သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ေဒသ စပါးအထြက္ႏႈန္းက်၊ ဆန္ေဈးျမင့္တက္


ရခိုင္ျပည္နယ္ကဆန္စပါးလုပ္ငန္းခြင္တစ္ခု (‌မတ္လ ၊ ၂၀၂၂)

ၿပီးခဲ့တဲ့ စပါးစိုက္ရာသီမွာ လယ္ဧက ၈သိန္းေလာက္သာစိုက္ပ်ိဳးႏိုင္ခဲ့တဲ့ ရခိုင္ျပည္နယ္မွာ ဒီႏွစ္ စပါးအထြက္ႏႈန္းေတြ က်ဆင္းခဲ့ၿပီး ဆန္စပါးေဈးႏႈန္းေတြစံခ်ိန္တင္ျမင့္တက္ေနတယ္လို႔ ေတာင္သူေတြက ေျပာပါတယ္။ စပါးေဈးေကာင္းရလို႔ ေတာင္သူအမ်ားစုက စပါးေပၚကတည္း က ေရာင္းလိုက္ၾကတာေၾကာင့္၊ လက္က်န္ စပါးမရွိၾကေတာ့ဘူးလို႔ ရခိုင္ျပည္နယ္ ေတာင္ သူလယ္သမားသမဂၢ ကေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ထားတာကို ကိုစံေက်ာ္က တင္ျပေပးပါမယ္။

ရခိုင္ျပည္နယ္တြင္း သဘာဝေဘးအႏၲရာယ္နဲ႔ တိုက္ပြဲေတြေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္စပါးစိုက္ရာသီမွာ ေတာင္သူအမ်ားစု စပါးမစိုက္ႏိုင္ပဲ လယ္ကြင္းေတြကို စြန႔္ခြာထြက္ေျပးခဲ့ၾကရပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ စပါးေပၚခ်ိန္မွာေတာ့ ရခိုင္ျပည္နယ္ရဲ႕ စပါးထြက္ ႏႈန္း ၄၀ ရာခိုင္ႏႈန္းေလာက္က်ဆင္းသြားပါတယ္။

စပါးထြက္ႏႈန္းက်ဆင္းခဲ့လို႔ လက္ရွိ စပါးေဈးႏႈန္းေတြစံခ်ိန္တင္ျမင့္တက္ေနတယ္လို႔ ရခိုင္ျပည္နယ္ေတာင္သူလယ္သမားသမဂၢေျပာခြင့္ရ ဦးေအာင္ေက်ာ္ျမတ္က ေျပာပါတယ္။

“ စပါးကေတာ့ အထြက္ေလ်ာ့တယ္။ ဒါေပမယ့္ အခု ေဈးကေတာ့ ေပၚဆန္းဆိုရင္ တင္း ၁၀၀ ကို ၁၈သိန္းေလာက္ရွိတယ္၊ ဧည့္မထ စပါးဆိုလို႔ရွိရင္ေတာ့ က်ေနာ္တို႔ ၁၃ သိန္းေလာက္ရွိတယ္၊ အဲဒီေဈးက က်ေနာ္တို႔ ဒီသုံးေလး ငါးႏွစ္အတြင္းမွာ ဒီေဈးကအျမင့္ဆုံးပဲေနာ္၊ ဒီေလာက္ေဈး ေလာက္ရခိုင္ဖက္မွာ မျဖစ္ခဲ့ဘူး၊အဲတာေၾကာင့္ စပါးအထြက္ ႏႈန္းက်တယ္ဆိုေပမယ့္ ေဈးေကာင္းေတာ့ ရတယ္ေပါ့ေနာ္။”

စပါးေဈးႏႈန္းေတြ စံခ်ိန္တင္ျမင့္တက္တာဟာ ေတာင္သူလယ္သမားေတြအတြက္ အားရစရာျဖစ္ေပမယ့္ စိုက္ပ်ိဳးစရိတ္ႀကီးမားတဲ့ ေတာင္သူေတြမွာ စပါးေပၚကတည္းက ေရာင္းလိုက္ရတာေၾကာင့္ ေဈးတက္တဲ့အခ်ိန္ ေရာင္းဖို႔အတြက္ စပါးမရွိၾကေတာ့ဘူးလို႔လည္း ဦးေအာင္ေက်ာ္ျမတ္က ေျပာပါတယ္။

“ေဈးျဖစ္တဲ့ အခ်ိန္မွာက ေတာင္သူရဲ႕ ၈၀ ရာခိုင္ႏႈန္းေလာက္မွာ စပါးမရွိေတာ့ဘူးေလ၊ ဘာေၾကာင့္လဲဆိုေတာ့ ေတာင္သူေတြက ဆင္းရဲၿပီးေတာ့ဖြံ႕ၿဖိဳးတိုးတက္မႈနည္းတဲ့အခါမွာ၊ သူတို႔က ဓာတ္ေျမၾသဇာဖိုး၊ ရိတ္သိမ္းစရိတ္ ထြန္စရိတ္ေတြ ပိုးသတ္ေဆးေတြ စတဲ့ သြင္းအားစုေတြကို အေႂကြးစနစ္နဲ႔ ယူထားရတယ္ဆိုေတာ့ စပါးရိတ္သိမ္းၿပီးကတည္းက သူတို႔ ေရာင္းၾကတဲ့ ေတာင္သူက ၈၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္ဗ်ာ၊ ၂၀ ရာႏႈန္းေလာက္ကပဲ လက္ထဲမွာ(စပါး) ရွိမယ္လို႔ယူဆပါတယ္။”

အခုလို စပါးေဈးေတြျမင့္တက္ေနတဲ့ ရခိုင္ျပည္နယ္မွာ ဒီလဆန္းပိုင္းကစလို႔ ဆန္ေဈးေတြလည္းျမင့္တက္လာေနတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။ ေပၚဆန္းေမႊးဆန္တစ္အိတ္ကို အရင္က ၅ေသာင္းေလာက္သာေပးရၿပီး လက္ရွိမွာေတာ့ ၆၅၀၀၀ ဝန္းက်င္အထိျမင့္တက္ေနသလို ဆန္ၾကမ္းတစ္အိတ္ကို ၄ေသာင္းကေန ၅ေသာင္းအထိျမင့္ တက္ေနတယ္လို႔ေဒသခံေတြကေျပာပါတယ္။

စစ္ေတြၿမိဳ႕ မင္းဂံရပ္ကြက္မွာ ေနထိုင္တဲ့ ေဒၚသိန္းေမကအလုပ္အကိုင္မေကာင္းတဲ့ ၾကားထဲ ဆန္ေဈးေတြ ထပ္တက္လာမွာကို စိုးရိမ္တယ္လို႔ေျပာပါတယ္။

“ သိပ္မၾကာေသးဘူး ဒီလအေတာအတြင္းမွာ တက္လာတာ။ ဒါေပမယ့္ ဆင္းရဲႏြမ္းပါးသူေတြက တအားေၾကာက္ေနၾကၿပီ ဘာျဖစ္လို႔လဲဆိုေတာ့ တသိန္းေက်ာ္ျဖစ္သြားရင္ ဘယ္လိုလုပ္ မလဲ ဆိုၿပီးေတာ့ စိုးရိမ္ေနၾကတယ္။ အလုပ္အကိုင္မရွိတာနဲ႔ တအားအခက္အခဲေတြ ႀကဳံမွာေပါ့၊ အဘြားတို႔ဆိုရင္ အခုအသက္ ၆၀ေက်ာ္ၿပီ အလုပ္ လုပ္ေနရေသးတယ္။လုပ္ရတာနဲ႔ စားရတာမလုံေလာက္ဘူး။”

ရခိုင္ျပည္နယ္အျပင္ ျမန္မာႏိုင္ငံေဒသအေတာ္မ်ားမ်ားမွာလည္း ဆန္ေဈးႏႈန္းေတြျမင့္တက္ေနပါတယ္။ တ႐ုတ္ႏိုင္ငံက ျမန္မာဆန္အဝယ္လိုက္ေနတာမို႔ ဆန္ေဈးအဆမတန္တက္လာတယ္လို႔ ေဈးကြက္တြင္းသတင္းေတြအရသိရပါတယ္။ ရခိုင္ျပည္နယ္အတြင္းမွာေတာ့ ဒီႏွစ္စပါးထြက္ႏႈန္းက်ဆင္းလို႔ ဆန္ေဈးႏႈန္းေတြ ဆက္ျမင့္တက္လာႏိုင္တယ္လို႔ စီးပြားေရးေလ့လာသူေတြက သုံးသပ္ၾကပါတယ္။

ရခိုင္ေဒသ စပါးအထြက္ႏႈန္းက်၊ ဆန္ေဈးျမင့္တက္
please wait

No media source currently available

0:00 0:03:16 0:00
တိုက္႐ိုက္ လင့္ခ္

{Unicode}

ရခိုင်ဒေသ စပါးအထွက်နှုန်းကျ၊ ဆန်ဈေးမြင့်တက်
ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)

ပြီးခဲ့တဲ့ စပါးစိုက်ရာသီမှာ လယ်ဧက ၈သိန်းလောက်သာစိုက်ပျိုးနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ဒီနှစ် စပါးအထွက်နှုန်းတွေ ကျဆင်းခဲ့ပြီး ဆန်စပါးဈေးနှုန်းတွေစံချိန်တင်မြင့်တက်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။ စပါးဈေးကောင်းရလို့ တောင်သူအများစုက စပါးပေါ်ကတည်း က ရောင်းလိုက်ကြတာကြောင့်၊ လက်ကျန် စပါးမရှိကြတော့ဘူးလို့ ရခိုင်ပြည်နယ် တောင် သူလယ်သမားသမဂ္ဂ ကပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်တွင်း သဘာဝဘေးအန္တရာယ်နဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့နှစ်စပါးစိုက်ရာသီမှာ တောင်သူအများစု စပါးမစိုက်နိုင်ပဲ လယ်ကွင်းတွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ ဒါကြောင့် ဒီနှစ် စပါးပေါ်ချိန်မှာတော့ ရခိုင်ပြည်နယ်ရဲ့ စပါးထွက် နှုန်း ၄၀ ရာခိုင်နှုန်းလောက်ကျဆင်းသွားပါတယ်။

စပါးထွက်နှုန်းကျဆင်းခဲ့လို့ လက်ရှိ စပါးဈေးနှုန်းတွေစံချိန်တင်မြင့်တက်နေတယ်လို့ ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂပြောခွင့်ရ ဦးအောင်ကျော်မြတ်က ပြောပါတယ်။

“ စပါးကတော့ အထွက်လျော့တယ်။ ဒါပေမယ့် အခု ဈေးကတော့ ပေါ်ဆန်းဆိုရင် တင်း ၁၀၀ ကို ၁၈သိန်းလောက်ရှိတယ်၊ ဧည့်မထ စပါးဆိုလို့ရှိရင်တော့ ကျနော်တို့ ၁၃ သိန်းလောက်ရှိတယ်၊ အဲဒီဈေးက ကျနော်တို့ ဒီသုံးလေး ငါးနှစ်အတွင်းမှာ ဒီဈေးကအမြင့်ဆုံးပဲနော်၊ ဒီလောက်ဈေး လောက်ရခိုင်ဖက်မှာ မဖြစ်ခဲ့ဘူး၊အဲတာကြောင့် စပါးအထွက် နှုန်းကျတယ်ဆိုပေမယ့် ဈေးကောင်းတော့ ရတယ်ပေါ့နော်။”

စပါးဈေးနှုန်းတွေ စံချိန်တင်မြင့်တက်တာဟာ တောင်သူလယ်သမားတွေအတွက် အားရစရာဖြစ်ပေမယ့် စိုက်ပျိုးစရိတ်ကြီးမားတဲ့ တောင်သူတွေမှာ စပါးပေါ်ကတည်းက ရောင်းလိုက်ရတာကြောင့် ဈေးတက်တဲ့အချိန် ရောင်းဖို့အတွက် စပါးမရှိကြတော့ဘူးလို့လည်း ဦးအောင်ကျော်မြတ်က ပြောပါတယ်။

“ဈေးဖြစ်တဲ့ အချိန်မှာက တောင်သူရဲ့ ၈၀ ရာခိုင်နှုန်းလောက်မှာ စပါးမရှိတော့ဘူးလေ၊ ဘာကြောင့်လဲဆိုတော့ တောင်သူတွေက ဆင်းရဲပြီးတော့ဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့အခါမှာ၊ သူတို့က ဓာတ်မြေသြဇာဖိုး၊ ရိတ်သိမ်းစရိတ် ထွန်စရိတ်တွေ ပိုးသတ်ဆေးတွေ စတဲ့ သွင်းအားစုတွေကို အကြွေးစနစ်နဲ့ ယူထားရတယ်ဆိုတော့ စပါးရိတ်သိမ်းပြီးကတည်းက သူတို့ ရောင်းကြတဲ့ တောင်သူက ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်ဗျာ၊ ၂၀ ရာနှုန်းလောက်ကပဲ လက်ထဲမှာ(စပါး) ရှိမယ်လို့ယူဆပါတယ်။”

အခုလို စပါးဈေးတွေမြင့်တက်နေတဲ့ ရခိုင်ပြည်နယ်မှာ ဒီလဆန်းပိုင်းကစလို့ ဆန်ဈေးတွေလည်းမြင့်တက်လာနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို အရင်က ၅သောင်းလောက်သာပေးရပြီး လက်ရှိမှာတော့ ၆၅၀၀၀ ဝန်းကျင်အထိမြင့်တက်နေသလို ဆန်ကြမ်းတစ်အိတ်ကို ၄သောင်းကနေ ၅သောင်းအထိမြင့် တက်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်သိန်းမေကအလုပ်အကိုင်မကောင်းတဲ့ ကြားထဲ ဆန်ဈေးတွေ ထပ်တက်လာမှာကို စိုးရိမ်တယ်လို့ပြောပါတယ်။

“ သိပ်မကြာသေးဘူး ဒီလအတောအတွင်းမှာ တက်လာတာ။ ဒါပေမယ့် ဆင်းရဲနွမ်းပါးသူတွေက တအားကြောက်နေကြပြီ ဘာဖြစ်လို့လဲဆိုတော့ တသိန်းကျော်ဖြစ်သွားရင် ဘယ်လိုလုပ် မလဲ ဆိုပြီးတော့ စိုးရိမ်နေကြတယ်။ အလုပ်အကိုင်မရှိတာနဲ့ တအားအခက်အခဲတွေ ကြုံမှာပေါ့၊ အဘွားတို့ဆိုရင် အခုအသက် ၆၀ကျော်ပြီ အလုပ် လုပ်နေရသေးတယ်။လုပ်ရတာနဲ့ စားရတာမလုံလောက်ဘူး။”

ရခိုင်ပြည်နယ်အပြင် မြန်မာနိုင်ငံဒေသအတော်များများမှာလည်း ဆန်ဈေးနှုန်းတွေမြင့်တက်နေပါတယ်။ တရုတ်နိုင်ငံက မြန်မာဆန်အဝယ်လိုက်နေတာမို့ ဆန်ဈေးအဆမတန်တက်လာတယ်လို့ ဈေးကွက်တွင်းသတင်းတွေအရသိရပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာတော့ ဒီနှစ်စပါးထွက်နှုန်းကျဆင်းလို့ ဆန်ဈေးနှုန်းတွေ ဆက်မြင့်တက်လာနိုင်တယ်လို့ စီးပွားရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

XS
SM
MD
LG