သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊျပည္သာဆႏၵျပပဲြ ေသဆံုးသူမိသားစုဝင္တဦးနဲ႔ ေမးျမန္းခ်က္


မတ္လ ၁၄ ရက္ေရႊျပည္သာ ဆႏၵျပပဲြအတြင္း က်ဆံုးခဲ့သူ ကိုျဖိဳးေဇာ္လင္း (ခ) အညာသား။

[Zawgyi/Unicode]

မတ္လ ၁၄ ရက္ေန႔တုန္းက ေရႊျပည္သာဆႏၵျပပဲြ အၾကမ္းဖက္ပစ္ခတ္ႏွိမ္နင္းခံရမႈမွာ ေသဆံုးခဲ့တဲ့ ကိုၿဖိဳးေဇာ္လင္း ေခၚ အညာသားရဲ႕ ႐ုပ္အေလာင္းကို မိသားစုက သံုးရက္ၾကာမွ ထုတ္ယူခြင့္ရခဲ့ၿပီး လက္ခံရရွိခ်ိန္မွာ ႐ုပ္အေလာင္းက ၾကည့္ရႈမေကာင္းေအာင္ ယိုယြင္းေနတယ္လို႔ မိသားစု၀င္အသိုင္းအဝိုင္းက ဗီြအိုေအကို ေျပာပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ ကိုျဖိဳးေဇာ္လင္းဟာ မတ္လ ၁၄ ရက္ ေရႊျပည္သာ ဆႏၵျပပြဲအတြင္း ရင္ဘတ္ကို က်ည္ထိမွန္ျပီး ေသဆံုးသြားခဲ့တာ ျဖစ္ပါတယ္။ ကိုျဖိဳးေဇာ္လင္းနဲ႔ အမ်ိဳးေတာ္စပ္သူကို ဗီြအိုေအ သတင္းေထာက္ မအိသန္႔စင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မအိသန္႔စင္။ ။ အမအမ်ိဳးထဲကေနၿပီးေတာ့ ေပ်ာက္သြားတဲ့အေလာင္းျပန္ရတဲ့ ကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ညီမကို ေျပာျပေပးပါဦးရွင့္။

မိသားစုဝင္တဦး။ ။ အဲဒီေန႔က ညီမဦးေလးက က်ဆံုးသြားတယ္ေပါ့ေနာ္... ေရႊျပည္သာမွာ ေသနတ္ပစ္ခံရတာ။ ေရႊျပည္သာ ၃ ထိပ္မွာ က်တာ။ က်သြားတဲ့အခ်ိန္မွာ ေရႊျပည္သာ ေဆးရံုကို ေရာက္သြားတယ္။ ေဆးရံုမွာ အေလာင္းသြားယူေတာ့ အေလာင္းကို ထုတ္မေပးဘူး။ သူတို႔ စစ္ေဆးရံုမွာ ခဲြစိတ္မယ္လို႔ ေျပာတယ္။ အဲဒါနဲ႔ စစ္ေဆးရံုသယ္သြားတယ္ ေနာက္ေန႔မနက္မွာ။ သယ္သြားၿပီးေတာ့ မေန႔က ၃ ရက္ေျမာက္တဲ့ေန႔ ေန႔လည္ ၂ နာရီ၊ ၃ နာရီေလာက္မွာ ျပန္ရတယ္။ ရတဲ့အခ်ိန္မွာ အေလာင္းက လံုးဝကို ရုပ္ပ်က္ေနၿပီ၊ ပုပ္ေနၿပီေပါ့ေနာ္။ ပံုမွန္အရဆိုရင္ ညီမတို႔ ေသသြားတဲ့ အေလာင္းဆိုရင္ အေအးတိုက္ထဲကို ထည့္ရတယ္ေလ။ အဲဒါကို သူတို႔က လံုးဝမထည့္ဘဲနဲ႔ အျပင္မွာ ျဖစ္ကလတ္ဆန္းထားထားတယ္။ အဲဒီေတာ့ အေလာင္းက အရမ္းရုပ္ပ်က္၊ ဆင္းပ်က္ အရမ္းပုပ္ပြေနတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ညီမတို႔ ခ်က္ခ်င္း သျဂိၤဳလ္လိုက္ရတယ္။ ခ်က္ခ်င္းသျဂိၤဳလ္တဲ့ဆီမွာလည္း martial law ရွိတဲ့အတြက္ ညီမတို႔က ညေန ၅ နာရီအထိ မေစာင့္ႏိုင္ေတာ့ဘဲနဲ႔ ခ်က္ခ်င္းသျဂိၤဳလ္လိုက္ရတယ္ ေနာက္ၿပီးေတာ့ အသုဘလာတဲ့သူေတြ၊ ပန္းေခြလာေပးတဲ့သူေတြကလည္း လမ္းမွာတင္ လွည့္ျပန္သြားရတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ညီမတို႔ဘက္က ေရႊျပည္သာက အရမ္းဆိုးေနလို႔ေလ။

မအိသန္႔စင္။ ။ ဟုတ္ကဲ့၊ အမတို႔ကို အေလာင္းလာထုတ္ဖို႔ အေၾကာင္းၾကားတာလာရွင့္။

မိသားစုဝင္တဦး။ ။ ညီမတို႔ကို အေၾကာင္းမၾကားဘူး။ ညီမတို႔ပဲ ကိုယ့္ဘာ့သာကိုယ္ စစ္ေဆးရံုလိုက္သြားၿပီးထုတ္တာပါ။ ရလို ရျငားေပါ့ေနာ္.... ေစာင့္ၿပီးေတာ့ မနက္ ၁၀ နာရီေလာက္ကတည္းက ရေအာင္သြားၿပီးေတာ့၊ ေစာင့္ၿပီးေတာ့ အေဒၚေတြက ထုတ္တာ။

မအိသန္႔စင္။ ။ တျခားဘယ္လို အခက္အခဲေတြေရာ ရွိေသးလဲ အမ... ဒီ martial law နဲ႔ ဆိုေတာ့ေလ။

မိသားစုဝင္တဦး။ ။ ဟုတ္... ရွိတယ္အမ။ ဘယ္လို အခက္အခဲလဲ... ဆိုေတာ့ ညီမတို႔မွာ အဲဒီ အသုဘနဲ႔ ပတ္သက္ၿပီးေတာ့ အေလာင္းျပန္မရတဲ့အတြက္ ဖိတ္စာလည္း မရိုက္ရဘူး။ ဘာမွကို အသုဘကို အစီအစဥ္တက် မလုပ္လိုက္ရဘူးေပါ့ေနာ္။ ညီမတို႔လုပ္ခ်င္တာက အေလာင္းကို ဂူသြင္းခ်င္တာေပါ့ေနာ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ညီမတို႔လည္း ေတြ႔ခ်င္တယ္ေလ။ ဒါေပမဲ့အဲဒီလို ဂူသြင္းဖို႔ အခ်ိန္ကို မရွိလိုက္ဘူး။

မအိသန္႔စင္။ ။ တျခား ရန္ကုန္မွာ ရွိတဲ့ မိသားစုဝင္ေတြေရာ အဆင္ေျပၾကရဲ႕လားရွင့္။

မိသားစုဝင္တဦး။ ။ ဟုတ္။ အဆင္ေျပပါတယ္။ ဒါေပမဲ့ အခုခ်ိန္က ျမန္မာျပည္ရဲ႕ အေျခအေနအရ ေရႊျပည္သာက အရမ္းဆိုးေနတယ္ေလ။ စစ္အုပ္ခ်ဳပ္ေရးနယ္ေျမ ျဖစ္ေနတဲ့အတြက္ အခ်ိန္မေရြးေတာ့ လူတိုင္းက ေသႏိုင္တယ္ေလ... စစ္အုပ္ခ်ဳပ္ေရးနယ္ေျမ ျဖစ္ေနတာကိုး။

မအိသန္႔စင္။ ။ ဒီကိုအညာသားက ဘယ္ေန႔ကစၿပီးေတာ့ ဆႏၵျပတာလဲရွင့္။ သူအရင္တုန္းကေရာ ထဲထဲဝင္ဝင္ ဆႏၵျပလား။

မိသားစုဝင္တဦး။ ။ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔ေလာက္ ဆႏၵျပေနၾကတဲ့ အခ်ိန္ကတည္းက သူအျမဲတမ္းသြားတယ္။ သူတခါတေလဆိုရင္ လွည္းတန္းတို႔၊ ဘာတို႔အထိပါ သြားတယ္။ သူတေယာက္တည္း ဆႏၵသြားျပတာ။ သူ႔ဘာ့သာသူ ဆိုင္ကယ္ေလး ေမာင္းေမာင္းသြားၿပီးေတာ့ ... လွည္းတန္းတို႔ အဲဒီဘက္အထိေပါ့ေနာ္... သူအျမဲတမ္းသြားတယ္။ အခု အရမ္းဆိုးလာတဲ့ ေနာက္ပိုင္းမွသာ ေရႊျပည္သာမွာပဲ ျပတယ္။ သူ႔ရဲ႕ မိသားစုကလည္း အဆင္မေျပဘူးေလ... စားဝတ္ေနေရးအရ သူအလုပ္လုပ္ရတယ္... ဆိုင္ကယ္ကယ္ရီဆဲြတယ္ဆိုေတာ့ ပံုမွန္ေတာ့ အျမဲတမ္းလိုလိုေတာ့ ၾကိဳးစားၿပီး သြားျပတယ္။ ညီမတို႔လိုပဲ တျခားသူေတြလည္း အဲဒီလို အခက္အခဲမၾကံဳဘဲနဲ႔ ဒီအေရးေတာ္ပံု ျမန္ျမန္ေအာင္ပါေစလို႔။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ေရႊျပည္သာဆႏၵျပပဲြ ေသဆံုးသူမိသားစုဝင္တဦးနဲ႔ ေမးျမန္းခ်က္

မတ်လ ၁၄ ရက်နေ့တုန်းက ရွှေပြည်သာဆန္ဒပြပွဲ အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခံရမှုမှာ သေဆုံးခဲ့တဲ့ ကိုဖြိုးဇော်လင်း ခေါ် အညာသားရဲ့ ရုပ်အလောင်းကို မိသားစုက သုံးရက်ကြာမှ ထုတ်ယူခွင့်ရခဲ့ပြီး လက်ခံရရှိချိန်မှာ ရုပ်အလောင်းက ကြည့်ရှုမကောင်းအောင် ယိုယွင်းနေတယ်လို့ မိသားစုဝင်အသိုင်းအဝိုင်းက ဗွီအိုအေကို ပြောပါတယ်။ အသက် ၃၅ နှစ်အရွယ် ကိုဖြိုးဇော်လင်းဟာ မတ်လ ၁၄ ရက် ရွှေပြည်သာ ဆန္ဒပြပွဲအတွင်း ရင်ဘတ်ကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ကိုဖြိုးဇော်လင်းနဲ့ အမျိုးတော်စပ်သူကို ဗွီအိုအေ သတင်းထောက် မအိသန့်စင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအိသန့်စင်။ ။ အမအမျိုးထဲကနေပြီးတော့ ပျောက်သွားတဲ့အလောင်းပြန်ရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ညီမကို ပြောပြပေးပါဦးရှင့်။

မိသားစုဝင်တဦး။ ။ အဲဒီနေ့က ညီမဦးလေးက ကျဆုံးသွားတယ်ပေါ့နော်... ရွှေပြည်သာမှာ သေနတ်ပစ်ခံရတာ။ ရွှေပြည်သာ ၃ ထိပ်မှာ ကျတာ။ ကျသွားတဲ့အချိန်မှာ ရွှေပြည်သာ ဆေးရုံကို ရောက်သွားတယ်။ ဆေးရုံမှာ အလောင်းသွားယူတော့ အလောင်းကို ထုတ်မပေးဘူး။ သူတို့ စစ်ဆေးရုံမှာ ခွဲစိတ်မယ်လို့ ပြောတယ်။ အဲဒါနဲ့ စစ်ဆေးရုံသယ်သွားတယ် နောက်နေ့မနက်မှာ။ သယ်သွားပြီးတော့ မနေ့က ၃ ရက်မြောက်တဲ့နေ့ နေ့လည် ၂ နာရီ၊ ၃ နာရီလောက်မှာ ပြန်ရတယ်။ ရတဲ့အချိန်မှာ အလောင်းက လုံးဝကို ရုပ်ပျက်နေပြီ၊ ပုပ်နေပြီပေါ့နော်။ ပုံမှန်အရဆိုရင် ညီမတို့ သေသွားတဲ့ အလောင်းဆိုရင် အအေးတိုက်ထဲကို ထည့်ရတယ်လေ။ အဲဒါကို သူတို့က လုံးဝမထည့်ဘဲနဲ့ အပြင်မှာ ဖြစ်ကလတ်ဆန်းထားထားတယ်။ အဲဒီတော့ အလောင်းက အရမ်းရုပ်ပျက်၊ ဆင်းပျက် အရမ်းပုပ်ပွနေတာပေါ့နော်။ နောက်ပြီးတော့ ညီမတို့ ချက်ချင်း သဂြိၤုလ်လိုက်ရတယ်။ ချက်ချင်းသဂြိၤုလ်တဲ့ဆီမှာလည်း martial law ရှိတဲ့အတွက် ညီမတို့က ညနေ ၅ နာရီအထိ မစောင့်နိုင်တော့ဘဲနဲ့ ချက်ချင်းသဂြိၤုလ်လိုက်ရတယ် နောက်ပြီးတော့ အသုဘလာတဲ့သူတွေ၊ ပန်းခွေလာပေးတဲ့သူတွေကလည်း လမ်းမှာတင် လှည့်ပြန်သွားရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ညီမတို့ဘက်က ရွှေပြည်သာက အရမ်းဆိုးနေလို့လေ။

မအိသန့်စင်။ ။ ဟုတ်ကဲ့၊ အမတို့ကို အလောင်းလာထုတ်ဖို့ အကြောင်းကြားတာလာရှင့်။

မိသားစုဝင်တဦး။ ။ ညီမတို့ကို အကြောင်းမကြားဘူး။ ညီမတို့ပဲ ကိုယ့်ဘာ့သာကိုယ် စစ်ဆေးရုံလိုက်သွားပြီးထုတ်တာပါ။ ရလို ရငြားပေါ့နော်.... စောင့်ပြီးတော့ မနက် ၁၀ နာရီလောက်ကတည်းက ရအောင်သွားပြီးတော့၊ စောင့်ပြီးတော့ အဒေါ်တွေက ထုတ်တာ။

မအိသန့်စင်။ ။ တခြားဘယ်လို အခက်အခဲတွေရော ရှိသေးလဲ အမ... ဒီ martial law နဲ့ ဆိုတော့လေ။

မိသားစုဝင်တဦး။ ။ ဟုတ်... ရှိတယ်အမ။ ဘယ်လို အခက်အခဲလဲ... ဆိုတော့ ညီမတို့မှာ အဲဒီ အသုဘနဲ့ ပတ်သက်ပြီးတော့ အလောင်းပြန်မရတဲ့အတွက် ဖိတ်စာလည်း မရိုက်ရဘူး။ ဘာမှကို အသုဘကို အစီအစဉ်တကျ မလုပ်လိုက်ရဘူးပေါ့နော်။ ညီမတို့လုပ်ချင်တာက အလောင်းကို ဂူသွင်းချင်တာပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ညီမတို့လည်း တွေ့ချင်တယ်လေ။ ဒါပေမဲ့အဲဒီလို ဂူသွင်းဖို့ အချိန်ကို မရှိလိုက်ဘူး။

မအိသန့်စင်။ ။ တခြား ရန်ကုန်မှာ ရှိတဲ့ မိသားစုဝင်တွေရော အဆင်ပြေကြရဲ့လားရှင့်။

မိသားစုဝင်တဦး။ ။ ဟုတ်။ အဆင်ပြေပါတယ်။ ဒါပေမဲ့ အခုချိန်က မြန်မာပြည်ရဲ့ အခြေအနေအရ ရွှေပြည်သာက အရမ်းဆိုးနေတယ်လေ။ စစ်အုပ်ချုပ်ရေးနယ်မြေ ဖြစ်နေတဲ့အတွက် အချိန်မရွေးတော့ လူတိုင်းက သေနိုင်တယ်လေ... စစ်အုပ်ချုပ်ရေးနယ်မြေ ဖြစ်နေတာကိုး။

မအိသန့်စင်။ ။ ဒီကိုအညာသားက ဘယ်နေ့ကစပြီးတော့ ဆန္ဒပြတာလဲရှင့်။ သူအရင်တုန်းကရော ထဲထဲဝင်ဝင် ဆန္ဒပြလား။

မိသားစုဝင်တဦး။ ။ ဖေဖော်ဝါရီလ ၁၀ ရက်နေ့လောက် ဆန္ဒပြနေကြတဲ့ အချိန်ကတည်းက သူအမြဲတမ်းသွားတယ်။ သူတခါတလေဆိုရင် လှည်းတန်းတို့၊ ဘာတို့အထိပါ သွားတယ်။ သူတယောက်တည်း ဆန္ဒသွားပြတာ။ သူ့ဘာ့သာသူ ဆိုင်ကယ်လေး မောင်းမောင်းသွားပြီးတော့ ... လှည်းတန်းတို့ အဲဒီဘက်အထိပေါ့နော်... သူအမြဲတမ်းသွားတယ်။ အခု အရမ်းဆိုးလာတဲ့ နောက်ပိုင်းမှသာ ရွှေပြည်သာမှာပဲ ပြတယ်။ သူ့ရဲ့ မိသားစုကလည်း အဆင်မပြေဘူးလေ... စားဝတ်နေရေးအရ သူအလုပ်လုပ်ရတယ်... ဆိုင်ကယ်ကယ်ရီဆွဲတယ်ဆိုတော့ ပုံမှန်တော့ အမြဲတမ်းလိုလိုတော့ ကြိုးစားပြီး သွားပြတယ်။ ညီမတို့လိုပဲ တခြားသူတွေလည်း အဲဒီလို အခက်အခဲမကြုံဘဲနဲ့ ဒီအရေးတော်ပုံ မြန်မြန်အောင်ပါစေလို့။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG