္ခဲ့တာမ်ိဳး ရွိခဲ့ေပမယ့္ ခုေနာက္ပိုင္းေတာ့ ေန႔တိုင္းပိုျဖစ္လာတယ္ေပါ့၊. ဗုံေပါက္ကြဲတာေတြ ပစ္ခတ္တာေတြ။”

ဒီလို ပစ္ခတ္မႈေတြ ေပါက္ကြဲမႈေတြ႐ွိေနတဲ့ၾကားကပဲ ႏိုင္ငံတစ္ဝန္းက ၿမိဳ႕တခ်ဳိ႔မွာ စစ္အာဏာရွင္ ဆန္႔က်င္ေရး လမ္းေပၚထြက္ ခ်ီတက္ ဆႏၵျပသူေတြ ႐ွိေနဆဲျဖစ္ပါတယ္။ ေ႐ြဘို၊ ေလာင္းလုံ၊ ထားဝယ္ၿမိဳ႕စတဲ့ ၿမိဳ႕ေတြမွာ ဆႏၵျပပဲြေတြ႐ွိသလို၊ ဆားလင္းႀကီးနဲ႔ ယင္းမာပင္ၿမိဳ႕နယ္ေတြက ႐ြာေပါင္းစုံ စုေပါင္းသပိတ္လည္း ဒီေန႔ ႐ွိခဲ့ပါတယ္။

........................................................................................

အဖမ္းအဆီးနဲ႔ အရပ္ဝတ္လုံၿခဳံေရးေတြတိုးလာ
please wait

No media source currently available

0:00 0:03:03 0:00
တိုက္႐ိုက္ လင့္ခ္


အဖမ်းအဆီးနဲ့ အရပ်ဝတ်လုံခြုံရေးတွေတိုးလာ

(Unicode)

ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ခုခံ တွန်းလှန်စစ် စတင်နေပြီလို့ ပြီးခဲ့တဲ့ သီတင်းပါတ်က ကြေညာခဲ့ပြီးနောက် လုံခြုံရေး ပိုတင်းကြပ်လာတဲ့အတွက် လမ်းပေါ်ထွက် ဆန္ဒပြသူတွေ ပိုပြီးသတိထားနေရတယ်လို့ ပြောပါတယ်။ အဖမ်းအဆီးတွေလည်း ပိုလုပ်နေတဲ့အတွက် ဆန္ဒပြပွဲတွေမှာ ပြည်သူတွေပါဝင်မှု အားနည်းသွားတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အခြေအနေပေါ် မူတည်ပြီး ဆက်လုပ်နေကြတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်း မစုမြတ်မွန်ပြောပြပါမယ်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်အောင် ခုခံတွန်းလှန်စစ် စတင်နေပြီလို့ NUG ကပြောပြီး ပြည်သူအားလုံးပါဝင်ဖို့ တိုက်တွန်းခဲ့ပြီးနောက် မြန်မာနိုင်ငံအနှံ့ လုံခြုံရေးတွေ ပိုပြီး တင်းကြပ်လာပါတယ်။ အဲဒီကြားထဲကပဲ ရန်ကုန်မြို့မှာ နယ်ပယ်ပေါင်းစုံကလူငယ်တွေ စုပြီး ဆန္ဒပြပွဲတခုလုပ်ခဲ့ပါတယ်။

နယ်ပယ်ပေါင်းစုံ ဆန့်ကျင်‌ပေး ငါတို့တော်လှန်ရေး" ဆိုတဲ့ ခေါင်းစည်းစာတန်းကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ လုံခြုံရေးတွေ ပိုတင်းကြပ်လာလို့ ပြည်သူတွေ ပါဝင်မှု အားနည်းလာတယ်လို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။

“သူတို့ဖက်ကကျတော့ အဖမ်းအဆီးတွေ အရမ်းများလာတယ်ပေါ့၊ ပြီးတော့ အရပ်ဝတ်နဲ့ လုံခြုံရေးတွေအရမ်းများလာတယ်ပေါ့။ ကျွန်တော်တို့ ရဲဘော်တွေ ဘက်ပေါင်းစုံက တော်လှန်နေတဲ့ ရဲဘော်တွေက ပြည်သူတွေကို အားကိုးတယ်။ ပြည်သူသာ အဓိကလို့ ခံယူထားကြတယ်ပေါ့။ ဒါပေမယ့် တစ်ချို့ နေရာတွေမှာ ပြည်သူတွေ ပါမလာတာမျိုးတွေ အရမ်းတွေရတယ်ပေါ့။ အဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေကို ပြောချင်တာက ဝန်းရံပေးပါ။ ကာကွယ်ပေးပါ။ ပူးပေါင်းပေးပါ။ ဒါကို ကျွန်တော်ပြောချင်ပါတယ်။”

မန္တလေးမြို့မှာလည်း ဒီကနေ့မှာ ဆန္ဒပြ စစ်ကြောင်း ၃ ကြောင်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ NUG ရဲ့ ခုခံစစ်ဖြစ်ပြီဆိုတဲ့ ကြေညာချက်ထွက်လာပြီးနောက်ပိုင်း လုံခြုံရေးအတွက် ပိုပြီး သတိထားစရာဖြစ်လာတယ်လို့ မန္တလေး သပိတ်အင်အားစုက ဦးဆောင်သူ ကိုသူရအောင်ကပြောပါတယ်။

"ဒီမန္တလေးမှာကတော့ ကျွန်တော်တို့ဖက်က ပျောက်ကြားစနစ်တွေနဲ့ ရှိနေတယ်ပေါ့။ ပြီးတော့ ကျွန်တော်တို့ ဒီမှာ ကျွန်တော်တို့ သတင်းရတာ စစ်ကောင်စီတပ်က အများအပြားထိခိုက် ဒဏ်ရာ ရတယ်ပေါ့။ အဲ့လိုမျိုးတွေ ဖြစ်လာတာနဲ့ အမျှ မန္တလေးမှာ စစ်ကောင်စီဖက်ကလည်း လုံခြုံရေး တင်းကြပ်တာတို့၊ ဧည့်စာရင်းစစ်တာမျိုးတို့ အိမ်တွေ ဝင်ရှာတွေက ပိုပြီးတော့ ဆိုးလာတယ်ဗျ။ အဲ့လို့ အခြေအနေလေးတွေ ရှိလာတယ်ဗျ ဒီတစ်ပတ်အတွင်းမှာ။ ခုခံတော်လှန်စစ်စတဲ့ နေ့မှာ ကျွန်တော်တို့ အားတက်စရာတွေလည်းရှိတယ်။ ဒီကာလမှာပဲ အခက်အခဲတွေလည်းရှိတယ်။ စစ်ဆိုတဲ့ အရာမျိုးက ပြေပြေလည်လည် ဖြစ်မဲ့ အရာတော့ မဟုတ်ဘူး။ အဲ့ဒီတော့ ပြည်သူတွေအနေနဲ့ သတိဝီရိယ ရှိရှိ လုပ်ကိုင်ဆောင်ရွက်နေကြရမှာပါဗျ။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်လို လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ မပြတ်ရှိနေတဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာလည်း စစ်ဖြစ်ပြီလို့ ကြေညာချက်ထွက်လာပြီးနောက် အခြေအနေ ပို မတည်မငြိမ်ဖြစ်နေတာကို ဆန္ဒပြပွဲမှာ ပါဝင်နေသူတစ်ဦးက ခုလိုပြောပါတယ်။ ဒီကြားထဲကပဲ ဆန္ဒပြမှုတွေ ဆက်လုပ်နေပေမဲ့ ပါဝင်သူအင်အားနည်းသွားတယ်လို့ သူကပြောပါတယ်။

“ကြေညာပြီး နောက်နေ့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်တယ်၊ နောက်ပြီး ဟိုတစ်နေ့ကဆိုရင် ဗုံး ၃ လုံး တော်တော်ကို ပြင်းပြင်းထန်ထန်ပေါ့နှော်။ တုန်ခါမှုကလည်း တော်တော်ခံစားရတယ်၊ အဲ့ဒါမျိုး ဖြစ်တယ်ပေါ့။ အရင်ကထက် စာရင်တော့ မြို့ပေါ်တွေမှာရော၊ ဘေးပတ်ဝန်းကျင် ရွာတွေမှာရော ဗုံးပေါက်ကွဲတာတွေက ပိုပြီးတော့ ဖြစ်လာတာပေါ့နှော။ D Day မကြေညာခင်မှာ တစ်ချို့ရက်တွေ အတော်လေး ငြိမ်သက်ခဲ့တာမျိုး ရှိခဲ့ပေမယ့် ခုနောက်ပိုင်းတော့ နေ့တိုင်းပိုဖြစ်လာတယ်ပေါ့၊. ဗုံပေါက်ကွဲတာတွေ ပစ်ခတ်တာတွေ။”

ဒီလို ပစ်ခတ်မှုတွေ ပေါက်ကွဲမှုတွေရှိနေတဲ့ကြားကပဲ နိုင်ငံတစ်ဝန်းက မြို့တချို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းပေါ်ထွက် ချီတက် ဆန္ဒပြသူတွေ ရှိနေဆဲဖြစ်ပါတယ်။ ရွေဘို၊ လောင်းလုံ၊ ထားဝယ်မြို့စတဲ့ မြို့တွေမှာ ဆန္ဒပြပွဲတွေရှိသလို၊ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေက ရွာပေါင်းစုံ စုပေါင်းသပိတ်လည်း ဒီနေ့ ရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG